ကိုဗစ် အများဆုံးတွေ့သည် ရန်ကုန် အသွားအလာများ၊ စည်းကမ်း လိုက်နာရန် ဒေါ်စုသတိပေး

ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။
Share this post
  •  
  •  
  •  
  •  
  •  

Global Time / တရုတ်နိုင်ငံ၊COVID -19 စစ်ဆေးမှု လုပ်ဆောင်ရန် နှာခေါင်းတို့ဖတ် ယူစဉ်

COVID -19 ကူးစက်မှုရောဂါ အများဆုံး တွေ့ထားသည့် ရန်ကုန်မြို့တွင်အသွားအလာများ လာသည်ဟု သိရပြီး ကျန်းမာရေးဆိုင်ရာ စည်းကမ်းများကို လိုက်နာရန် လိုသည် ဟု ဒေါ်အောင်ဆန်းစုကြည်က သတိပေးထားသည်။

ရန်ကုန်တိုင်းဒေသကြီးတွင် COVID -19 ရောဂါပိုးကူးစက်ခံရသူ (၁၂၆) ဦး ရှိသည်။

သင်္ကြန်ရုံးပိတ်ရက် ကာလများတွင် ရန်ကုန်မြို့တွင်း ကားအသွားအလာ၊လူအသွားအလာ သိသိသာသာပြတ်တောက် ခဲ့သော်လည်း ယခုရက်ပိုင်းများအတွင်း ရန်ကုန်မြို့၏ နေရာ အတော်များများတွင်လူအသွား အလာ၊ကားအသွားအလာ ခပ်စိတ်စိတ် ပြန်ဖြစ် လာခဲ့သည်။

ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။

ဓာတ်ခွဲစစ်ဆေးမှုအရေအတွက် နည်းပါးနေသေးခြင်း ကြောင့် COVID -19 ကူးစက်ခံရသူ အသစ် တွေ့ရှိမှု လတ်တလော နည်းပါနေခြင်းလည်း ဖြစ်နိုင် …

ခပ်ခွာခွာနေရန်နှင့် အပြင်သွားသည့်အခါတိုင်း နှာခေါင်းစည်းတပ်ရန် နှိုးဆော် သတိပေးချက်များ ရှိသော်လည်း ရန်ကုန်မြို့၏ ရပ်ကွက်များတွင်သွားလာနေကြသည့် ပြည်သူအချို့ နှင့် ဈေးအချို့တွင် ရောင်းဝယ် နေကြသူ အများစုသည် အဆိုပါ သတိပေးချက် များ ကို လိုက်နာ ဆောင်ရွက်ခြင်း မရှိသည် ကို တွေ့ရသည်။

COVID -19 ကူးစက်မှုကို ကာကွယ်နိုင်ရန် နှာခေါင်းစည်း တပ်ခြင်းသည် ထိရောက်သည့် နည်းတစ်ခု ဟု ဒေါ်အောင်ဆန်းစုကြည် က သတိပေးထားသည်။

COVID -19 ကူးစက်မှုကို ကာကွယ်နိုင်ရန် ခပ်ခွာခွာနေခြင်း သည် အရေးကြီးသော်လည်း ရန်ကုန်မြို့တွင် ကားအသွားအလာ၊ လူ အသွားအလာ ခပ်စိတ်စိတ် ပြန်ဖြစ်လာခြင်း အပေါ် စိုးရိမ်ပူပန်နေသူများလည်း ရှိသည်။

အထူးသဖြင့် ကျန်းမာရေးကဏ္ဍသက်ဆိုင်သူများနှင့် ပြည်သူအချို့ ကလည်း ၎င်းတို့၏ စိုးရိမ်ပူပန်မှုများ အား ဆိုရှယ် မီဒီယာ များတွင် ရေးသား နေကြပြီး COVID -19 ကူးစက်မှု ကာကွယ်နိုင်ရန် ကျန်းမာရေး သတိပေးချက်များ ရေးသား၍ တိုက်တွန်း နှိုးဆော်မှု များပြုလုပ်နေသည် ကိုလည်း တွေ့ရသည်။

ကျန်းမာရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံတွင် COVID -19 ရောဂါ ကူးစက်ခံရသူ (၁၆၁) ဦး၊ပိုးတွေ့ သက်သာ (၄၉)ဦး၊ ပိုးတွေ့သေဆုံး (၆) ဦး၊ ဓာတ်ခွဲစစ်ဆေးသူစုစုပေါင်း (၉၂၉၅)ဦး၊ စောင့်ကြည့်လူနာ (၃၄၅၈) ဦး ရှိသည်။

မြန်မာနိုင်ငံတွင် COVID -19 အတည်ပြုလူနာ(၁၅၁) ၏ ၅၇% တွင် ရောဂါလက္ခဏာ ပြသခြင်းမရှိဘဲ ရောဂါပိုးရှိနေခြင်းကို တွေ့ရှိ ရကြောင်း ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ကြေညာထားသည်။

ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။

ယင်းအပြင် ရောဂါလက္ခဏာမပြသူများ (သို့) သာမန်ရောဂါလက္ခဏာများသာ ရှိသူများသည် ဆေးရုံ၊ဆေးခန်းနှင့် ကျန်းမာရေး ဌာနများသို့ လာရောက်ပြသမှု မရှိခြင်းများလည်း ရှိနေနိုင်ပြီး ထိုသို့ လာရောက်မပြသသော လူနာများအား စောင့်ကြည့်/သံသယ လူနာများအဖြစ် သတ်မှတ်၍ ဓာတ်ခွဲစစ်ဆေးခြင်းများ မပြုလုပ်နိုင်ခြင်းနှင့်ဓာတ်ခွဲ စစ်ဆေးမှု အရေအတွက် နည်းပါးနေသေးခြင်း ကြောင့် COVID -19 ကူးစက်ခံရသူ အသစ် တွေ့ရှိမှု လတ်တလော နည်းပါနေခြင်းလည်း ဖြစ်နိုင်သည် ဟု မေလ(၃) ရက်နေ့က ထုတ်ပြန်သည့် ကျန်းမာရေးနှင့် အားကစားဝန်ကြီး ဌာန၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ငြမ်းမီဒီယာ


Share this post
  •  
  •  
  •  
  •  
  •  
ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။

Tags: , , , ,