ကိုဗစ်ကာလ မဖြစ်မနေ မြန်မာသို့ ပြန်လာလိုသူများ ပြန်နိုင်ရန် စီစဉ်ဆောင်ရွက်နေ

ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။
Share this post
  •  
  •  
  •  
  •  
  •  

Manki Kim

ကိုဗစ်ကာလ ကိုရီးယားနိုင်ငံတွင်နေထိုင်ရန် အခက်အခဲဖြစ်နေပြီး မဖြစ်မနေ မြန်မာနိုင်ငံသို့အပြီး ပြန်လည် ထွက်ခွာလိုသူများ အတွက် မြန်မာအပြည်ပြည်ဆိုင်ရာလေကြောင်းလိုင်း ၏ Relief Flight(MAI) ခရီးစဉ် အနေ ဖြင့် မေလ၊(ခန့်မှန်းရက်များ၊ ၃၊၅၊၈၊၁၅၊၂၂၊၁၉) အတွင်း ပျံသန်းပေးနိုင်ရန် စီစဉ်လျက်ရှိသည်ဟု ဆိုးလ်မြို့၊မြန်မာ သံရုံးက ဧပြီလ၊(၂၅)ရက်နေ့တွင် ကြေညာချက်ထုတ်ပြန်ခဲ့သည်။

ယခုအစီအစဉ်တွင် ခေတ္တအလည်ပြန်လိုသူများ မပါဟု ကြေညာချက်တွင် ဖော်ပြထားပြီး မဖြစ်မနေ အပြီးပြန်လည် ထွက်ခွာ လိုသူများ အတွက် လေယာဉ်လက်မှတ်ဝယ်ယူရရှိနိုင်မှုနှင့် လေယာဉ်ထွက်ခွာမည့် နေ့ရက်များကို ထပ်မံအသိပေးကြေညာ သွားမည် ဖြစ်သည်။

ပြည်ပသို့ရောက်ရှိနေကြပြီး နေထိုင်ရန် အမှန်တကယ် အခက်အခဲဖြစ်နေသည့် မြန်မာနိုင်ငံသားများအား လူသားချင်း စာနာ ထောက်ထားသော အားဖြင့် စီစဉ်ပေးမှုဖြစ်ပြီး မဖြစ်မနေ မြန်မာနိုင်ငံသို့ အပြီးပြန်လည် ထွက်ခွာရန် လိုအပ်သူများသာ ယခု အစီအစဉ်တွင် ပါဝင်ကြရန် ဆိုးလ်မြို့၊မြန်မာသံရုံးက ပန်ကြား ထားသည်။

ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။

Relief Flight ခရီးစဉ်ဖြင့် လိုက်ပါခွင့်ရရှိသူများသည် မြန်မာနိုင်ငံသို့ရောက်ရှိသည့်အခါ Community – based Facility Quarantine (၂၁ ) ရက်နှင့် မိမိနေအိမ်၌ သီခြားနေထိုင်စောင့်ကြည့်ခြင်း Home Quarantine (၇) ရက် ၊ စုစုပေါင်း (၂၈) ရက်ကို မဖြစ်မနေ လိုက်နာဆောင်ရွက်ရမည်ဖြစ်သည်။

မြန်မာနိုင်ငံသို့ မဖြစ်မနေ ပြန်လည်လိုက်ပါလိုသူများအနေဖြင့် လိုအပ်သည့် အချက်အလက်များကို ဧပြီ၊(၂၇) ရက်နေ့ ၊ ရုံးချိန်အတွင်း နောက်ဆုံး ပေးပို့ရမည်ဖြစ်သည်။

ကိုရီယားနိုင်ငံတွင် COVID – 19 ကပ်ရောဂါကြောင့် သေဆုံးသူ (၂၄၀)ဦး၊ ပိုးတွေ့ရှိသူ (၁၀၇၁၈)၊ပိုးတွေ့ ပြန်လည်သက်သာ လာသူ(၈၆၃၅)ဦး ရှိသည်။

ငြမ်းမီဒီယာ

 


Share this post
  •  
  •  
  •  
  •  
  •  
ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။

Tags: , , , ,