ကိုဗစ်ကာလ ကျောင်းများ ပြန်ဖွင့်ရေး NLD အစိုးရ ဆောင်ရွက်ပုံ ပြည်ခိုင်ဖြိုးဝေဖန်

ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။
Share this post
  •  
  •  
  •  
  •  
  •  

DRNHM / ပြည်ခိုင်ဖြိုးပါတီ၏ ပြောရေဆိုခွင့်ရှိသူ ဒေါက်တာနန္ဒာလှမြင့်

ကိုဗစ်ကာလ ပိတ်ထားသည့် ကျောင်းများပြန်ဖွင့်ရေးကိစ္စတွင် NLD အစိုးရ၏ ဆောင်ရွက်ပုံ အား ပြည်ခိုင်ဖြိုးပါတီက ဝေဖန်ပြောဆို လိုက်သည်။

NLD အစိုးရအနေဖြင့် ကျောင်းများပြန်ဖွင့်ရေးကိစ္စတွင် ကျန်းမာရေးသုတေသန နှင့် ပညာရေး သုတေသနတို့၏ မှန်ကန်သော မြေပြင်သတင်းအချက်အလက်များရရှိရန် ခွဲခြမ်းစိတ်ဖြာ လေ့လာမှု (survey)လုပ်ရမည့်အစား၊လူ သုံး လေး ငါးဦးခန့်၏ အမြင်ကို online မှ ရယူ သုံးသပ်လျက်အမျိုးမျိုးပြောင်းလဲသုံးသပ် ဆုံးဖြတ်နေခြင်းသည် နည်းလမ်းမကျ ဟု ပြည်ခိုင်ဖြိုးပါတီ၏ ပြောရေး ဆိုခွင့်ရှိသူ ဒေါက်တာနန္ဒာလှမြင့်က ဆိုသည်။

ဦးဆောင်သည့်အစိုးရသည် မှန်ကန်သည့် စီမံခန့်ခွဲမှု နည်းလမ်းကို မှန်မှန်ကန်ကန် ကျင့်သုံးမှု မရှိသောကြောင့် သုတေသန အခြေပြု ပညာရေးဋ္ဌာနကြီးသည်   နှုတ်မိန့်အရ လိုက်လုပ်သည့် ဌာနအသွင်သို့ ပြောင်းလဲ လာနေသည်မှာ စိုးရိမ်ဖွယ်ရာ ဖြစ်သည် ဟု ဒေါက်တာနန္ဒာလှမြင့် က ရေးသားထားသည်။

ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။

မှန်ကန်သည့်စီမံခန့်ခွဲမှုဆိုသည်မှာ ကျန်မာရေးသုတေသန နှင့် ပညာရေးသုတေသန တို့ကိုကလေးများ ကျန်းမာရေး ထိခိုက်နိုင်ဖွယ် ရှိ၊မရှိ လေ့လာ သုတေသနပြု တင်ပြ အစီရင်ခံစေခြင်း၊ ပညာရှင်များ၊ဆရာမိဘများနှင့် အကြံဉာဏ် ရယူ ဆွေးနွေးမှုများ (stakeholders consultations) ပြုလုပ်ခြင်း၊လွှတ်တော်တွင် ဆွေးနွေးအတည်ပြုမှုရယူခြင်း နည်းလမ်းများသာ ဖြစ်သည်ဟု ဒေါက်တာ နန္ဒာလှမြင့်က “ သုတေသန အခြေပြု ပညာရေး မှ ကြုံသလိုမေးမြန်း ပညာရေးသို့” ခေါင်းစဉ်ဖြင့် ၎င်း၏ ဖေ့စ်ဘွတ် စာမျက်နှာ တွင် ရေးသားထားသည်။

ယင်းအပြင် ကျန်းမာရေးဝန်ကြီးဋ္ဌာန အနေဖြင့် ကိုဗစ်ကူးစက်ရောဂါကာလ ပြည်သူ့ ကျန်းမာရေး ကာကွယ်စောင့်ရှောက်မှု ဆိုင်ရာ သုတေသနစာတမ်းများထုတ်ပြန် နိုင်မှု မရှိသေးသည့်အပြင် ဆရာဝန်၊သူနာပြုလုံလောက်အောင်ခန့်အပ်ရေး အခက်အခဲ၏ အကြောင်းရင်း ဇာစ်မြစ်မှန်ကို ဖော်ထုတ်ပြီးမူဝါဒနှင့် လုပ်ထုံးလုပ်နည်း စည်းမျဉ်း ပြုပြင် ပြောင်းလဲ ဖြည့်ဆည်းရန် ပျက်ကွက်နေ သည်ကို တွေ့ရှိရကြောင်း ဒေါက်တာနန္ဒာလှမြင့် က ဆိုသည်။

NLD ပါတီ၏ ရွေးကောက်ပွဲကြေညာစာတမ်းတွင် ကမ္ဘာ့အဆင့်မီ အဆင့်မြင့် ပညာရေးစနစ် ဖြစ်လာစေရန် ဦးတည်ကြိုးစားမည်။ သို့်ဖြစ်ရာ တက္ကသိုလ်များ ကိုယ်ပိုင် သင်ကြားခွင့် ၊အုပ်ချုပ်ခွင့်၊နှင့်လွတ်လပ်သည့် သုတေသန လုပ်ငန်းများကို လုပ်ဆောင် နိုင်ရန် ဆောင်ရွက်မည်ဟု ဖေါ်ပြထားသည် ကို တွေ့ရှိရသော်လည်း NLD အစိုးရတာဝန်ယူပြီး လေးနှစ်ကျော်ကြာသည်အထိ အဆင့်မြင့် ပညာရေးဥပဒေ ပြဋ္ဌာန်းနိုင်ခြင်း၊မရှိသေး သလို၊ သုတေသန လုပ်ငန်းများကို အားပေးမြှင့်တင်လုပ်ပေးနိုင်စွမ်း မရှိသေးသည်ကို တွေ့ရှိရကြောင်း ဒေါက်တာနန္ဒလှမြင့်က ဝေဖန်ထားသည်။

ငြမ်းမီဒီယာ


Share this post
  •  
  •  
  •  
  •  
  •  
ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။

Tags: , , , ,