ကိုယ်တို့လည်း ပစ်ချင်လိုက်တာ အသုံးအနှုန်း နဲ့ နောက်ထပ် သေနတ်ဖြင့် ပစ်ခံရသူ ဆိုတဲ့ သတင်းအမှားဖြန့်

ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။
Share this post
  •  
  •  
  •  
  •  
  •  

နိုဝင်ဘာ(၂၂) ရက်နေ့၊ ညနေ ခြောက်နာရီခန့်က အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ဦးမြင့်ဦးကြွယ် သည် ကျောက်မဲမြို့ အမှတ် (၃)၊ ရပ်ကွက်၊ မိုင်းတင်းကျေးရွာမှ ကျောက်မဲ မြို့သို့ ဆိုင်ကယ်မောင်းပြီး ပြန်လာစဉ် သေနတ်ဖြင့် ပစ်ခံရတယ် ဆိုတဲ့ သတင်းကို လေပြေနှင်း အမည်ရ ဖေ့စ်ဘွတ်ခ် အကောင့်က အမျိုးပျောက်မှာ စိုးကြောက်သူများ (စာဖွဲ့ပန်းချီ) ဖေ့စ်ဘွတ်ဂရုမှာ ဖြန့်ချိထားတာတွေ့ရပါတယ်။ သည်နေရာမှာ ကြည့်နိုင်ပါတယ်။web archive ကို  သည်နေရာမှာ  ကြည့်နိုင်ပါတယ်။

သည် သတင်းကို ကော်ပီယူ ထပ်ဆင့်ဖြန့်ချိနေတာတွေ လည်း တွေ့ရပါတယ်။

လေပြေနှင်း ဖေ့စ်ဖွတ်အကောင့်ဟာ သည်သတင်းအဟောင်းကို ပြန်လည်ဖြန့်ချိ ချိန်မှာ “ ကိုယ်တို့လည်း ပစ်ချင်လိုက်တာ “ ဆိုတဲ့ အသုံးအနှုန်းကို သုံးစွဲထားတာ တွေ့ရပါတယ်။

ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။

သည်သတင်းနဲ့ ပတ်သက်ပြီး ငြမ်းမီဒီယာ က အချက်အလက် စစ်ဆေးကြည့်ရာမှာ သည်သတင်းဟာ ပြီးခဲ့တဲ့ ဇန်နဝါရီလ က ဖြစ်ခဲ့တဲ့ အဖြစ်အပျက်လို့ ကျောက်မဲမြို့ရဲစခန်း က တာဝန်ရှိသူတစ်ဦးက အတည်ပြုပြောကြားပါတယ်။

” ပြီးခဲ့တဲ့ ဇန်နဝါရီလ က ဖြစ်တာ။ သူက အသက်လည်း မသေပါဘူး။ ဆေးရုံကဆင်းသွားတာလည်း ကြာပြီ တခြားနေရာတစ်ခုကိုလည်း ပြောင်းသွားပါပြီ။ မနေ့က ဖြစ်တာမဟုတ်ပါဘူး” လို့ ကျောက်မဲမြို့ရဲစခန်း တာဝန်ရှိသူတစ်ဦး က ပြောပါတယ်။

SS / Kanbawza Tai သတင်းစာမျက်နှာမှာ ဖော်ပြထားတဲ့ သတင်း

” အဲ့ဒါ သတင်းအဟောင်းကြီးပါ။ ဒီမနက် သတင်းဌာနတွေက တော်တော်လေး မေးလာကြတယ်။မနေ့က ထွေအုပ်ရုံး က ဝန်ထမ်း အပစ်ခံရတယ် ဆိုပြီး အမှန်က မဟုတ်ဘူး။ သတင်းအဟောင်း ပြန်တက်လာတာပါ။ ” လို့ အိုမ်တမာဝ် လူမှုကူညီရေးအသင်း က လွေးအေးနုသန်း က ပြောပါတယ်။

အိုမ်တမာဝ် လူမှုကူညီရေးအသင်းဟာ ထွေအုပ် သေနတ်ဖြင့် ပစ်ခတ် ခံခဲ့ရချိန်တုန်းက ဆေးရုံသို့ ကူညီ ပို့ဆောင်ပေးခဲ့တဲ့ လူမှုကူညီရေး အသင်းဖြစ်ပါတယ်။

သည် အဖြစ်အပျက်ဟာ ပြီးခဲ့တဲ့ ၂၀၂၀၊ဇန်နဝါရီလ က ဖြစ်ခဲ့တဲ့ အဖြစ်အပျက်ပါ။ ကည်အကြောင်းအရာနဲ့ ပတ်သက်ပြီး သတင်းလုပ်ငန်းစဉ်များနဲ့ အညီ ရေးသားဖော်ပြကြတဲ့ သတင်းဌာနတွေရဲ့ ဖော်ပြချက်တွေကို  သည်နေရာနဲ့ သည်နေရာမှာ ကြည့်နိုင်ပါတယ်။

၂၀၂၀၊ နိုဝင်ဘာ(၂၁) ရက်နေ့ က ရှမ်းပြည်နယ်၊ အမျိုးသားလွှတ်တော်မဲဆန္ဒနယ် အမှတ်(၁) အနိုင်ရ ကိုယ်စားလှယ် ဟာ ကျောက်မဲမြို့  ၊ပင်တိန် ကျေးရွာနေအိမ်မှာ ပစ်ခတ်သတ်ဖြတ်ခံရ တဲ့  အဖြစ်အပျက်ပြီး နောက် ထွေအုပ် ပစ်ခတ်ခံရတဲ့ သတင်းအဟောင်းကို နိုဝင်ဘာ(၂၂) ရက်နေ့ က ဖြစ်သယောင် ပြန်လည် ဖြန့်ချိနေကြတာ ဖြစ်ပါတယ်။

ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။

အားလုံး ဘေးကင်းကျန်းမာကြပါစေ။

ငြမ်းမီဒီယာ


Share this post
  •  
  •  
  •  
  •  
  •  
  •  
  •  
  •  
  •  
  •  
ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။

Tags: , , , ,