ကလေးသူငယ်အခွင့်အရေး ချိုးဖောက်ခံရမှုရှိနေဆဲဖြစ်

ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။
Share this post
  •  
  •  
  •  
  •  
  •  

ရခိုင်ပြည်နယ်လက်နက်ကိုင်ပဋိပက္ခနှင့်တိုက်ပွဲများကြောင့် သေဆုံးမှု တွင် အသက်သုံးနှစ်အရွယ် ကလေးငယ်(၁)ဦး၊ ခြောက်နှစ်အရွယ် ကလေးငယ်(၁)ဦး၊(၁၀)နှစ် အရွယ်ကလေးငယ်(၂)ဦး နှင့်(၁၅)နှစ် အရွယ်ကလေးငယ်(၁)ဦးတို့ပါဝင်ပြီးကြောက်ရွံ့ နာကျင်မှုနှင့်စိတ်ဒဏ်ရာရရှိခဲ့သည့် …

စက်တင်ဘာ(၂)၊၂၀၁၉၊ရန်ကုန်

ကလေးသူငယ်အခွင့်အရေးနှင့်ပတ်သက်၍ ဥပဒေတစ်ရပ်ကို ပြဌာန်းနိုင်ခဲ့ပြီးဖြစ်သော်လည်း ကလေးသူငယ်အခွင့်အရေး ချိုးဖောက်ခံရမှုများ ရှိနေသည်မှာလည်း အမှန်ပင်ဖြစ်ကြောင်း ယနေ့ကျင်းပသည့်ပြည်ထာင်စုလွှတ်တော်တွင်အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးမြင့်နိုင်ကဆွေးနွေးသွားသည်။

နိုင်ငံတော်သမ္မတထံမှ ပေးပို့ထားသော ကလေးသူငယ်များ၏ အခွင့်အရေးများဆိုင်ရာစာချုပ်၏ လက်နက်ကိုင်ပဋိပက္ခအတွင်း ကလေးသူငယ်များပါဝင်ပတ်သက်မှုဆိုင်ရာ နောက်ဆက်တွဲ အခြေပြစာချုပ်သို့ မြန်မာနိုင်ငံမှ အတည်ပြုပါဝင်နိုင်ရေးကိစ္စနှင့်စပ်လျဉ်း၍ ထောက်ခံဆွေးနွေးရာတွင် ၎င်းကအထက်ပါအတိုင်း ထည့်သွင်း ပြောကြားသွားခြင်းဖြစ်သည်။

ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။

ထိုသို့ဆွေးနွေးရာတွင် ရခိုင်ပြည်နယ်တွင် ဖြစ်ပွားခဲ့သည့် လက်နက်ကိုင် ပဋိပက္ခများနှင့်တိုက်ပွဲများကြားတွင် ထိခိုက်ဆုံးရှုံးမှုများစွာဖြင့် ရင်ဆိုင်ကြုံတွေ့ခဲ့ရသည့် ကလေးသူငယ်များ၏ အခြေအနေများကိုလည်း ထောက်ပြဆွေးနွေး သွားသည်။

“ကျွန်တော်တို့ ရခိုင်ပြည်နယ်အတွင်း လက်နက်ကိုင်ပဋိပက္ခများ ရှိနေခြင်းကြောင့် အခြေပြစာချုပ်မှာ ပါဝင်တဲ့အချက်တစ်ချက်နှင့်အညီ လက်နက်ကိုင် ပဋိပက္ခနှင့် ကလေးသူငယ်များ ရုပ်ပိုင်းဆိုင်ရာနှင့် စိတ်ပိုင်းဆိုင်ရာများကိုပြန်လည် ကုစားနိုင်ရန် အတွက်ပြန်လည်ထူထောင်ရေးများလုပ်ဆောင်ရန်လိုအပ်လာမှာဖြစ်ပါတယ်”ဟု ရခိုင်ပြည်နယ်၊ မဲဆန္ဒနယ်၊အမှတ်(၅) အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးမြင့်နိုင်ကပြောသည်။

၂၀၁၉ခုနှစ်အတွင်းရခိုင်ပြည်နယ်အတွင်းဖြစ်ပွားခဲ့သည့် လက်နက်ကိုင် ပဋိပက္ခနှင့် တိုက်ပွဲများကြောင့် သေဆုံး၊ ထိခိုက် ဒဏ်ရာရသူများ၊ သံသယဖြင့် ဖမ်းဆီးခံရမှု တွင်အသက်မပြည့်သေးသူများပါဝင်နေမှု၊ စိတ်ဒဏ်ရာ ရရှိမှုကြောင့် ကုစားနေရသူများ၊ အသက် မပြည့်သေးဘဲ ဖမ်းဆီးခံရသည့်အပြင်ရက်ရှည်ချုပ်နှောင်ခံရသည့် အခြေအနေများကိုလွှတ်တော်တွင် တင်ပြဆွေးနွေးခဲ့သည်။

ရခိုင်ပြည်နယ်လက်နက်ကိုင်ပဋိပက္ခနှင့်တိုက်ပွဲများကြောင့် သေဆုံးမှု တွင် အသက်သုံးနှစ်အရွယ် ကလေးငယ်(၁)ဦး၊ ခြောက်နှစ်အရွယ် ကလေးငယ်(၁)ဦး၊(၁၀)နှစ် အရွယ်ကလေးငယ်(၂)ဦး နှင့်(၁၅)နှစ် အရွယ်ကလေးငယ်(၁)ဦးတို့ပါဝင်ပြီးကြောက်ရွံ့ နာကျင်မှုနှင့်စိတ်ဒဏ်ရာရရှိခဲ့သည့် အသက်(၁၂)နှစ်အရွယ်ကလေးငယ် တစ်ဦးပါဝင်သည်။

နေ့တိုင်းလိုလက်နက်ကြီးဒဏ်များကြားတွင်ရောက်ရှိနေသည့်ကလေးငယ်များ၊စစ်ဘေးရှောင်စခန်း၊တိုက်ပွဲများကြောင့်ရွာလုံးကျွတ်ထွက်ပြေးခဲ့ရမှုတွင်ပါဝင်နေသည့်ကလေးငယ်များအတွက်လည်း ဦးမြင့်နိုင်က ဆွေးနွေးသွားပြီး ရခိုင်ပြည်နယ်၊ရသေ့တောင်မြို့နယ် ၊ကျောက်တန်း ကျေးရွာတွင် ကျေးရွာများတွင်စစ်ဆေးနိုင်ရန် စာသင်ကျောင်းများတွင် ကျေးရွာသူရွာသားများကို လူစုခိုင်းခြင်းသည် အခြေပြစာချုပ်နှင့် လုံးဝဆန့်ကျင်နေသည်ကိုတွေ့ရှိရကြောင်း၎င်းက ထောက်ပြပြော ဆိုသည်။

“ဒီအချက်တွေဟာလက်တွေ့မြေပြင်မှာဖြစ်ပျက်နေတဲ့အချက်တွေဖြစ်တာကြောင့် ယခုသမ္မတ ထံမှပေးပို့လာတဲ့ အခြေပြစာချုပ် အတည်ပြု ပါဝင်နိုင်မှသာ ကလေးသူငယ်တွေရဲ့ အခွင့်အရေး ဆိုင်ရာစာချုပ်၏ လက်နက်ကိုင်ပဋိပက္ခများအတွင်း ကလေးသူငယ်တွေ ပါဝင်ပတ်သက်မှု လျှော့ချလာနိုင်မှာကိုယုံကြည်မိတဲ့အတွက် ထောက်ခံဆွေးနွေး ရခြင်းဖြစ်ပါတယ်”ဟု ဦးမြင့်နိုင်ကပြောသည်။

ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။

ဓာတ်ပုံ – ပြည်ထောင်စုလွှတ်တော်

ရခိုင်ပြည်နယ်၊မဲဆန္ဒနယ်၊အမှတ်(၅) အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးမြင့်နိုင်


Share this post
  •  
  •  
  •  
  •  
  •  
ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။