ကျောင်းများပြန်မဖွင့်နိုင်ခင် စာဖတ်ဝိုင်းများ ဆောင်ရွက်ပေးနိုင်ကြောင်း တပ်ချုပ်ပြော

ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။
Share this post
  •  
  •  
  •  
  •  
  •  

MWD – နေပြည်တော်တွင် ယနေ့ ကျင်းပပြုလုပ်သည့် အစည်းအဝေး

ကိုဗစ်ကာလ ကျောင်းများ ပြန်လည် ဖွင့်လှစ်ခြင်း မပြုနိုင်ခင် တပ်တွင်းရှိ ကျောင်းသား၊ ကျောင်းသူ များ အား စာဖတ်ဝိုင်းများ ဆောင်ရွက်ပေး နိုင်ကြောင်း တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်ကပြောသည်။

ထိုသို့ဆောင်ရွက်ပေးရာတွင် တစ်ရက်လျင် နှစ်နာရီ၊ လူဆယ်ဦး ဖြင့် ဆောင်ရွက်နိုင်ပြီး ကျောင်းသား၊ကျောင်းသူ များ အနေဖြင့် သင်ကြားခဲ့သည့် အတန်းအလိုက် သင်ခန်းစာများကို ပြန်လည် ဖတ်ရှုလေ့လာစေခြင်းနှင့်လောကနီတိ အခြေခံဖြစ်သော ၃၈ ဖြာ မင်္ဂလာ ကဲ့သို့ ယဉ်ကျေးလိမ္မာ သင်ခန်းစာများ ကို သင်ကြားပေးခြင်းဖြင့် အချိန်ကို အကျိုးရှိစွာ အသုံးချစေလိုကြောင်း တပ်ချုပ်က ဆိုသည်။

နေပြည်တော်၊ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း) အစည်းအဝေးခန်းမ၌ ယနေ့ ကျင်းပ ပြုလုပ်သည့် COVID-19 အစည်းအဝေးတွင် တပ်ချုပ်က အထက်ပါအတိုင်း ပြောကြားခဲ့ခြင်း ဖြစ်သည်။

ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။

ကိုဗစ်ကူးစက်မှုကို ထိန်ချုပ်နိုင်ပြီး စာသင်ကျောင်းများ ပြန်လည်ဖွင့်လှစ်ခဲ့သည့် ဗီယက်နမ်နှင့် လာအိုနိုင်ငံတို့၏ အခြေအနေများ နှင့် ပြင်သစ်နိုင်ငံတွင် ကူးစက်မှုလျော့နည်းသွားသည့် နယ်မြေအချို့ရှိ စာသင်ကျောင်းများအား ပြန်လည်ဖွင့်လှစ်ခဲ့သော်လည်း တစ်ပတ် အကြာတွင် စာသင်ကျောင်းများနှင့် ဆက်စပ်၍ ရောဂါကူးစက်သူ (၇၀) ဦးခန့် ရှိခဲ့၍ စာသင်ကျောင်းများ ပြန်လည် ပိတ်ခဲ့ ရသည့် အခြေအနေများကို လည်း တပ်ချုပ်က ပြောကြားခဲ့သည်။

ကျန်းမာရေးဝန်ကြီးဌာန၏ ယနေ့သတင်းထုတ်ပြန်ချက်အရ မြန်မာနိုင်ငံတွင် COVID -19 ရောဂါပိုးရှိသူ (၁၉၉) ဦး ရှိပြီး မေလ(၂၁) ရက်နေ့တွင် ဓာတ်ခွဲနမူနာ (၃၄၈) ခု ကို စစ်ဆေးခဲ့ရာ ရောဂါပိုးတွေ့ရှိသူ မရှိ(မရှိ)ပေ။

ငြမ်းမီဒီယာ


Share this post
  •  
  •  
  •  
  •  
  •  
ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။

Tags: , , , , ,