ကိုဗစ်ကပ်ကာလ ဘုရားတွေ ပိတ်ပေမယ့် သာသနာရေးဝန်ကြီး ဘာသာရေးအခမ်းအနား တစ်ခုတက်ဆိုတဲ့ သတင်းအမှား ဖြန့်

ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။
Share this post
  •  
  •  
  •  
  •  
  •  

ကိုဗစ် ကပ်ကာလမှာ ဘုရားတွေ မဖွင့်၊ဘုန်းကြီးကျောင်းတွေ မှာ ဥပုသ် မစောင့်ရ ပေမယ့် သာသနာရေးဝန်ကြီး သူရဦးအောင်ကို က တမန်တော်မြတ် မိုဟမ္မဒ်သခင်နေ့ အခမ်းအနား တက်ရောက် တယ်ဆိုတဲ့ ပုံစံနဲ့ အကြောင်းအရာ တစ်ခုကို Ko Ko Ko Ko အမည်ရတဲ့ ဖေ့စ်ဘွတ်အကောင့် ကနေ သည်နေ့ ဖြန့်ချိခဲ့ပါတယ်။ သည်နေရာမှာ ကြည့်နိုင်ပါတယ်။ web archive ကို  သည်နေရာမှာ ကြည့်နိုင်ပါတယ်။

Ko Ko Ko Ko ဖြန့်ချိထားတဲ့ သည်အကြောင်းအရာကို ထပ်ဆင့်ပြန်လည်ဖြန့်ချိသူ၊ မှတ်ချက်ပေးသူ၊ React ပြုသူတွေလည်း ရှိတာတွေ့ရပါတယ်။

SS / ONE News မှာ ဖော်ပြထားတဲ့ သတင်း

သည်အကြောင်းအရာနဲ့ ပတ်သက်ပြီး ငြမ်းမီဒီယာ က အမှားအမှန် အချက်အလက် စစ်ဆေးရာမှာ Ko Ko Ko Ko ဖော်ပြထားတဲ့ အကြောင်းအရာဟာ ၂၀၁၉ ၊နိုဝင်ဘာ(၁၆) ရက်နေ့က M3 Food Center မှာ ကျင်းပခဲ့တဲ့ တမန်တော်မြတ် မိုဟမ္မဒ်သခင်နေ့ အခမ်းအနားဖြစ်တာတွေ့ရပါတယ်။

ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။

SS / Myanmar Digital News မှာ ဖော်ပြထားတဲ့ သတင်း

Ko Ko Ko Ko ဖေ့စ်ဘွတ်အကောင့်ဟာ ၂၀၁၉ မှာ ကျင်းပခဲ့တဲ့ အခမ်းအနား ပွဲတစ်ခုကို အခုပြုလုပ်သယောင် ရေးသားပြီး သတင်းအမှား၊သတင်းအတု ဖြန့်ချိထားတာ ဖြစ်ပါတယ်။

SS / MRTV မှာ ဖော်ပြထားတဲ့ ရုပ်သံသတင်း

၂၀၁၉ ၊နိုဝင်ဘာ(၁၆) ရက်နေ့က ကျင်းပခဲ့တဲ့ တမန်တော်မြတ်မိုဟမ္မဒ်သခင်နေ့ အခမ်းအနား သတင်းတွေကို သည်နေရာ သည်နေရာ နဲ့ သည်နေရာတွေ မှာ ကြည့်နိုင်ပါတယ်။

အခုကျင်းပသယောင် ဖော်ပြထားတဲ့ သည်အကြောင်းအရာ ဟာ သတင်းအမှားသာ ဖြစ်တယ်လို့ သာသနာတော်ထွန်းကားပြန့်ပွားရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဇာနည်ဝင်း က  ငြမ်းမီဒီယာ ကို အတည်ပြု ပြောကြားပါတယ်။

Ko Ko Ko Ko ဖေ့စ်ဘွတ်အကောင့်ဟာ သတင်းအမှား၊သတင်းအတု တွေကို ဖြန့်ချိလေ့ရှိသူ တစ်ဦးဖြစ်တာတွေ့ရပါတယ်။ နိုဝင်ဘာလ(၁၆) ရက်နေ့ကလည်း ဦးဌေးအောင်နဲ့ ပတ်သက်တဲ့ သတင်းအမှား တစ်ပုဒ် ကို ဖြန့်ချိခဲ့တာ ရှိပါတယ်။  သည်နေရာမှာ ကြည့်နိုင်ပါတယ်။

အားလုံးဘေးကင်းကျန်းမာကြပါစေ။

ငြမ်းမီဒီယာ

ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။

 


Share this post
  •  
  •  
  •  
  •  
  •  
ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။

Tags: , , , , , ,