ကိုယ့်လူအဖွဲ့အစည်းကို ဖျက်ဆီးမယ့် စစ်အာဏာရှင်ကျောင်းကို ကျွန်တော်တို့က လူထုဘတ်ဂျက်နဲ့ ပိုက်ဆံ ထောက်ပံ့ရမှာလား

ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။
Share this post
  •  
  •  
  •  
  •  
  •  

TTO / တရားလွှတ်တော် ရှေ့နေ ဦးသိန်းသန်းဦး

ဒီမိုကရေစီ ဆန့်ကျင်ရေး၊ လူထုအစိုးရ ကို ဆန့်ကျင်ရေး၊ ငြိမ်းချမ်းရေးကို ဆန့်ကျင်ရေး အတွေးအခေါ်တွေ ဖြန့်ချိနေတဲ့ သူတွေရဲ့ ကျောင်းကြီး ဖြစ်နေပြီလားဆိုတာ အကဲဖြတ် ဖို့၊ စုံစမ်းစစ်ဆေးဖို့ လိုပြီလို့ ထင်လို့ ဒီကိစ္စမှာ ကျွန်တော်တို့ …

မိုးကုတ်မြို့နယ်၊ ပြည်သူ့ကျန်းမာရေး ဦးစီးဌာန၊ ဦးစီးအရာရှိ (သွားကျန်းမာ) မှ ဒေါက်တာ စိုးသူရဇော် သည် အထက်မြန်မာပြည် ဗဟိုဝန်ထမ်းတက္ကသိုလ် (ဇီးပင်ကြီး) တွင် အရာထမ်း လောင်း အခြေခံ အထူးသင်တန်း တက်စဉ် ကြုံတွေခဲ့မှုများအား ‘ဇီးပင်ကြီး စစ်တမ်း’ ဟု အမည်ပေးပြီး ၎င်း၏ လူမှု ကွန်ရက်တွင် ရေးသားခဲ့ သည်။ အဆိုပါ ရေးသားချက်အပေါ် အများပြည်သူက အားပေး ထောက်ခံမှု များခဲ့ပြီး ၎င်း၏ မိခင်ဝန်ကြီးဌာနက စုံခုံဖွဲ့စစ်ဆေးခဲ့ရာ ကန့်ကွက်မှုများ ပြင်းထန်ခဲ့သည်။ အဆိုပါကန့်ကွက် သူများထဲတွင် ‘လွပ်လပ်သော ရှေ့နေများ အသင်း’ လည်း ပါဝင်ပြီး ဖြစ်စဉ်ကို အနီး ကပ် စောင့်ကြည့်၍ ဥပဒေနှင့်အညီ ဆောင်ရွက်မှုများ ပြုလုပ်သွား မည်ဟု လွပ်လပ်သော ရှေ့နေများ အသင်း၊ လူ့အခွင့်ရေး ဆပ်ကော်မတီက ထုတ်ပြန်ချက်တစ်စောင် ဒီဇင်ဘာ (၂၁) ရက်နေ့ကထုတ်ပြန် ခဲ့သည်။ ယင်းအခြေအနေများနှင့် စပ်လျဉ်းပြီး လွပ်လပ်သော ရှေ့နေ များအသင်း၊ လူ့အခွင့်ရေး ဆပ်ကော်မတီ၏ ဥက္ကဌ၊ တရားလွှတ်တော် ရှေ့နေ ဦးသိန်းသန်းဦးကို ငြမ်းမီဒီယာက ဆက်သွယ် မေးမြန်းထားခြင်း ဖြစ်သည်။

ငြမ်းမီဒီယာ – ‘ဇီးပင်ကြီးစစ်တမ်း’ ကိုရေးတဲ့ သွားဆရာဝန် ဒေါက်တာ စိုးသူရဇော်ကိစ္စမှာ လွပ်လပ်သော ရှေ့နေများအသင်းက ကြေညာ ချက် ထုတ်ထားတယ်။ ဒီကိစ္စကို ဘာအတွက် ဝင်ပါတာလဲ။

TTO – သိပ်ပြီးတော့ မတရားဘူး ထင်လို့ပါ။ နှစ်ချက်ရှိတယ်၊ တစ် အချက်က ဒီသင်တန်းကျောင်း တွေက ဘယ်အချိန်မှာ တက္ကသိုလ် ဖြစ်သွားတာလဲ မသိဘူး။ ဒီကျောင်းတွေက မ.ဆ.လ နဲ့ စစ်အာဏာ ရှင်တွေအတွက် ကေဒါတွေ လက်သပ် မွေးမြူတဲ့ကျောင်းတွေ။ အနာတစ်ခြား ဆေးတစ်ခြားဖြစ်နေတဲ့ ကျောင်းတွေ။ ကျွန်တော်တို့ မှာ အထောက်အထားတွေ ရှိပါတယ်။ လွှတ်တော်မှာ လာပြီး ပိုက်ဆံ တောင်းတော့၊ သူတို့က ဘယ်လောက် အသုံးတည့်လဲ ဆိုတာကို လိုက်စုံစမ်းတော့၊ ငွေစာရင်း ကဏ္ဍလေးကတော့ ကောင်းတယ်လို့ ပြောတယ်။ သမိုင်းဘာသာရပ် ကလည်း (၈) တန်း သမိုင်းလောက်ပဲ ရှိတယ်တဲ့။ ဒီမိုကရေစီခေတ်မှာ စစ်အာဏာရှင်တွေရဲ့ လက်ကိုင် တုတ် ပဉ္စမံတပ်သားတွေ မွေးထုတ်တဲ့ကျောင်းက ဆက်ရှိသင့် သလားဆိုတာ ပြသနာ။ ဒုတိယအချက်က ဒီဆရာဝန်လေးရေးတာ သူ့လွပ်လပ်ခွင့်ပဲဗျ။ စာရွက်စာတန်းတွေ ဖြန့်တာမှ မဟုတ်တာ။

ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။

ခုချိန်မှာ ပြည်သူတွေကို ပွင့်ပွင့်လင်းလင်း ထုတ်ဖော် ပြောဆိုဖို့ လိုပြီ။ ဟိုတုန်းကတည်းက ဒီမိုကရေစီ ကိုဆန့်ကျင်တဲ့၊ လူထုအကျိုးကို ဆန့်ကျင် တဲ့ အတွေးအခေါ်တွေ တောက်လျောက် ဖြန့်ချိနေခဲ့ တာ။ အခု ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဖြစ်တဲ့ ဒေါက်တာကြည်မို့မို့ဇော်တို့ အကုန် ထွက်ခဲ့ရတာပဲ။ သမိုင်းက ပါပြီး သားပဲ။ လွှတ်တော်က …

အဲဒါကို စစ်ဆေးတယ်ဆိုရင် ဆရာဝန်လေးပြောတဲ့ အကြောင်း အရာကိုကျတော့ မလုပ်တော့ဘူးလား။ ပါမောက္ခဌာနမှူးဆိုတဲ့ ပုဂ္ဂိုလ်က NLD အစိုးရနဲ့ ငြိမ်းချမ်းရေးကို ထိပါး စော်ကားတာ (ဒါကျွန်တော့်မှာ အထောက်အထား မရှိသေးပါဘူး။ သူတို့ရေးတာကို ပြောပြတာပါ) က ရာဇသတ်ကြီး ပုဒ်မ ၁၂၄ (က) ဆိုတာ၊ နိုင်ငံတော် အစိုးရကို အကြည်ညို ပျက်စေမှုဆိုတာ အာမခံ မရဘူး။ တစ်ကျွန်း ထိ ထောင်ချလို့ ရတယ်။ အဲဒါကို မစုံစမ်း မစစ်ဆေးသင့်ဘူးလား။ ဟုတ်တယ်ဆို ထိုင်ကြည့်နေလို့ မရဘူး။ ဒီကျောင်းမှာ ဘာတွေသင် နေလဲ၊ ဘာတွေလုပ်နေလဲ။ ဒီမိုကရေစီ ဆန့်ကျင်ရေး၊ လူထုအစိုးရ ကို ဆန့်ကျင်ရေး၊ ငြိမ်းချမ်းရေးကို ဆန့်ကျင်ရေး အတွေးအခေါ်တွေ ဖြန့်ချိနေတဲ့ သူတွေရဲ့ ကျောင်းကြီး ဖြစ်နေပြီလားဆိုတာ အကဲဖြတ် ဖို့၊ စုံစမ်းစစ်ဆေးဖို့ လိုပြီလို့ ထင်လို့ ဒီကိစ္စမှာ ကျွန်တော်တို့ ကြေညာ ချက်ထုတ်လိုက်တာ ဖြစ်ပါတယ်။

တကယ်ပဲ သူ့အနေနဲ့ ဒီစကား ပြောခဲ့တယ်ဆိုရင် ၁၂၄ (က) ပဲ၊ အနိမ့်ဆုံး ၅၀၅ (ခ) ပဲ။ အဲဒါဆို ဘာမှ စစ်ဆေးစရာ မလိုဘူး။ တန်းပြီးတရားစွဲ၊ တန်းပြီးဖမ်းရမှာ။ ကျွန်တော်တို့က သက်သေ တွေ စုဆောင်းနေတယ်။ နိုင်ငံတော် သမ္မတဆီ တင်မယ်။ အစိုးရက တရားစွဲရမှာကို မစွဲရင် ကိုယ်ဘာသာ စွဲမယ် …

ငြမ်းမီဒီယာ – ဒီဖြစ်စဉ်ကို အသေးစိတ် စောင့်ကြည့်ပြီး နိုင်ငံတော် အတိုင် ပင်ခံနဲ့ သမ္မတဆီကို အစီရင်ခံစာ ပို့သွားမှာ ဖြစ်သလို ဥပဒေနဲ့အညီ ဆောင်ရွက်သွားမယ်ဆိုတော့ ဘယ်လို ဥပဒေနဲ့အညီ ဆောင်ရွက် မှာလဲ။

TTO – ဥပမာ အစိုးရက အမှုမဖွင့်ရင် ကျွန်တော်တို့က ဇီးပင်ကြီး ကိုသွားပြီး ၅၀၅ (ခ) နဲ့ အမှုဖွင့်မယ်။ ၁၂၄ (က) နဲ့ တရားစွဲပေးဖို့ ကျွန်တော်တို့ ရှေ့နေအသင်းအနေနဲ့ ဆောင် ရွက်သွားမယ်။ အဲဒါမျိုးတွေ ဖြစ်လာအောင် လက်မှတ်တွေ ကောက်မယ်။ အခုဆိုရင် သက်သေ စုဆောင်းနေတာ ဆရာဝန်တွေ ဘက်ကတော့ အတော် ထွက်လာပြီ။ အဲဒီသင်တန်းကို တက်ခဲ့လို့ သူပြောခဲ့တာတွေကို နား ထောင်ခဲ့ရ ပါတယ်ဆိုတဲ့ သူတွေ အများကြီး ထွက်လာပြီ။ တရားရုံး ရှေ့ရောက်ရင်လည်း သက်သေခံကြမှာ။ အဲဒီလို အထောက်အထား တွေ ရှိနေတော့ ဒီလိုကိစ္စမျိုးက ဒီအတိုင်း ကြည့်နေလို့ မရဘူးဗျ။ ဒါ ဌာန ဆိုင်ရာ စုံစမ်းစစ်ဆေးဖို့ မလိုဘူး။ ဝန်ထမ်းစည်းမျဉ်းနဲ့ နည်း ဥဒေမှာ ပြစ်မှုကျူးလွန်တဲ့သူကို ကျူးလွန်ကြောင်း ထင်ရှားရင် တစ်ပတ်အတွင်း အမှုဖွင့်အရေးယူရမယ်၊ စုံစမ်းစစ်ဆေးဖို့ မလိုဘူး။ ဒီဟာကို တကယ်ပဲ သူ့အနေနဲ့ ဒီစကား ပြောခဲ့တယ်ဆိုရင် ၁၂၄ (က) ပဲ၊ အနိမ့်ဆုံး ၅၀၅ (ခ) ပဲ။ အဲဒါဆို ဘာမှ စစ်ဆေးစရာ မလိုဘူး။ တန်းပြီးတရားစွဲ၊ တန်းပြီးဖမ်းရမှာ။ ကျွန်တော်တို့က သက်သေ တွေ စုဆောင်းနေတယ်။ နိုင်ငံတော် သမ္မတဆီ တင်မယ်။ အစိုးရက တရားစွဲရမှာကို မစွဲရင် ကိုယ်ဘာသာ စွဲမယ်။

ငြမ်းမီဒီယာ – အစိုးရက တရားမစွဲဘဲ ဦးသိန်းသန်းဦးတို့က တရားစွဲလို့ ရပါသလား။

TTO – တိုက်ရိုက်တော မရှိဘူး။ အစိုးရက တရားလိုလုပ်ရမှာ။ နိုင်ငံတော် အစိုးရကို အကြည်ညို ပျက်စေတာ။ သို့ရာတွင် ပြစ်မှု ကျူးလွန်ခြင်းကို ဘယ်သူမဆို ပထမသတင်းပေး တိုင်ချက်ဖွင့်လို့ ရတယ်။ အဲဒီအပေါ်မှာ ကျွန်တော်တို့ လုပ်မယ်။ အနိမ့်ဆုံး ကျွန်တော်တို့ လုပ်နိုင်တာက ဇီးပင်ကြီး ကိုသွားပြီး ကျွန်တော်တို့ တိုင်ချက်ဖွင့်မှာပဲ။ တိုင်ချက်ကို ဖွင့်မပေးရင် စာချွန်တော် တက်လို့ ရတယ်။ ဒီကျောင်းတွေရဲ့ ပဉ္စမံဒလံ မွေးနေတဲ့ကိစ္စကို တစ်ခါတည်း ရှင်းရမယ်။ တိုင်းပြည်မှာ ငွေလည်း ကုန် တယ်။ လက်နက်ကိုင် တပ်ဖွဲ့တွေအတွက် စည်းကမ်း က အရေးကြီးလို့ ခေါင်းအုံးတွေ တစ်ညီတည်း၊ ဖိနပ်တွေ တစ်ညီတည်း လုပ်ရတာ မှန်ပါတယ်။ အရပ်သား ပညာရှင်တွေအတွက် လူထုဆက်ဆံရေး မွမ်းမံတို့၊ ဗဟုသုတ အလို့ငှာတို့ပဲ ဖြစ်ရမှာပေါ့။ ဒီကျောင်းတွေရဲ့ သင်ရိုးညွှန်း တမ်းတွေက ဘာတွေ သင်တယ်။ ဆရာတွေက ဘယ်လိုဘွဲ့ရထား တယ်။ ဘယ်လို အရည်အချင်းတွေ ရှိတယ်ဆိုတာ ပြည်သူက သိဖို့ လိုတယ်။ ကိုယ့်လူအဖွဲ့အစည်းကို ဖျက်ဆီးမယ့် စစ်အာဏာရှင် ကျောင်းကို ကျွန်တော်တို့က လူထုဘတ်ဂျက်နဲ့ ပိုက်ဆံ ထောက်ပံ့ရ မှာလား။

ငြမ်းမီဒီယာ – ရာထူးဝန်အဖွဲ့က ဖွင့်ထားတဲ့ ဖောင်ကြီးနဲ့ ဇီးပင်ကြီး ကျောင်းနှစ်ကျောင်းအပေါ် ဘယ်လို မှတ်ချက်ပေးချင်လဲ။

ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။

TTO – ရာထူးဝန်အဖွဲ့က စပြောရမှာပဲ။ ဥက္ကဌက ဘယ်ကလာသလဲ၊ သူ့ရဲ့ရပ်တည်ချက်က ဘာလဲ။ နိုင်ငံရေး ကင်းရှင်းရမယ်။ ရာထူးဝန် အဖွဲ့ဆိုတာ ပညာရှင်တွေ ဖြစ်ရမယ်။ မရှိရဘူး မပြောပါဘူး။ ဝန်ကြီး ဌာနအလိုက် သင်တန်းကျောင်းတွေ လုပ်လိုက်ပေါ့။ ဘယ်သူတွေလဲ၊ ဘာတွေသင်နေတာလဲ၊ နိုင်ငံတော်အတွက် ဘယ်လို အကျိုးကျေးဇူး ရလဲ။ ဒါတွေကို ခုချိန်မှာ ပြည်သူတွေကို ပွင့်ပွင့်လင်းလင်း ထုတ်ဖော် ပြောဆိုဖို့ လိုပြီ။ ဟိုတုန်းကတည်းက ဒီမိုကရေစီ ကိုဆန့်ကျင်တဲ့၊ လူထုအကျိုးကို ဆန့်ကျင် တဲ့ အတွေးအခေါ်တွေ တောက်လျောက် ဖြန့်ချိနေခဲ့ တာ။ အခု ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဖြစ်တဲ့ ဒေါက်တာကြည်မို့မို့ဇော်တို့ အကုန် ထွက်ခဲ့ရတာပဲ။ သမိုင်းက ပါပြီး သားပဲ။ လွှတ်တော်ကလည်း တောင်းဆိုဖို့ လိုပြီ။ နိုင်ငံတော် သမ္မတ တင် မကပါဘူး။ လွှတ်တော်က မေးမြန်းဖို့လည်း ကျွန်တော်တို့ တင် ပြပါမယ်။ ဇီးပင်ကြီးနဲ့ ဖောင်ကြီးကို ပြည်ထောင်စုအဆင့် စုံစမ်းစစ် ဆေးပေးဖို့ တောင်းဆိုမယ်။

ငြမ်းမီဒီယာ – ခုလို ဖြေကြားပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။

ငြမ်းမီဒီယာ


Share this post
  •  
  •  
  •  
  •  
  •  
ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။

Tags: , , , , ,