ကယားပြည်နယ်ရှိ ဗိုလ်ချုပ်ကြေးရုပ်ကိစ္စ ပြည်ထောင်စုဝန်ကြီး နှင့်ပြန်လည်ညှိနှိုင်းရန် ဒေါ်စုပြောကြား

ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။
Share this post
  •  
  •  
  •  
  •  
  •  

MSCO / ကရင်နီလူငယ်အင်အားစုနှင့်တွေ့ဆုံစဉ်

ဗိုလ်ချုပ်အောင်ဆန်းက သူ့ရဲ့ဖခင်ဖြစ်တယ်။သူ့ရဲ့ မိသားစုဝင်ဖြစ်နေတယ်။ဒီကိစ္စမှာ သူကိုယ်တိုင်ဦးဆောင်ပြီး မဖြေရှင်းလိုဘူး။ဖြေရှင်း …

ကယားပြည်နယ်၊လွိုင်ကော်မြို့၊ကန္တာဟေဝန်ပန်းခြံတွင်စိုက်ထူထားသည့် ဗိုလ်ချုပ်ကြေးရုပ်ကိစ္စ အား ပြည်ထောင်စုဝန်ကြီး နှင့်ပြန်လည် ညှိနှိုင်းအဖြေရှာရန် ဒေါ်အောင်ဆန်းစုကြည်က ပြောကြားခဲ့ကြောင်း ကရင်နီလူငယ်ခေါင်းဆောင် ပါစကွားလယ်(ခ) ကိုမျိုးလှိုင်ဝင်းက ငြမ်းမီဒီယာ သို့ပြောသည်။

ကယားပြည်နယ်နေ့ အခမ်းအနားသို့ ဒေါ်အောင်ဆန်းစုကြည်တက်ရောက်လာချိန်၌ ကရင်နီ လူငယ်အင်အားစုနှင့် သီးသန့်တွေ့ဆုံခဲ့ချိန်တွင် ယခုကဲ့သို့ ပြောကြားသွားခြင်းဖြစ်သည်။

MSCO / ကရင်နီလူငယ်အင်အားစုနှင့်တွေ့ဆုံစဉ်

တောင်သူများဖမ်းဆီးခံရသည့်ကိစ္စနှင့်မြေယာအရေးကို လည်း ဒေါ်အောင်ဆန်းစုကြည်အနေဖြင့် အကူအညီပေးသွားမည် …

“ဗိုလ်ချုပ်အောင်ဆန်းက သူ့ရဲ့ဖခင်ဖြစ်တယ်။သူ့ရဲ့ မိသားစုဝင်ဖြစ်နေတယ်။ဒီကိစ္စမှာ သူကိုယ်တိုင်ဦးဆောင်ပြီး မဖြေရှင်းလိုဘူး။ ဖြေရှင်းဖို့လည်း မသင့်ဘူးလို့ သူကမှတ်ယူတယ်။ဒါကြောင့် ပြည်ထောင်စုဝန်ကြီး၊ပြည်နယ်ဝန်ကြီးနဲ့ တွေ့ဆုံညှိနှိုင်းကြပါလို့ ဒေါ်အောင်ဆန်းစုကြည် က ပြောသွားတယ် “ ဟု ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံမှုတွင်ပါဝင်ခဲ့သည့် ကရင်နီလူငယ်ခေါင်းဆောင် ပါစကွားလယ်(ခ) ကိုမျိုးလှိုင်ဝင်းက ငြမ်းမီဒီယာ သို့ပြောသည်။

ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။

ကယားပြည်နယ်တွင်တောင်သူများဖမ်းဆီးခံရသည့်ကိစ္စနှင့်မြေယာအရေးကို လည်း ဒေါ်အောင်ဆန်းစုကြည်အနေဖြင့် အကူအညီပေးသွားမည်ဟု ကရင်နီလူငယ်အင်အားစုနှင့် သီးသန့်တွေ့ဆုံချိန်တွင်ပြောကြားသွားသည်။

တောင်သူအရေးနှင့်မြေယာအရေး ကိစ္စရပ်ဆွေးနွေးမှု အား ကျေနပ်သော်လည်း ကြေးရုပ်ကိစ္စတွင် အားရကျေနပ်မှု မရှိကြောင်း သို့သော်လည်း …

MSCO / ကယားပြည်နယ်နေ့အခမ်းအနားသို့တက်ရောက်လာစဉ်

ဒေါ်အောင်ဆန်းစုကြည်နှင့်ဆွေးနွေးခဲ့ရာတွင် တောင်သူအရေးနှင့်မြေယာအရေး ကိစ္စရပ်ဆွေးနွေးမှု အား ကျေနပ်သော်လည်း ကြေးရုပ်ကိစ္စတွင် အားရကျေနပ်မှု မရှိကြောင်း သို့သော်လည်း ရသင့်သလောက် ရလိုက်သည်ဟု ထင်မြင်ကြောင်း တွေ့ဆုံဆွေးနွေးမှုရလဒ်အခြေအနေအား ပါစကွားလယ်(ခ) ကိုမျိုးလှိုင်ဝင်းက မှတ်ချက်ပြု သည်။

ဒေါ်အောင်ဆန်းစုကြည်နှင့် ကရင်နီလူငယ်အင်အားစု သီးသန့်တွေ့ဆုံပွဲသည် ကျေနပ်စရာကောင်းပြီး ဒေါ်အောင်ဆန်းစုကြည်သည် Flexible ဖြစ်သည်ကို တွေ့ရှိရကြောင်း နှင့် လာရောက် တွေ့ဆုံသည့် ကရင်နီလူငယ်များ အပေါ်တွင် လည်း အသိအမှတ်ပြုမှုနှင့်နွေးထွေးမှုရှိကြောင်း ပါစကွားလယ်(ခ) ကိုမျိုးလှိုင်ဝင်းက ငြမ်းမီဒီယာ သို့ပြောသည်။

ဆက်စပ်ဖတ်ရှုရန်

ဒေါ်အောင်ဆန်းစုကြည် နှင့် ကရင်နီပြည်လူငယ်အင်အားစု တွေ့ဆုံမည်

ဒေါ်စုလာမယ့် ခရီးစဉ်မှာ ဘာမှ မမျှော်လင့်ဘူး။ဘာမှ ထူးခြားလာမှာ မဟုတ်ဘူး

ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။

 

 


Share this post
  •  
  •  
  •  
  •  
  •  
ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။

Tags: , , , ,