ကျောင်းဆရာမတွေ မဲခိုးခဲ့ကြောင်း UEC ဦးလှသိန်း ဝန်ခံ ဆိုတဲ့ သတင်းအမှား ဖြန့်

ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။
Share this post
  •  
  •  
  •  
  •  
  •  

ကျောင်းဆရာမတွေ မဲခိုးခဲ့တာကို ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဌ ဦးလှသိန်း က ဝန်ခံဆိုတဲ့ အကြောင်းအရာတစ်ခုကို Mg Mg Gyi အမည်ရ ဖေ့စ်ဘွတ်ခ်အကောင့်က နိုဝင်ဘာ (၂၃) ရက်နေ့ က ဖြန့်ချိခဲ့တာ တွေ့ရပါတယ်။ သည်နေရာမှာ ကြည့်နိုင်ပါတယ်။ web archive ကို သည်နေရာနဲ့  သည်နေရာမှာ ကြည့်နိုင်ပါတယ်။

ကျောင်းဆရာမတွေ မဲခိုးခဲ့ကြောင်း UEC ဦးလှသိန်း ဝန်ခံ ဆိုတဲ့ အကြောင်းအရာကို စာသားသတ်သတ်ဖြင့် တစ်ကြိမ်၊ ဖော်ပြပါ စာသားနဲ့ ကျောင်းဆရာမတွေရဲ့ ဓာတ်ပုံတွေကို အလွဲသုံးစားပြုပြီး တစ်ကြိမ် စုစုပေါင်း နှစ်ကြိမ် ဖော်ပြခဲ့တာတွေ့ရပါတယ်။

သည်အကြောင်းရာကို ထပ်ဆင့်ဖြန့်ချိသူ၊မှတ်ချက်ပေးသူ၊React ပြုသူတွေကို လည်း တွေ့ရပါတယ်။

ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။

မဖြစ်နိုင်တဲ့ကိစ္စမျိုးကို ပြောတယ်။ ခြေခြေမြစ်မြစ်မရှိဘူး။အဲ့လိုပုတ်ခတ်တာတွေ မဆောင်ရွက်ပါနဲ့။ ဘယ်အဖွဲ့အစည်းမှ လက်ခံမှာ မဟုတ်ဘူး။ ပြည်သူလူထုကလည်း လက်ခံမှာ မဟုတ်ဘူး။ရိုးရိုးတန်းတန်းနဲ့ သမာသမတ်ကြတဲ့နိုင်ငံရေး …

သည်အကြောင်းအရာနဲ့ ပတ်သက်ပြီး ငြမ်းမီဒီယာ က အချက်အလက်စစ်ဆေးခဲ့ရာမှာ သတင်း လုပ်ငန်းစဉ်များနဲ့ အညီဖော်ပြတဲ့ သတင်းဌာနတွေမှာ သည်လို သတင်းဖော်ပြထားတာ မရှိ ပါဘူး။

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဌ ဦးလှသိန်း ရဲ့ ရုပ်သံအင်တာဗျူးမှာလည်း သည်လို အကြောင်းအရာမျိုးပြောဆိုထားတာမရှိပါဘူး။   သည်နေရာမှာ ကြည့်နိုင်ပါတယ်။

ရွေးကောက်ပွဲနဲ့ ပတ်သက်ပြီး အရေးယူထားမှုအခြေအနေတွေကိုလည်း ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်ရဲ့ တရားဝင်စာမျက်နှာမှာ ဖော်ပြထားပါတယ်။ သည်နေရာမှာ ကြည့်နိုင်ပါတယ်။

သည်အချက်အလက်တွေကို ကြည့်ခြင်းအားဖြင့် Mg Mg Gyi ဖြန့်ချိထားတဲ့ အကြောင်းအရာဟာ ဆရာ၊ဆရာမတွေ နဲ့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ကို သတင်းအမှားတွေနဲ့ ပုံဖျက်တိုက်ခိုက်ခြင်းဖြစ်တယ်ဆိုတာ သိနိုင်ပါတယ်။

မဲခိုးစရာ အကြောင်းလည်း မရှိဘူး။ မဲရုံမှာရှိတဲ့ မဲရုံမှုးတွေ၊ဒုမဲရုံမှူးတွေ အဖွဲ့ဝင်တွေရှိတယ်။ နောက်ပြီး လုံခြုံရေးတွေ ရှိတယ်။ ရပ်ကျေးကော်မရှင်တွေရှိတယ်။ ရွေးကောက်ပွဲရဲ့ ကိုယ်စားလှယ်တွေ သက်ဆိုင်ရာ ကိုယ်စားလှယ်လောင်းတွေရဲ့ ကိုယ်စားလှယ်တွေက မဲရုံတစ်ရုံကို အနည်းဆုံး နှစ်ယောက်၊ သုံးယောက်ရှိတယ်။ မဲတွေ ရေတဲ့အခါမှာ ဒါကခိုင်လုံမဲ၊ ပယ်မဲတွေဆိုတာရှိတယ်။ သတ်မှတ်ထားတဲ့ ရွေးကောက်ပွဲဥပဒေ၊ နည်းဥပဒေတွေနဲ့ ဆောင်ရွက်တာဖြစ်လို့ ခိုးလို့လည်း မရဘူး။ခိုးစရာ အကြောင်းလည်း မရှိဘူးလို့ အခြေခံပညာ၊ပညာရေးလုပ်သားသမဂ္ဂများ ဗဟိုအလုပ်အမှုဆောင် ဦးမင်းမင်းထွဋ်  က ပြောပါတယ်။

မဖြစ်နိုင်တဲ့ကိစ္စမျိုးကို ပြောတယ်။ ခြေခြေမြစ်မြစ်မရှိဘူး။အဲ့လိုပုတ်ခတ်တာတွေ မဆောင်ရွက်ပါနဲ့။ ဘယ်အဖွဲ့အစည်းမှ လက်ခံမှာ မဟုတ်ဘူး။ ပြည်သူလူထုကလည်း လက်ခံမှာ မဟုတ်ဘူး။ရိုးရိုးတန်းတန်းနဲ့ သမာသမတ်ကြတဲ့နိုင်ငံရေး ယဉ်ကျေးမှုကိုသွားပါလို့ ဦးမင်းမင်းထွဋ် က မှတ်ချက်ပြုပါတယ်။

ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။

လုပ်ကြံသတင်းအမှားတွေ ဖြန့်ချိနေတာနဲ့ပတ်သက်ပြီး ပြင်းပြင်းထန်ထန်ကန့်ကွက်တယ် လို့ ပညာရေးလုပ်သားသမဂ္ဂများ ဗဟိုအလုပ်အမှုဆောင် ဦးမင်းမင်းထွဋ် က ပြောပါတယ်။

သည်လို လုပ်ကြံသတင်းအမှား ဖြန့်ချိနေမှုဟာ ဆရာ၊ဆရာမထုကို ပိုစော်ကားတယ်လို့ ယူဆပြီး ဆရာ၊ဆရာမတွေနဲ့ လှည့်ပြီး ရန်တိုက် ပေးနေတဲ့ သဘောလည်း ရှိတယ်လို့ အခြေခံပညာ၊ပညာရေးလုပ်သားသမဂ္ဂများ ဗဟိုအလုပ်အမှုဆောင် ဦးမင်းမင်းထွဋ်  က ဆိုပါတယ်။

အခြေခံအားဖြင့် ယုံနိုင်စရာမကောင်းတဲ့ သတင်းအတု၊သတင်းအမှား တွေ၊ လုပ်ကြံသတင်းအမှား တွေဟာ မြို့တွေ၊လမ်းတွေ၊ ရပ်ကွက်တွေထဲကို အဆီးအတားမဲ့ ပျံ့နေတာမျိုးတွေလည်း ရှိပါတယ်။

သည်လို သတင်းအတု၊သတင်းအမှားတွေ ဟာ ငြိမ်းချမ်းပြီးသဟဇာတဖြစ်မှုနဲ့ နေထိုင်နေတဲ့ လူမှုအဖွဲ့အစည်း အပေါ်ကို ဆိုးကျိုးတွေ သက်ရောက်လာနိုင်ပါတယ်။ သတင်းတွေကို စိစစ်ပါ။ချင့်ချိန်ပါ။ သတင်းအတု၊သတင်းအမှား တွေကို ထပ်ဆင့်ဖြန့်ချိခြင်းမပြုပါနဲ့။ အားလုံးဘေးကင်းကျန်းမာကြပါစေ။

ငြမ်းမီဒီယာ


Share this post
  •  
  •  
  •  
  •  
  •  
  •  
  •  
  •  
  •  
  •  
ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။

Tags: , , , ,