ကျောင်းဖွင့်ချိန်နှင့် ကိုဗစ်ကူးစက်မှု အန္တရာယ်

ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။
Share this post
  •  
  •  
  •  
  •  
  •  

Xinhua/ Getty Images မေ၊၁၇၊ နှာခေါင်းစည်းတပ်ဆင်ထားသည့် အစ္စရေး ကျောင်းသား၊ကျောင်းသူလေးးများ

ကျောင်းသား (၁၁၆) ယောက်နဲ့ဆရာ (၁၄) ယောက်ကူးစက်ခံခဲ့ရပြီးကျောင်းပိတ်ခဲ့ရပါတယ်။ အဲ့ဒီကျောင်းကို …

အစ္စရေးနိုင်ငံမှာကျောင်းအားလုံးပြန်ဖွင့်ပြီး နှစ်ပတ်အကြာမှာ စာသင်ခန်းတွေအတွင်း ကိုရိုနာ ဗိုင်းရပ်စ်ပျံ့နှံ့မှုဟာ။ ကျောင်း တစ်ကျောင်းတည်းမှာပဲ လူ (၁၃၀) ကို ကူးစက်ခဲ့ပါတယ်။ ဒီအခြေအနေကြောင့် တာဝန်ရှိသူတွေဟာ ဗိုင်းရပ်စ်ကူးစက်မှုရှိနေတဲ့ ကျောင်းပေါင်း ဒါဇင်နဲ့ချီပြီး ပိတ်ခဲ့ရပါတယ်။ ဗိုင်းရပ်စ်တွေ့တဲ့ ဘယ်ကျောင်းမဆို ပိတ်ထားဖို့လည်း မူဝါဒသစ် တရပ် ချမှတ် ခဲ့ပါတယ်။

ကျောင်းတော်တော်များများမှာရှိတဲ့ဝန်ထမ်းတွေနဲ့ကျောင်းသူ/သားတွေကြားမှာ ဗိုင်းရပ်စ်ပိုး ကူးစက်ခံရတဲ့သူ (၂၀၀) ကျော် တွေ့ရှိခဲ့ ရပြီးနောက်မှာ အစိုးရရဲ့ ဆုံးဖြတ်ချက် ထွက်ပေါ် လာခဲ့တာပါ။

ပညာရေးဝန်ကြီးဌာနရဲ့ထုတ်ပြန်ချက်အရ ပညာရေး ဝန်ထမ်း တွေနဲ့ ကျောင်းသူ/သား (၂၄၄) ယောက်ကို စမ်းသပ်စစ်ဆေးရာမှာ ကိုရိုနာဗိုင်းရပ်စ်ပိုးတွေ့ရှိခဲ့တာပါ၊ မူကြိုကျောင်းတွေ အပါအဝင် ကျောင်းပေါင်း (၄၂) ကျောင်းပိတ်ခဲ့ပြီး ကျောင်းသူ/သား နဲ့ ဆရာ/မ စုစုပေါင်း(၆၈၀၀) ကျော်ကို အစိုးရအမိန့်နဲ့ အိမ်တွေမှာပဲနေပြီး ရောဂါခြေချုပ်လုပ်ထားပါတယ်။

ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။

တာဝန်ရှိသူတွေကတော့ ကျောင်းတွေမှာ ဗိုင်းရပ်စ်ဘယ်လို ကူးစက်ပျံ့နှံ့ခဲ့တာလဲ ဆိုတာကို စစ်ဆေးနေတဲ့ အကြောင်းပြောပါတယ် …

ဒီဖြစ်ရပ်ဟာ ပြီးခဲ့တဲ့အပတ်က ကိုရိုနာဗိုင်းရပ်စ်နဲ့ပတ်သက်တဲ့ တားမြစ်ကန့်သတ်မှုတွေကို အစိုးရက ရုတ်သိမ်းအပြီးမှာပဲ ကပ်ရောဂါ အလွန် ကာလမှာ ချက်ခြင်းပြန်ဖြစ်လာတာပါ။ အစ္စရေးနိုင်ငံမှာ လူ (၃၀၀) အောက်ပဲ သေဆုံးမှုရှိခဲ့လို့ ဝန်ကြီးချုပ် နေတန်ယာဟု ဟာ မေလ အစောပိုင်းမှာ ကပ်ရောဂါကိုထိန်းသိမ်းနိုင်ခဲ့ပြီလို့ကြေညာခဲ့ပြီးတော့ ပြီးခဲ့တဲ့အပတ်က အစ္စရေး နိင်ငံသားတွေ ကို စားသောက်ဆိုင်တွေ သွားကြပြီးပျော်နိုင်ကြပါပြီလို့ ပြောခဲ့ပါ သေးတယ်။

ဒါပေမယ့် စနေ၊ တနင်္ဂနွေရက်တွေမှာဘဲ ဗိုင်းရပ်စ်ကူးစက်မှုတွေကြောင့် ကျောင်းတွေ ပိတ်တာတာအပါအဝင် တားမြစ် ကန့်သတ်ချက်တွေ ပြန်လုပ်ဖု့ိစဉ်းစားလာရပါတော့တယ်၊ ပညာရေးဝန်ကြီးကတော့ အစ္စရေးကျောင်းတွေမှာ ဗိုင်းရပ်စ်ကူးစက် ပျံ့ပွားတဲ့ အရေအတွက်ဟာ နည်းပါးလို့ ကျောင်းအားလုံးပိတ်တာဟာ မှန်ကန်မျှတမှုမရှိဘူးလို့ ပြောပါတယ်။

ကျောင်းတွေကိုမေလအစောပိုင်းက စတင်ဖွင့်လှစ်ခဲ့ပြီး ဗိုင်းရပ်စ်ကူးစက်မှုကို ကာကွယ်နိုင်ဖို့အတွက် ကျောင်းသားတွေကို အုပ်စုငယ်လေးတွေခွဲထားပြီး ကျောင်းချိန်ခွဲဖွင့်ခဲ့တာပါ၊ မေ (၁၇)ရက်မှာတော့ စာသင်ခန်းအချိုးအစား အကျယ်အဝန်း ကန့်သတ်ချက်တွေကို ရုတ်သိမ်းခဲ့ပါတယ်။

သိသာထင်ရှားတဲ့ ကူးစက်ပျံ့နှံ့မှုကတော့ ဂျေရုဆလင်မြို့ထဲက သမိုင်းဝင် အလယ်တန်းနဲ့ အထက်တန်းကျောင်းဖြစ်တဲ့ ဂျင်မ်နေး စီးယားရီဟာ ဗီးယားမှာ လွန်ခဲ့တဲ့အပတ်က ဖြစ်ခဲ့တာပါ။ ကျောင်းသား (၁၁၆) ယောက်နဲ့ဆရာ (၁၄) ယောက် ကူးစက် ခံခဲ့ရပြီး ကျောင်းပိတ်ခဲ့ရပါတယ်။ အဲ့ဒီကျောင်းကို ၁၉၂၈ ကတည်ဆောက်ခဲ့ပြီး ဝန်ကြီးချုပ်အစ်ကိုအပါအဝင် ထင်ရှားတဲ့ စာရေးဆရာနဲ့ နို င်ငံရေးသမားတွေကို မွေးထုတ် ပေးခဲ့တာပါ။

ကျန်းမာရေးဌာန တာဝန်ရှိသူတွေကတော့ ကျောင်းတွေမှာ ဗိုင်းရပ်စ်ဘယ်လို ကူးစက်ပျံ့နှံ့ခဲ့တာလဲ ဆိုတာကို စစ်ဆေးနေတဲ့ အကြောင်းပြောပါတယ်။

ကျောင်းပြန်ဖွင့်ရင် ကူးစက်နိုင်တာကိုတော့ မျော်လင့်ထားပြီးသားပါလို့ လျော့ပေါ့ ပြောပါတယ်၊ တောင်ကိုရီးယားနဲ့ စင်္ကာပူမှာ …

ဆရာတစ်ယောက်ကတော့  ဗိုင်းရပ်စ်သယ်ဆောင်ထားတဲ့ ခုနှစ်တန်းကျောင်းသားတယောက်ကိုစတင် တွေ့ရှိပြီးတဲ့ နောက်မှာ တစ်တန်းလုံး က ကျောင်းသားတွေကို အိမ်မှာပဲနေဖို့ ညွှန်ကြား ထားတယ်လို့ပြောပါတယ်။

ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။

ဒီပုံစံနဲ့ ကျောင်းပြန်တက်ခဲ့ကြတာမှားသွားပါတယ် လို့ သူကပြောပါတယ်၊ ဆရာတွေကို သတင်းမီဒီယာတွေနဲ့ အမေးအဖြေမလုပ်ဖို့ အမိန့်ထုတ်ထားတာကြောင့် သူ့နာမည်ကို မထည့်ဖို့ပြောပါတယ်၊ လူသိသွားပြီး အလုပ်ပြုတ်မှာစိုးရိမ်နေတာပါ။

အစ္စရေးနိုင်ငံတဝှမ်းမှာတော့ မိဘတော်တော်များများဟာ ဆက်ပြီးဖွင့်နေဆဲဖြစ်တဲ့ ကျောင်းတွေကနေသူတို့ သားသမီးတွေကို ပြန်ခေါ်ထား ကြပါပြီ။ ဂျက်ဖါမြို့ထဲက ပြင်သစ်ရိုမန်ကက်သလစ်ကျောင်းကတော့ ကျောင်းသားတချို့ရဲ့ အဖေတစ်ယောက်ရောဂါ ကူးစက်ခံရပြီးနောက်မှာ သူ့ကလေးတွေရဲ့ အိမ်ပြန်ပို့ထားခဲ့ပါတယ်။ ဒါပေမယ့် တခြားမိဘတွေက သူတို့ကလေးတွေကို ကျောင်းမပို့ ကြတော့ပါဘူး။

အစ္စရေးရဲ့ ကိုရိုနာဗိုင်းရပ်စ် ကာကွယ်တားဆီးရေးမှာ ပါဝင်ဆောင်ရွက်နေတဲ့ ဒေါက်တာအာနွန်အဖ် ကတော့ ကျောင်းပြန်ဖွင့်ရင် ကူးစက်နိုင်တာကိုတော့ မျော်လင့်ထားပြီးသားပါလို့ လျော့ပေါ့ ပြောပါတယ်။ တောင်ကိုရီးယားနဲ့ စင်္ကာပူမှာလည်းဖြစ်နေတာ ဆိုတော့ အံသြစရာ မဟုတ်ပါဘူး လို့ သူကပြောပါတယ်။

စိုးမြန်မာ

Daniel Estrin ၏ After Reopening Schools, Israel Orders Them To Shut If COVID-19 Cases Are Discovered ကို မြန်မာပြန်ဆိုသည်။


Share this post
  •  
  •  
  •  
  •  
  •  
ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။

Tags: , , , , , , , ,