ကျောက်မဲဆန္ဒပြပွဲ ဦးဆောင်သူများကို အရေးယူသွားမည်

ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။
Share this post
  •  
  •  
  •  
  •  
  •  

Sai Laeng /ကျောက်မဲမြို့ဒေသခံများ ဆန္ဒထုတ်ဖော်နေကြစဉ်

အရပ်သားသေဆုံးသည့်ကိစ္စနှင့်ပတ်သက်ပြီး အရေးယူပေးရန် မြန်မာနိုင်ငံအမျိုးသား လူ့အခွင့်အရေးကော်မရှင်ထံ ကျောက်မဲ မြို့နယ် လွှတ်တော်ကိုယ်စားလှယ်ရုံးက စာပေးပို့တိုင်ကြားထား …

တပ်ကပစ်ခတ်၍ အရပ်သားသေဆုံးသည်ဟု ဆိုကာ ရှမ်းပြည်နယ်၊ ကျောက်မဲမြို့တွင် ဆန္ဒပြခဲ့ကြရာ ဦးဆောင်သူ (၃) ဦးကို ပုဒ်မ (၂) ခုဖြင့် အရေးယူသွားမည်ဖြစ်ကြောင်း တပ် မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့က သတင်းထုတ်ပြန်ထားသည်။

ဆန္ဒဖော်ထုတ်ရခြင်း၏ အကြောင်းအရင်းမှာ ၂၀၂၀ ပြည့်နှစ်၊ ဇွန်လ (၂၉) ရက်၊ နံနက် (၈) နာရီခန့်တွင် ကျောက်မဲမြို့နယ်၊ ပန်ကျင်ကျေးရွာ တစ်ဝိုက်၌ တပ်မတော်နှင့် RCSS/SSA အဖွဲ့တို့ တိုက်ပွဲဖြစ်ပွားစဉ် ပန်ကျင်ကျေးရွာနေ ဦးအိုက်စု (ခ) လုံးစု၊ (၆၀) နှစ်၊ (ဘ) ဦးချင်းဘု၊ တောင်ယာလုပ် ကိုင်သူသည် လက်နက်ငယ်ကျည်ထိမှန်၍ သေဆုံးခဲ့ပြီး ဒေါ်ပါဆိုင်ယုံ (၅၅) နှစ် နှင့် ဦးမောင်ခေ (၅၆) နှစ်တို့သည် ဒဏ်ရာများ ရရှိခဲ့သဖြင့် ၎င်းဒေသခံ (၃) ဦးကို တပ်မတော် က ပစ်ခတ်၍ သေဆုံးဒဏ်ရာ ရရှိခဲ့သည်ဟု ဆိုကာ ဒေသခံ ထောင်ပေါင်းများစွာ က ဆန္ဒထုတ်ဖော်ခဲ့ခြင်းဖြစ်သည်။

ငြိမ်းချမ်းစွာ စီတန်းလှည့်လည်ခြင်းဆိုင်ရာ ဥပဒေပုဒ်မ (၁၉)၊ ကူးစက်ရောဂါများ ကာကွယ်နှိမ်နင်းရေး ဥပဒေပုဒ်မ (၁၈) တို့ဖြင့် သက်ဆိုင်ရာ ဌာနများက အမှုဖွင့် …

အဆိုပါဆန္ဒထုတ်ဖော်ပွဲကို ဇူလိုင် (၉) ရက်နေ့က ခွင့်ပြုချက် တင်ပြလျောက်ထားခဲ့သော်လည်း ပြည်နယ်အစိုးရမှ ခွင့်မပြုကြောင်း၊ ခွင့်ပြုချက်မရရှိဘဲ စုဝေးစီတန်းလှည့်လည် ဆန္ဒဖော်ထုတ်ခဲ့သဖြင့် ဦးဆောင်သူ (၃) ဦးကို ငြိမ်းချမ်းစွာစုဝေးခြင်းနှင့် ငြိမ်းချမ်းစွာ စီတန်းလှည့်လည်ခြင်းဆိုင်ရာ ဥပဒေပုဒ်မ (၁၉)၊ ကူးစက်ရောဂါများ ကာကွယ်နှိမ်နင်းရေး ဥပဒေပုဒ်မ (၁၈) တို့ဖြင့် သက်ဆိုင်ရာ ဌာနများက အမှုဖွင့်အရေးယူ ဆောင်ရွက် သွားမည် ဖြစ်ကြောင်း တပ်မတော်သတင်းမှန်ပြန်ကြားရေး အဖွဲ့က သတင်း ထုတ်ပြန် ထားသည်။

ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။

အရပ်သားသေဆုံးသည့်ကိစ္စနှင့်ပတ်သက်ပြီး အရေးယူပေးရန် မြန်မာနိုင်ငံအမျိုးသား လူ့အခွင့်အရေးကော်မရှင်ထံ ကျောက်မဲ မြို့နယ် လွှတ်တော်ကိုယ်စားလှယ်ရုံးက စာပေးပို့တိုင်ကြားထားပြီး၊ အရေးယူပေးရေးအတွက် ယခုကဲ့သို့ ဆန္ဒထုတ်ဖော်ရခြင်း ဖြစ်ကြောင်း သိရသည်။

ငြမ်းမီဒီယာ


Share this post
  •  
  •  
  •  
  •  
  •  
ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။

Tags: , , , , , ,