ကိုဗစ်ကာလ အများပြည်သူအတွက် မရှိမဖြစ် လုပ်ငန်းများ သတ်မှတ်ကြေညာ

ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။
Share this post
  •  
  •  
  •  
  •  
  •  

အများပြည်သူအတွက် လိုအပ်သော လုပ်ငန်းများ ဟု သတ်မှတ်ထားသည့် လုပ်ငန်း (၂၁) ခုပါဝင် …

COVID -19 ကို ကာကွယ်ထိန်းချုပ်နေသည့် ကာလအတွင်း မရှိမဖြစ် လိုအပ်သည့် လုပ်ငန်းများ၊ အများ ပြည်သူဆိုင်ရာ ဝန်ဆောင်မှု လုပ်ငန်းများနှင့် အများပြည်သူအတွက် လိုအပ်သော လုပ်ငန်းများကို အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့ အင်အား ဝန်ကြီးဌာန က သတ်မှတ်၍ ထုတ်ပြန်ကြေညာ လိုက်သည်။

မေလ(၃) ရက်နေ့ ရက်စွဲဖြင့် အလုပ်သမား၊လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီး ဌာန၏ထုတ်ပြန် ကြေညာချက် တွင် မရှိမဖြစ် လိုအပ်သည့် လုပ်ငန်းများ၊ အများပြည်သူ ဆိုင်ရာဝန်ဆောင်မှု လုပ်ငန်း များနှင့် အများပြည်သူအတွက် လိုအပ်သော လုပ်ငန်းများ ဟု သတ်မှတ်ထားသည့် လုပ်ငန်း (၂၁) ခုပါဝင်သည်။

ကိုလကျာ်ထွန်း / ၂၀၂၀၊ဧပြီ(၁)၊သတင်းစာ များ ဖြန့်ချိနေသူတစ်ဦး

မရှိမဖြစ် လိုအပ်သည့် လုပ်ငန်းများတွင် (၁) နိုင်ငံတော်ပိုင် စက်ရုံ၊အလုပ်ရုံ နှင့် လုပ်ငန်း၊(၂) ရေပေးဝေရေး လုပ်ငန်း၊(၃) လျှပ်စစ် ဓာတ်အားနှင့် လောင်စာထုတ်လုပ် ပို့လွှတ် ဖြန့်ဖြူးသည့် လုပ်ငန်း၊(၄) မီးသတ် လုပ်ငန်း၊(၅) ပုဂ္ဂလိကဆေးရုံ၊ ဆေးခန်း များနှင့် ကျန်းမာရေးဝန်ဆောင်မှုလုပ်ငန်း၊(၆) ဆက်သွယ်ရေး၊ သတင်းအချက်အလက်နှင့် နည်းပညာဆိုင်ရာ လုပ်ငန်း တို့ဖြစ် သည်။

ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။

အများပြည်သူဆိုင်ရာဝန်ဆောင်မှု လုပ်ငန်းများတွင် (၁) သယ်ယူပို့ဆောင်ရေး၊သိုလှောင်ရုံနှင့် ပွဲရုံလုပ်ငန်း၊(၂) ဆိပ်ကမ်း လုပ်ငန်း၊ ကုန်ပစ္စည်းပို့ဆောင်ရေးနှင့် ကုန်တင်ကုန်ချလုပ်ငန်း၊ (၃) ပို့ကုန်၊သွင်းကုန် လုပ်ငန်းများနှင့် ကုန်သွယ်မှု လုပ်ငန်းများ၊ (၄) စည်ပင်သာယာရေးဆိုင်ရာ လုပ်ငန်း၊(၅) ဘဏ်နှင့်ငွေကြေးဆိုင်ရာ ဝန်ဆောင်မှု လုပ်ငန်း၊(၆) အာမခံ ကုမ္ပဏီနှင့် ကုန်ထုတ်လုပ်မှု မရှိသော ကုမ္ပဏီလုပ်ငန်း၊(၇) အလုပ်အကိုင် ရှာဖွေရေး လုပ်ငန်း၊(၈) ပြန်ကြားရေး လုပ်ငန်း၊(၉) မြို့ဝင်ကြေး၊လမ်းအသုံးပြုခ၊တံတားဖြတ်သန်းခ ကောက်ခံသည့် လုပ်ငန်း၊(၁၀) ဟိုတယ်၊မိုတယ် နှင့်တည်းခိုခန်း လုပ်ငန်း တို့ ဖြစ်သည်။

အများပြည်သူအတွက် လိုအပ်သောလုပ်ငန်းများတွင် (၁) ပုံနှိပ်ခြင်းနှင့်ထုတ်ဝေခြင်းဆိုင်ရာ လုပ်ငန်း၊(၂)သတ္ထုနှင့် သယံဇာတ လုပ်ငန်း၊(၃)ဓာတုဗေဒဆိုင်ရာလုပ်ငန်း၊(၄) ဆောက်လုပ်ရေးလုပ်ငန်း၊(၅) ငါး၊ပုစွန်မွေးမြူရေး၊ ဖမ်းဆီးရေးနှင့် အအေးခန်း လုပ်ငန်း တို့ ဖြစ်သည်။

အဆိုပါ လုပ်ငန်းများ ဆက်လက်ဖွင့်လှစ်သွားရန် ကျန်းမာရေးနှင့်အာကစားဝန်ကြီးဌာန၏ COVID -19ကာကွယ် ထိန်းချုပ်ရေး နှင့်ပတ်သက်၍ စက်ရုံ၊အလုပ်ရုံများ နှင့် လုပ်ငန်းခွင် များတွင် ဆောင်ရွက်ထားရမည့် အချက်များနှင့်အညီ ဆောင်ရွက်ထား ရမည် ဖြစ်ပြီး ဆောင်ရွက်ပြီးစီးပါက အထောက်အထားများဖြင့် အလုပ်သမား၊လူဝင်မှု ကြီးကြပ်ရေးနှင့်  ပြည်သူ့အင်အားဦးစီးဌာန နှင့်ကျန်းမာရေး နှင့်အားကစားဝန်ကြီးဌာနသို့ ပြည်လည် တင်ပြရန်နှင့်သက်ဆိုင်ရာ ပူးပေါင်း အဖွဲ့များ၏ စစ်ဆေးမှုခံယူနိုင်ရေး ဆောင်ရွက်ထားရှိရမည် ဟု ဖော်ပြထားသည်။

မြန်မာတစ်နိုင်ငံလုံးရှိ စက်ရုံ၊အလုပ်ရုံ၊ အလုပ်ဌာနများကို ကျန်းမာရေးနှင့်အားကစား ဝန်ကြီးဌာန၏ သတ်မှတ်ချက်၊ အကြံပြုချက် များနှင့်အညီ လိုက်နာဆောင်ရွက်ပြီးမှသာ ဖွင့်လှစ်ကြရန် ဧပြီလ(၁၉) ရက်နေ့တွင် ထုတ်ပြန်ကြေညာခဲ့ပြီး ဖြစ်ကြောင်း အဆိုပါ ထုတ်ပြန်ချက် တွင်ဖော်ပြထားသည်။

ငြမ်းမီဒီယာ


Share this post
  •  
  •  
  •  
  •  
  •  
ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။

Tags: , , , , ,