ကျောင်းမဖွင့်လို့အပြစ်မတင်ပါဘူး။ ကျေးဇူးတင်မှာပါ

ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။
Share this post
  •  
  •  
  •  
  •  
  •  

လူစုလူဝေးကြီးတွေ နေ့တိုင်းလိုလိုဖြစ်နေမယ့်အခြေအနေဆိုတော့ စိတ်ပူစရာကောင်းတယ်။ အခု လူနာ ရာဂဏန်းဆိုတာကနေ ထောင်ဂဏန်းထိဖြစ်သွားမလား …

COVID – 19 ရောဂါဖြစ်ပွားမှု ကာကွယ်ထိန်းချုပ်နိုင်ရေး ဂရုတစိုက်ဆောင်ရွက်နေရချိန် ကျောင်းဖွင့်ရာသီနီးကပ်လာသဖြင့် ကျောင်း ပြန်ဖွင့်မည့်ရက် အသီးသီးကို ထုတ်ပြန် ကြေညာခဲ့သည်။ ကပ်ရောဂါကာလ အတွင်း အခြေခံပညာ ကျောင်းများ ပြန်ဖွင့်လှစ် မည့် အပေါ် သဘောထားအမြင် တချို့ကို စုစည်းဖော်ပြလိုက်ပါသည်။

ကမ္ဘာတစ်ဝန်းက ပြည်သူလူထုတွေ ကာကွယ်ဆေးထိုးရမလဲဆိုတာကလဲ ခန့်မှန်းရခက်တဲ့ အခြေအနေတစ်ခုပါ …

ဒေါက်တာစိမ်းမိုးစက်

ဒေါက်တာစိမ်းမိုးစက်

ကျမတို့က ကိစ္စတစ်ခုခုကိုလုပ်တိုင်းမှာ အမြဲတမ်း Risk and Benefit ဆိုတာရှိပါတယ်။ ဒီကိစ္စကိုလုပ်လိုက်လို့ Risk က ဘယ်လောက်ထိရှိမလဲ၊ Impact ကဘယ်လောက်ထိကြီးသွားမလဲ၊ ထိခိုက်မှုက ဘယ်လောက်ထိကြီး သွားမလဲ၊ Benefit အကျိုး စီးပွားက ဘယ်လောက်ဖြစ်ထွန်းမလဲ၊ ဒါကိုကျမတို့က ချိန်ရတယ်ပေါ့နော်။ Risk ကများပြီး Benefit ကနည်းနေရင် မလုပ်သင့်ဘူးလို့ ယေဘုယျဆုံးဖြတ်ကြတယ်ပေါ့နော်။ အခု COVID – 19 ကိစ္စမှာလည်း ဒီလိုပါပဲ။ပညာရေးဘက်က ကြည့်ရင် ကလေးတွေ ကျောင်း တစ်နှစ်လောက် အောက်လိုက်ရရင်တောင် သူတို့ရဲ့ Learning Process ကို တက်ကြွနေတဲ့ သင်ယူရမယ့်အရွယ်မှာ အများကြီး အဟန့်အတား ဖြစ်သွားမယ်။

ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။

ကာယကံရှင် မိဘတွေက သူတို့ ကလေး တွေကို ကျောင်းပို့ဖို့ ဆန္ဒမရှိဘူးဆိုရင် သူတို့ဆန္ဒကို အလေးထားသင့်ပါတယ် …

သူတို့ရဲ့ သင်ကြားရေးပိုင်းဆိုင်ရာရော၊ ဖွံ့ဖြိုးမှုပိုင်းဆိုင်ရာရော၊ လူမှုရေးပိုင်းဆိုင် ရာရော ထိခိုက် နစ်နာ မှုတွေ ရှိလာနိုင်တယ်။ ဒါပေမယ့် တဖက်ကကြည့်လိုက်ရင်လည်း COVID – 19 သည် တကယ်ကို ကူးစက်မြန်တဲ့ ရောဂါ ဖြစ် တယ်။ အဲဒီအတွက်ကြောင့် ကျမတို့က ကျောင်းတွေ ဖွင့်ခွင့်ပေးလိုက်မယ် ဆိုရင် ရောဂါပိုးကူးစက်ဖို့ အခွင့်အလမ်းကောင်းကြီးကို ဖန်တီးပေးလိုက်သလိုလည်း ဖြစ်သွားနိုင်ပါတယ်။ ဒါကြောင့် Risk and Benefit ကို သေသေချာချာချိန်ဖို့လိုပါတယ်။ ကျမအမြင် ပြောရရင်တော့ မူလတန်း ကလေးတွေ ကိုတော့ ကျောင်းကိုမလွှတ်သင့် သေးဘူးလို့မြင်ပါတယ်။ ဘာဖြစ်လို့လည်းဆိုတော့ မူလတန်း အရွယ်ဆိုတာ အလယ်တန်း အထက်တန်းနဲ့ယှဉ်ရင် သူတို့တွေသည် စည်းကမ်းကို လိုက်နာနိုင်မှုနည်းတယ်။ အသိဉာဏ်လည်း ကောင်းကောင်း မဖွံဖြိုးသေးတဲ့အရွယ်ဖြစ်တော့ ဒီရောဂါနဲ့ပတ်သက်ရင် Control လုပ်ဖို့၊ ကိုင်တွယ်ဖို့က ခက် ခဲပါလိမ့်မယ်။

နောက် တစ်ခုက ကလေးငယ်တွေ ဖြစ်လို့ရှိရင် သူတို့က ရောဂါလက္ခဏာကိုသေသေချာချာ မဖော်ပြတတ်တာမျိုး၊ မပြောတတ် တာမျိုး  ဆိုတော့ မိဘတွေအနေနဲ့ ပိုပြီးစိုးရိမ်နိုင်ပါတယ်။ အဲဒီအရွယ်လေးမှာဖြစ်ရင် ပိုပြီးစိုးရိမ်စိတ်ဖြစ်တတ် ပါတယ်။ ဒါကြောင့်မို့လို့ မူလတန်း ကိုတော့ မဖွင့်သင့် သေးဘူးလို့ မြင်ပါတယ်။

အလယ်တန်းနဲ့ အထက်တန်းကျောင်းတွေကိုတော့ ကျောင်း တစ်ကျောင်း စီရဲ့အခြေအနေပေါ်မူတည်ပြီး ဖွင့်ဖို့လုပ်သင့်တယ်လို့ မြင်ပါတယ်။ တချို့ကျောင်းတွေမှာကတော့ Social Distancing လုပ်ဖို့ကို အရမ်းကြီး အခက်အခဲမရှိလှပေမယ့် တချို့ကျောင်းတွေ မှာကတော့ ကျောင်းသား တစ်ယောက်နဲ့ တစ်ယောက် သုံးပေခွာထားဖို့တို့၊ ဆရာဆရာမအင်အားနည်းနေတာတို့၊ ဖယ်ရီတွေမပံ့ပိုး ပေးနိုင်တာတို့(ကျောင်းဖယ်ရီတွေက တော်တော်လေး ကျပ်ညှပ်နေတာမျိုး) ဒီလို facility မျိုး၊ ဒီလို Man Power မျိုး ကောင်းကောင်း မပံ့ပိုးပေးနိုင်ဘူးဆိုရင်တော့ အလယ်တန်းနဲ့အထက် တန်းမှာလည်း တချို့ကျောင်းတွေကို ပိတ်ထားသင့် တယ်လို့မြင်ပါတယ်။

ဒါကိုတော့ ရပ်ရွာကအုပ်ချုပ်ရေးပိုင်းတွေ၊ မိဘတွေ၊ ဆရာဆရာမတွေ ပူးပေါင်းတိုင်ပင်ပြီးအဖြေရှာသင့်တယ်လို့ မြင်ပါတယ်။ အဲဒီလို မဟုတ်ဘဲ Social Distancing ကို လည်း ကောင်းကောင်း လုပ်နိုင်ရင်၊ ကလေးတွေကျောင်းနဲ့အိမ်နဲ့ Transport ပိုင်းမှာလဲ Social Distancing ကိုလုပ်ပေးနိုင်ရင်၊ မိဘတွေ က လည်း ဆန္ဒရှိတယ်ဆိုရင် အလယ်တန်းနဲ့ အထက်တန်းကလေးတွေ ကျောင်းပို့ဖို့ကို စီစဉ်လို့အဆင်ပြေနိုင်မယ်ထင်ပါ တယ်။ နောက် တစ်ခုက ကာယကံရှင်မိဘတွေရဲ့ သဘောဆန္ဒကို ဒီအချိန်မှာ အလေးပေးသင့် ပါတယ်။ ကာယကံရှင် မိဘတွေက သူတို့ ကလေး တွေကို ကျောင်းပို့ဖို့ ဆန္ဒမရှိဘူးဆိုရင် သူတို့ဆန္ဒကို အလေးထားသင့်ပါတယ်။

→  ကိုဗစ်ကာလ ကျောင်းတွေ ဖွင့်သင့်လား၊ မဖွင့်သင့်ဘူးလား

နောက်တစ်ခုက ခုအချိန်မှာ ရာသီ တုပ်ကွေး တွေကလည်းတော်တော်များတဲ့ကာလဖြစ်ပါတယ်။ အစိုးရ အနေနဲ့လည်း ကလေး တိုင်းကို ရာသီတုပ်ကွေးကာကွယ်ဆေး ထိုး မပေးနိုင် သေးပါဘူး။ ဒါကြောင့်မို့လို့ တတ်နိုင်တဲ့ မိဘတွေ အနေနဲ့ ကိုယ်တိုင်ရော သားသမီးတွေကိုပါ ရာသီတုပ်ကွေးကာကွယ်ဆေး ထိုးစေချင်ပါတယ်။ အဲဒီလို တစ်ပတ်ကြိုတင်ထိုးပေးပြီးမှ ကျောင်းကိုလွှတ် သင့်တယ်လို့မြင် ပါတယ်။ ခုနကပြောခဲ့တဲ့ အခြေအနေ တွေနဲ့ ကိုက်ညီလို့ အလယ်တန်းနဲ့အထက်တန်း ကျောင်းတွေကို ဖွင့်ခွင့် ပေးတယ်ဆိုရင်တောင်မှပဲ အဲဒီ ကျောင်း တွေမှာ တက်နေ တဲ့ ကျောင်းသားတွေရဲ့ ကျန်းမာရေးအခြေအနေကို စဉ်ဆက်မပြတ် စောင့်ကြည့်နေဖို့ လိုပါတယ်။ ထူးခြားမှု တစ်ခုခု ရှိတာနဲ့ သက်ဆိုင်ရာ အဖွဲ့အစည်းတွေကို Report လုပ်ဖို့ လိုပါတယ်။ နောက် တစ်ခုက ဒီလို ကျောင်းဖွင့်ခွင့်ပေးလိုက်ခြင်း အားဖြင့် ရောဂါ ကူးစက်မှုနှုန်း Impact သည် ဘယ်လောက်ရှိသွားမလဲဆိုတာ ကျောင်းတွေဖွင့်ပြီးတစ်လလောက်အကြာမှာ အဖြေ ပေါ်လာမှာဖြစ်ပါတယ်။ အဲဒီအဖြေအရ ရောဂါကူးစက်မှုနှုန်း သိသိ သာသာတက်လာတယ်ဆိုရင်တော့ ကျောင်းတွေကို ပြန်ပိတ် သင့် ပိတ်ရမှာဖြစ်ပါတယ်။

ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။

ကလေးတွေကို စာသင်ခန်းထဲမှာ Social Distancing ကိုလုပ်ဖို့ဆိုတာ မလွယ်လှဘူး။ တချို့ကျောင်းတွေဆို …

ဦးသက်ပိုင်(ကျောင်းသားမိဘ)

ဦးသက်ပိုင်
(ကျောင်းသားမိဘ)

ကျောင်းတွေပြန်ဖွင့်မယ့်ကိစ္စကတော့ မဖွင့်သင့်သေးဘူးလို့မြင်ပါတယ်။ ဒါဟာ ကျောင်းသားကျောင်းသူတွေ အတွက်ပဲ ရည်ရွယ်ပြီး ပြောတာမဟုတ်ပါဘူး။ ကျောင်းသားမိဘ၊ ဆရာဆရာမ၊ နိုင်ငံတော်အစိုးရ အားလုံး အတွက်ပါ။ အခုလို ကပ်ရောဂါကာလဆိုတာက ကမ္ဘာတဝန်းလုံးမှာရှိနေတဲ့နိုင်ငံတွေအားလုံး စားဝတ်နေရေး၊ လူမှုရေး၊ ပညာရေးတွေထဲက မဖြစ်မနေလုပ်ကြရမယ့် နေ့စဉ် စားဝတ်နေရေးအတွက် စီးပွားရှာတဲ့အလုပ်တွေ ကိုတောင် လျစ်လျူရှုပြီး Lock Down လုပ်တာတွေ၊ Stay Home လုပ်တာတွေကို နိုင်ငံတိုင်း သူ့နည်းသူ့ဟန်နဲ့ လုပ်နေကြရတာပါ။

ဆရာဆရာမတွေ အနေနဲ့လည်း ဒါတွေကိုလိုက်လုပ်နေရရင် စာသင်ပေးဖို့ အချိန်တောင် မရှိတော့ဘူး ဆိုတာမျိုး ဖြစ်လာနိုင် ပါတယ်။ ကလေးတွေကို …

ပညာရေးက ကျောင်းသား လူငယ်တွေ၊ ကလေးတွေအတွက် အရေးကြီးတယ် ဆိုပေမယ့် အသက်ဘေးလောက်တော့ အရေးမကြီး ပါဘူး။ နောက် တစ်ခုက ပညာရေးဝန်ကြီးဌာနကို နိုင်ငံတော်အဆင့်က ညွှန်ကြား လို့ ကျောင်းဖွင့်ရမယ်ဆိုရင်လည်း ဘေးကင်းတဲ့ အနေအထားတစ်ခုရောက်အောင် စီမံနိုင်လိမ့်မယ်ဆိုတာကို ကျောင်းသားမိဘတစ်ယောက်အနေနဲ့ ယုံကြည်မှုမရှိပါဘူး။ နှစ်စဉ် ကျောင်းဖွင့်ရာသီမှာ မူလတန်း ကျောင်းသားတွေကိုပေးတဲ့ ကျောင်းဝတ်စုံတွေဟာ အရည်အသွေးအားဖြင့် နိမ့်ကျတဲ့ အနေအထား မှာ ရှိနေတာကို ကျောင်းသားမိဘတစ်ယောက် အနေနဲ့ နှစ်တိုင်းကြုံတွေ့နေရတော့ ခုလိုအရေးကြီးတဲ့ ကာလမှာ လိုအပ်တဲ့စီမံ ခန့်ခွဲမှုတွေဖြစ်တဲ့ Social Distancing လိုဟာမျိုး၊ Mask ကိုဘယ်လိုတပ်ရမယ်၊ တစ်နေ့ကို ဘယ်နှခုလိုအပ်မယ်၊ ကျောင်းသား ပေါင်း ထောင်ချီရှိတဲ့ ကျောင်းတစ်ကျောင်းမှာ လက်ဆေးဖို့ နေရာ ဘယ်လိုစီစဉ်မယ်၊ လုံခြုံစိတ်ချရအောင် ဘယ်လောက် အတိုင်းအတာအထိ စေ့စေ့စပ်စပ်လုပ်နိုင်မှာလဲ ဆိုတာ မေးခွန်း ထုတ်စရာဖြစ်လာမှာပါ။

ဆရာဆရာမတွေ အနေနဲ့လည်း ဒါတွေကိုလိုက်လုပ်နေရရင် စာသင်ပေးဖို့ အချိန်တောင် မရှိတော့ဘူး ဆိုတာမျိုး ဖြစ်လာနိုင် ပါတယ်။ ကလေးတွေကို ကျောင်းပို့တယ်ဆိုတာ ပညာသင်ယူနိုင်ဖို့ပါ။ ကျောင်းသားတွေက ကျောင်းဆင်းချိန် အိမ်ပြန်ပြီး သူတို့ မိသားစုအသီးသီးနဲ့ထိတွေ့၊ နောက်နေ့ ကျောင်းပြန်လာ၊ ရာထောင်ချီတဲ့ကျောင်းသားကျောင်းသူတွေနဲ့ သူတို့ မိသားစု တွေ၊ ဆရာဆရာမတွေနဲ့ စဉ်းစားလို့ကိုမရပါဘူး။

COVID – 19 ဗိုင်းရပ်စ်အတွက် ကာကွယ်ဆေးတွေ၊ ကုသဆေးတွေ မရနိုင်သေးတဲ့ အချိန်မှာပဲ ဗိုင်းရပ်စ်နဲ့အတူယှဉ်တွဲ နေထိုင်ရေး ဆိုပြီး ကြားလာရပြန်ပါတယ်။ New Normal လို့ လည်းပြောကြတယ်ပေါ့ဗျာ။ တကယ်တမ်း က အရွယ်ရောက် ပြီးသူ လူကြီးတွေတောင် အဲဒီလို ဗိုင်းရပ်စ်နဲ့ယှဉ်တွဲနေထိုင်ရေးဆိုတာကို မနည်း အားယူနေရတဲ့ အချိန်ဖြစ်ပါတယ်။ အဲဒီတော့ အရွယ် ရောက်ပြီးသူလူကြီးတွေက အရင်ယှဉ်တွဲနေထိုင်ကြည့်ကြပါဦး။ အသားကျပြီဆိုတော့မှ ကလေး တွေကို New Normal တွေ သင် ပေးရင်း ပျော်ပျော်ရွှင်ရွှင် ကျောင်းပို့ကြရင်တော့ ပိုအဆင်ပြေမှာပါ။ ထပ်ပြောရရင် လက်ရှိ အခြေအနေမှာတော့ ကျောင်း မဖွင့်လို့လည်း နိုင်ငံတော်အစိုးရနဲ့ ပညာရေးဝန်ကြီးဌာနကို အပြစ်မတင်ဘဲ ကျေးဇူး တင်နေ မှာပါ။

ဆရာ ဆရာမတွေရှိမယ်၊ ကလေးတွေ ဆိုရင်လည်း အိမ် အသီးသီးကပေါ့။ ဒီအုပ်စုထဲမှာ ဘယ်သူ့မှာရောဂါပိုးရှိနေမလဲဆိုတာ မပြောနိုင် ဘူး။ ကလေးအများကြီး …

ဒေါက်တာစိမ့်စမ်းဖြူ

ဒေါက်တာစိမ့်စမ်းဖြူ

ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။

လတ်တလောမှာ ရောဂါပိုးတွေ့ရှိသူကလည်းနည်းလာ၊ ကျောင်းဖွင့် ရာသီကလည်း ရောက်လာတော့ ကျောင်းတွေ ဖွင့်မယ် ဆိုတာကို စီစဉ်ကြတာပေါ့။ တစ်ဖက်မှာလည်း ရောဂါပိုးတွေ့ရှိမှု ခပ်ကျဲကျဲဖြစ်လာတာကြောင့် ပြည်သူတွေ အနေနဲ့ ဒီ COVID – 19 မရှိတော့ဘူးဆိုတဲ့အတွေးနဲ့ ပေါ့ဆမှုရသွားမှာစိုးရတယ်။ ရလည်းရနေတယ်လို့ကျမထင်တယ်။ ဘာဖြစ်လို့လည်းဆိုတော့ တော်တော် များများလည်း အပြင် မှာသွားနေကြတယ်။

Social Distancing ကိုလည်း သိပ်မလိုက်နာကြတော့ဘူး။ Mask တပ်တာ တွေလည်း လျော့ရဲလာတယ်။ အဲဒီတော့ ကျမတို့ဆီမှာ ငါးရက် တစ်ပါတ်လောက် ရောဂါပိုး တွေ့ရှိသူ အသစ်မရှိတော့တာနဲ့ လူတွေ က ဒီရောဂါဖြစ်ပွားမှုမရှိတော့ဘူးဆိုပြီး အုံလိုက် ကျင်းလိုက် ထွက် လာတာမျိုး ရှိလာမယ်၊ ရောဂါနဲ့ပတ်သက်ပြီး ကြိုတင် ကာကွယ်မှုတွေကလည်း မရှိသလောက် အားနည်း သွားမယ်။ အဲဒီလိုအချိန်မျိုးမှာ ကျောင်းတွေကဖွင့်လာမယ်။

ကျောင်းတွေ ဖွင့်လာပြီဆိုရင် ကျမတို့ ဒေသအသီးသီးက ဆရာ ဆရာမတွေရှိမယ်၊ ကလေးတွေ ဆိုရင်လည်း အိမ် အသီးသီးကပေါ့။ ဒီအုပ်စုထဲမှာ ဘယ်သူ့မှာရောဂါပိုးရှိနေမလဲဆိုတာ မပြောနိုင် ဘူး။ ကလေးအများကြီးကို ဆရာမတွေထိန်းချုပ်ရတယ်ဆိုတာလည်း မလွယ်ဘူး လေ။ ကိုယ့်ကလေးကို ကိုယ့်အိမ်မှာထားတာ တစ်နိုင်တစ်ပိုင်ထိန်းချုပ်ရလွယ်ပေမယ့် ကျောင်းမှာဆိုရင်တော့ ကလေးတွေကို Control လုပ်ရတာခက် သွားပြီ။

လူအများကြီးကို လိုက်နာအောင်လုပ်ရတာ လက်တွေ့ မှာ အခက်အခဲတွေအများကြီးရှိနိုင်တယ်။ အခုလက်ရှိမှာတောင် လူနာ အသစ် …

နောက်တစ်ခုက ကျောင်းဆင်းချိန်။ ကျောင်းလာကြိုတဲ့မိဘတွေရှိမယ်။ ကျောင်းကားတွေရှိမယ်။ ဈေးသည်တွေရှိမယ်။ အဲဒီတော့ ကျမထင်တယ်၊ ဒါသည် ဘာသာရေးပွဲတော် တွေလိုမျိုး လူစုလူဝေးကြီးဖြစ်သွားလိမ့်မယ်။ အဲဒီအခါကျရင် စိုးရိမ်နေရတဲ့ အခြေအနေ တွေ ဖြစ်ကောင်းသွားနိုင်တယ်။ အဲဒါတွေကြောင့် ကျမကတော့ ကျောင်းဖွင့်မယ်ဆိုရင်တော့ နည်းနည်းတော့စိတ်ပူတယ်။ ဘာဖြစ် လို့လဲ ဆိုတော့ ဖြစ်လာရင်မလွယ်ဘူး။ လူစုလူဝေးကြီးတွေ နေ့တိုင်းလိုလိုဖြစ်နေမယ့် အခြေအနေဆိုတော့ စိတ်ပူစရာကောင်းတယ်။

ရောဂါ ပျံ့ပွားမှု ဖြစ်လာရင် ပညာရေးဝန်ကြီးက တာဝန်ယူမလား

အခု လူနာ ရာဂဏန်းဆိုတာကနေ ထောင်ဂဏန်းထိဖြစ်သွားမလားပေါ့။ နောက် တစ်ခုက ကလေးတွေကို စာသင်ခန်းထဲမှာ Social Distancing ကိုလုပ်ဖို့ဆိုတာ မလွယ်လှဘူး။ တချို့ကျောင်းတွေဆို ပိုဆိုးတာ ပေါ့။ တစ်ချိန်ကျောင်းတွေကို နှစ်ချိန် ပြောင်းမလား။ အဲဒါကိုလည်းစဉ်းစားရမယ်။ ကျောင်းသားအရေအတွက်ကိုလျော့မှ ဆရာ ဆရာမတွေအနေနဲ့ တစ်နိုင် တစ်ပိုင် Control လုပ်လို့ ရမှာလေ။ ဒါကလည်းတကယ်တမ်းလက်တွေ့မှာ သိပ်တော့မလွယ်လှဘူး။ လူအများကြီးကို လိုက်နာအောင်လုပ်ရတာ လက်တွေ့ မှာ အခက်အခဲတွေအများကြီးရှိနိုင်တယ်။ အခုလက်ရှိမှာတောင် လူနာ အသစ် မတိုးတာရက်ပိုင်းလေးပဲရှိချိန်မှာ လူတွေပေါ့ဆလာတာတွေ့ နေရတာပဲ။ ဈေးတွေဘာတွေမှာဆို လူအများကြီး တိုးဝှေ့ နေကြတာပဲ။ ဆိုတော့ ကျောင်းဖွင့်မယ့် ကိစ္စ ကိုတော့ ကျမအနေနဲ့ စိတ်ပူမိပါတယ်။

ဆရာဆရာမတွေ၊ မိဘတွေရဲ့ ထိန်းသိမ်းကြပ်မတ်မှုနဲ့ ကျောင်းသားကျောင်းသူတွေကို လိုက်နာအောင်စီစဉ်ပြီး စာသင်ကြားလို့ ရနိုင်ပါတယ် …

ဗိုလ်မှူးဝေလင်းမောင် (ငြိမ်း)(ကျောင်းသားမိဘ)

ဗိုလ်မှူးဝေလင်းမောင် (ငြိမ်း)
(ကျောင်းသားမိဘ)

ကျနော်တို့လက်ရှိအခြေအနေမှာ COVID – 19 ရောဂါအတွက် ကာကွယ်ဆေးတွေ၊ ကုသဆေးတွေပေါ်ဖို့ ကမ္ဘာတစ် ဝန်းမှာ ကြိုးစားနေကြတာတွေကတော့ ရှိတာပေါ့။ ဒါပေမယ့် ဘယ်အချိန်မှ ဒီဆေးတွေရလာပြီး ဘယ်အချိန်မှ ကမ္ဘာတစ် ဝန်းက ပြည်သူလူထုတွေ ကာကွယ်ဆေးထိုးရမလဲဆိုတာကလဲ ခန့်မှန်းရခက်တဲ့ အခြေအနေတစ်ခုပါ။ ဆိုတော့ အဲဒီအချိန်ရောက်မှ ကျောင်းတွေပြန်ဖွင့်ပြီး ကျနော်တို့ကလေးတွေ စာသင်ကြားရမယ်ဆိုတာမျိုးကလည်း သိပ်တော့နည်းလမ်းမကျဘူးလို့ ကျနော် ထင်တယ်။

အဲဒီအတွက် အချိန်တစ်ခုပေးရမှာတော့သေချာတယ်။ အချိန်တစ်ခုဆိုတာ ပညာသင်နှစ် တစ်ခုလည်း ဖြစ်သွား နိုင်သလို အဲဒီ ထက် ပိုကြာချင်လည်း ကြာနိုင်ပါတယ်။ ဆိုတော့ COVID – 19 ကြောင့် ပညာသင်နှစ်တစ်ခုပိတ်လိုက်ရရင် ကလေးတွေ အတွက် အချိန်တစ်နှစ် နစ်နာသွားနိုင်သလို၊ စာအပေါ်မှာစိတ်ဝင်စားမှုတွေလည်း လျော့သွားနိုင်ပါတယ်။

မိဘကလိုအပ်သလိုဂရုစိုက်မယ်၊ ကျောင်းမှာ ဆရာဆရာမတွေက ကြပ်မတ် မယ်၊ ကျောင်းသွားကျောင်းပြန် လမ်းမှာ လည်း လိုက်နာရမယ့် …

တစ်ဖက်မှာလည်း ကျန်းမာရေးဝန်ကြီးဌာနက ရောဂါကာကွယ်ထိန်းချုပ်ရေးအတွက် ညွှန်ကြား ထားတဲ့ အချက်တွေရှိတော့ အဲဒီအချက်တွေကို ဆရာဆရာမတွေ၊ မိဘတွေရဲ့ ထိန်းသိမ်းကြပ်မတ်မှုနဲ့ ကျောင်းသားကျောင်းသူတွေကို လိုက်နာအောင်စီစဉ်ပြီး စာသင်ကြားလို့ ရနိုင်ပါတယ်။ မိဘ၊ ဆရာ၊ ကျောင်းသား၊ ကျောင်းနဲ့ဆက်စပ် တဲ့ဝန်ထမ်းတွေ (ဥပမာ- ကျောင်းဖယ်ရီမောင်းသူတွေ) စတဲ့ အဘက်ဘက် ကသူတွေအားလုံး ကျန်းမာရေးဝန်ကြီးဌာနက ညွှန်ကြားချက်တွေကိုလိုက်နာပြီး ပညာသင်နှစ်တစ်နှစ် မဆုံး ရှုံးရ အောင်၊ မနစ်နာရအောင် ဆောင်ရွက်နိုင်လိမ့်မယ်လို့ ကျနော်ယူဆပါတယ်။

အချိန်ဆိုတာ ကျနော်တို့ပြန်ဝယ်လို့ မရဘူးလေ။ အိမ်မှာ မိဘကလိုအပ်သလိုဂရုစိုက်မယ်၊ ကျောင်းမှာ ဆရာဆရာမတွေက ကြပ်မတ် မယ်၊ ကျောင်းသွားကျောင်းပြန် လမ်းမှာ လည်း လိုက်နာရမယ့်အချက်တွေကို စနစ်တကျဖြစ်အောင် စီစဉ်သွားမယ် ဆိုရင်တော့ ကျနော်တို့ကလေးတွေအတွက် စာသင်နှစ် တစ်နှစ် အလေအလွှင့်မဖြစ်တော့ဘူးလို့ ကျနော်မြင်ပါတယ်။

ငြမ်းမီဒီယာ


Share this post
  •  
  •  
  •  
  •  
  •  
ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။

Tags: , , , ,