ကျနော်တို့ ရပ်တည်ချက်က ကျနော်တို့ပြင်ဆင်ထားတဲ့ လက်နက်ပဲ

ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။
Share this post
  •  
  •  
  •  
  •  
  •  

KBD / ကယန်းအမျိုးသားပါတီ ဥက္ကဌ ခွန်းဘီဒူး

ပြည်ထောင်စုကို ပုံဖော်တဲ့အချိန်မှာ ဗမာအမျိုးသား အကျိုးစီးပွားအတွက် ပုံဖော်တာမျိုးမဟုတ်ဘဲ တိုင်းရင်းသား အားလုံးအတွက်ပုံဖော်တဲ့ အမျိုးသားရေး ပေါ့။ဒါက ဗမာတိုင်းရင်းသားပဲဖြစ်ဖြစ်၊ဘယ်သူ့ကိုပဲဖြစ်ဖြစ် အဲလို မြင်ချင်တယ်။ အဲဒီလိုမျိုး ရပ်တည်ပေးနေတဲ့ ဗမာတိုင်းရင်းသား ညီအစ်ကိုတွေနဲ့လည်း ကျနော်အမြဲတမ်းလက်တွဲနေတယ် …

(ဦး)ခွန်းဘီထူးသည် နိုင်ငံရေးအကျဉ်းသားဟောင်း တစ်ဦးဖြစ်သည်။လူငယ်တစ်ဦးဖြစ်သည်။ ကယန်းအမျိုးသားပါတီ၏ ဥက္ကဌဖြစ်သည်။ (ဦး)ခွန်းဘီထူး၏ နိုင်ငံရေးမျှော်ရည်ချက် ၊နိုင်ငံရေးဆန္ဒ၊ နိုင်ငံရေးအမြင်များ ကို ငြမ်းမီဒီယာ ကဆက်သွယ်မေးမြန်းခဲ့သည်။

ငြမ်းမီဒီယာ- အခု ခွန်းဘီထူး က ကယန်းအမျိုးသားပါတီ ဥက္ကဌအဖြစ်ဆောင်ရွက်ရာမှာ လူငယ်တစ်ဦးလည်း ဖြစ်တာတွေ့ရပါတယ်။ ဥက္ကဌနေရာကို ခွန်းဘီထူးက အဆိုပြုခဲ့တာလား။ ရွေးချယ်ခံခဲ့ရတာလား။

KBD – ကျနော်တို့ရဲ့ ကယန်းအမျိုးသားပါတီက ၂၀၁၅ ရွေးကောက်ပွဲအပြီးမှာ ဒုတိယအကြိမ်ညီလာခံ လုပ်တယ်။ အများရဲ့ဆန္ဒမဲနဲ့ ပထမဦးဆုံးအကြိမ်မှာ ဗဟိုကော်မတီအရွေးခံရတယ်။အဲဒီ ဗဟိုကော်မတီ (၁၇)ဦးထဲမှာမှ အလုပ်အမှူဆောင်နဲ့ ဥက္ကဌ ရွေးချယ်တဲ့အချိန်မှာ အများရဲ့မဲနဲ့ ပြန်အရွေးခံရတယ်။ဆိုတော့ အဆင့်နှစ်ဆင့်ပေါ့။ ပါတီအတွင်းရွေးကောက်ပွဲမှာ ပါတီဥက္ကဌတာဝန်ကို ရသွားခဲ့တယ်။

ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။

ငြမ်းမီဒီယာ- လူငယ်တစ်ယောက်ဖြစ်တဲ့ ခွန်းဘီထူးကို ဘာကြောင့် ဥက္ကဌ နေရာကို ရွေးချယ်တာလဲ။ ဘယ်လို ယူဆလဲ။

KBD – လူငယ်အသင်းအဖွဲ့မှာ ဥက္ကဌ လုပ်ခဲ့တယ်။အဲဒီကနေ အခြေခံပြီးတော့မှ ပါတီမှာကတော့ ပါတီက လူတွေကအများစုက လူငယ်တွေကို ဦးစားပေးဖို့ အချိန်ရောက်ပြီဆိုတဲ့ အတွေး ရှိတယ်။ နောက်တစ်ခုက လုပ်ရည်ကိုင်ရည်နဲ့ ဦးဆောင်ခဲ့မှု ကယန်း လူထုအပေါ်မှာ၊ ကယန်းအမျိုးသား အပေါ်မှာ ကိုယ်စားပြုပြောခဲ့တဲ့ အပေါ်မှာ ယုံကြည်မှု ဒီအချက်တွေအပေါ်မှာ ယုံကြည်မှု ဒီအပေါ်မှာမူတည်ပြီး ရွေးချယ်ခဲ့တယ်လို့ ယူဆတယ်။

ငြမ်းမီဒီယာ- မကြာခင် ရွေးကောက်ပွဲလာတော့မယ်။ ကယန်အမျိုးသား ပါတီ ဥက္ကဌရဲ့ ရွေးကောက်ပွဲ မျှော်လင့်ချက်က ဘာတွေလဲ။

KBD – ရွေးကောက်ပွဲမှာ ပထမအဆင့် အနေနဲ့ ကျနော်တို့ ကယန်း တိုင်းရင်းသားတွေ အကြား သင့်တော်တဲ့ မဲဆန္ဒနယ် ကျနော်တို့ လူဦးရေ အများဆုံးရှိတဲ့ နယ်တွေမှာ ကျနော်တို့ရဲ့ ကိုယ်စားပြုမှုကို ကျနော်တို့ ရယူ နိုင်လိမ့်မယ်လို့ ကျနော်တို့ မျှော်လင့် ထားတယ်။ အဲဒီအပေါ်မှာလည်း ကျနော်တို့ ယုံယုံကြည်ကြည်ရှိတယ်။ အဲဒီကနေ တဆင့် ကျနော်တို့ ကယန်း လူမျိုးတွေရဲ့ အခွင့်အရေးကို တောင်းဆိုနိုင်ဖို့ ကျနော်မျှော်လင့်တယ်။ လွှတ်တော်ထဲကနေတောင်းဆိုတာ လုပ်သွားမယ်။ လိုအပ်ရင်တော့ ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသတွေ ဒါတွေ လုပ်သွားဖို့ ရည်ရွယ်ထားတယ်။ အဓိက ရည်မှန်းချ က်ကတော့ ဖက်ဒရယ် ပြည်ထောင်စု ပေါ်ပေါက် လာပြီး ဖက်ဒရယ်ပြည်ထောင်စုထဲမှာ ကျနော်တို့ကယားပြည်နယ်ထဲမှာ ဒီပြည်နယ်မှာ ကယန်း၊ကယား၊ကယော ဌာနေ တိုင်းရင်းသား တွေရဲ့ ကိုယ်ပိုင် ပြဌာန်းခွင့်၊ကိုယ်ပိုင် အခွင့်အရေးတွေကို ပြည့်ပြည့်၀၀ ကျင့်သုံး နိုင်တဲ့ အနေအထားမျိုးကို ကျနော်တို့ က ရွေးကောက်ပွဲ ဖြစ်စဉ်ကနေ လုပ်ဆောင်သွားဖို့ မျှော်လင့် ထားတယ်။ ဒါက ကျနော်တို့ အိမ်မက်၊ ၂၀၂၀ ရွေကောက်ပွဲ မှာ ကျနော်တို့ရဲ့ အကြီးမားဆုံးအိမ်မက်ဖြစ်ပါတယ်။

ငြမ်းမီဒီယာ- မကြာသေးခင်က ကရင်နီလူငယ်တွေ ဗိုလ်ချုပ်ကြေးရုပ်ကိစ္စမှာ သူတို့ရဲ့ ထုတ်ပြန်ကြေညာချက်နဲ့ ပတ်သက်ပြီး ထောင်ဒဏ်ချမှတ်ခံထားရတာရှိတယ်။ ဒေသခံတိုင်းရင်းသားတွေကရော ဒီအပေါ်မှာ ဘယ်လိုရှိကြသလဲ။အဲဒီအခြေအနေ ကရော လက်ရှိနိုင်ငံရေးအခြေအနေအပေါ်ဘယ်လိုသက်ရောက်သွားလဲ။ ခွန်းဘီထူးတို့ကရော အဲဒီအခြေအနေအပေါ်မှာ ဘာတွေ ဆုပ်ကိုင်နိုင်မလဲ။

KBD – ကြေးရုပ်ကိစ္စမှာတော့ အစိုးရက ္မ ဖိအားနဲ့ အတင်းအဓမ္မဆောက်တာ မဖြစ်သင့်ဘူး။ ဒါကို ကျနော်တို့ ပါတီရပ်တည် ချက်နဲ့ တလျောက်လုံးပြောခဲ့တယ်။ ဒါပေမယ့်လည်း မခံမရပ်နိုင်တဲ့လူငယ်တွေကြားမှာ ဆန္ဒပြပွဲ တွေဖြစ်တဲ့အခါမှာလည်း အကြမ်း မဖက်တဲ့ နည်းနဲ့ ပြဖို့ ပါတီအနေနဲ့ရပ်တည်ခဲ့တယ်။ ကြေးရုပ် ဖြစ်စဉ်မှာ အားလုံးသိတဲ့အတိုင်း လူငယ် ခြောက်ဦးကို တရားစွဲတယ်။ အခု က ကြေးရုပ်ကို မရွှေ့ပေးတဲ့အတွက် ဒီအမှုက ကျေလည်တဲ့ အနေအထားတော့ မဖြစ်ဘူး။ ပါတီအနေနဲ့ ကြေးရုပ်နဲ့ ပတ်သက်ပြီး ရပ်တည်ချက် အရဆိုရင် လူငယ်တွေဘက်က တောင်းဆိုတဲ့ တန်းတူ အခွင့်အရေး ကြေးရုပ်နဲ့ ပတ်သက်ပြီး သမိုင်းကြောင်း ကိစ္စတွေမှာ လူငယ်တွေ ပြောသလို့ပဲပေါ့ အထောက်အထားတွေရှိတယ်။ဒါက ငြင်းလို့မရတဲ့ အချက်ဖြစ်တယ်။ ကြေးရုပ်နဲ့ ပတ်သက်ပြီး လူထုရဲ့ လှုပ်ရှားမှုနဲ့ ပါတီအတွက် အမြတ်ထုတ်တာထက် ဒီနေရာမှာ မျှော်လင့်နေတာက ကြေးရုပ်က လူထုရဲ့ မျိုးချစ်စိတ်၊ ကိုယ့်ရဲ့ ကိုယ်ပိုင် ပြဌာန်းခွင့်၊ ကိုယ့်ရဲ့ ကိုယ်ပိုင်အခွင့်အရေးကို ပြန်လည်ပြီး ရအောင် နိုင်ငံရေးအရ တောင်းဆို နိုင်တယ် ဆိုတဲ့ အမြင်မျိုးကို ကျနော်တို့ နိုးဆော်ပေးမယ်။အဲဒီအမြင် နဲ့ ကျနော်တို့ နိုင်ငံရေးပါတီတွေရဲ့ နိုင်ငံရေးလမ်းစဉ် တစ်ခုကို ပြန်ပေါင်း စပ်နိုင်ပြီးမှ ရွေးကောက်ပွဲတွေ မှာ ဖြစ်ဖြစ်၊လူထုရဲ့ နိုင်ငံရေးကိစ္စတွေမှာပဲဖြစ်ဖြစ် ကျနော်တို့ တည်ဆောက်ရေးကို ကျနော်တို့ လုပ်နေတာပဲ ဖြစ်ပါတယ်။ပါတီက ဒီအပေါ်မှာပဲ ရပ်တည်နေတာပါ။

ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။

ငြမ်းမီဒီယာ- ကြေးရုပ်ကိစ္စနဲ့ပတ်သက်ပြီး ထောင်ဒဏ်ချမှတ် ခံထားရသူတွေ သိပ်မကြာခင်မှာပြန်လွတ် လာတော့မယ်။ သူတို့ ကိုရော ကယန်းအမျိုးသားပါတီအနေနဲ့ ပါတီမှာပူးပေါင်းလုပ်ဖို့ ဖိတ်ခေါ်ဖို့ရှိသလား။ ပါတီမှာ ကိုယ်စားလှယ်လောင်း အဖြစ် လျာထားဖို့ သတ်မှတ်ထားတာမျိုး ရှိသလား။

KBD – ရွေးကောက်ပွဲဝင်ဖို့ ဒီလူငယ်တွေထဲက တစ်ဦးနှစ်ဦးက ဒါတွေမတိုင်ခင်ကတည်းက သူတို့ဘက်ကလိုလားချက် ရှိတယ် ခင်ဗျ။ ဒါတွေမဖြစ်ခင်ကတည်းကပါ။ ဒါပေမယ့် ကျနော်တို့ ပါတီကနေ သူတို့ကိုကိုယ်စားလှယ်လောင်း အနေနဲ့ ထည့်မယ်၊ မထည့်ဘူး ဆိုတာက အများနဲ့ ဆုံးဖြတ်ရမှာ ဖြစ်တယ်။ သူတို့ရဲ့ ဆုံးဖြတ်ချက်ကလည်း ပါရ ဦးမှာပါ။အခု လောလောဆယ်တော့ သူတို့ ဝင်ဖို့ဆန္ဒရှိတယ်ဆိုတာ ကျနော်တို့အစကတည်း ကသိထားပါတယ်။ အခုကသူတို့ထောင်ကျနေတဲ့အချိန်။အဲဒီအပေါ်မှာ အကန့်အသတ် လေးတွေတော့ ရှိတာပေါ့။ နောက်ဆုံး ဆုံးဖြတ်ချက်ချတဲ့အချိန်မှာ သူတို့အားလုံးပြန်လွတ်လာမယ် ။သူတို့က လည်း ဒီရွေးကောက်ပွဲမှာ ဝင်ပြိုင်ဖို့ ဆန္ဒရှိတယ်ဆိုရင်တော့ ပါတီအတွင်းအများရဲ့ဆန္ဒနဲ့ လွှတ်တော် ကိုယ်စားလှယ်လောင်း အဖြစ် တာဝန်ပေး ခံရနိုင်တယ်။ ကြေးရုပ်ကိစ္စနဲ့ ထောင်ချသွားတဲ့ အတွက် သူတို့ကို ကိုယ်စားလှယ်လောင်း အဖြစ် တာဝန် ပေးမယ် ဆိုတာမျိုးတော့ ကျနော်တို့ ပါတီမှာ မူဝါဒ အနေနဲ့တော့ မရှိဘူး။သူတို့ကိုယ်တိုင် ပြင်ဆင် ထားတာတာတွေ ရှိတော့ ကျနော်တို့ ပါတီ အနေနဲ့တော့ အသင့်ကြိုဆို ထားပါတယ်။

ငြမ်းမီဒီယာ- သူတို့ကို ကိုယ်စားလှယ်လောင်းအဖြစ် တာဝန်ပေးခန့်အပ်ဖို့ ဆိုတာ အများသဘောဆန္ဒကိုယူရမယ်။ အဲဒီတော့ ကယန်းအမျိုးသားပါတီ ဥက္ကဌ တစ်ယောက်အနေနဲ့ ဆိုရင်ရော ဒီလူငယ်တွေအပေါ် သဘာထား ဘယ်လိုရှိလဲ။ သူတို့ကို ကိုယ်စားလှယ်လောင်းအဖြစ် ရွေးချယ်ဖို့ ဆန္ဒရှိလား။

KBD – ကျနော့်အနေနဲ့ ဒီလူငယ်တွေရဲ့ လှုပ်ရှားမှုတွေဟာ ၊ရပ်တည်မှုဟာ မှန်ကန်တယ်လို့ ယူဆတယ်။ အဲဒီအပေါ်မှာ တစ်လျောက်လုံးကျနော်ဝန်းရံတယ်။ သူတို့အမှားမဖြစ်အောင် ဝန်းရံပေးတာ ရှိတယ်။ အစိုးရနဲ့ ညှိနှိုင်းချိန်တွေမှာလည်း ကျနော်ကြားဝင်ပြီး ဖျန်ဖြေပေးတာတွေရှိတယ်။ ဒါပေမယ့် ရွေးကောက်ပွဲကတော့ အများနဲ့ ရွေးချယ်ရမယ့်ကိစ္စဖြစ်တယ်။ နံပါတ် တစ် ပါတီအနေနဲ့ ကတော့အရည်အချင်းအပေါ်မှာ သတ်မှတ်တယ်။ နံပါတ် နှစ် က နယ်ပယ်ဒေသတိုးတက်ရေး ၊နံပါတ် သုံးကတော့ ပါတီနဲ့ commitment ဘယ်လောက်ရှိသလဲ ဆိုတာ အဲဒီအပိုင်းသုံးပိုင်းနဲ့ချိတ်ဆက်ပြီး ပါတီရဲ့ ကိုယ်စားလှယ်လောင်း ကိစ္စကို ကျနော်တို့ ပြင်ထားတာ။သူတို့တွေမှာတော့ အပိုင်းနှစ်ပိုင်း ပါပြီးသားပါ။ ပြည်နယ်တိုးတက်ရေး၊သူတို့ အရည်အချင်း ပိုင်းကျနော်တို့ တိုင်းတာလို့ရနေတယ်။ဒါပေမယ့် ပါတီပိုင်းကလည်း ရှိနေတော့ ပါတီအတွင်းရဲ့အများဆန္ဒနဲ့ ဆုံးဖြတ်ရမယ့် အနေအထားရှိတယ်။

ငြမ်းမီဒီယာ- ပါတီမှာ လူငယ်အင်အား ဘယ်လောက် ရှိလဲ။သူတို့ရဲ့ လုပ်ရည်ကိုင်ရည်ကိုရော ဘယ်လိုသုံးသပ်မိလဲ။

KBD – ပါတီမှာ ကျနော်တာဝန်မယူခင်ကတည်းက ပါတီဝင် အင်အား ငါးထောင်ကျော် ရှိတယ်။ ကျနော်ပါတီ ဥက္ကဌ တာဝန် ယူတဲ့အချိန်မှာ နံပါတ်တစ်အပြောင်းအလဲက ပါတီဗဟိုေ ကာ်မတီရဲ့လူငယ်ဦးရေ အသက် သုံးဆယ့်ငါးနှစ် ဝန်းကျင်၊အသက် သုံးဆယ့်ငါးနှစ်အောက် လူငယ် ခုနှစ်ဆယ်ရာခိုင်နှုန်းရှိတယ်။ အသက် လေးဆယ့် ငါးနှစ်လောက်မှာ ရှိတဲ့ လူငယ် ကိုယ်စားလှယ်လောင်းတွေက နှစ်ဆယ်နဲ့ သုံးဆယ် လောက်ပဲ ရှိတယ်။လူငယ်၊လူလတ်ပိုင်းတွေက အများဆုံးဖြစ်တယ်။ အရည်အချင်းတွေက ပါတီမှာ နယ်ပယ်စုံပါဖို့ ထည့်သွင်းသလို၊ ပါတီတာဝန်တွေကို စွဲစွဲမြဲမြဲ လုပ်ပေးမယ်ဆိုတဲ့ကတိ ခံယူမှု ထားသူတွေများတယ်။ လူငယ်ပိုင်းဖြစ်တဲ့အတွက် ကျနော်မြင်သလောက်တော့ ကျန်တဲ့ပါတီတွေထက် ဒေသမှာရှိတဲ့ ကြံ့ခိုင်ရေးတို့ ၊NLD ပါတီတို့ထက် အရည်အချင်းပိုင်းမှာအားသာချက် ရှိတယ်လို့ ကျနော်တို့ ယူဆထားတယ်။ ခုနက ပြောတဲ့ ကြေးရုပ် လှုပ်ရှားမှု မှာ ပါတဲ့ လူငယ်တွေအပါအဝင် ၊ပါတီထဲမှာ လှုပ်ရှားနေတဲ့လူငယ်တွေ အတော်များများ ကတော့ အချိတ်အဆက် ရှိရှိနဲ့ အရည်အချင်း ပိုင်းမှာ မြှင့်တင်နေကြတဲ့ အနေအထားမျိုးဖြစ်တဲ့အတွက် အရည်အချင်းရှိတဲ့ လူငယ်တွေ များပါတယ်။

ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။

ငြမ်းမီဒီယာ- ရွေးကောက်ပွဲမှာ ပါတီကြီးတွေ ရှိတယ်။ဥပမာ NLD ဆိုရင် ဒေသခံ တိုင်းရင်းသား ကို ရွေးချယ်ပြီး သူတို့ ပါတီကနေ ပြိုင်မယ့်အခြအနေအပြင်၊တခြားပါတီတွေကလည်း ဒီလိုရှိလာနိုင်တော့ ခွန်းဘီထူးတို့အနေနဲ့ အဲဒီအခြေအနေတွေကို ကျော်လွှားနိုင်ပါ့မလား။ဘာတွေပြင်ဆင်ထားလဲ။

KBD – NLD ဖြစ်စေ၊ကြံ့ခိုင်ရေးပဲဖြစ်စေ၊ သူတို့က ဒီပြည်နယ်မှာ အရည်အချင်းရှိတဲ့သူကို ပါတီ ကိုယ်စားလှယ်လောင်း အဖြစ် သူတို့ လုပ်တာရှိတယ်။ ဒါပေမယ့် ဒေသခံ လူငယ်၊လူလတ်ပိုင်း အရည်အချင်း ရှိတဲ့သူတွေက ကျနော်တို့ပါတီနဲ့ နီးစပ်တဲ့ သူပို များတယ်။ တနည်းအားဖြင့် တချို့သောသူတွေက ပါတီ မဝင်သော်လည်း ပါတီကိုပံ့ပိုးတဲ့သူများတယ်။ လူပုဂ္ဂိုလ်တွေ ကလည်း တိုင်းရင်းသားပါတီတွေဘက်ကပဲ ရပ်တည်မယ်ဆိုတဲ့ သူများတယ်။ကျနော်တို့ ကတော့ ဒီပါတီကြီးတွေ ဒေသခံ တိုင်းရင်းသား တွေ ခေါ်မယ်၊ အရည်အချင်းရှိတဲ့သူ ကိုခေါ်မယ်၊နေရာပေးမယ် ဆိုတော့ သူတို့ မက်လုံးက သိပ်ပြီး အစွမ်းထက်မယ့် အနေအထားတော့ မရှိတော့ဘူး။ ဒီအတွက်လည်း ကျနော်တို့ ကိုယ့်ရဲ့ ရပ်တည်ချက်ကိုပဲမှန်မှန်လေး၊ဘယ်လောက်ပဲ အခြေအနေတွေဆိုးနေပါစေ၊ ဘယ်လောက်ပဲ ထောင်ဒဏ်တွေ များနေပါစေ ဒါတွေက ကိုယ့်ရဲ့ ရပ်တည်မှုပဲ။ ဒီအပေါ်မှာပဲ ရပ်နေ တယ်။ အဲဒါက ကျနော်တို့ ပြင်ဆင်မှုပဲ။ ကျနော်တို့မှာတော့ ငွေရေးကြေးရေး၊ အဆောက်အဦတွေ ဟိတ်နဲ့ဟန်နဲ့ မလုပ်နိုင်ဘူးပေါ့။ ဒါပေမယ့် ရပ်တည်ချက် ကတော့ ကျနော်တို့ရဲ့ တစ်ခုတည်းသောပြင်ဆင်ထားတဲ့ လက်နက်ဖြစ်တယ်။အဲဒီအပေါ်မှာ ယုံယုံကြည်ကြည်နဲ့ ၂၀၂၀ ရွေးကောက် ပွဲ ကို ကျော်ဖြတ်နိုင်မယ်လို့ ယုံကြည်နေတယ်။

ငြမ်းမီဒီယာ- ခွန်းဘီထူး ဆိုလိုတာက ၂၀၂၀ မှာ NLD လို အစရှိတဲ့ပါတီကြီးတွေ ကို ကျော်လွှားနိုင်မယ်၊နိုင်မယ်လို့ ဆိုလိုတာလား။

KBD – ဟုတ်တယ်ဗျ။ကျနော်တို့ အဲလို ယုံကြည်ထားတယ်။ မဲအရေအတွက် က အရင် ရွေးကောက်ပွဲမှာတိုင်းရင်းသား ပါတီတွေ ကွဲသွားတယ်။ နောက်တစ်ခုက မဲတွေကြည့်လိုက်ရင် တတိယေ နရာလိုက်တယ်။ ကြံ့ခိုင်ရေးပါတီ နောက်တောင် ရောက်ခဲ့ေ သးတယ်။ဒါပေမယ့် ဒီနေ့ဒီအချိန်မှာတော့ စည်းရုံးရေး အခြေအနေတွေအပေါ်မူတည်ပြီး ဒီနှစ်ခုလုံးကို ကျော်ဖြတ်နိုင်မယ်လို့ ယုံကြည်ထားတယ်ဗျ။

ငြမ်းမီဒီယာ- ကယန်းအမျိုးသားပါတီအနေနဲ့ ဒေသခံ တိုင်းရင်းသားတွေရဲ့အသံ၊တိုင်းရင်းသားတွေရဲ့ ဆန္ဒကို ဘယ်လောက်ထိ ကိုယ်စားပြုနိုင်မလဲ။ဘယ်လောက်အထိလုပ်ပေးနိုင်မလဲ။

KBD – ဒေသခံလူထုရဲ့ လိုအပ်ချက်တွေကို အကောင်းဆုံးလေ့လာထားတယ်။ ကျနော်တို့ မူဝါဒ (၁၂)ခု ။အရေးကြီးတဲ့ မူဝါဒ (၁၂) ခု ကို ကျနော်တို့ပြင်ဆင်ထားတယ်။ မြေယာမူဝါဒတွေ အပါအဝင် ဒေသခံတွေရဲ့ စီးပွားရေး ကိစ္စတွေ၊ မူးယစ်ဆေးဝါး ကိစ္စတွေ ကျနော်တို့ မူဝါဒထဲမှာ ပြင်ဆင်ထားတယ်။ မူဝါဒတွေရဲ့ လုပ်ငန်း အစီအစဉ်တွေ ၊လူထုကို အကျိုးပြုမယ့် အစီအစဉ်တွေကို လွှတ်တော် ရွေးကောက်ပွဲ က နေ၊ လွှတ်တော်အမတ်တွေကနေတဆင့် လုပ်သွားဖို့ ပြင်ဆင် ထားတယ်။ဒီလို လုပ်တဲ့ အချိန်မှာ လူထုရဲ့ အိမ်မက် ကို ထင်ဟပ်တာ အကောင်အထည် ဖော်ပေး နိုင်ပါ့မလားပေါ့။ယုတ်စွအဆုံး ကျနော်တို့က ပြည်နယ်အစိုးရတွေမှာ ဝန်ကြီးနေရာ တွေမှာ ရနိုင်ရဲ့လား ဆိုတဲ့မေးခွန်းတွေ မေးကြလေ့ရှိတယ်။ကျနော့် အနေနဲ့ ပြည်နယ်ဥက္ကဌ တို့ ၊ပြည်နယ် ဝန်ကြီးချုပ် တို့ ၊ပြည်နယ် ဝန်ကြီးတို့နေရာတွေက အတိုင်းအတာတစ်ခု အထိ အရေးကြီး တယ်။ဒါပေမယ့် အဲဒါက ဘယ်အပေါ်မှာ အဆုံးအဖြတ် ပေးမလဲ ဆိုတော့ ပြည်နယ် လွှတ်တော်တွေမှာ ဘယ်လိုလုပ်နိုင် မလဲရယ်၊ကျနော်တို့က ဘယ်သူတွေနဲ့ မဟာမိတ် လုပ်မလဲ ဆိုတဲ့ အပေါ်မှာ အဆုံးအဖြတ်ရှိ တယ်။ ဒီမှာက ပြည်နယ် လွှတ်တော် တွေမှာ အနိုင်ရဖို့ရယ်၊ လွှတ်တော်အမတ် တွေမှာ ခိုင်လုံတဲ့ ရာခိုင်နှုန်း တစ်ခု၊ကျနော်တို့ မျှော်လင့်ထားတဲ့ ၊ကျနော်တို့ တိုင်းရင်းသားတွေအားလုံးက ရာခိုင်နှုန်း နှစ်ဆယ် ကျော် လောက်မှာ နေရင် တော့ အင်အားကြီးပါတီတွေ ကျနော်တို့နဲ့စကားပြောရမှာပဲ။ အဲလိုတော့ ကျနော်တို့ ရည်မှန်းထား တယ်။အဲဒီတော့ ကျနော်တို့ နိုင်အောင်ပဲ အဓိကဦးတည်မယ်။ ပြည်သူလူထုရဲ့ ဆန္ဒကိုတော့လက်ရှိလွှတ်တော် အမတ်တွေ ထက် အများကြီးသာတဲ့၊လုပ်နိုင်တဲ့ အရည်အချင်းရှိတဲ့သူကို ကျနော်တို့ပြင်ထားတဲ့အတွက် ဒီဟာကိုဖြည့်ဆည်း နိုင်လိမ့်မယ်။ အဲဒီကနေ ကျနော်တို့ အဆိုတွေ၊ ကျနော်တို့ စည်းရုံးမှုတွေအောင်မြင်ရင်တော့ ပြည်နယ်ဝန်ကြီး တာဝန်သော် လည်းကောင်း၊ ပြည်နယ် ဝန်ကြီးချုပ် တာဝန်သော် လည်းကောင်း၊ညွှန့်ပေါင်းအစိုးရမှာသော် လည်းကောင်း ပါနိုင်ဖို့ လည်း မျှော်လင့်တယ်။ ကျနော်တို့ ယုံယုံကြည်ကြည်နဲ့ ကျနော်တို့ သွားနေတဲ့လမ်းကြောင်းမှန်ဖို့ပဲ ကျနော်တို့ ရပ်တည်နေတယ်။

ငြမ်းမီဒီယာ- ဒေသခံတိုင်းရင်းသားတွေ ကရော ကိုယ့်တိုင်းရင်းသား ပါတီတွေအပေါ် ဘယ်လောက် အထိ ထောက်ခံ အားပေးမှု ရှိလဲ။ ဘယ်လိုတွေ့ရလဲ။ဘယ်လိုခန့်မှန်းမိလဲ။

KBD – တိုင်းရင်းသားတွေဘက်မှာတော့ နိုင်ငံရေးကိုလေ့လာတဲ့ လူထုကတော့ Issue ကိုကြည့်တယ်။ Issue အပေါ်မူတည်ပြီးတော့ စိတ်ပျက်တယ်၊ထောက်ခံတယ် ဆိုတာ သိသာတဲ့ ယေဘုယျ အခြေအနေ တစ်ခုဖြစ်တယ်။ လူထုအားလုံးက ကျနော်တို့ရဲ့ ဘယ် အခြေအနေရောက်ရောက် ဒီဘက်မှာ သူတို့တကယ်အားကိုးမယ်၊ သူတို့ ယုံကြည်နေတဲ့အရာ၊တင်ဟပ်ပေးနေတဲ့ အရာက ဒေသခံ ပါတီတွေပဲဖြစ်တယ်။ ဥပမာဆိုရရင် နယ်မြေတစ်ခုမှာမြေသိမ်းတဲ့ ဟာနဲ့ ပတ်သက်ပြီး ဒီကိစ္စစီမံခန့်ခွဲတဲ့ အချိန်မျိုးမှာ လက်ရှိ အစိုးရ သတ်မှတ် ထားတဲ့ မြေလွတ်၊မြေရိုင်းဥပဒေနဲ့တော့ သူတို့ရဲ့မြေယာအခွင့်အရေးတွေက ဘယ်လိုမှ ရနိုင်မှာ မဟုတ်ဘူးလေ။

လူဦးရေအများဆုံဖြစ်တဲ့ ဗမာတွေက ဒီတိုင်းပြည်ကို ဗမာတိုင်းရင်းသားတွေက ဦးဆောင် နေချိန်မှာ ကောင်းမွန်ပြတ် သားပြီး မျှတတဲ့ ဦးဆောင်မှု၊ ခေါင်းဆောင်မျိုးဖြစ်ဖို့ ဗမာ တိုင်းရင်းသား အပေါ်မျှော်လင့်ထားတယ် …

ဒါပေမယ့်ကျနော်တို့ တိုင်းရင်းသားပါတီတွေထဲမှာ ဌာနေတိုင်းရင်းသားတွေ မြေယာစီမံခန့်ခွဲမှုနဲ့ ဓလေ့ထုံတမ်း မြေယာ ဥပဒေ တွေကို ကျနော်တို့က အကာအကွယ်ပေးမယ့် ပါတီတွေ ဖြစ်တဲ့အတွက် ကျနော်တို့ ပါတီတွေနဲ့ လူထုကတော့ ဒီအပေါ်မှာ ချိတ်ဆက် မှုရှိရှိ သွားနေတုန်းပဲ။ ဒါတွေက ကင်းကွာမှု မရှိဘူး။တစ်ဖက်မှာလည်း လူထုက ကျနော်တို့အပေါ်မှာ ယုံကြည်လောက်တဲ့ အားကိုးမှု ဘာတွေလဲဆိုတော့ အရည်အချင်းနဲ့ လုပ်ရည်ကိုင်ရည်အပေါ်မှာ မေးခွန်းထုတ်လာကြတယ်။ ကျနော်တို့ကလည်း အဲဒီအပေါ်မှာ ပြင်ဆင်ထားတယ်။ ကျနော်တို့ တိုင်းရင်းသားပါတီ အထူးသဖြင့် ဒီကနေပြောချင်တာ လူထုကို ကျနော် အာမခံ ပေးချင်တာ အရည်အချင်းရှိတဲ့ လူငယ် လူလတ်ပိုင်း တွေနဲ့ ပြုပြင်ပြောင်းလဲမှုတွေ လုပ်နေတယ်ဆိုတာကို ရှင်းရှင်းလင်းလင်း ပြောချင်တယ်။ အရင်မဆလ ခေတ်က လူကြီးတွေနဲ့ ပါတီကို ဦးဆောင်နေတာမဟုတ်ဘူး။ အတွေ့အကြုံ မရှိတဲ့ လူတွေနဲ့ သွားနေ တာ မဟုတ်ဘူး။ရဲရင့်ပြတ်သားတဲ့ လူတွေ၊ အရည်အချင်းရှိတဲ့လူတွေ ၊ကိုယ့်ရဲ့ဒေသ အရေး၊ကိုယ့်ရဲ့ တိုင်ရင်းသားအရေး ကို လုပ်ဆောင် နေတဲ့အတွက် လူငယ်ခေါင်းဆောင်တွေက အပြောင်းအလဲ ကိုလုပ်ပေးနိုင် တဲ့သူတွေ ၊တိုင်းရင်းသားဒေသခံေ တွရဲ့အခွင့်အရေးကို တကယ်ရအောင် တောင်းဆိုပေးနိုင်တဲ့ လူတွေဖြစ်တယ်။ အနစ်နာခံပြီးတော့ တောင်းဆိုမယ့်လူတွေဖြစ်တယ်။ ဒေသခံလူထု အားလုံး က လည်း ကိုယ့်တိုင်းရင်းသား ပါတီအပေါ်ရပ်တည်နိုင်ဖို့အတွက်အခြေအနေကောင်းဖြစ်တယ်။ ဒီအပေါ်မှာ ရပ်တည်ပြီး တော့ ကိုယ့်ရဲ့ တိုင်းရင်းသားတွေ အားလုံးရဲ့ ကယန်းတိုင်းရင်းသားတွေ အားလုံးရဲ့ အမျိုးသား ရည်မှန်းချက်ကို ဒီနေရာမှာ အောင်အောင် မြင်မြင်နဲ့ အကောင်အထည်ဖော်နိုင်မယ့် အခြေအနေ ဖြစ်တယ်။ ဒါကြောင့်မို့ ကျနော်တို့ က ကိုယ့်တိုင်းရင်းသားလူထုနဲ့ အမြဲ နီးစပ် တယ်လို့ ကျနော်သုံးသပ်တယ်။

ငြမ်းမီဒီယာ- ခွန်းဘီထူး က နိုင်ငံရေးအကျဉ်းသားတစ်ယောက်လည်း ဖြစ်ခဲ့ဖူးတယ်။ ထောင်ကျခဲ့တဲ့အချိန်မှာ၊ အကျဉ်းစံ ဘဝမှာ ဘာတွေ သင်ယူခဲ့ရလဲ။ဘယ်လိုအတွေ့အကြုံတွေရခဲ့လဲ။

KBD – ကျနော့်အနေနဲ့ ထောင်ထဲမှာ ကြီးမားတဲ့အရာသုံးခု သင်ယူခဲ့ရတယ်လို့ ကျနော်ယူဆတယ်။ နံပါတ်တစ် က ကျနော် တိုင်းရင်းသားပေါင်းစုံနဲ့ ထောင်ထဲမှာတွေ့ဖြစ်ခဲ့တယ်။ လွိုင်ကော်ထောင်၊ တောင်ငူထောင်၊ တောင်ကြီးထောင် ရောက်ခဲ့တယ်။ ဒီထောင်ပြောင်းချိန်တွေမှာ တိုင်းရင်းသား ပေါင်းစုံရဲ့ နိုင်ငံရေးတွေကိုသင်ယူခွင့်ရတယ်။ ကျနော့်ရဲ့အကြီးမားဆုံး သင်ဆရာ ဦးခွန်ထွန်းဦး။ တောင်ငူထောင်မှာ ကျနော်ခြောက်လ ၊ကိုးလလောက်အထိ နိုင်ငံရေးကိစ္စတွေသူတို့နဲ့ လေ့လာ ခဲ့ရတယ်။

ဒီတိုင်းပြည်မှာ ခွဲခြားမှုမရှိဘဲ ဖွံ့ဖြိုးတိုးတက်တဲ့ ၊သံယံဇာတတွေ ၊လူ့အရင်းအမြစ်တွေကို အကျိုးရှိရှိ အသုံးချနိုင်ဖို့ တူညီတဲ့ဘောင်မျိုး ဒီလို ပလက်ဖောင်းမျိုးကNLD မှာလည်း မရှိတော့ဘူး။ ကြံ့ခိုင်ရေးပါတီမှာလည်း ရှိဖို့လည်းမရှိဘူး …

သူတို့တွေရဲ့ သင်ကြားမှုက သမိုင်းကြောင်းနဲ့ ပတ်သက်တဲ့ အရာတွေ၊ နောက် အရှိတရားပေါ့ ရုပ်ဝါဒနဲ့ ပတ်သက်တဲ့ အပိုင်းတွေ ၊အထူးသဖြင့် တိုင်းရင်းသား အခွင့်အရေး၊ ရသင့်ရထိုက်တယ်ဆိုတဲ့ ဟာက ဒါကို ဘယ်လိုရအောင်ယူမလဲဆိုတဲ့အပိုင်းမှာ သူတို့ ထောက်ပြ ပေးတယ်။ ဒါက ကျနော့်သင်ယူမှုအပေါ်မှာ အများကြီးထင်ဟပ်တယ်။ ဒါကြောင့်မို့ ဒီ ရပ်တည်ချက် တွေက သူတို့ရဲ့ သင်ကြားမှုနဲ့ နောက်ပြီးတော့ ထောင်ကထွက်တော့ ဒီ အချိတ် အဆက်တွေနဲ့ ပဲ ကိုမြအေး၊ဦးမြင့်အေး လိုလူမျိုးတွေ ၊NLD က တချို့ပုဂ္ဂိုလ်တွေ နဲ့ ချိတ်ဆက်ပြီး အလုပ်လုပ်ခဲ့တယ်။ တောင်ကြီးထောင်မှာ ကျခဲ့တဲ့ လူငယ်တွေနဲ့လည်း အချိတ် အဆက် ရှိတော့ ဒီနက်ဝပ်ခ်က ပိုကျယ်ခဲ့တယ်။ ကျနော်ကိုယ်တိုင်က လည်း နိုင်ငံခြားကို ထွက်သွား တာထက်စာရင် ဒီပြည်တွင်းမှာ မြန်မာ့ နိုင်ငံရေးကို ဇောက်ချလုပ်ဖို့ ဆုံးဖြတ်ဖြစ်ခဲ့ တာကလည်း ထောင်တွင်းနိုင်ငံရေး တွေရဲ့ အတွေးအခေါ်တွေနဲ့ ချိတ်ဆက် မှုကြောင့်ပဲ။ ဂျိမ်းစ်တို့၊ ကျော်ကျော်အာင်တို့က ဒီနောက်ပိုင်းမှာ ချိတ်ဆက်ဖြစ်ခဲ့တာ တွေပေါ့။ ဒီထောင်တွင်းနို င်ငံရေးက အာဏာရှင် တစ်ခေတ် ကို ဖြတ်ကျော်ခဲ့ တယ်ဆိုရင် နောက်ပိုင်းမှာ အာဏာရှင် ဆန်တဲ့ ဟာတွေ က ဘယ်လိုပုံစံ ရှိတယ် ဆိုတာ သုံးသပ် နိုင်တယ်။ နောက်တစ်ခု ကထောင်က ထွက်ပြီး ထောင်တွင်းမှာ ဖြတ်သန်းခဲ့သူအားလုံးရဲ့ ခံယူချက် တစ်ခုက ဒီတိုင်းပြည် မှာ တိုင်းရင်းသားချည်းပဲ ကိုယ့်အခွင့်အရေး ကိုယ် တောင်းဆိုနေလို့မရဘူး။ ဗမာတွေကပဲ ကိုယ့်ရဲ့ အမျိုးသားရေးကို အစွန်းရောက် ကာကွယ်ပြီးမှ ဒီနိုင်ငံကို ဆက်ပြီး လွှမ်းမိုး ချင်တယ်။အုပ်ချုပ်ချင်တယ် လုပ်လို့ မရတော့ ဘူး။ဒီတိုင်းပြည်မှာ ဗမာတိုင်းရင်းသား အပါအဝင် တိုင်းရင်းသားပေါင်းစုံတဲ့ ဖက်ဒရယ် ပြည်ထောင်စု တစ်ခုကိုပေါ်ပေါက်ဖို့ ၊ဒီတိုင်းပြည်မှာ အားလုံး သာတူညီမျှ တန်းတူ ညီမျှနဲ့ နေထိုင်နိုင်ဖို့ဖြစ်တယ်။ တရားဥပဒေ စိုးမိုးပြီး အားလုံးက ဒီတိုင်းပြည်မှာ ခွဲခြားမှုမရှိဘဲ ဖွံ့ဖြိုး တိုးတက် တဲ့ ၊သံယံဇာတတွေ ၊လူ့အရင်းအမြစ်တွေကို အကျိုးရှိရှိ အသုံးချနိုင်ဖို့ တူညီတဲ့ဘောင်မျိုး ဒီလို ပလက်ဖောင်းမျိုးကNLD မှာလည်း မရှိတော့ဘူး။

ကယန်းတိုင်းရင်းသားတွေနေတဲ့ နယ်မြေတွေကို ပြန်စုစည်းပြီး အရင်တုန်းက နယ်နိမိတ်ဟောင်းဖြစ်တဲ့ ကရင်နီပြည် ကို အခုလိုပဲ ကယားပြည်နယ်မှာ ပြန်စုစည်းနိုင်ဖို့ ကျနော်တို့ ရည်မှန်းချက် ရှိတယ် …

ကြံ့ခိုင်ရေးပါတီမှာလည်း ရှိဖို့လည်းမရှိဘူး။ ဒီမျိုးဆက်မှာကျနော်တို့ရဲ့နောက်ထပ် ပေါ်လာမယ့် နိုင်ငံရေးဖရိန်တစ်ခု အပေါ်မှာ ယုံယုံကြည်ကြည်နဲ့ သွားနေတယ်။ဒီဟာကိုလည်း အချိတ်အဆက်ရှိရှိ သွားနေတယ်။ ထောင်တွင်း နိုင်ငံရေးကနေ ဒီ အချက်တွေကို ဖြတ်ကျော် လာခဲ့တယ်။ ကျနော့်ပါတီရဲ့ နိုင်ငံရေးကိစ္စတွေ၊ ကျနော့်ဒေသရဲ့ နိုင်ငံရေးကိစ္စတွေ တည်ဆောက်နေတယ်။ ကျနော်တို့ ကိုယ်ဒေသမှာ ကိုယ် တည်ဆောက်တဲ့ဟာတွေက ဒီနိုင်ငံအတွက်ကို ရည်စူးတာဖြစ်တယ်။ ဒီနိုင်ငံမှာ ကျနော်တို့ အားလုံးအတူတူ ကျောသားရင်သားမခွဲခြားတဲ့ နိုင်ငံရေးဖြစ်စဉ်တစ်ခု ထွက်ပေါ်လာမယ်လို့ မျှော်လင့်ထားတယ်။ ဒီဟာကိုလည်း ကျနော်တို့ ရအောင်လုပ်နိုင်မယ်လို့ ယုံကြည်တယ်။

ငြမ်းမီဒီယာ – တချို့ကတော့ နိုင်ငံရေးမှာ ဗမာလူမျိုးကြီးဆိုပြီး မုန်းတီးမှုမှာ အထိုင်ချပြီးပြောဆို တာတွေ့ရတယ်။အခု ခွန်ဘီထူးက ဗမာကိုတိုင်းရင်းသာတစ်ရပ်အနေနဲ့ သုံးနှုန်းပြောတာလည်း တွေ့ရတယ်။အဲဒါနဲ့ပတ်သက်ပြီး ပြောပြပါဦးဗျ။

KBD – ဗမာအမျိုးသားတွေနဲ့ပတ်သက်ရင် ကျနော်က တိုင်းရင်းသားတစ်ခုအနေနဲ့မြင်တယ်။ ဒီနိုင်ငံမှာ လူဦးရေ အများဆုံး တိုင်းရင်းသား တစ်ခုအနေနဲ့မြင်တယ်။ လူဦးရေအများဆုံဖြစ်တဲ့ ဗမာတွေက ဒီတိုင်းပြည်ကို ဗမာတိုင်းရင်းသားတွေက ဦးဆောင် နေချိန်မှာ ကောင်းမွန်ပြတ် သားပြီး မျှတတဲ့ ဦးဆောင်မှု၊ ခေါင်းဆောင်မျိုးဖြစ်ဖို့ ဗမာ တိုင်းရင်းသား အပေါ်မျှော်လင့်ထားတယ်။ ဗမာ တိုင်းရင်းသားတွေ အနေနဲ့ ပြည်ထောင်စုကို ပုံဖော်တဲ့အချိန်မှာ ဗမာအမျိုးသား အကျိုးစီးပွားအတွက် ပုံဖော်တာမျိုးမဟုတ်ဘဲ တိုင်းရင်းသား အားလုံးအတွက်ပုံဖော်တဲ့ အမျိုးသားရေး ပေါ့။ဒါက ဗမာ တိုင်းရင်းသားပဲဖြစ်ဖြစ်၊ဘယ်သူ့ကိုပဲဖြစ်ဖြစ် အဲလို မြင်ချင်တယ်။ အဲဒီလိုမျိုး ရပ်တည်ပေးနေတဲ့ ဗမာတိုင်းရင်းသား ညီအစ်ကိုတွေနဲ့လည်း ကျနော်အမြဲတမ်းလက်တွဲနေတယ်။

ငြမ်းမီဒီယာ – ဒေသအခြေပြု တိုင်းရင်းသားပါတီစစ်စစ် အရေအတွက်က အဲဒီမှာ ဘယ်လောက် ရှိလဲဗျ။

KBD – လတ်တလောက ကျနော်တို့ ကယန်းအမျိုးသားပါတီရှိတယ်။ ကယားပြည်နယ် ဒီမိုကရက်တစ် ပါတီ ကတော့ ဗမာ တိုင်းရင်းသား အပါအဝင် ၊ရှမ်းတိုင်းရင်းသားတွေ စုဖွဲ့ထားတဲ့ပါတီဖြစ်တယ်။သူက ကယားပြည်နယ်မှာတော့ အခြေစိုက် တယ်။ဒါပေမယ့် အလွှာပေါင်းစုံ ၊တိုင်းရင်းသားပေါင်းစုံနဲ့ ပြန်စုဖွဲ့ထားတယ်။ ကျနာ်တို့က မဟာမိတ် လုပ်ထားတယ်။ ကျနော် တို့ကတော့ ကယားပြည်နယ် မှာတော့ တိုင်းရင်းသား တစ်ခုတည်းကို ဦးတည်ပြီးတော့ လှုပ်ရှားနေတဲ့ ကယန်းအမျိုးသား ပါတီဖြစ်တယ်။ ဒါပေမယ့် ကယန်းလူထုတွေ နေတဲ့ နေရာမှာတော့ မဲဆန္ဒနယ် တွေခွဲထားတယ်။ ကယားပြည်နယ် ဒီမိုကရက်တစ် ပါတီနဲ့ အချိတ်အဆက် လုပ်ထားတယ်။ ကျနော်တို့က လူမျိုးစုတစ်ခု အပေါ်မှာ ရပ်တည်တဲ့ပါတီဖြစ်တယ်။ ဒါပေမယ့်လည်း အခြား ပါတီနဲ့ ချိတ်ဆက်ထားတယ်။ ကျနော်တို့ ကယန်း အမျိုးသားပါတီရဲ့ အခက်အခဲ ကိုပြောရရင်တော့ လူမျိုးစုမှာတော့ ကယား ပြည်နယ် မှာ လူမျိုးစုအနေနဲ့ ကျနော်တို့ ကိုယ်ကျနော်တို့ ကရင်နီလို့သတ်မှတ်တယ်။ ကရင်နီပြည် ထဲမှာနေတဲ့ ကယန်း တိုင်းရင်း သားတွေ ပေါ့။ ကျနော်တို့ ကယန်း တိုင်းရင်းသားတွေ ရှမ်းပြည်နယ်ဘက်မှာလည်း အကြောင်းအမျိုးမျိုးကြောင့် ဖယ်ထုတ် ခံလိုက်ရတာ ရှိတယ်။ နေပြည်တော်ဘက်မှာ ဖယ်ရှားခံရတာရှိသလို ကရင်နီပြည်ဘက်မှာလည်း အုပ်ချုပ်ရေးနယ်မြေအရ ဖယ်ထုတ် ခံရတာတွေရှိတယ်။ ကျနော်တို့ ရည်မှန်းချက်က ကယန်းတိုင်းရင်းသားတွေနေတဲ့ နယ်မြေတွေကို ပြန်စုစည်းပြီး အရင်တုန်းက နယ်နိမိတ်ဟောင်းဖြစ်တဲ့ ကရင်နီပြည် ကို အခုလိုပဲ ကယားပြည်နယ်မှာ ပြန်စုစည်းနိုင်ဖို့ ကျနော်တို့ ရည်မှန်းချက် ရှိတယ်။ အဲဒါကြောင့် ကျနော်တို့က ကယန်းတိုင်းရင်းသား၊ ကယန်းပါတီဆိုတဲ့ဟာနဲ့ ဆက်ပြီးရပ်တည်နေတာဖြစ်ပါတယ်။

ငြမ်းမီဒီယာ – ရွေးကောက်ပွဲကော်မရှင်ဟာ တရားမျှတမှုမရှိနိုင်ဘူး၊ မယုံကြည်ဘူးလို့ ပြောဆို လာတဲ့ပါတီတွေရှိတယ်။ ခွန်းဘီဒူး တို့ကရော ၂၀၂၀ ရွေးကောက်ပွဲဟာ လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲဖြစ်မယ်လို့ ယုံကြည်လား။

KBD – လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲဖြစ်အောင် ဝိုင်းဝန်းပြီး ဖိအားပေးမယ်။ဖြစ်အောင်လည်း တိုက်တွန်းမယ်။ ရွေးကောက်ပွဲဟာ လွတ်လပ်ပွင့်လင်းလိမ့်မယ်လို့တော့ ကျနော်ယုံကြည်တယ်။ ဒါပေမယ့် ရွေးကောက်ပွဲ ကော်မရှင်ရော၊ ရွေးကောက်ပွဲ ဥပဒေကရော အကန့်အသတ်တွေနဲ့ အခက်အခဲတွေ ရှိနေတုန်းပဲ။ မဲဆန္ဒနယ်ခွဲတဲ့ပုံတွေ၊ ရွှေ့ပြောင်း အလုပ်သမားနဲ့ ပတ်သက်ပြီး မဲထည့်တဲ့ကိစ္စတွေရော ၊မဲထည့်တဲ့ လူဦးရေကိစ္စတွေမှာ အကန့်အသတ်တွေရှိတယ်။ တပ်မဲနဲ့ပတ်သက်တဲ့ကိစ္စတွေမှာ တကယ်ပဲပြောင်းနိုင်၊ မပြောင်းနိုင်ဆိုတာ မေးခွန်းထုတ်စရာပဲ။ ဒါပေမယ့် လွတ်လပ်ပြီး တရားမျှတလိမ့်မယ်လို့ မျှော်လင့်တယ်။ အဲလိုပဲဖြစ်မယ်လို့ ယုံကြည်ပါတယ်။

ငြမ်းမီဒီယာ- ကယန်းအမျိုးသားပါတီရဲ့ ရွေးကောက်ပွဲကြွေးကြော်သံက ဘာများလဲဗျ။

KBD – ဒီပြည်ထောင်စုမှာ ကယန်းအမျိုးသားတွေ ရသင့်ရထိုက်တဲ့ဟာ ရနိုင်ဖို့က ကျနော်တို့ရဲ့ ကြွေးကြော်သံပါပဲ။

ငြမ်းမီဒီယာ- ဘာများဖြည့်စွက်ပြောချင်လဲ။

KBD – ကျနော်တို့ပါတီငယ်ငယ်လေးတစ်ခု က ကယန်းလူထုအတွက် ရပ်တည်နေတယ်။ ကယန်း လူထုအပေါ်မှာ ဒီကနေ ကျနော်ပြောချင်တာက ကျနော်တို့ လူထုနည်းနည်းလေးက နိုင်ငံရေး အခွင့်အရေးတွေကို စဉ်းစားတဲ့အခါမျိုးမှာ ၊ပြည်သူတွေရဲ့ စားဝတ်နေရေးကိစ္စကို စဉ်းစားတဲ့အခါမျိုးမှာ အရာရာက နိုင်ငံရေးအပေါ်မှာ မူတည်လာတဲ့ ဟာဖြစ်လာတယ်။ အရာရာ ကတော့ နိုင်ငံရေးအပေါ်မှာ မူမတည်ပါဘူး။ဒါပေမယ့် ကိစ္စကြီးအတော်တော် များများက နိုင်ငံရေး နဲ့တိုက်ရိုက် ရိုက်ခတ် လာတယ်။ ဒါကြောင့် ဒီနိုင်ငံရေးကို အကဲမဖြတ်လို့မရဘူး။ မစဉ်းစားလို့မရဘူး။ အဲဒီတော့ လုပ်ယူတဲ့နေရာမျိုးမှာ နိုင်ငံရေးအရ ကိုယ်စားပြု တောင်းဆိုတဲ့ သူတွေက ပါတီကြီး တွေကနေ မျှော်လင့်ဖို့ဆိုတာ ကျနော်နိုင်ငံရေးလေ့လာမှုအရ၊ အခြားသူတွေ သုံးသပ်မှု အရကြည့်ရင် ဘယ်လိုမှ မရနိုင်ဘူး။NLD ကနေ ကယန်းအခွင့်အရေး၊ကြံ့ခိုင်ရေးဆီကနေ ကယန်း အခွင့်အရေး ဆိုတာ မဖြစ်နိုင် ဘူး။ ကျနော်တို့ မှန်မှန်ကန်ကန် သုံးသပ်နိုင်ဖို့ လိုလာတယ်။အဲဒီအပေါ်မှာပဲ ကျနာ်တို့က လူငယ်လူလတ်ပိုင်းဖြစ်တယ်။ နိုင်သ လောက် အစွမ်းကုန်ကြိုးစားနေတယ်။ ကိုယ်ရဲ့အမျိုးသာရေး အပေါ်မှာရပ်တည်နေတဲ့အတွက် ဒီမှာရှိတဲ့ ကယန်း မိဘပြည်သူ တွေအားလုံး ကိုယ့်ရဲ့ရပ်တည်ချက်၊ ကိုယ့်ရဲ့ အမျိုးသားရေး ရည်မှန်းချက်ကို မမေ့မပျောက်ဘူး ဆိုရင်တော့ ကျနော်တို့ တိုင်းရင်းသား ပါတီတွေကိုလေ့လာဖို့လိုမယ်။ ရပ်တည်ချက်မှန်တယ်ဆိုရင် ဝိုင်းဝန်းထောက်ခံဖို့မမေ့သင့်ဘူး။

ငြမ်းမီဒီယာ – ကျေးဇူးတင်ပါတယ်။

ငြမ်းမီဒီယာ


Share this post
  •  
  •  
  •  
  •  
  •  
ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။

Tags: , , , ,