ကိုဗစ်တိုက်ဖျက်ရေး တိုက်ပွဲဝင်ခဲ့တဲ့ တက္ကသိုလ်

ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။
Share this post
  •  
  •  
  •  
  •  
  •  

Apichit Jinakul / တက္ကသိုလ်ဝန်ထမ်းများနှင့်အများပြည်သူအား အခမဲ့ဝေငှရန် နှာခေါင်းစည်းများ ချုပ်လုပ်

နှာခေါင်းစည်းစုပေါင်းထုတ်

သမားဆတ်တက္ကသိုလ်ကျောင်းသူ ကျောင်းသားတွေဟာ တက္ကသိုလ်ဝန်ထမ်းတွေနဲ့ ပြည်သူတွေကိုဖြန့်ဝေဖို့အတွက် မျက်နှာ ကာ နှာခေါင်းစည်းတွကို ထုတ်လုပ် နေကြပါပြီ။သာမန်ချည်ထည်နဲ့ ရေစိမ့်မဝင်နိုင်အောင် ပြုလုပ်ထားတဲ့ နှာခေါင်းစည်း တွေကို အရည်အသွေးခွင့်ပြုချက်ရတဲ့အခါ ဆေးဝန်ထမ်းတွေ တစ်ကိုယ်ရည်သုံးဖို့ အတွက်ဖြန့်ဝေမှာပါ။

ကျောင်းသားနဲ့ ဝန်ထမ်း ၄၀,၀၀၀ အတွက် ကျန်းမာရေးစောင့်ရှောက်မှု အာမခံ တွေကို ဝယ်ယူခဲ့ပါတယ်။ ကျောင်းသား အချို့ရဲ့ …

တက္ကသိုလ်ကြီးကို ရှေ့တန်းဆေးရုံတစ်ခုအဖြစ်ပြင်ပြီးခဲ့တဲ့ မတ်လ နှောင်းပိုင်းမှာ ရန်ဆစ်တက္ကသိုလ်နယ်မြေ ဟာ COVID – 19 ကိုတိုက်ဖျက်ဖို့ ထိုင်းနိုင်ငံရဲ့ ပထမဆုံးသော ရှေ့တန်းဆေးရုံတစ်ခု အဖြစ်နဲ့ပေါ်ထွက်လာခဲ့ပါတယ် လို့ ရန်ဆစ်တက္ကသိုလ်ရဲ့ ပါချုပ်ဖြစ်သူ တွဲဖက်ပါမောက္ခဂါဆီနီ ဝိတွန်ချပ်က ပြောပါတယ်။နိုင်ငံတချို့မှာ ကျန်းမာရေး စောင့်ရှောက်မှု စနစ်တွေ ပြိုကျပျက်စီး ပြီးတော့ ထိုင်းနိုင်ငံမှာလည်း ကိုဗစ်ရောဂါကူးစက်ပျံ့ပွားမှုဟာဖေဖော်ဝါရီလအကုန်နဲ့ မတ်လ အစောပိုင်းမှာ စတင်မြင့် တက်လာ တဲ့ အချိန်မှာပဲ သမားဆတ်တက္ကသိုလ်က အစီအစဉ်တစ်ခုနဲ့ စိတ်ကူးအကောင်အထည်ဖော်ခဲ့ပါတယ်။ နှစ်ရက် အကြာမှာ တော့ ပူးပေါင်းကူညီဖို့ အားတက် သရော ဖြစ်နေကြတဲ့ တက္ကသိုလ်ဝင်းထဲနေသူတွေကို အိမ်ရာအသစ် မှာပြောင်းပေး နိုင်ခဲ့ တယ် လို့ ပါမောက္ခချုပ်က ပြောပါတယ်။

ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။

လူနာတွေကို လက်ခံပြီ

တတိယရက်မှာတော့ ဒီလုပ်ငန်းစဉ်ကြီးကို ကြပ်မတ်ကွပ်ကဲဖို့ အတွက် တက္ကသိုလ်ကြီးဟာ ဆေးဘက်ဆိုင်ရာ အမှုထမ်းအဖြစ်နဲ့ လူနာတွေကို စတင်လက်ခံခဲ့ပါတော့တယ်။တက္ကသိုလ်အုပ်ချုပ်ရေးတာဝန်ရှိသူတွေဟာပြည်သူ တွေနဲ့ လူ့အဖွဲ့အစည်းကို စိတ် လုံခြုံမှုပေးနိုင်ဖို့ လုပ်ဆောင်ကြရမယ်ဆိုတာ သဘောတူကြပါတယ်။ဒါကြောင့်မို့ အမြန်ဆုံးဖွင့်နိုင်ဖို့ လိုအပ်နေတဲ့ ပထမဆုံး ရှေ့တန်း ဆေးရုံဖြစ်လာခဲ့တာပါ လို့ ကပ်ရောဂါဘေးတိုက်ပွဲနဲ့ပတ်သက်လို့မြန်မြန်ဆန်ဆန် လှုပ်ရှားခဲ့ကြတဲ့ အပေါ် မှာ ပါမောက္ခချုပ် ဂါဆီနီက ရှင်းပြပါတယ်။

မှန်ကန်တိကျ ခိုင်မာတဲ့ ဆုံးဖြတ်ချက်တွေချရာမှာ သတ္တိရှိဖို့ပါပဲ။ ကျမတို့ရဲ့ ရွေးချယ်မှုတွေဟာ လူထုတရပ်လုံးရဲ့ အကျိုးစီးပွားအတွက်ဖြစ်တယ်ဆိုတာ စိတ်ထဲစွဲမြဲထားရပါမယ် …

ရှေ့တန်းဆေးရုံကြီးဟာ ဘန်ကောက်မှာရှိတဲ့ တက္ကသိုလ်ဆေးရုံ ငါးခုက ပြန်လည် သက်သာ ကောင်းမွန် လာကြတဲ့ ကိုဗစ် လူနာတွေကို လက်ခံခဲ့သလို အနီးနားခရိုင်တွေဖြစ်တဲ့ လွပ်ဘူရီ၊ အန်သောင်၊ ပသွန်သနီ နယ်မြေတွေထဲက ဆေးရုံတွေက လူနာတွေ ကိုလည်း လက်ခံခဲ့ပါတယ်။

သေစေလောက်အောင်ပြင်းထန်တဲ့ကပ်ရောဂါမျိုးနဲ့ပတ်သက်ပြီးအတွေ့အကြုံလုံးဝမရှိကြသေးတဲ့ ဆေးပညာကျွမ်းကျင်သူတွေနဲ့အတူ အကျွမ်းတဝင် မရှိသေးတဲ့ နယ်မြေတခုကို သူတို့အဖွဲ့ဝင်ရောက် ရသလိုဖြစ်နေတာကိုတော့ သူကဝန်ခံပါတယ်။

“ ကျမတို့ဟာ သာမန်ဖြစ်ရိုးဖြစ်စဉ်မဟုတ်တဲ့ အခြေအနေတခုမှာ နေနေကြရတယ်။”

ဒါကြောင့် တက္ကသိုလ်ရဲ့ပုံမှန်လုပ်ငန်းဆောင်တာတွေကို ရပ်နားထားရတယ်။ ကျမတို့ရဲ့တာဝန်က ကျောင်းသားတွေကို တတ်သိ ကျွမ်းကျင်သူတွေ ဖြစ်အောင် သင်ကြားဖို့၊ ဒါမှ သူတို့တွေအနေနဲ့ လူ့အဖွဲ့အစည်းကို အလုပ်အကျွေးပြုနိုင်မှာပါ၊ ဒါပေမယ့် လက်ရှိ အခြေအနေအရ ကျမတို့ဟာ COVID -19 ရောဂါဘေးကို ကာကွယ်တားဆီးရာမှာ ပါဝင်ကူညီဖို့ ဆုံးဖြတ်လိုက်ပါပြီ။

ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။

သတ္တိနဲ့လူထုကို အလုပ်အကျွေးပြု

ဒီအကျပ်အတည်းကို ကိုင်တွယ်ဖို့ အဓိကကျတာကတော့ မှန်ကန်တိကျ ခိုင်မာတဲ့ ဆုံးဖြတ်ချက်တွေချရာမှာ သတ္တိရှိဖို့ပါပဲ။ ကျမတို့ရဲ့ ရွေးချယ်မှုတွေဟာ လူထုတရပ်လုံးရဲ့အကျိုးစီးပွားအတွက်ဖြစ်တယ်ဆိုတာ စိတ်ထဲစွဲမြဲထားရပါမယ်။နောက်ဆုံးမှာ ကျမတို့ သမားဆတ်တက္ကသိုလ်ကြီးဟာ ပြည်သူ့အတွက်တက္ကသိုလ်ကြီးဖြစ်လာ မှာပါ။ ကျမတို့ဟာလည်း လူထုကို အလုပ်အကျွေးပြုဖို့ အမြဲတမ်း အဆင်သင့် ဖြစ်နေမှာပါ။ပြီးခဲ့တဲ့ နှစ်လအတွင်းမှာပဲ ကပ်ရောဂါတိုက်ဖျက်ဖို့ ရှေ့တန်းနေရာသုံးခုမှာ ကူညီကြမယ့် စွမ်းအားစုတွေနဲ့ တက္ကသိုလ်မှာ စုဝေးတိုင်ပင်ခဲ့ကြပါတယ်။

ပထမဆုံး အရေးကြီး တာကတော့ သူ့ကျောင်းသားတွေနဲ့ ဝန်ထမ်းတွေဟာ ကျန်းမာကြံ့ခိုင်နေဖို့နဲ့ ရောဂါကူးစက်မှုကနေ ကင်းဝေးစေဖို့ပါ။ဒုတိယအချက်ကတော့ ခုလိုစောင့်ရှောက်မှုရေချိန်ကို ပထုံသနီနယ်ပယ်က လူတွေအထိချဲ့ထွင်သွားနိုင်ဖို့ပါ။

နောက်ဆုံးအချက်ကတော့ ထိုင်းနိုင်ငံရဲ့ ကျန်းမာရေးဆိုင်ရာ အခြေခံအဆောက်အဦ ပေါ်မှာဝန်ပိနေတဲ့ တချို့ကိစ္စတွေကို ကူညီဖယ်ရှားရာမှာ ရှေ့တန်းဆေးရုံသဘောမျိုး ပါဝင်နိုင်ဖို့ပါ။

အဆောင်ကြေးတွေ ပြန်ပေး၊အာမခံဝယ်၊ပညာသင်ဆုပေး

ပထမဆုံးတာဝန်တစ်ရပ်အဖြစ် တက္ကသိုလ်အနေနဲ့ ကျောင်းသားနဲ့ ဝန်ထမ်း ၄၀,၀၀၀ အတွက် ကျန်းမာရေးစောင့်ရှောက်မှု အာမခံ တွေကို ဝယ်ယူခဲ့ပါတယ်။ ကျောင်းသား အချို့ရဲ့ အဆောင်ကြေးကို ပြန်ပေးခဲ့ပြီး တချို့ကျောင်းသားတွေကို Discount ပေးခဲ့ပါ တယ်။ ကျောင်းအပ်ထားတဲ့ ကျောင်းသား အများစုကိုလည်း အင်တာနက် အခမဲ့ သုံးစွဲခွင့်တွေပေးခဲ့ပါတယ်။Covid-19 ရောဂါ ကူးစက် ခဲ့ရတဲ့ မိသားစုဝင်ဖြစ်တဲ့ ကျောင်းသားတွေအတွက် တက္ကသိုလ် ပညာသင်ဆု ၅၀၀၀ ထုတ်ပေးခဲ့ပါတယ်။

ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။

သက်သာတဲ့နှုန်းနဲ့ ပြည်သူကို အစားအသောက်ရောင်း

အနီးနားရပ်ကွက်က ပြည်သူတွေကို သက်သာတဲ့ဈေးနှုန်းနဲ့အစားအသောက်တွေ ချက်ပြုတ်ရောင်းချပြီး ဝင်ငွေရှာနိုင်ဖို့ ဈေးတွန်းလှည်းလေးတွေနဲ့ရောင်းရအောင် တက္ကသိုလ်ရဲ့ကျောင်းကန်တင်းနဲ့ စားဖိုဆောင်ကို လည်းဖွင့်ပေးဖို့ ဆုံးဖြတ်ခဲ့တယ်။မော်တော်ဆိုင်ကယ်တက္ကစီတွေသုံးပြီး အစားအသောက်တွေကို ၁၀ ဘတ်၊ ဘတ် ၃၀ လောက်နဲ့ ပို့ပေးနိုင်အောင်လုပ်ခဲ့ကြတယ်။

သတင်းအချက်အလက်အတွက် မိုဘိုင်းApp တီထွင်

တချိန်တည်းမှာပဲ ကွန်ပြုတာသိပ္ပံကျောင်းသားတွေကနေ ကိုဗစ်ရောဂါနဲ့ပတ်သက်တဲ့ သတင်းအချက်အလက်တွေနဲ့ ရောဂါ လက္ခဏာတွေကို ကျောင်းသူ၊ ကျောင်းသားတွေနဲ့ ဝန်ထမ်းတွေသိရှိနိုင်အောင် “ TU Covid-19” ဆိုတဲ့ မိုဘိုင်းအပ်ပ် ကို တီထွင် ခဲ့ကြပါတယ်။

သူတို့တွေဟာ တက္ကသိုလ်ဌာနအသီးသီးက အဖွဲ့ဝင်တွေက ရောဂါနဲ့ပတ်သက်တဲ့ မေးခွန်းတွေကို အချိန်မီမေးမြန်းနိုင်အောင် chat channels တွေကိုလည်း ဖွင့်ပေးထားပါတယ်။

online ပညာရေး အကောင်အထည်ဖော်ဖို့ ကြိုးစား

ကျမတို့တက္ကသိုလ်ဟာ “ ပညာရှင်တွေရဲ့ဗဟုသုတဘဏ်” တခုဖြစ်လာဖို့မူဝါဒ ရှိပါတယ်။ ပိုပြီးကျယ်ပြန့်တဲ့ online ပညာရေးကို အကောင်အထည်ဖော်ဖို့ ကြိုးစားနေပါတယ်။ နည်းပညာကိုနားလည် တတ်ကျွမ်းမှု မရှိသေးတဲ့သူတွေကိုကူညီနိုင်ဖို့ ကျွမ်းကျင်သူ တွေနဲ့ ကထိကတွေပါဝင်တဲ့ မျိုးဆက်သစ်တခု ကျမတို့မှာရှိပါတယ် လို့ သူကပြောပါတယ်။

တက္ကသိုလ်ဓာတ်ခွဲခန်းဖွင့်၊ ကြာချိန်လျှော့

ရပ်ရွာထဲမှာဆိုရင် တက္ကသိုလ်ကနေထုတ်ဝေတဲ့ လက်သန့်ဆေးရည်တွေကို ကျောင်းသားတွေကအခမဲ့ ဖြန့်ဝေပေးနေပါတယ်။ မြို့နယ်ဆေးရုံကနေယူလာတဲ့ Covid- 19 နဲ့ပတ်သက်တဲ့ နမူနာတွေကိုစမ်းသပ်ဖို့ တက္ကသိုလ်ရဲ့ ဓာတ်ခွဲခန်း ကိုလည်းဖွင့် ထားပါတယ်။ဒါကြောင့်အဖြေရလာဒ်သိရဖို့ စောင့်ရတဲ့အချိန်က ၂၄ နာရီမစောင့်ရတော့ဘဲ ၆ နာရီလောက်နဲ့ အချိန်လျော့ချနိုင်ခဲ့ တယ်လို့ တွဲဖက်ပါမောက္ခ ဂါဆီနီကပြောပါတယ်။

ကျောင်းသားတစ်ယောက်ရဲ ရန်ပုံငွေမတည်မှုနဲ့စတင်

တက္ကသိုလ်ကြီးဟာရှေ့တန်းဆေးရုံအဖြစ် ဦးဆောင်လှုပ်ရှားနေစဉ်မှာပဲ ဝိဇ္ဇာဌာန၊ သိပ္ပံ နဲ့ တီထွင်မှုဆိုင်ရာ ဌာနတွေဟာ သမားဆတ်တက္ကသိုလ်ပရောဂျက်အတွက် ပုဂ္ဂလိကဏ္ဍနဲ့ပူးပေါင်းဆောင်ရွက်တဲ့ အမျိုးသားရေး လှုပ်ရှားမှုမှာပါဝင် လာခဲ့ ကြပါတယ်။ အဲဒီပရောဂျက်ဟာ ထိုင်းနိုင်ငံတဝှမ်းလုံးက ဆေးရုံတွေနဲ့ ကျန်းမာရေးဝန်ထမ်းတွေကို သန့်ရှင်းတဲ့ နှာခေါင်းစည်း ၆၀,၀၀၀ကို ထုတ်လုပ်လှူဒါန်းဖို့ ဖြစ်ပါတယ်။

” ဒီပရောဂျက်ဟာ ကျောင်းသားတယောက်ကနေရန်ပုံငွေ မတည်ပြီး ဘတ် ၁.၆၅ သန်းထိဖြစ်လာခဲ့တာပါ “ လို့ ပါမောက္ခက ပြောပါတယ်၊

အလားတူ ဥပဒေပညာဌာနကလည်း “ ကပ်ရောဂါပညာပေး ဥပဒေအထောက်အကူပြုစင်တာ” ကိုဖွင့်လှစ်ခဲ့ပြီး ရောဂါကူးစက် ပြန့်နှံ့မှုကြောင့် ထိခိုက်ခံစားရတဲ့ ပြည်သူတွေကို အကြံပေးပါတယ်၊ အထူးသဖြင့် အလုပ်သမားတွေနဲ့ ပတ်သက်တဲ့ အရေးကိစ္စ တွေကို အကြံပေးကူညီပါတယ်။

“ ကျမတို့ရဲ့ ရည်မှန်းချက်ဟာ တိုင်းပြည်အတွက်အကောင်းဆုံးကြိုးစားလုပ်ကိုင်နေရင်းနဲ့ ကျမတို့ရဲ့ ကျောင်းသားတွေနဲ့ ဝန်ထမ်း တွေ ကို ကာကွယ်စောင့်ရှောက်ဖို့ အမြဲတမ်းအဆင်သင့်ဖြစ်နေဖို့ပါပဲ။ ကျမတို့အနေနဲ့ ဘယ်သူ့ကိုမှ နှုတ်ဆက် ချန်ထားခဲ့ရတာမျိုး မဖြစ်ချင်ပါဘူး” လို့ ပါမောက္ခ ဂါဆီနီကပြောပါတယ်။

Source – University pitches in to fight virus ကို မြန်မာဘာသာသို့ပြန်ဆိုသည်။


Share this post
  •  
  •  
  •  
  •  
  •  
ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။

Tags: , , , ,