ကိုရီးယားနိုင်ငံသူအား ရိုက်နှိက်လုယူသွားသူကို ဖမ်းမိ

ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။
Share this post
  •  
  •  
  •  
  •  
  •  

ကိုရီးယားနိုင်ငံသူအား ဂေါက်တံဖြင့်ရိုက်နှက် လုယူသွားသူကို ရွှေဘိုမြို့တွင် စက်တင်ဘာလ(၃)ရက်နေ့၊နေ့လည် အချိန်တွင် ဖမ်းဆီးရမိခဲ့ကြောင်း

စက်တင်ဘာ(၄)၊၂၀၁၉၊ရန်ကုန်

ကိုရီးယားနိုင်ငံသူအား ဂေါက်တံဖြင့်ရိုက်နှက် လုယူသွားသူကို ရွှေဘိုမြို့တွင် စက်တင်ဘာလ(၃)ရက်နေ့၊နေ့လည် အချိန်တွင် ဖမ်းဆီးရမိခဲ့ကြောင်း မြောက်ဒဂုံမြို့မရဲစခန်းတာဝန်ရှိသူတစ်ဦးက ငြမ်းမီဒီယာသို့ပြောသည်။

ဗိုလ်မှူးဗထူးတန်ဖိုးမျှအိမ်ရာတွင် တစ်ဦးတည်းနေထိုင်သည့် Mrs. Kim Min Sook(ကိုရီးယားနိုင်ငံသူ) ကို Air Con လာရောက်ပြုပြင်ပေးသူမှ တွန်းလှဲပြီး ဂေါက်တံဖြင့်ရိုက်ကာ ဖုန်း၊ ငွေနှင့် ရွှေထည်ပစ္စည်းများ စုစုပေါင်းတန်ဖိုး ငွေကျပ် သိန်း (၃၀၀)ခန့်အား လုယူသွားသည်ဟု ရဲတပ်ဖွဲ့၏သတင်း ထုတ်ပြန်ချက် တွင်ဖော်ပြထားသည်။

ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။

စက်တင်ဘာလ(၂)ရက်နေ့ကကိုရီးယားနိုင်ငံသူအား ရိုက်နှက် လုယူသူမှာ အဲယားကွန်း ခေါ်ယူပြုပြင်နေကျ အလုပ်သမား ဖြစ်သည်ဟုရဲတပ်ဖွဲ့ကစုံစမ်းသိရှိခဲ့သည်။

အဲယာကွန်းပြုပြင်သည့်အလုပ်သမားမှာ Mrs. Kim Min Sook ၏ချွေးမဖြစ်သူ အဲယာကွန်းဝယ်ယူဖူးခဲ့သည့်ဆိုင်မှဖြစ်သည်။

ရိုက်နှက်ခံရမှုကြောင့်Mrs. Kim Min Sook (ကိုရီးယားနိုင်ငံသူ)တွင် ဒဏ်ရာများရရှိခဲ့ပြီး မြောက်ဥက္ကလာပဆေးရုံတွင် ကုသခဲ့ရသည်။

အဆိုပါကိစ္စနှင့်ပတ်သက်၍ ငြမ်းမီဒီယာ ကမြောက်ဒဂုံမြို့မရဲစခန်းသို့ ဆက်သွယ်မေးမြန်းရာ အမှုအားစုံစမ်းစ်ဆေးခဲ့သည့် စခန်းမှူးအား လူကြီးကခေါ်တွေ့နေကြောင်းနှင့်ယင်းအမှုနှင့်ပတ်သက်၍ ၎င်းတို့ အနေဖြင့် အသေးစိတ်မသိရှိကြောင်းတာဝန်ကျ ရဲတပ်ဖွဲ့ဝင် တစ်ဦးကပြောသည်။

ဓာတ်ပုံ – Myanmar Police

ရဲတပ်ဖွဲ့ကထုတ်ပြန်ထားသည့် ပြစ်မှုကျူးလွန်သူ ကိုမျိုး(ခ) နေမျိုးအောင်(ခ)မျိုးမြင့်နှင့်သက်သေခံပစ္စည်းများ

ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။

Share this post
  •  
  •  
  •  
  •  
  •  
ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။