ကချင်နှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ်မှထုတ်ပြန်ချက်

ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။
Share this post
  •  
  •  
  •  
  •  
  •  

ကချင်နှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ်
၂၀၁၉ခုနှစ်၊စက်တင်ဘာလ(၁)ရက်

၁။ကချင်နှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ်၏ အသင်းတော်တစ်ပါးဖြစ်သော ကွတ်ခိုင်မြို့နယ်ရှိ မော်ဟိတ် – ခါနန် နှစ်ခြင်းအသင်းတော်မှ အောက်ဖော်ပြပါ အပြစ်မဲ့ပြည်သူ (၅)ဦးသေဆုံးပြီး (၃)ဦး ဒဏ်ရာရရှိသည့်အပေါ် ဝမ်းနည်းကြေကွဲရပါသည်။

▪️သေဆုံးသူများ
(၁)ဆွမ်လွတ်ထွယ်ဂျာ – ၃၄ နှစ်
(၂)မဇခုန်နန်မွန်းပန် – ၁၄ နှစ်
(၃)ဇခုန်ဇော်ခွန်လတ် – ၉ နှစ်
(၄) ဆူမေရီလုဆန် – ၁၈ နှစ်
(၅)လရှမ်းခေါန်ဆန့် – ၄လ

▪️ထိခိုက်ဒဏ်ရာရရှိသူများ
(၁)လဇိန်ရွယ်ဘူ – ၁၅ နှစ်
(၂)ဖေါင်ဂွန်ဘောက်လာ -၂၅ နှစ်
(၃)ဦးဟန်းခေါင်းဂျုံါ်ဒေါင် – ၄၀ နှစ်

ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။

(၂)လက်နက်ကိုင်အချင်းချင်းတိုက်ခိုက်ခြင်း မဟုတ်ဘဲ အပြစ်မဲ့ ပြည်သူများကို ရည်ရွယ်ချက်ရှိရှိဖြင့် ဦးတည်တိုက်ခိုက် လာခြင်းမှာ လူမဆန်သည့် လုပ်ရပ်ဖြစ်သည်သာမက အပြည်ပြည်ဆိုင်ရာ စစ်ဥပဒေကိုလည်း ထိပါးစော်ကားရာရောက်ကြောင်းနှင့် ထိုကဲ့သို့သော လုပ်ရပ်ကို လုံးဝကန့်ကွက်ရှုတ်ချပါသည်။

(၃) နောက်နောင် ထိုကဲ့သို့သောလူမဆန်သည့်လုပ်ရပ်ကို ဆက်လက် ကျူးလွန်နေမည်ဆိုပါက မည်သည့်လက်နက်ကိုင် အဖွဲ့အစည်းကိုမဆို နိုင်ငံတကာစစ်ခုံရုံးသို့ရောက်အောင် နိုငံတကာနှင့်ပူးပေါင်း၍ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ထုတ်ပြန်ပါသည်။

▪️” အကြောင်းမူကား မြောင့်မတ်သူတို့၏ လမ်းကို ထာဝရဘုရား သိကျွမ်းတော်မူ၏ မတရားသောသူတို့၏လမ်းသည် ဆုံးရှုံးခြင်းသို့ရောက်လိမ့်သတည်း” ▪️

▪️(ဆာလံကျမ်း ၁း၆)

ကချင်နှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ်
၂၀၁၉ခုနှစ်၊စက်တင်ဘာလ(၁)ရက်


Share this post
  •  
  •  
  •  
  •  
  •  
ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။