ကိုဗစ် ရောဂါ ကာကွယ်ဆေး တရားဝင်ရရှိပါပြီ အမေစု ကြေညာပြီ ဆိုတဲ့ သတင်းအမှား

ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။
Share this post
  •  
  •  
  •  
  •  
  •  

မြန်မာတစ်နိုင်ငံလုံး ဝမ်းသာစရာ သတင်းပါ ကိုဗစ် ရောဂါ ကာကွယ်ဆေး ၂၀၂၀ နှစ်ကုန်ပိုင်း၊ဒီဇင်ဘာလမှာ တရားဝင် ရရှိပါပြီ ။ အမေစု ကိုယ်တိုင် ကြေညာ သွားပါပြီ ဆိုတဲ့ အကြောင်းအရာ တစ်ခုကို ဖေ့စ်ဘွတ်ခ်မှာ ကော်ပီယူ ထပ်ဆင့် ပြန်လည် ဖြန့်ချိနေတာတွေ့ရပါတယ်။

သည်အကြောင်းအရာကို ရွေးကောက်ပွဲ မတိုင်ခင် ပြီးခဲ့တဲ့ အောက်တိုဘာ (၁၁) ရက်၊ (၁၂) ရက်တွေမှာ ဖေ့စ်ဘွတ်အကောင့်တချို့ ကနေ ဖြန့်ချိနေတာဖြစ်ပါတယ်။ သည်နေရာနဲ့  သည်နေရာမှာ ကြည့်နိုင်ပါတယ်။ web archive ကိုသည်နေရာနဲ့  သည်နေရာမှာ ကြည့်နိုင်ပါတယ်။

ဒါ့အပြင် နိုဝင်ဘာလ (၁၇) ရက်နေ့ ကလည်း ချစ်သောရန်ကုန် ဖေ့စ်ဘွတ် ဂရုမှာ သည် အကြောင်းအရာကို ဖေ့စ်ဘွတ်သုံးစွဲသူ တစ်ဦးက ဖြန့်ချိခဲ့ပြီး မှတ်ချက်ပေးသူ၊ ထပ်ဆင့်ပြန်လည်ဖြန့်ချိသူ၊React ပြုသူ တစထက်တစ များပြားလာချိန်မှာပဲ ချစ်သောရန်ကုန် ရဲ့ အက်ဒမင် တွေက ပို့စ်ကို ဖယ်ရှားလိုက်တာ တွေ့ရပါတယ်။

ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။

SS / ချစ်သောရန်ကုန် ဖေ့စ်ဘွတ်ဂရု တွင် ပြန်လည် ဖယ်ရှားလိုက်သော ပို့စ်

ကိုဗစ်ကာကွယ်ဆေး သတင်းဟာ လူထု စိတ်ဝင်စားမှု အများဆုံး သတင်းလို့ ဆိုလို့ ရနိုင်ပြီး သည် အကြောင်းအရာ ကို ကော်ပီယူ ပြီး ထပ်ဆင့်ဖြန့်ချိနေသူ အများအပြား ရှိတာလည်း တွေ့ရပါတယ်။

MSCO / ဒေါ်အောင်ဆန်းစုကြည် ပြောကြားခဲ့မှု

သည်အကြောင်းအရာနဲ့ ပတ်သက်ပြီး ငြမ်းမီဒီယာ အနေနဲ့ အချက်အလက် စစ်ဆေးကြည့်ရာမှာ ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ ကိုဗစ်ရောဂါ ဖြစ်ပွားမှုနဲ့ ပတ်သက်ပြီ ပြည်သူသို့ အစီရင်ခံစာတင်ပြခဲ့တဲ့ အောက်တိုဘာ(၅) ရက်နေ့ မိန့်ခွန်းမှာတော့ ” ကာကွယ်ဆေး ဘယ်တော့ ပေါ်လောက်မလဲ အများမှန်းတာတော့ ဒီနှစ်ကုန်လောက်ဆိုရင် စပြီး သုံးနိုင်တဲ့ ကာကွယ်ဆေး ပေါ် လောက်ပြီ လို မှန်းကြပါတယ် “ လို့ ပြောကြားထားတာပဲ တွေ့ရပြီး ကိုဗစ်ကာကွယ်ဆေး တရားဝင်ရရှိပြီ လို့ ပြောဆိုထားတာမျိုး မရှိပါဘူး။ မိန့်ခွန်း အပြည်အစုံ ကို သည်နေရာမှာ ဖတ်နိုင်ပါတယ်။

MSCO / ဒေါ်အောင်ဆန်းစုကြည် ပြောကြားခဲ့မှု

အောက်တိုဘာ (၁၂) ရက်နေ့ ပြည်သူသို့ အစီရင်ခံ တင်ပြတဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ မိန့်ခွန်းမှာတော့ ” ပညာရှင်များရဲ့ အမြင်မှာတော့ ကာကွယ်ဆေးဆိုတာ သိပ်ပြီးတော့ မကြာတော့ တဲ့ ကာလမှာ ဖြစ်နိုင်မယ်။ ပေါ်တော့မယ်။ သုံးနိုင်တဲ့ အခြေအနေ ရောက်မယ်လို့ ပြောကြပါတယ်။ ဒါလည်း ၁၀၀ ရာခိုင်နှုန်း သေချာတယ်လို့ မပြောလိုပါဘူး ” လို့ ဆိုထားပါတယ်။

ဒေါ်အောင်ဆန်းစုကြည် ရဲ့ ပြည်သူသို့ ပြောကြားခဲ့တဲ့ သည် အစီရင်ခံစာမှာလည်း ကိုဗစ်ရောဂါ ကာကွယ်ဆေး ၂၀၂၀၊ ဒီဇင်ဘာ မှာ တရားဝင်ရရှိပါပြီ လို့ အကြောင်းအရာမျိုး မပါ ပါဘူး။ မိန့်ခွန်း အပြည်အစုံ ကို သည်နေရာမှာ ဖတ်နိုင်ပါတယ်။

သည်အချက်အလက်တွေ ကို ကြည့်ခြင်းအားဖြင့် ကိုဗစ် ရောဂါ ကာကွယ်ဆေး တရားဝင်ရရှိပါပြီ အမေစု ကြေညာပြီ ဆိုတဲ့ အကြောင်းအရာဟာ သတင်းအမှား တစ်ခုသာ ဖြစ်တယ်ဆိုတာ အတည်ပြုနိုင်ပါတယ်။

ကိုဗစ်ကာကွယ်ဆေးနဲ့ ပတ်သက်ပြီ ရလဒ်ကောင်းတွေ ရှိနေတယ်ဆိုတာ မှန်ပေမယ့် သည်ဆေးကို လူတွေ ကို ထိုးနှံပေးဖို့ ဘယ်တော့ အတည်ပြုမလဲ၊ မြန်မာပြည်ကို ဘယ်အချိန်ရောက်မလဲ ဆိုတာတွေ ကတော့ မသိနိုင်သေးပါဘူး။ ကိုဗစ်ကာကွယ်ဆေး အခြေအနေနဲ့ ပတ်သက်ပြီး သည်နေရာမှာ ကြည့်နိုင်ပါတယ်။

ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။

အားလုံးဘေးကင်း ကျန်းမာကြပါစေ။

ငြမ်းမီဒီယာ


Share this post
  •  
  •  
  •  
  •  
  •  
ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။

Tags: , , , ,