ကူးစက်မှု အရမ်းမြန်နေသလိုဖြစ်နေတယ် (စစ်တွေမြို့အခြေအနေ ဆက်သွယ်မေးမြန်းချက်)

ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။
Share this post
  •  
  •  
  •  
  •  
  •  

ABD /(Arakan Blood Donor) ပရဟိတသွေးလှူရှင်အသင်းဥက္ကဌကိုမောင်မောင်

စစ်တွေမှာ Mask တို့၊ လက်အိတ်တို့တောင်ရှာဝယ်လို့မရတဲ့အခြေအနေဖြစ်နေပြီ။အပြင်ကိုမထွက်မဖြစ်ထွက်ရမယ့်အခြေအနေမှာတောင် Mask တပ်ဖို့ ဝယ်မရတဲ့အခက်အခဲဖြစ်နေပါတယ်။ မြို့ကို …

ကိုဗစ်ထပ်တိုးလူနာတွေ တွေ့ရှိပြီးနောက် စစ်တွေမြို့ကို Stay at Home အစီအစဉ်တွင် အကျုံးဝင်ကြောင်း ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနက သြဂုတ်လ(၂၀) ရက်နေ့မှာ အမိန့်ထုတ်ပြန်ခဲ့ပါတယ်။ စစ်တွေ မြို့ရဲ့ လက်ရှိအခြေအနေများနဲ့ ပတ်သက်ပြီး စစ်တွေမြို့ဒေသခံ ABD (Arakan Blood Donor) ပရဟိတသွေးလှူရှင်အသင်းဥက္ကဌ ကိုမောင်မောင်ကို ငြမ်းမီဒီယာက ဆက်သွယ်မေးမြန်းထားပါတယ်။

ငြမ်းမီဒီယာ – စစ်တွေမြို့ရဲ့ လက်ရှိအခြေအနေကို ပြောပြပေးပါ။

KMM – လက်ရှိအခြေအနေကိုပြောရမယ်ဆိုရင်တော့ လမ်းပေါ်မှာလူတွေများနေပါသေးတယ်။ တကယ်တော့ ဒီအခြေအနေမှာ ကိုယ့်အိမ်မှာကိုယ်နေရင် ပိုသင့်တော်မယ်လို့ထင်ပါတယ်။ အခုလက်ရှိမှာ စစ်တွေမှာ Mask တို့၊ လက်အိတ်တို့တောင်ရှာဝယ်လို့မရတဲ့အခြေအနေဖြစ်နေပြီ။

ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။

အပြင်ကိုမထွက်မဖြစ်ထွက်ရမယ့်အခြေအနေမှာတောင် Mask တပ်ဖို့ ဝယ်မရတဲ့အခက်အခဲဖြစ်နေပါတယ်။ မြို့ကို Lock Down ချတယ်ဆိုပေမယ့် ပိုးတွေ့တဲ့လူနာနေတဲ့ရပ်ကွက်တွေကိုအဓိကထားပြီး ရပ်ကွက်အလိုက် အပိုင်းနဲ့ Lock Down ချတာပါ။ ဒီနေ့ဆိုရင် ည (၉) နာရီကနေ မနက် (၄) နာရီအထိ ညမထွက်ရအမိန့်ကို မြို့နယ်ထွေ/အုပ်ကထုတ်လိုက်ပါပြီ။

ငြမ်းမီဒီယာ – မြို့အဝင်အထွက် လူနဲ့ကုန်စည်သယ်ယူပို့ဆောင်ရေးလုပ်ငန်းတွေကိုရောကန့်သတ်တာမျိုးရှိပါသလား။

KMM – Lock Down ချထားတော့ စစ်တွေမြို့ကို အဝင်အထွက်မလုပ်ဖို့ အစိုးရကထုတ်ထားတာရှိပါတယ်။ သင်္ဘော၊ ကား၊ လေကြောင်းလိုင်းတွေအားလုံးရပ်ထားတယ်လို့ ကျနော်တို့သိရပါတယ်။

အချိန်နဲ့အမျှ အသက်အန္တရာယ်ကြုံတွေ့ပြီး လူ့အဖွဲ့ အစည်းတစ်ခုလုံးဘေးအန္တရာယ်ကြုံတွေ့ရနိုင်တဲ့ အခက်အခဲမျိုးပေါ့။ တစ်မြို့မှာဘာဖြစ်နေလဲ တခြားတစ်မြို့က မသိနိုင်တဲ့အခြေအနေက တော်တော်စိုးရိမ်စရာကောင်းနေပါတယ်။

ငြမ်းမီဒီယာ – လူနဲ့ကုန်စည်သယ်ယူပို့ဆောင်ရေးတွေ ရပ်တန့်ထားရတော့ အခြေခံစားသောက်ကုန်နဲ့ လူသုံးကုန်ပစ္စည်း တွေ ဈေးနှုန်းနဲ့ ဝယ်ယူရရှိနိုင်မှုအခြေအနေ ဘယ်လိုရှိပါသလဲ။

KMM – လူသုံးကုန်ပစ္စည်းကတော့ အများကြီးလှောင်ထားတဲ့ဆိုင်တွေလည်းရှိကောင်းရှိနိုင်ပါတယ်။ ဒါပေမယ့် အပြင်မထွက်ရဘူးဆိုတော့ လူတွေကဆိုင်တွေမှာ စုပြုံတိုးဝှေ့ဝယ်နေကြတော့ ဟိုပစ္စည်းကပြတ်၊ ဒီပစ္စည်းကပြတ်ဖြစ်နေတာတွေလည်းရှိတယ်။

စစ်ဘေးရှောင်စခန်းတွေမှာ စားနပ်ရိက္ခာအခက်အခဲက တော်တော်ကိုဒုက္ခရောက်နေပါတယ်။ စစ်တွေမှာချည်းပဲမဟုတ်ပါဘူး။ ဘူးသီးတောင်၊ မောင်တော၊ မြောက်ဦး၊ ကျောက်တော်ဘက်က စစ်ဘေးရှောင်စခန်းတွေ …

ငြမ်းမီဒီယာ – လက်ရှိမှာ ပိုးတွေ့လူနာအရေအတွက်ကလည်းတိုးလာသလို ဒေသတွင်းကူးစက်မှုလို့ယူဆရနိုင်ဖွယ်ရာ တွေလည်းဖြစ်နေတော့ ဒေသခံတွေရဲ့စိုးရိမ်မှုက ဘယ်လိုရှိပါသလဲ။

ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။

KMM – စိုးရိမ်ကြောင့်ကြမှုကတော့ အတိုင်းအတာတစ်ခုထက်လွန်သွားပါပြီ။ ဘာဖြစ်လို့လည်းဆိုတော့ ဘယ်ဒေသမှာမဆို ပိုးတွေ့လူနာနဲ့ စောင့်ကြည့်လူနာအများစုက နိုင်ငံခြားကပြန်လာတဲ့လူတွေနဲ့ သူတို့နဲ့ဆက်စပ်ထိတွေ့တဲ့လူတွေပဲများတယ်။ သူတို့ကိုပဲစစ်ဆေးမယ်၊ ပိုးတွေ့ရင်ကြပ်မတ်ကုသမယ်။ ဒီလိုပေါ့။

အခုကျနော်တို့စစ်တွေမြို့မှာဖြစ်နေတာက ဘဏ်ဝန်ထမ်းမှာတွေ့တယ်၊ အစိုးရရုံးဝန်ထမ်းမှာတွေ့ တယ်၊ အလုပ်လုပ်နေတဲ့သူဆီမှာတွေ့တယ် စသဖြင့် တစ်ယောက်နဲ့တစ်ယောက်အဆက်အစပ်မရှိဘဲ ဟိုနေရာမှာတွေ့ ဒီနေရာမှာတွေ့ ဖြစ်နေတော့ ပိုးကဘယ်လောက် ပျံ့သွားပြီလဲဆိုတာ မသိနိုင်တော့ဘူး။ ဆိုတော့ ဒီလိုစိုးရိမ်စရာကောင်းတဲ့အခြေအနေမျိုးမှာ ဖြစ်သင့်တာက ကျနော်တို့စစ်တွေမြို့ကလူတွေအနေနဲ့ ကျန်းမာရေးဝန်ကြီးဌာနရဲ့လမ်းညွှန်ချက်တွေကို တိတိကျကျလိုက်နာဖို့လိုပါတယ်။ ဘာကြောင့်လည်းဆိုတော့ ကျနော့်အမြင်အရ ကူးစက်မှု အရမ်းမြန်နေသလိုဖြစ်နေတယ်။

နောက်တစ်ခုက ဒီလိုအခြေအနေမျိုးမှာ ပိုးရှိမရှိစစ်ဆေးတာကို စစ်တွေမှာပဲစစ်ဆေးလို့ရအောင်လုပ်ပေးနိုင်ရင်တော့ ပိုအဆင်ပြေမယ်လို့ထင်ပါတယ်။ လက်ရှိမှာသယ်ယူပို့ဆောင်ရေးလမ်းကြောင်းတွေကလည်းရပ်နေတော့ နောက်လူတွေကို စစ်ဆေးဖို့ ဘယ်လိုစီစဉ်ထားလဲဆိုတာကျနော်တို့လည်းမသိဘူး။ အခုလက်ရှိက COVID – 19 ရောဂါရှိမရှိကို ရန်ကုန်ပို့ပြီးစစ်ဆေးနေရတော့ ကူးစက်မှုမြန်ပြီး ဘယ်လောက်ပျံ့နှံ့နေလဲ မသိနိုင်သေးတဲ့အခြေအနေမှာ ဒီမှာပဲ စစ်ဆေးလို့ရနိုင်ရင်တော့ ပိုကောင်းတာပေါ့။

အင်တာနက်မရတော့ ဒီကူးစက်မြန် ကပ်ရောဂါနဲ့ပတ်သက်ပြီး သတင်းအချက်အလက်မျှဝေတာတို့၊ ကာကွယ်ဖို့ပညာပေးမှုတွေ ဆောင်ရန်ရှောင်ရန်တွေ ဝေမျှတာတို့မှာ အခက်အခဲကြီးကြီးမားမားဖြစ်ရပါတယ်။ …

ငြမ်းမီဒီယာ – စစ်ဘေးရှောင်စခန်းတွေမှာရော ဘယ်လိုအခြေအနေရှိပါသလဲ။

KMM – စစ်ဘေးရှောင်စခန်းတွေမှာတော့ လောလောဆယ်တော့ ဘယ်မှမထွက်ပဲနေကြရတာပေါ့။ ကူးစက်မှုကတော့ အဲဒီဘက်ကိုမရောက်သေးပါဘူး။ ဒါပေမယ့် စစ်ဘေးရှောင်စခန်းတွေမှာ စားနပ်ရိက္ခာအခက်အခဲက တော်တော်ကိုဒုက္ခရောက်နေပါတယ်။ စစ်တွေမှာချည်းပဲမဟုတ်ပါဘူး။ ဘူးသီးတောင်၊ မောင်တော၊ မြောက်ဦး၊ ကျောက်တော်ဘက်က စစ်ဘေးရှောင်စခန်းတွေမှာလည်း စားနပ်ရိက္ခာအခက်အခဲက တော်တော်ကိုဒုက္ခရောက်နေတာပါ။

ငြမ်းမီဒီယာ – လက်ရှိမှာ ရခိုင်ပြည်မြောက်ပိုင်းကမြို့တချို့မှာ အင်တာနက်ဖြတ်တောက်ထားတာလည်းရှိတော့ လက်ရှိ COVID – 19 ပြသနာနဲ့ရင်ဆိုင်ရချိန်မှာ ဘယ်လိုအခက်အခဲတွေ ထပ်ဖြစ်လာပါသလဲ။

ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။

KMM – အခက်အခဲဆိုတာကိုပြောရရင် ဒီနေ့ Result ထွက်တဲ့အထဲမှာ မြောက်ဦးဆေးရုံကတစ်ယောက်ပါလာတယ်။ မြောက်ဦးဆေးရုံကတစ်ယောက်ပါလာတာကို မြောက်ဦးမြို့သူမြို့သားတွေက မသိနိုင်ဘူး။

အင်တာနက်မရတော့ ဒီကူးစက်မြန် ကပ်ရောဂါနဲ့ပတ်သက်ပြီး သတင်းအချက်အလက်မျှဝေတာတို့၊ ကာကွယ်ဖို့ပညာပေးမှုတွေ ဆောင်ရန်ရှောင်ရန်တွေ ဝေမျှတာတို့မှာ အခက်အခဲကြီးကြီးမားမားဖြစ်ရပါတယ်။ ဒီအချက်က တော်တော်လေးစိုးရိမ်စရာကောင်းနေပါတယ်။ အချိန်နဲ့အမျှ အသက်အန္တရာယ်ကြုံတွေ့ပြီး လူ့အဖွဲ့ အစည်းတစ်ခုလုံးဘေးအန္တရာယ်ကြုံတွေ့ရနိုင်တဲ့ အခက်အခဲမျိုးပေါ့။ တစ်မြို့မှာဘာဖြစ်နေလဲ တခြားတစ်မြို့က မသိနိုင်တဲ့အခြေအနေက တော်တော်စိုးရိမ်စရာကောင်းနေပါတယ်။

ငြမ်းမီဒီယာ – ညမထွက်ရအမိန့်ထုတ်ပြန်ထားတဲ့အခြေအနေကြောင့် စစ်တွေမြို့ခံတွေအတွက်ဘယ်လိုအခက်အခဲတွေရှိနိုင်ပါသလဲ။

KMM – လက်ရှိအခြေအနေမှာတော့ ညမထွက်ရအမိန့်ထုတ်ထားတာ ကောင်းတယ်လို့ကျနော်တို့ထင်ပါတယ်။ အရေးပေါ်အခြေအနေတစ်ခုခုကြောင့် မဖြစ်မနေသွားလာဖို့လိုအပ်လာရင်လည်း သက်ဆိုင်ရာကို request လုပ်ပြီးသွားလို့ရနိုင်မယ်လို့ကျနော်ထင်ပါတယ်။

ငြမ်းမီဒီယာ – တခြားဖြည့်စွက်ပြောချင်တာများရှိရင်လည်းပြောပေးပါဦး။

KMM – အခုလက်ရှိမှာတော့ ကျန်းမာရေးဝန်ထမ်းတွေက အကောင်းဆုံး ဂရုတစိုက်လုပ်ကိုင်ဆောင်ရွက်ပေးနေကြပါတယ်။ ကျနော်တို့ပြည်သူတွေဘက်က Home Stay နေဖို့ တို့၊ Home Quarantine နေကြဖို့ဆိုတဲ့အပိုင်းမှာတော့ အခက်အခဲတွေရှိနေကြတာတွေ့ရပါတယ်။

အများစုက လက်လုပ်လက်စားတွေ တစ်နေ့လုပ်မှတစ်နေ့စားရသူတွေဆိုတော့ ဒီကိစ္စအခက်အခဲတစ်ခုလိုဖြစ်လာနေပါတယ်။ မနေ့ကဆို မုန့်ဖက်ထုပ်ရောင်းနေတဲ့ အသက် ၆၀ ကျော် အမေကြီးတစ်ယောက်ကိုတွေ့တော့ လူတွေအပြင်သိပ်မထွက်ကြလို့ မုန့်တွေကလည်းမစွံဘူးလို့ပြောတယ်။

ဒီလို လက်လုပ်လက် စား အခြေခံလူတန်းစားတွေက ကျနော်တို့ရခိုင်ပြည်နယ်မှာ အများကြီးပဲ။ ဆိုတော့ ခုလိုအခြေအနေမျိုးမှာ ဒီအခြေခံပြည်သူတွေရဲ့ စားဝတ်နေရေးအခက်အခဲအတွက် အစိုးရဘက်က ဘယ်လိုကူညီဆောင်ရွက်ပေးမလဲဆိုတာ ကျနော်တို့ သိချင်ပါတယ်။

ငြမ်းမီဒီယာ – ဖြေကြားပေးတာကျေးဇူးတင်ပါတယ်။

ငြမ်းမီဒီယာ

 


Share this post
  •  
  •  
  •  
  •  
  •  
ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။

Tags: , ,