ကပ်ရောဂါ ရဲ့ ဒဏ်က တစ်ဖက်၊စစ်ဒဏ်က တစ်ဖက်ဆိုတော့ ပိုပြီး စိုးရိမ်ရတယ်

ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။
Share this post
  •  
  •  
  •  
  •  
  •  

လှူထားတဲ့ဆန်တွေကို အဲဒီရွာတွေဘက်ကို ပို့တာမှာ အခု အခက်အခဲ ဖြစ်နေတယ်။ အဓိက အကြောင်းကတော့ လမ်းမှာ …

CHAT (Chin Humanitarian Assitance Team – Rakhine State ) သည် ရခိုင်ပြည်နယ်တွင်ဖြစ်ပွားနေသည့် စစ်ပွဲ များကြောင့် ဘေးဒုက္ခရောက်နေသည့် ချင်းတိုင်းရင်းသားများ အား အကူအညီပေးရန် ဖွဲ့စည်းထားသည့် အဖွဲ့တစ်ခုဖြစ် သည်။အဆိုပါ အဖွဲ့၏ စစ်ဘေးသင့် ချင်းတိုင်းရင်းသားများအား ကူညီဆောင်ရွက်နေမှု၊ စစ်ဘေးဒုက္ခသည် စခန်းများ၏ အခြေအနေများနှင့်ပတ်သက်၍ CHATအဖွဲ့၏ ကော်မတီဝင် (ကို) ဆလိုင်းယောင် ကို ငြမ်းမီဒီယာ က ဆက်သွယ် မေးမြန်းထားသည်။

CHAT / ရခိုင်ပြည်နယ်ရှိ စစ်ဘေးဒုက္ခသည်စခန်း တစ်ခု

စစ်ဘေးဒဏ်ခံရတာကတော့ ချင်းလူမျိုးမှမဟုတ်ပါဘူး။ ရခိုင်လည်းပါတယ်။ မြိုလည်း ပါတာပဲ။ စစ်ဖြစ်တဲ့ ဧရိယာမှာ ရှိတဲ့ တိုင်းရင်းသားအားလုံး …

ငြမ်းမီဒီယာ – CHAT (Chin Humanitarian Assitance Team – Rakhine State ) ကို ပြီးခဲ့တဲ့ မတ်လ (၂၇) ရက်နေ့မှာ စတင် ဖွဲ့စည်းခဲ့တယ်လို့သိရပါတယ်။ အခု စစ်ဘေးဒုက္ခသည် တွေအတွက် CHAT က ဘာတွေ ဆောင်ရွက်ပေးနေလဲ။

SY – ကျနော်တို့ CHAT အဖွဲ့ကိုဖွဲ့ထားတာကတော့ ရန်ကုန်ရောက်နေတဲ့ ရခိုင်ပြည်နယ်က ချင်းလူငယ်တွေ က ရခိုင်ပြည်နယ်မှာ ရှိနေတဲ့ ချင်းလူမျိုးတွေရဲ့ အခက်အခဲကို ကို ကျနော်တို့ ဘာတွေ အကူအညီပေးနိုင်မလဲ။ အဓိက က လတ်တလောဖြစ်နေတဲ့ စစ်ဘေး အတွက် ရန်ကုန်မှာရောက်နေတဲ့ ချင်းလူငယ်တွေက ဘာတွေ အကူအညီပေးနိုင်မလဲ ဆိုပြီးတော့ ကျနော်တို့ ဖွဲ့ထားတာဖြစ်တယ်။ အဓိက က ကျနော်တို့ ဘာတွေ လုပ်ပေးလဲ ဆိုတော့ ရခိုင်ပြည်နယ်မှာ အစိုးရက လုပ်ပေးထားတဲ့ Camp တွေ ရှိတယ်။

ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။

ရိက္ခာမရတဲ့ ကျေးရွာ တွေက ရှိတယ်။ ရန်ကုန်ကို စစ်ဘေးရှောင်ရင်း ထွက်ပြေးလာတဲ့ ချင်းလူမျိုးတွေကလည်း သူတို့ …

နောက်ထပ် အစိုးရ လုပ်ပေးထားတဲ့ Camp ထဲမှာ မဟုတ်ဘဲ အပြင်မှာ နေတဲ့ ချင်းတိုင်းရင်းသား၊တိုင်းရင်းသူတွေ ရှိမယ်။ အဲဒီ လူတွေ အတွက်ကို ကျနော်တို့အတတ်နိုင်ဆုံး ဆန်တို့၊စားစရာသောက်စရာတို့ အဓိက ရိက္ခာတွေကို ကူညီ ပြီးတော့ လုပ်ဆောင် ပေးပါတယ်။ ကျနော်တို့ ဟိုဘက်မှာ ချင်းတက္ကသိုလ်ကျောင်းသားများအဖွဲ့ရှိမယ်။ ရခိုင်ပြည်နယ်၊ အမ်းမှာလည်း ချင်း တက္ကသိုလ် ကျောင်းသားများ ရှိမယ်။ အဲဒီလူငယ်တွေနဲ့ ချိတ်ဆက်ပြီးတော့ ကျနော်တို့ က ဒီဘက်မှာ အလှူခံ လို့ရတဲ့ ဟာ တွေနဲ့ ချိတ်ဆက်ပြီးတော့ အမ်းတို့၊ မင်းပြားတို့ အဲဒီမှာ ရှိတဲ့ စစ်ဘေးဒုက္ခသည်စာရင်းတွေကို သူတို့ဆီက ပို့တယ်။ ကျနော် တို့က သူတို့ဆီက လိုအပ်တဲ့ ဟာတွေကို ပြန်ပြီးတော့ ထောက်ပံ့ပေးတယ်။ နောက်ထပ်တစ်ဖွဲ့က ကျနော်တို့ ချင်း ပြည်နယ်ဘက် က ဆရာ အိုက်ဇက်ခင်၊ သူတို့က လည်း အကူအညီပေးတာ ရှိပါတယ်။ နောက် RRCCI(Relief and Rehabilitation Committee For Chin)၊ သူတို့အဖွဲ့က လည်း ကျနော်တို့ကို နိုင်ငံတကာ က အလှူငွေတွေ ချိတ်ဆက်ပြီးတော့ ကောက်ခံပြီးတော့ အကူအညီပေးတာ ရှိတယ်။နောက်ပြီး အစိုးရအဖွဲ့တွေနဲ့ ပူးပေါင်းပြီး ကူညီဆောင်ရွက်ပေးတာလည်း ရှိတယ်။ RRCCI နဲ့ CHAT အဖွဲ့ ပူးပေါင်း ပြီးတော့ ကိုယ့်ရခိုင်ပြည်နယ်မှာ ရှိတဲ့ ချင်းလူမျိုးတွေ အတွက်ရော၊ နိုင်ငံတကာ မှာ ရောက်နေတဲ့ ချင်းအဖွဲ့တွေနဲ့ ချိတ်ဆက်ပြီးတော့ အလှူငွေကောက်ခံတာတို့၊ဘာတို့ လုပ်ပြီးတော့ အကူအညီ ပေးနေတာ ရှိပါတယ်။

ငြမ်းမီဒီယာ – CHAT အနေနဲ့ ရခိုင်ပြည်နယ် စစ်ဘေးဒုက္ခသည်စခန်းတွေမှာ ရှိတဲ့ ချင်းလူမျိုးတွေ အတွက်ပဲ ကူညီတာ လား။ဘယ်လို ပုံစံမျိုးလဲ။

SY – လက်ရှိအခြေအနေအရ မီဒီယာတွေက ဖော်ပြတာနည်းတယ်။ အဲဒီဘက်မှာဆိုရင် ချင်း လူဦးရေ က ရခိုင်ထက်စာရင် နည်းတယ်။ မီဒီယာ အတော်များများက ဖော်ပြတာကလည်း ချင်းနဲ့ပတ်သက်တာဆိုရင် ပလက်၀ ကို ဖော်ပြတာများတယ်။

မြိုတိုင်းရင်းသားတွေကိုလည်း နောက်ထပ် အကူအညီပေးဖို့ ရှိပါတယ်။ အဲဒီ ဘက် က မြိုတိုင်းရင်းသား လူငယ်တွေနဲ့ …

ကျနော်တို့ ရခိုင်ပြည်နယ်မှာ ရှိတဲ့ ချင်းလူမျိုးတွေ၊ချင်းရွာတွေကို ဖော်ပြတာနည်းတယ်။ အဲဒီအတွက်ကြောင့် စားနပ်ရိက္ခာ အခြေအနေ က အစိုးရ လုပ်ပေးထားတဲ့ Camp တွေမှာ နေတဲ့ လူတွေလောက်ပဲ အစိုးရရဲ့ ပံ့ပိုးမှု ရှိတယ်။ နောက်ရခိုင်ပြည်နယ်က တက်တဲ့ သတင်းအတော်များများကလည်း ရခိုင်ရွာတွေ ကို အဓိက ထားပြီးဖော်ပြတာရှိတယ်။ အဲဒီတော့ ရိက္ခာမရတဲ့ ကျေးရွာ တွေက ရှိတယ်။ ရန်ကုန်ကို စစ်ဘေးရှောင်ရင်း ထွက်ပြေးလာတဲ့ ချင်းလူမျိုးတွေကလည်း သူတို့ ရွာတွေဘက်ဆိုရင် အကူအညီ ပေးတာ အရောက်အပေါက်လည်း နည်းတယ်။ နောက်မီဒီယာ တွေမှာကလည်း မသိဘူး။အဲဒီတော့ လုပ်ပေးချင်တယ် ဆိုတော့ အဓိက ဦးတည်တာကတော့ ချင်းလူမျိုးတွေပါ။ အဲဒီအတွက်ကို ဦးစားပေးပြီး လုပ်ပါတယ်။နောက်ထပ် ကျနော်တို့ စဉ်းစား တာက မြိုတိုင်းရင်းသားတွေလည်း ရှိတယ်ဆိုတော့ မြိုတိုင်းရင်းသားတွေကိုလည်း နောက်ထပ် အကူအညီပေးဖို့ ရှိပါတယ်။ အဲဒီ ဘက် က မြိုတိုင်းရင်းသား လူငယ်တွေနဲ့ အချိတ်အဆက်တော့ လုပ်နေပါတယ်။

ငြမ်းမီဒီယာ – ရခိုင်ပြည်နယ်မှာ စစ်ဘေးဒဏ်သင့်နေတဲ့ ချင်းတိုင်းရင်းသားအရေအတွက် က ဘယ်လောက် ရှိလဲ။

SY – ခုနှစ်ထောင်ဝန်းကျင်လောက် ရှိပါတယ်။

ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။

ငြမ်းမီဒီယာ – အဲဒီတော့ ရခိုင်ပြည်နယ်မှာ ရှိနေတဲ့ ချင်းလူမျိုးတွေရဲ့ သွားလာ နေထိုင်ရမှု အခြေအနေတွေ နောက် သူတို့ အနေနဲ့ လူ့အခွင့်အရေး ချိုးဖောက်ခံရမှု တွေ ရှိလား။ ဘယ်လိုအခြေအနေမျိုး ရှိလဲ။

SY – အခုလောလောဆယ် သတင်းကြားသိရတာကတော့ အမ်းဘက်မှာ ချင်းရွာတွေရှိတယ်။ သူတို့ အဲဒီမှာ ပိတ်မိနေတဲ့ အခြေအနေမှာ ရှိတယ်။ ပိတ်မိနေတဲ့ အခြေအနေဆိုတာ ဒီဘက် AA လက်နက်ကိုင် အဖွဲ့နဲ့ ၊ဒီဘက် အစိုးရ တပ်မတော် တိုက်ပွဲဖြစ်နေတဲ့ကြားမှာ သွားလို့မရနိုင်တဲ့ အခြေအနေ။ လမ်းခရီး မှာ အချိန်မရွေးတိုက်ပွဲက ဖြစ်လာနိုင်တယ်ဆိုတော့လေ သွားလို့မရတဲ့ ရွာတွေ ရှိတယ်။ အခုဆို ကျနော်တို့ မနေ့ကဆိုရင် RRCCI အဖွဲ့ သူတို့ လှူထားတဲ့ဆန်တွေကို အဲဒီရွာတွေဘက်ကို ပို့တာမှာ အခု အခက်အခဲ ဖြစ်နေတယ်။ အဓိက အကြောင်းကတော့ လမ်းမှာ သွားလို့မရဘူး။ အဲဒီလို အခြေအနေတော့ ရှိတယ်။

ငြမ်းမီဒီယာ – အခုစစ်ဘေးဒဏ်ခံရတာမှာ တိုင်းရင်းသားအစုံပေါ့ ရခိုင်လည်း ရှိမယ်။ ချင်းလည်း ရှိမယ်။ အခြား တိုင်းရင်းသား တွေလည်း ရှိမယ်။ အဲဒီအခြေအနေတွေနဲ့ ပတ်သက်ပြီးတောရော ဘာပြောချင်တာ ရှိလဲဗျ။

SY – စစ်ဘေးဒဏ်ခံရတာကတော့ ချင်းလူမျိုးမှမဟုတ်ပါဘူး။ ရခိုင်လည်းပါတယ်။ မြိုလည်း ပါတာပဲ။ စစ်ဖြစ်တဲ့ ဧရိယာမှာ ရှိတဲ့ တိုင်းရင်းသားအားလုံးကတော့ စစ်ဒဏ်ကို ခံစားရတာပေါ့။ ငြိမ်းငြိမ်းချမ်းချမ်းပိုဖြစ်စေချင်တယ်။ ဘာဖြစ်လို့လဲဆိုတော့ တိုက်ပွဲ ဖြစ်နေရင် တိုင်းရင်းသား အားလုံးက သူတို့ရဲ့ ပညာရေး၊လူမှုရေး၊ကျန်းမာရေး အကုန် ပဲ။ အခုဆိုကျနော်တို့ဆီမှာ COVID -19 ရောဂါ ဖြစ်နေချိန်ဆိုတော့ သူတို့မှာ ကပ်ရောဂါ ရဲ့ ဒဏ်က တစ်ဖက်၊စစ်ဒဏ်က တစ်ဖက်ဆိုတော့ သူတို့အတွက် ပိုပြီး စိုးရိမ် ရတာပေါ့။ တခြားလူတွေထက်စာရင် ပိုပြီးစိုးရိမ်ရတာပေါ့။ တော်တော်များများ Camp တွေ မှာထားရင် လူစုလူဝေးနဲ့ ထားတာလေ။

CHAT / ရခိုင်ပြည်နယ်ရှိ စစ်ဘေးဒုက္ခသည်စခန်း တစ်ခု

ငြမ်းမီဒီယာ – ချင်းတိုင်းရင်းသားတွေအပါအဝင်ပေါ့ အဲဒီမှာ ရှိတဲ့ စစ်ဘေးဒုက္ခသည်စခန်းတွေမှာရော COVID -19 နဲ့ ပတ်သက်တဲ့ အသိပညာပေး ဆောင်ရွက်ချက်တွေကို သေသေချာချာရော ဆောင်ရွက်နိုင်ရဲ့လား။

SY – အဲဒါကတော့ ဆောင်ရွက်ပါတယ်။ ဒီဘက် အစိုးရဘက်ကလည်း သူတို့ လုပ်ပေးတာ ရှိပါတယ်။ နောက်ထပ် ချင်းလူငယ် အဖွဲ့တွေအနေနဲ့ ပထမတစ်ပိုင်းဆိုရင် လက်ဆေးကြပါ ဆိုတာ မြန်မာတစ်နိုင်ငံလုံးအတိုင်းအတာ ကျန်းမာရေးဌာန က လုပ်သလို ကျနော်တို့ ဒီဘက် Camp တွေမှာလည်း လုပ်တာရှိပါတယ်။ နောက်ထပ်တစ်ပိုင်းကတော့ ဒေါ်ခင်ကြည် ဖောင်ဒေးရှင်း Mask တွေ၊လက်သန့်ဆေးရည်တွေ စစ်ဘေးရှောင် စခန်းတွေအတွက် သီးသန့် အလှူခံထားတာ ရှိပါတယ်။ လောလောဆယ် တော့ မရသေးဘူး။ သင်္ကြန်ပိတ်ရက် ခံသွားတာရယ်၊ ကားလမ်းတွေ ပိတ်နေတာရယ်ကြောင့်ပါ။နောက် အဲဒါနဲ့ပတ်သက်ပြီး ကျနော်တို့ စစ်ဘေးရှောင် စခန်းတွေကို CHAT အဖွဲ့ကလည်း ကူညီ လုပ်ကိုင်ပေးနေပါတယ်။

ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။

ငြမ်းမီဒီယာ – အခု CHAT အဖွဲ့ အနေနဲ့ စစ်ဘေးရှောင်စခန်းတွေအတွက် လူဦးရေ ဘယ်လောက် အတိုင်းအတာအထိ အကူအညီ ပေးထားပြီးပြီလဲ။ ဥပမာ ဆန်အိတ် အဲဒီလိုမျိုးပေါ့။

SY – ကျနော်တို့ ငွေပမာဏ ဆိုရင် သိန်းလေးဆယ်ကျော်ပြီ။ ဒုတိယ အဆင့်မှာ သိန်းအစိတ်။ အားလုံးပေါင်း သိန်းခုနှစ်ဆယ်၊ ရှစ်ဆယ် ဝန်းကျင် လှူထားတာ ရှိပြီ။

ငြမ်းမီဒီယာ – စစ်ဘေးဒုက္ခသည်စခန်းတွေ ကို ကူညီဖို့ CHAT အနေနဲ့ ဘဏ္ဍာရေး လုံလုံလောက်လောက် ရှိရဲ့လား။

SY – လုံလုံလောက်လောက် ရှိလားဆိုတော့ လက်ထဲမှာ လုံလုံလောက်လောက်မရှိဘူး။ကျနော်တို့ ချင်းပြည်နယ်က အခြား ချင်းတိုင်းရင်းသား အဖွဲ့တွေ ရှိပါတယ်။ သူတို့တွေနဲ့ ချိတ်ဆက်ပြီးတော့ လိုအပ်တာကို လှမ်းပြီး အကူအညီတောင်း။အဲဒီလိုမျိုးပဲ လုပ်နေတာပါ။

ငြမ်းမီဒီယာ – CHAT အနေနဲ့ ရခိုင်ပြည်နယ်မှာ ရှိနေတဲ့ ချင်းတိုင်းရင်းသားတွေရဲ့ အခြေအနေကို သိရဖို့ သတင်း အဆက်အသွယ် မပြတ်ရရဲ့လား။ ဒါမှမဟုတ် ဆက်သွယ်ရေး ဖြတ်တောက်ခံရတာတွေ ဘာတွေ ရှိလား။

SY – အဓိက ဆက်သွယ်တာကတော့ ဟိုဘက်အမ်းမှာ ဆိုရင် ကျနော်တို့ လူငယ်တွေရှိတယ်။ သူတို့ကိုဆက်သွယ်ပြီး မေးတာ ရှိတယ်။ တချို့ရွာတွေကျတော့လည်း ဖုန်းလိုင်းတွေ ဘာတွေ မရဘူး။ အဲဒါကျတော့သတင်း ပြတ်တောက်တာမျိုး  ရှိတယ်။ ဘယ်လို ရနိုင်သလဲဆိုတော့ အဲဒီရွာက ဒီဘက်မြို့ကို ဈေးလာဝယ်သူရှိတယ်။ တချိုကနေရာတွေကတော့ ဖုန်းလိုင်းကို မရဘူး။ ဖုန်းလိုင်း အဆက်အသွယ် ဖြတ်တောက်ထားတာတွေ ဘာညာ ရှိတာလေ။ ကျနော်တို့ အတတ်နိုင်ဆုံး လက်လှမ်းမီသေလာက် သတင်း အချက်အလက်တော့ ရယူပါတယ်။

SY / Chin Humanitarian Assitance Team – Rakhine State ၏ ကော်မတီဝင် (ကို) ဆလိုင်းယောင်

ငြမ်းမီဒီယာ – ဖြည့်စွက်ပြောလိုတာများ ရှိမလားဗျ။

SY – ကျနော်တို့ ကတော့ ကိုယ့်ပြည်နယ်ကို အမြန်ဆုံး ငြိမ်းငြိမ်းချမ်းချမ်း ဖြစ်စေချင်တယ်။ အဲဒီ ဒုက္ခကလည်း လွတ်မြောက် စေချင်တယ်။ ပြီးတော့ စစ်ဒဏ်ခံရပြီဆိုရင် အဲဒီအရပ်ဒေသက ဖွံ့ဖြိုးတိုးတက်မှုက နောက်ကျ တယ်။ ကျန်းမာရေး၊ပညာရေး၊ စီးပွားရေး၊လူမှုရေး ဘက်ပေါင်းစုံအရ နောက်ကျတယ်။ ဆိုတော့ ကိုယ့် ပြည်သူပြည်သား ကိုယ့်တိုင်းရင်းသားတွေ ကို အဲလိုမျိုး အဲလို ဒဏ်ကိုမခံစေချင်ဘူး အမြန်ဆုံး ဒီစစ်ဒဏ်ကနေ ဘေးကင်းပါစေလို့ ဆုတောင်းရတာပေါ့။

ငြမ်းမီဒီယာ


Share this post
  •  
  •  
  •  
  •  
  •  
ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။

Tags: , , , , ,