ကျေးဇူးရှိတယ် ဆိုရင်တောင် ဝယ်သူက ကျွန်မရဲ့ ကျေးဇူးရှင်ပါ

ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။
Share this post
  •  
  •  
  •  
  •  
  •  

MML / သုံးစွဲရန်မသင့်သည့် အလှကုန်များအကြောင်း ကိုလူမှုကွန်ရက်တွင် ရေးသား အသိပေးခဲ့သူ

ဆရာဝန်ကိုကျွန်မတို့ပြလိုက်တယ်။ သူအရမ်းအံ့သြ ထိတ်လန့်သွားတယ်။ ဘေးထွက်ဆိုးကျိုးအတွက် ကျောက်ကပ် စစ်ခိုင်းတယ်။ကျွန်မမျက်နှာအတွက် သူပေးတဲ့ဆေးတွေက ပြင်းလို့ ဆေးသောက် နေစဉ် ကိုယ်ဝန်မဆောင်ဖို့၊ စိတ်ကျတာတွေဖြစ် လာနိုင်တာမို့အားမလျှော့ဖို့၊ ခြောက်လ …

Asdanne အလှကုန်ပစ္စည်း(၃)မျိုးကို အစားအသောက်နှင့်ဆေးဝါး ကွပ်ကဲရေးဦးစီးဌာနမှ သုံးစွဲရန်မသင့် ကြောင်း နိုဝင်ဘာ(၂၈)ရက်က ထုတ်ပြန်ကြေညာခဲ့သည်။ယင်းကဲ့သို့ ထုတ်ပြန်ခြင်းမပြုလုပ်မီရက်ပိုင်း အတွင်းက အဆိုပါ အလှကုန်များကိုစင်္ကာပူနိုင်ငံရှိ ဓာတ်ခွဲခန်းတစ်ခုတွင် စစ်ဆေးပြီးသုံးစွဲရန် မသင့်ကြောင်း သတိပေးချက်ကို လူမှုကွန်ရက် စာမျက်နှာပေါ်သို့ တင်ခဲ့သည့် မမာလာ ကို ငြမ်းမီဒီယာ က ဆက်သွယ် မေးမြန်း ထားခြင်းဖြစ်သည်။

ငြမ်းမီဒီယာ -Asdanne အလှကုန်ကို ဘာကြောင့် ဓာတ်ခွဲခန်းကို ပို့ပြီးစစ်ဆေးခဲ့တာလဲ ။

MML – ကျွန်မက လွန်ခဲ့တဲ့ နှစ် နှစ်ကျော်လောက်က ဒီပစ္စည်းကို facebook ကနေတဆင့် ရေးထားတဲ့ feedback တွေကို စိတ်ဝင်စားပြီး မှာသုံးခဲ့တယ်။စသုံးပြီး တစ်ပတ်အတွင်းသိသိသာသာ ဖြူဝင်းလာလို့ နှစ်သက်ပြီး ကိုယ်လည်းသုံး၊ ကိုယ့်ညီမ တွေကိုလည်း ညွှန်းရင်း ကိုယ့်ပတ်ဝန်းကျင်မှာ သုံးချင်သူတွေ များလာတော့“ညီမလေး စင်ကာပူကိုယ်စားလှယ် အနေ နဲ့ ယူရောင်းပါလား”ဆိုပြီး ပြောလာတော့ အနီးတဝိုက်လူတွေ အတွက်ယူရောင်း ခဲ့တယ်။သုံးနေရင်း နှစ် နှစ်လောက် ရှိလာ တော့မျက်နှာ အရေပြားပါးလာတယ်၊ချွေးပေါက်ကျယ်လာတယ်၊ အဆီပြန်လာတယ်၊ နှာခေါင်းဘေးမှာ သွေးကြောပေါ် လာ တယ်။ နိုက်ခရင်မ်မလိမ်းဖြစ်ရင် အဖုတွေထွက်လာတယ်။ (တခြားပစ္စည်းတခုကို ငါးရက် ခြောက်ရက် လောက် စမ်းသုံးကြည့် လိုက် သေးတယ်၊သိသိသာသာ မကောင်းလာဘူး) အဲဒီအချိန်ဒေါက်တာအေးမင်းထူးရဲ့ စတီးရွိုက်အကြောင်းပို့စ်ကိုဖတ်မိ တော့သုံး နေတာတွေတိခနဲရပ်ပြီး စောင့်ကြည့်ခဲ့တယ်။ မျက်နှာကအဖုတွေ ပိုပိုများလာလို့ကိုယ် စားလှယ်ယူတာကိုပါ ရပ်လိုက် တယ်။ ကျွန်မရပ်ခဲ့တဲ့ အချိန် ပိုင်ရှင်ကို ကျွန်မရဲ့ မျက်နှာ ပုံပို့ပြီး ပြခဲ့သေးတယ်၊ အဖုတွေဖြစ် လာတယ်ဆိုပြီး။ သူက”မာလာ့မျက်နှာ အသား အရေ မကောင်းလို့ပါ၊stress များလို့ပါ”ဆိုပြီး ပြောတော့ ကိုယ်တယောက်တည်းပဲ ဖြစ်တာထင်ပါတယ်လို့ ဖြေခဲ့ပါ တယ်။ ကျွန်မမျက်နှာကို မြင်မိကြတဲ့ ကျွန်မရဲ့ဝယ်သူတချို့၊နီးစပ်သူတချို့က သူတို့သုံးတာကိုပါရပ် ကြည့်လိုက်တော့ (၁၅) ရက် နောက်ပိုင်းမှာ စဖြစ်လာကြတယ်။အင်မတန် စိတ်မကောင်းဖြစ်ရတယ်။ အတွေ့အကြုံ တခုရှိတာက သုံးစွဲသူတွေက အဆင်မပြေ ပါဘူးလို့ပြောတိုင်းမှာ သူ့ဘက်က လူတွေက (၆၆) နဲ့ခြိမ်းခြောက်တော့ လူတွေကအဆင်မပြေတာကို သိပ်အသံကျယ် ကျယ်မ ပြောရဲကြဘူး။ ကျွန်မ ကိုယ်စားလှယ် နားပြီးတဲ့နောက် တချို့ကိုယ်စားလှယ်တွေလဲ သူတို့တခြားအကြောင်းပြချက်တွေနဲ့ သူတို့ နားသွားတာတွေရှိလာတဲ့အခါ ပိုင်ရှင်က “မာလာက သူမလုပ်တော့တိုင်း တခြားသူတွေကိုပါ ဆက်မလုပ်ရအောင် ဆွဲဆောင် နေတယ်။ သူ့မျက်နှာဖြစ်တာကလည်း နဂိုအခံက မကောင်းလို့ ပါ၊တခြားဟာသုံးလို့ပါ”ဆိုတာမျိုးနဲ့ သူ ခေါင်းရှောင်ပြောတာ၊ကျွန်မကို အပုပ်ချပြောနေ တာတွေ ရှိလာတော့ ကျွန်မဝယ်သူတွေနဲ့ကျွန်မဖြစ်နေတာ ဒီပစ္စည်းကြောင့်ဆိုတာ ကိုသက်သေပြနိုင်ဖို့ ကျွန်မ စင်္ကာပူကဓာတ်ခွဲခန်း ကိုပို့တယ်၊စစ်တယ်၊အဖြေချပြတယ်။အဲဒီအထိလည်း တခြားပစ္စည်းကို လုပ်စစ်ပြီး အဖြေညာထားသလို ပြောကြသေးတယ်။

ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။

ငြမ်းမီဒီယာ – ဆရာဝန်နဲ့စစ်ဆေးတော့ ဘာပြောလဲ။

MML – စင်္ကာပူမှာပဲ ဆရာဝန်ကိုကျွန်မတို့ပြလိုက်တယ်။ သူအရမ်းအံ့သြ ထိတ်လန့်သွားတယ်။ ဘေးထွက်ဆိုးကျိုးအတွက် ကျောက်ကပ် စစ်ခိုင်းတယ်။ကျွန်မမျက်နှာအတွက် သူပေးတဲ့ဆေးတွေက ပြင်းလို့ ဆေးသောက် နေစဉ် ကိုယ်ဝန်မဆောင်ဖို့၊ စိတ်ကျတာတွေဖြစ် လာနိုင်တာမို့အားမလျှော့ဖို့၊ ခြောက်လလောက်ဆို ပုံမှန်ပြန်ဖြစ်နိုင် ကြောင်းနဲ့အခြေအနေထူးခြားတာ၊ အဆင်မပြေတာရှိရင် ဆက်သွယ်ဖို့ ချိန်းတယ်။သုံးလနေရင်တော့ဆေး သောက်ထားတာကိုသူပြန်ကြည့်ပြီး အသည်းပါ စစ်ခိုင်းပါလိမ့်မယ်။အသည်းစစ်တာကတော့ အခုသောက်နေတဲ့ ဆေးကြောင့်ပါ။

မြန်မာပြည်မှာ စားသောက်ကုန်၊လူသုံးကုန်အတော်များများဟာ ဘေးဖြစ်စေတာကို သိထားတော့ အခု အတွေ့အကြုံကနေ တဆင့် နောက်ပိုင်း နိုင်ငံတကာမှာ တရားဝင်ကောင်တာနဲ့ ရောင်းချနေတဲ့ အလှကုန်က လွဲလို့ပေါ့၊အခုလို…

ငြမ်းမီဒီယာ – အလှကုန်ပစ္စည်းနဲ့အစ်မရဲ့ကြားကဆက်စပ်မှုကရော ဘယ်လိုရှိပါသလဲ။

MML – ကျွန်မလဲ ဒီပစ္စည်းကနေအကျိုးအမြတ်တွေရခဲ့ပါတယ်။ တကယ်မကောင်းမှန်း သိနေတာကိုတော့ ပိုင်ရှင်ဖက်ကနေ ကျွန်မ မရပ်တည်ပေးနိုင်ပါဘူး။ကျေးဇူးရှိတယ်ဆိုရင်တောင်ဝယ်သူက ကျွန်မရဲ့ကျေးဇူး ရှင်ပါ။

ငြမ်းမီဒီယာ – မြန်မာနိုင်ငံ FDA က ခုလို သုံးစွဲရန်မသင့်ဘူးလို့ ထုတ်ပြန်တာကိုရော ဘာပြောချင်ပါသလဲ။

MML-အခုလိုရှုပ်ထွေးနေတဲ့အချိန်မှာဒီသတင်းထုတ်ပြန်ချိန်နဲ့ကွက်တိဖြစ်သွား လို့ သူတို့ကို ကျွန်မ အရမ်းကို ကျေးဇူး တင်ပါ တယ်။FDA က စာသာ အခုချိန်ထိ ထွက်မလာခဲ့ရင် ဒီဟာမကောင်းပါဘူးဆိုတာ ကျွန်မဘယ်လိုပဲ သက်သေပြပြ လက်ခံမှာ မဟုတ်ဘူးလေ။ မြန်မာ FDA ကို ကျွန်မ ကျေးဇူး တင်ပါတယ်ပဲပြောချင်တာပါ။

ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။

ငြမ်းမီဒီယာ-ဘာတွေဆက်လုပ်သွားဖို့ရှိပါသေးလဲ။

MML – မြန်မာပြည်မှာ စားသောက်ကုန်၊လူသုံးကုန် အတော်များများဟာ ဘေးဖြစ်စေတာကိုသိထားတော့ အခုအတွေ့ အကြုံကနေတဆင့် နောက်ပိုင်း နိုင်ငံတကာမှာ တရားဝင်ကောင်တာနဲ့ရောင်းချနေတဲ့ အလှကုန်က လွဲလို့ပေါ့၊အခုလို အလှကုန်မျိုးကနေ လူအများကို ထိခိုက်နစ်နာ နေပါတယ်။ကုမ္ပဏီပိုင်ရှင် ဘက်ကလဲ တာဝန်ယူမှု တာဝန်ခံမှု မရှိနေဘူး။ဒီပစ္စည်းကိုသံသယရှိလို့ ကူညီပါဆို စင်္ကာပူက ဓါတ်ခွဲခန်းမှာစစ်ပေးဖို့ ကျွန်မတို့ တတ်နိုင် သလောက် ကူညီမှုတွေလုပ်သွားပါမယ်။

ငြမ်းမီဒီယာ – အစ်မကိုပြစ်တင်ဝေဖန်နေတဲ့သူတွေကိုဘာပြောချင်ပါသလဲ။

MML – ဘာရောင်းပြီးတော့ပဲငွေရှာရှာ ဝယ်သူအပေါ်စေတနာနဲ့ ကိုယ်ချင်းစာတရားလေး ထည့်ရောင်း ပေးစေချင်ပါတယ်။ ကိုယ်တိုင်အတွက်ရော အများအတွက်ပါပြောချင်တဲ့စကားလေးက ‘သံသရာက ရှည်ပါတယ်၊ ဘဝကတိုတိုလေးရယ်။ သိလို့ လုပ်ခဲ့တာပဲ ဖြစ်ဖြစ် မသိလို့ လုပ်ခဲ့တာပဲဖြစ်ဖြစ် အရာရာတိုင်းမှာ အမှားနည်းနိုင်သမျှနည်းအောင်ကြိုးစားပြီး ဘဝကို ဖြတ်သန်းနေထိုင်သွားချင်ပါတယ်လို့ပဲ ပြောချင်ပါတယ်။

ငြမ်းမီဒီယာ
နိုဝင်ဘာ(၂၉)၊၂၀၁၇၊ရန်ကုန်

 


Share this post
  •  
  •  
  •  
  •  
  •  
ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။

Tags: , , , , ,