ကိုဗစ်စိုးရိမ်မှု၊ တိုင်းရင်းသား အချင်းချင်းကြား ပဋိပက္ခ ဖြစ်အောင် လုပ်ကြံဖန်တီးထားတဲ့ ကြေညာချက်အတု

ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။
Share this post
  •  
  •  
  •  
  •  
  •  

ရခိုင်အမျိုးသားတစ်ရပ်လုံး အပေါ်မှာ ထင်မြင်လွဲစေတဲ့ ကိုယ့်တိုင်းရင်းသားချင်းချင်း တစ်ဖက်ကို တစ်ဖက်နစ်နာအောင်၊ ပဋိပက္ခဖြစ်အောင် …

ကိုဗစ် ရောဂါကို အကြောင်းပြုပြီး သတင်းတု၊ သတင်းအမှားတွေ ဆိုရှယ်မီဒီယာ မှာ ပျံ့နှံ့ နေပါတယ်။

သည်လို သတင်းအတု၊သတင်းအမှားတွေ ကို သေချာမဆန်းစစ်ဘဲ မျှဝေမိ၊ယုံကြည်မိ၊ တုံ့ပြန်မိမယ်ဆိုရင်အန္တရာယ် ရှိပါတယ်။

အခု ပြောပြလိုတာက AA (Arakan Army ) က ထုတ်ပြန်ထားတယ်ဆိုတဲ့ ကြေညာချက်တစ်စောင် အကြောင်း ဖြစ်ပါတယ်။

ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။

လူမှုကွန်ရက်မှာ မျှဝေနေကြတဲ့ သည်ကြေညာချက်နဲ့ပတ်သက်ပြီး ငြမ်းမီဒီယာ က အချက်အလက်စစ်ဆေးခဲ့ရာ သည် ကြေညာ ချက် ဟာ AA (Arakan Army) က ယခင်ထုတ်ပြန်ခဲ့တဲ့ ကြေညာချက် တွေနဲ့ မတူဘဲ လုပ်ကြံဖန်တီးထားချက်တစ်ခုသာ ဖြစ်တယ် ဆိုတာ တွေ့ရပါတယ်။

AA ( Arakan Army) ရဲ့ သတင်းထုတ်ပြန်ချက်တွေ ဖော်ပြလေ့ရှိတဲ့ ဝက်ဘ်ဆိုဒ်မှာလည်း သည် ထုတ်ပြန်ကြေညာချက်ကို ထုတ်ပြန် ထားခြင်း မရှိပါဘူး။

ရခိုင်တွေလာရင် ဗမာတွေမှာ စိုးရိမ်မှုတွေရှိလာအောင်၊ ဖြစ်နိုင်ရင်လက်လွန်ခြေလွန်ဖြစ်နိုင်အောင်ထိ ရည်ရွယ်ပြီး ဒါကို တမင်ဖြန့်တာ …

သည်ကြေညာချက်အတု ဟာ ကိုဗစ်ရောဂါ စိုးရိမ်ကြောင့်ကြမှုတွေ ဖြစ်နေတဲ့ ပြည်သူလူထု စိတ်မှာ ထင်ယောင် ထင်မှား ဖြစ်အောင်၊ တိုင်းရင်းသားအချင်းချင်း မကျေလည်မှုတွေ၊ သံသယတွေ၊ပဋိပက္ခ တွေဖြစ်အောင် ရည်ရွယ်ချက်ရှိရှိ လုပ်ကြံ ဖန်တီးထားတဲ့ ကြေညာချက်အတု သာ ဖြစ် တယ်ဆိုတာကို အတည်ပြု နိုင်ခဲ့ပါတယ်။

” ကြေညာချက်က အတုဆိုတာ ဖေ့စ်ဘွတ်ခ်နဲ့ရင်းနှီးကျွမ်းဝင်တဲ့သူတွေ အကုန်လုံးသိပါတယ်။ အဖွဲ့အစည်းတစ်ခုက ဖြစ်ဖြစ်၊ တစ်စုံ တစ်ယောက်က ဖြစ်ဖြစ်၊ ရခိုင်နဲ့ဗမာတွေကြားမှာ ဒါမှမဟုတ် AAကို တစ်ဖက် သတ်အထင်လွဲအောင်၊ ဒါက ရခိုင်တွေလာရင် ဗမာတွေမှာ စိုးရိမ်မှုတွေရှိလာအောင်၊ ဖြစ်နိုင်ရင်လက်လွန်ခြေလွန်ဖြစ်နိုင်အောင်ထိ ရည်ရွယ်ပြီး ဒါကို တမင်ဖြန့်တာ ” လို့ လူမှုကွန်ရက်မှာ ဖြန့်ဝေနေကြတဲ့ AA ကြေညာချက် အတုနဲ့ပတ်သက်ပြီး ရခိုင်ပြည်နယ်၊မြေပုံ မဲဆန္ဒနယ်၊ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဖေသန်း က မှတ်ချက်ပြုပါတယ်။

သည်ကြေညာချက်အတု ကို လူမှုကွန်ရက်မှာ စတင်ဖြန့်ချိခဲ့တာတွေ့ရပါတယ်။ သည် ကြေညာချက်အတုကို ပြန်လည်မျှဝေသူ ထောင်နဲ့ချီရှိပြီး၊ မြန်ပြည်ချစ်လို့အမည်ရတဲ့ ဖေ့စ်ဘွတ်ဂရုကနေပဲ ပြန်လည် ဝေမျှသူ က ကိုးရာနီးပါး ရှိနေပါတယ်။ အများစုရဲ့ မှတ်ချက်တွေမှာ အမုန်းစကားတွေ၊ဒေါသ တွေရောစွက် နေတာတွေ့ရပါတယ်။

” အမှန်က ဒီကြေညာချက်ဖတ်ကြည့်တာနဲ့အတုမှန်း သိနေတာပေါ့။ ဒီလိုမျိူးနဲ့ ကြေညာချက် AA ဘက်က ထုတ်တာ တစ်ခါမှ မတွေ့ဖူးဘူး။ ဒါမျိုးက တစ်ကယ်လှုံ့ ဆော်ချင်လို့ကြေညာပြီးမှ လုပ်တဲ့အလုပ်မျိုးမဟုတ်ဘူး။ ဒါအတုမှန်း အရမ်းသိသာတယ်။ ဒီကြေညာချက်နဲ့အတူ ဆိုရှယ်မိဒီယာမှာ နောက်အတုတစ်ခုပေါ်သေးတယ်။ ဒေါ်အောင်ဆန်းစုကြည်ကိုတရားစွဲတဲ့ကိစ္စ အရေး မယူဘူးဆိုပြိး အစိုးရရုံးက ညွန်ကြားချက်အတုတစ်ခု ထွက်ပါတယ်။အတုက နှစ်ခုတစ်ပြိုင်တည်းထွက်တာပါ ” လို့ လုပ်ကြံ ဖန်တီး ထားပြီး လူမှုကွန်ရက်မှာ ဖြန့်ဝေနေတဲ့ AA ကြေညာချက် အတုနဲ့ ပတ်သက်ပြီး တိုင်းရင်းသားအရေး ကျွမ်းကျင်သူ ဦးမောင်မောင်စိုး က ပြောပါတယ်။

ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။

ကြေညာချက်အတုမှန်းသိလျက်နဲ့ ရည်ရွယ်ချက်ရှိရှိ ဖြန့်နေမှုတွေ ဟာ မလုပ်ကောင်းတဲ့ အရာဖြစ်တယ်လို့ ဦးဖေသန်း က ဆိုပါတယ်။

” ဒါ AA နဲ့တပ်မတော် ပြဿနာ တစ်ခုတည်း မဟုတ်တော့ဘူး။ ရခိုင်အမျိုးသားတစ်ရပ်လုံး အပေါ်မှာ ထင်မြင်လွဲစေတဲ့ ကိုယ့် တိုင်းရင်းသားချင်းချင်း တစ်ဖက်ကို တစ်ဖက်နစ်နာအောင်၊ ပဋိပက္ခဖြစ်အောင်ရည်ရွယ်ချက်ရှိရှိ လုပ်နေတဲ့ အဆင့်မို့ မကောင်းဘူး။ အားလုံးဝိုင်းပြီး ထိန်းသိမ်းသင့်တယ်။ စောင့်ရှောက်သင့်တယ် ” လို့ ဦးဖေသန်း က ငြမ်းမီဒီယာ ကို ပြောပါတယ်။

သည်လို ကြေညာချက်အတုတွေ ပျံနှံ့နေမှုဟာ အကျိုးဆက်အားဖြင့် မကောင်းဘဲ ဆိုးကျိုးတွေပဲ ဖြစ်လာနိုင်တယ်လို့ ဦးဖေသန်း က မှတ်ချက်ပြုပါတယ်။

” Facebook Team မှာ သတင်းအမှားဖြန့်ချိ နေတာတွေနဲ့ ပတ်သက်ပြီး ငွေသန်းပေါင်း ထောင်နဲ့ချီပြီးအသုံးပြုထားတာပဲ။ ဒီလို သတင်းတုတွေကိုဖယ်ရှားဖို့ ထားထားတာကို။ တစ်ဖက်နဲ့တစ်ဖက် အမုန်းတရားတွေ၊ သတင်းအမှားတွေကို ဖယ်ရှားဖို့ Facebook မှာ သတင်းအတု ဖယ်ရှားရေးအဖွဲ့ အနေနဲ့ဒါကို မြန်မြန်ဖယ်ရှားဖို့ လိုတာပေါ့ ” လို့ တိုင်းရင်းသားအရေး ကျွမ်းကျင်သူ ဦးမောင်မောင်စိုး က ပြောပါတယ်။

ငြမ်းမီဒီယာ


Share this post
  •  
  •  
  •  
  •  
  •  
ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။

Tags: , , , , , ,