ကျေးရွာတို့၏အား

ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။
Share this post
  •  
  •  
  •  
  •  
  •  

တောသားတွေ သူ့ဟာသူ လုပ်တယ်၊ ခမျာများဟာ ဘယ်သူ ဘယ်ဝါရဲ့ အကူမှ မပါဘဲ သူ့အားကို သူကိုးတယ် …

ယခုတလော၊ ခင်ဗျားတို့မှာ စိတ်သက်သာစရာများ ရှိရဲ့လား။ သတိထား ကြည့်ရင် စိတ်သက်သာစရာ ရှိပါတယ်။တောကို ဗိုင်းရပ် မရောက်ဘူး။ တောက ဗိုင်းရပ်ကို တားနိုင်တယ်။ ဒီနှစ် မိုးအကျ တော က စိုက်ပျိုးနိုင်မှာ ပေါ့။ အဲသည်တော့ အကယ်၍များ မုန်တိုင်း ဘာညာမဖြစ်ရင် ကျွန်တော်တို့ မငတ်တော့ဘူးပေါ့။ ဒီအချက်ဟာ စိတ်သက်သာစရာ မဟုတ်လား ခင်ဗျာ။ တောသားတွေ သူ့ဟာသူ လုပ်တယ်၊ ခမျာများဟာ ဘယ်သူ ဘယ်ဝါရဲ့ အကူမှ မပါဘဲ သူ့အားကို သူကိုးတယ်။

karl Ferdinand

မတ်လထဲမှာ ရွာကို ဖုန်းဆက်ပြီး မေးတယ်။ ဝင်းကျော်- တို့ရွာက ကိုရိုနာအတွက် ဘာလုပ်ကြသလဲပေါ့။ ဝင်ပေါက် တစ်ပေါက် တည်း ထား တယ်။ အပူချိန် တိုင်းတယ် လက်ဆေးတယ်။ အဲသလို လုပ်တယ်။ ကျွန်တော်တို့ရွာက နိုင်ငံခြားသွားပြီး အလုပ်လုပ် တဲ့သူမှ မရှိတာဘဲ တာ တာတဲ့။ (ကျွန်တော့်ကို တာတာလို့ သူက ခေါ်တယ်။) တောပုတို့ ကြာပိုင် တို့ကော ဘာလုပ်ကြသလဲ။ သူတို့ရွာတွေမှာတော့ အပြင်ထွက် အလုပ်လုပ် တဲ့သူတွေ ရှိတယ်။ စိုးထင်က အေး…သူတို့လည်းပဲ တို့ရွာလိုလုပ်ကြတယ်၊ မပူနဲ့တဲ့။ မုံရွာက ဝင်းမောင် (သမိုင်း) ကလည်း သက္ကယ်ကျင်း လယ်ဇင်မှာ လည်း အဲ့လိုပဲတဲ့။

ယခု နိုင်ငံရပ်ခြားအလုပ် ထွက်လုပ်ကြတဲ့သူတွေ ပြန်လာပြီ။ သူတို့လည်း ပဲ တောသားတွေ ကိုယ့်ရပ်ကိုယ်ရွာမှာ မနေနိုင်တော့လို့ တခြား ထွက်ကြရတာ သူတို့ပြန်လာတဲ့အခါ ဝန်ကို တော က ထမ်းရဦးမယ် …

ကျွန်တော်က ရွှေဘိုက ရွှေခြင်္သေ့ဆရာတော် ဦးတေဇာဓိပတိ မေး တယ်။ ကျောက်ပန်းတောင်း ကျော်ကျော် မေးတယ်။ နတ္တလင်း ကိုကောင်းညွန့်၊ ပြည် ဦးမြဝင်း အားလုံးက သူ့သဘော သူဆောင်နိုင်တယ်။

ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။

ပအိုဝ်းနောင်တောင်းဘုန်းကြီးကြီး ကို လျှောက်တော့လည်း သူတို့ ပအိုဝ်းရွာတွေ ကိုဗစ်ဘေး ကင်းရဲ့လား၊ ကိုဗစ်ရန် ကင်းရဲ့လား ဆိုတော့ တကာကြီး သတိရလို့ ဝမ်းသာသတဲ့။ သူတို့လည်း ရွာအပြန်တွေကို ရွာကို ချက်ချင်း အဝင်မခံဘူးလို့ ဆိုတယ်။ သူတို့ဆီမှာ ယိုးဒယားဘက်သွား အလုပ်လုပ်တဲ့သူတွေ အများကြီးပေမဲ့ သူတို့က ထိန်းထားနိုင်သတဲ့။ တပည့်တော်အတွက် ပအိုဝ်း လက်ဖက် ခြောက် လေး ချန်ထားဦး ဘုရာ့လို့ လျှောက်ကြည့်တော့ တကာကြီး ရွှေဖီမိုး လွတ်လားတဲ့။ ကိုဗစ်ကို မရောက် အောင် တားနိုင်တော့ လက်ဖက်ခြောက် ထွက်ဦးမှာပဲ။

ကျွန်တော် မေးသမျှ မြန်းသမျှ ရွာတွေက အဲသလို ကာကွယ်နိုင် ကြတာမို့ စိတ်သက်သာရာ ရတယ်။ မြို့တွေပဲ။ အထူးသဖြင့် ရန်ကုန် ပေါ့။ အစိုးရဟာ ရန်ကုန်အတွက်ပဲ လုပ်ရတော့မှာပေါ့။ သေသေချာချာ စဉ်းစား ကြည့်ပြန်တော့ အရင်ကလည်း အစိုးရတွေဟာ မြို့ပြအတွက် လုပ်တာပဲ များတာ။ တောအတွက်က နည်းနည်းပဲ။ တောသားတွေဟာ ဒါကြောင့်ပဲ ရွာမှ မြို့ ရွှေ့လာကြရတယ်။

လယ်ယာစိုက်ပျိုး ရေးအတွက် တိုးပြီး ထောက်ပံ့သင့်တယ်။ ထောက်ပံ့တာလည်း တောင်သူ တွေဆီ တိုက်ရိုက် ရောက်မှ ကောင်းမယ်။ …

Dinis Bazgutdinov

ဆင်ခြေဖုံး ရပ်ကွက်တွေဖြစ် တချို့လည်း ကျူးကျော်တွေ ဖြစ်ကြရရှာတယ်။ တောမှာ ပညာရေးလည်း မကောင်း ဆေးရုံဆေးခန်း တွေလည်း မကောင်း၊ မီးတောင်မှ မရတာကိုး။ အင်ဖရာ စထရပ်ချာတဲ့ အခြေခံအဆာက်အအုံတွေ ဟာ ကျေးတောသားတွေ အတွက် က နောက်မှကိုး။ တောသားတွေဟာ တောင်သူလုပ်ကြရတယ်။ လယ်ယာ အတွက် ထောက်ပံ့မှု (ဆပ်ဆီဒီ) ဘယ်လောက် လုပ်သလဲ။ တောသားတွေ တောင်သူ လုပ်တတ်အောင် နည်းပညာကော ဘယ်လောက် ပံ့ပိုးသလဲ။ အနည်းအကျဉ်း မှ တကယ့်ကို အနည်းအကျဉ်းကိုး။ လမ်းဖောက်ဖို့ မြေသိမ်းတယ်၊ စက်ရုံဆောက်ဖို့ မြေသိမ်းတယ်ဆိုတာတွေကလည်း ရှိသေး တယ်။

တိုင်းပြည်တွေမှာ တောင်သူတွေကို ထောက်ပံ့ကြရတယ် မဟုတ် လား။ လိုကယ်လိုက်ဇေးရှင်း (Localization) အကြောင်း ရေးထား တဲ့ စာအုပ်တစ်အုပ် လက်လှမ်းမီလို့ ဖတ်ကြည့်တယ်။ အစိုးရ အထောက်အပံ့ ဆိုတဲ့ အခန်းပါလို့ပဲ။ ၁၉၉၅ ခုနှစ်မှ ၂၀၁၂ ခုနှစ်ထိ ပြောင်း၊ ဝါ၊ စပါး၊ ဂျုံ နှင့် ပဲပိစပ်အတွက် ၂၅၆ ဘီလျံတဲ့။ တောင်သူတွေဆီတော့ နည်းနည်းပဲ ရောက်တယ်။ ၇၅ ရာနှုန်းက စက်မှုစိုက်ပျိုး စီးပွားရေး လုပ်ငန်းကြီးတွေ ဆီ ရောက်တယ်။ အမေရိကန်ကကွာ ပိုက်ဆံပေါတော့ တတ်နိုင်တာကိုးလို့ ဆိုကြမယ်။ ကျွန်တော်တို့က မတတ်နိုင်ဘူး။ သို့သော် လယ်ယာစိုက်ပျိုး ရေးအတွက် တိုးပြီး ထောက်ပံ့သင့်တယ်။ ထောက်ပံ့တာလည်း တောင်သူ တွေဆီ တိုက်ရိုက် ရောက်မှ ကောင်းမယ်။

အရင်းအနှီးငွေကြေး နည်းနည်း ကို သူတို့လက်ထဲ ထည့်ပေးရင် နာမကျန်းတဲ့ မြို့ပြ ဖြစ်ထွန်းခြင်း လျော့ နည်းတာပေါ့။ …

Christian Holzinger

ယခု နိုင်ငံရပ်ခြားအလုပ် ထွက်လုပ်ကြတဲ့သူတွေ ပြန်လာပြီ။ သူတို့လည်း ပဲ တောသားတွေ ကိုယ့်ရပ်ကိုယ်ရွာမှာ မနေနိုင်တော့လို့ တခြား ထွက်ကြရတာ သူတို့ပြန်လာတဲ့အခါ ဝန်ကို တော က ထမ်းရဦးမယ်။ ရပ် ကရွာကတော့ ထိုဝန်တာကို ထမ်းမှာပဲ။ အစိုးရ မင်းများ က ကူညီဖို့ ကောင်း တယ်။ ပြန်လာသူတွေနဲ့ တိုင်ပင်ပြီး အပေါ်ကလာတဲ့ အစီအမံမဟုတ်တဲ့ အောက်ခြေက လာတဲ့ ဖြေရှင်းမှုဆိုရင် အတိုင်းထက်အလွန် ဖြစ်မယ်။ အဲ သလို ဖြစ်ရမယ်။

ရင်းနှီးမြှုပ်နှံမှုတွေ လည်း အလာနည်းဦးမှာပဲ။ ရင်းနှီး မြှုပ်နှံမှုကြောင့် အရင်က မြို့ပြ (ရန်ကုန်) ဟာ အလုပ်ပေးနိုင်တာက တစ် သန်းလို့ ဆိုပါတယ်။ ပြန်သူတွေ ပေါင်းပြီး ယခု  နှစ် သန်း ဖြစ်မယ် ဆိုပါစို့။ ဘယ်လိုလုပ်ကြမလဲ။ တောကို ထောက်ပံ့ပြီး တချို့ တစ်ဝက်ကို တောရဲ့ ရင်ခွင်ထဲ ထည့်လိုက်ပေါ့။ အဲ… တောရင်ခွင်ထဲ ထည့်ဆိုတာက စကား အဖြစ်ပါ။ ဒီလူတွေ အများစုဟာ သူတို့ဟာ သူတို့ တောပြန်ကြမှာပါ။ ထည့်စရာတောင် မလိုဘူးရယ်။ ပျံ့သွားမှာဆိုတော့ ထုကြီးထည်ကြီး လို့ ထင်ရ ပေတဲ့ သူ့နေရာ သူ အသီးသီး ဝင်သွားမှာ။

ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။

မိတ္ထီလာနားမှာ ရွာကလေး တစ်ရွာရှိတယ်။ ကျွန်တော့် ကား ဆရာ ကိုစိုးသူရဲ့ ရွာ။ သူတို့ရွာသား (၃၀) ဟာ ရန်ကုန်မှ ရွာပြန် ချင်တယ် တဲ့။ အရင်က ရေကြည်ရာ မြက်နုရာ သွားကြရာက ကိုဗစ်နဲ့စက်ရုံတွေ ပိတ် တာနဲ့ ရွာပြန်တာပဲ ကောင်းတယ်လို့ စဉ်းစား ကြတဲ့ တောသားတွေ။ ရပ်ရွာ လူကြီးတွေက သက်ကြီးရွယ်အို ဖြစ်ကြပြီ။ ငါတို့လည်း ပင်ပန်းကြပြီ၊ မင်း တို့ လယ်ယာမှာ ဝိုင်းကူ လုပ်ရင် တို့ သက်သာတာပဲလို့ ရွာက ဝမ်းပန်း တသာ ကြိုသတဲ့။ ရွာပြန်သူတွေဟာ အတွေးအမြင်တွေ သစ်လာကြပါလိမ့် မယ်။ အဲသလို လူတွေကို ယခုကာလမှာ ကူကြရမယ် ထင်ပါတယ်။ လယ် သမားငယ်တွေ ပြန်လုပ်ကြမှာကများတယ်။ စိုက်ပျိုးနည်း သစ်တွေ မြေသြ ဇာ နည်းနည်း ရေနည်းနည်းပဲ လိုတဲ့ စိုက်နည်းတွေ၊ ဆားငန်ဓာတ်ခံနိုင် ရည်ရှိတဲ့ စပါးမျိုးတွေ၊ ပျိုးရက်တိုတဲ့ မျိုးတွေ၊ ဒါမှမဟုတ် ဝါးတွေ စိုက် တာ။ ကျွန်းရယ်လို့မှ မရှိတော့ဘူး မဟုတ်လား။ သစ်မရှိတဲ့ကြား ဝါး ပေါင်းကွပ်ရုံမက ရာသီ ဥတုဒဏ်ကို လျော့နည်းစေတဲ့ အပင်လည်း ဟုတ် တယ် မဟုတ်လား။ မြေဩဇာလုပ်နည်း၊ ပိုးသတ်ဆေးမသုံးတဲ့နည်း၊ သီးနှံ အခြောက်လှမ်းတာတွေ ပြီးတော့လည်း အရင်းအနှီးငွေကြေး နည်းနည်း ကို သူတို့လက်ထဲ ထည့်ပေးရင် နာမကျန်းတဲ့ မြို့ပြ ဖြစ်ထွန်းခြင်း လျော့ နည်းတာပေါ့။ ရွှေဘိုက ရွှေခြင်္သေ့ဆရာတော် သဘောတူတယ်။

ရွာအများ စုဟာ ညီနေတယ်၊ စည်းလုံး နေတယ်။ သူတို့ ကျန်းမာနေကြပါတယ်။ ဘယ်သူဘယ်ဝါက အကြံဉာဏ် ပေးလို့ ဘယ်ပါတီက ညွှန်လို့ ဘယ်အထောက်အပံ့နဲ့ စသည်ဖြင့် အဲဒါတွေ မပါ …

Sippakorn Yamkasikorn

တကယ်တော့ နောက်နောင် မကြာခင်မှာ မလွဲမသွေ ဖြစ်လာမယ့် ရာသီဥတု ပြောင်းလဲမှုနဲ့ နည်းပညာ အပြောင်းအလဲ နှစ်ခု ပေါင်းတဲ့ အန္တရာယ်အတွက် ပြင်ဆင်တယ်ဆိုရင်လည်း ဟုတ်တာပဲ။ နည်းပညာ အပြောင်းအလဲကြောင့် ဒါချည်း ဒါချည်း ထပ်ခါတလဲလဲ လုပ်ရတဲ့ အလုပ်ကြမ်း နေရာတွေကို စက်တွေက အစားထိုးရင် ကျွန်တော်တို့ တောသားတွေ အလုပ်ပြုတ်ပြီး ပြန်လာကြရမှာပဲ။ ဒါက နောက် ၄-၅ နှစ်ဆိုရင် ဖြစ်လာ မယ် ပြောကြတာပဲ။ ခုဟာက ၄-၅ နှစ် စောပြန်ရတာလို့ပဲ ယူရင်လည်း ရ တယ်။

ပြန်လာသူတွေ လုပ်နိုင်တဲ့ အလုပ်တွေကို ပြောမိတော့ မိုးကျတော့ မှာကိုး။ ယခုလုပ်နိုင်တာတွေပေါ့။ တကယ်တော့ သူတို့မှာ သူတို့စိတ်ကူး ရှိမှာ။ သူတို့နိုင်ငံခြားကို ထွက်တော့ ပိုက်ဆံလေး အိမ်ကို ပို့ရင်း ငါတော့ ဘာလုပ်မယ် ညာလုပ်မယ်၊ မြေလေး တစ်ကွက် ဝယ်မယ်၊ ခြံလေး တစ် ကွက် ဝယ်မယ်၊ အများစုမှာ အဲသလို စိတ်ကူးတွေ ရှိမယ်။ မရှိတဲ့သူတွေ လည်း ရှိမှာပေါ့။

အစိုးရကတော့ ရန်ကုန်/ မြို့များ ဦးစားပေး ဖြေရှင်းတာပဲ၊ ယခု စဉ်းစားတဲ့ ပိုက်ဆံတွေဟာ ရန်ကုန်အတွက် များတာပါပဲ။ ကျန်းမာရေး ကို တော်တော်လေး ဖြေရှင်းနိုင်ပါတယ်။ သို့သော် အလုပ်သမားတွေ အလုပ် လက်မဲ့ ဖြစ်ကုန်တာကို ဘယ်လို ဖြေရှင်းမလဲ။ ဆရာကြီးတွေ ပြောဆိုနေ ကြတာ ဆူညံနေတာပဲ။ ကနေဒါက အလုပ်ပြုတ်သူ တွေကို အခြေခံလစာ ၄ လ ပေးတယ်။ ဂျာမနီက သည်ထက် ပိုတယ် စသည်ဖြင့် ဖတ်ရတယ်။ တော်တော့်ကို ရှင်းလင်းတဲ့ ဖြေရှင်းမှုမျိုးပဲလို့ ကျွန်တော်ဖြင့် ကြိုက်တယ်။ ဝေ့ မနေ ဝိုက်မနေလို့ပါ။ ကျွန်တော်တို့ ဆီမှာလည်း ကရုဏာလျှင် ရှေ့သွားရှိ သော ဖြေရှင်းမှုမျိုး အစိုးရက လုပ်မယ်လို့ မျှော်လင့် ပါတယ်။ သည့်အရင် က မလုပ်ဖူးတဲ့ ဖြေရှင်းမှုမျိုး လုပ်ကြရမှာပဲ။ သာမန်အချိန် မဟုတ်ဘူး လေ။ အဲသည်တော့ သာမန်အချိန် ပြဿနာဖြေရှင်းမှုမျိုး မဟုတ်ရဘူးပေါ့။ စည်းကမ်း ဥပဒေ အခြေခံတဲ့ ဖြေရှင်းမှုမျိုး (rule-based solutions) က တော့ လုပ်နေကျ။ ရောဂန္တရကပ်အပြင် ငတ်တဲ့ကပ် မဆိုက်ရေးအတွက် ဉာဏ်အပြင် ကရုဏာ ပေါင်းရမှာပ။

ကိုဗစ်အလွန် ကာလ အခြေအနေဟာ ယခု ဖြစ်ပျက်နေတာတွေ အပေါ် ဘယ်လို အဓိပ္ပာယ်ကောက်မလဲ။ အဲသည် အကောက်အယူ ပေါ်မှာ တည်မယ်လို့ ဆိုကြတယ်။ ဟာရီကိန်းကက်တရီနာဖြစ်တော့ လုတာ ယက် တာတွေ ဖြစ်တယ်။ ပင်မရေစီး မီဒီယာကလည်း ဟာရီကိန်းအပြီး လုယက် တာတွေကို အသားပေး ရေးကြတယ်။ နယူးအော်လင်း ပုလိပ်ဟာ လူမည်း တွေကို ပစ်တယ်။ Shoot to kill တဲ့ ပစ္စည်းဥစ္စာ ကာကွယ်ဖို့ အပြင် သူတို့ ရဲ့ အာဏာကို ကာကွယ်ဖို့ပ။ ကပ်ဘေးတွေကို လေ့လာတဲ့ ပညာရှင်တွေက “အီလိ ထိတ်ထိတ်ပျာပျာဖြစ်ခြင်း (elite panic)” က ဖြစ်တတ်တယ်လို့ ပြောတယ်။ သာမန်လူတွေကတော့ ဆိုးဆိုးရွားရွား ပြုမူမှာပဲလို့ ယူဆတဲ့ အခါ အီလိတွေက အဲသလို တုံ့ပြန်တတ်တယ်။ “လမ်းပေါ်မှာ လုကုန်ကြပြီ” လို့ ပြောတာမျိုးဟာ၊ သာမန်လူတွေဟာ သူတို့ အသက်ရှင်နေနိုင်ဖို့ ဒါမှမ ဟုတ် တခြားသူတွေကို ကူညီဖို့ လုပ်ကြတာတွေကို အမည်အလွဲတပ်တာ အလွဲခေါ်ဝေါ်တာပ။

အစာရေစာလိုအပ်နေတဲ့ လူတွေထက် ကုန်သည်တွေ ရဲ့ ကုန်လှောင်ရုံတွေထဲက ကုန်ပစ္စည်းတွေက ပိုပြီး အရေးကြီးသွားတာက မကြာခဏ ဖြစ်ခဲ့တာပ။ ငတ်ပြတ်နေတဲ့ ဆင်းရဲသားဟာ အန္တရာယ်များတဲ့ ရန်သူဖြစ်သွားပြီး၊ သူတို့ကိုတော့ ထိန်းရမှာပဲ နှိပ်ကွပ် ရမှာပဲ၊ တရားဥပဒေ ကို လိုက်နာကြရမှာပေါ့ စသဖြင့် ပြောကြ လုပ်ကြပါတယ်။ကျွန်တော်တို့ မှာ ဒါမျိုးတွေ ဖြစ်ဖို့ အကြောင်းနည်း တန်ပါတယ်။

ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။

သူတို့ ကိုယ့်ဟာကိုယ် လုပ်ကြရှာတယ်။ ကိုဗစ်ကြောင့် ပြန်လာကြတဲ့ ပြည်သူ အများစုရဲ့ ဝန်ကို လည်း ထမ်းကြဦးမယ်။ ရန်ကုန်မြို့ပြန်တွေ၊ နိုင်ငံခြားပြန်တွေ …

Sasin Tipchai

ကျွန်တော်ကတော့ တောသားတွေ အစွမ်းကြောင့် တောကိုတော့ ကိုဗစ် မရောက်ဘူးဟဲ့ရယ်လို့ကျေနပ်အားရ ဖြစ်နေပါတယ်။ ကျေနပ်ရုံ တင် မကဘဲ အားရတာပါ။ ကျွန်မြူနတီဟေ့ပေါ့ ခင်ဗျာ။ အလွန်နည်းသော ခြွင်းချက်ရွာ တစ်ခုတလေက လွဲလို့ ရွာအများ စုဟာ ညီနေတယ်၊ စည်းလုံး နေတယ်။ သူတို့ ကျန်းမာနေကြပါတယ်။ ဘယ်သူဘယ်ဝါက အကြံဉာဏ် ပေးလို့ ဘယ်ပါတီက ညွှန်လို့ ဘယ်အထောက်အပံ့နဲ့ စသည်ဖြင့် အဲဒါတွေ မပါ၊ သူတို့ ကိုယ့်ဟာကိုယ် လုပ်ကြရှာတယ်။ ကိုဗစ်ကြောင့် ပြန်လာကြတဲ့ ပြည်သူ အများစုရဲ့ ဝန်ကို လည်း ထမ်းကြဦးမယ်။ ရန်ကုန်မြို့ပြန်တွေ၊ နိုင်ငံ ခြားပြန်တွေကို ခွဲခြားဆက်ဆံတယ် ဆိုတဲ့ ပြဿနာလေးတွေ မရှိ မဟုတ် ရှိပါတယ်။ သို့သော် အမှန်တရားရဲ့ ကြီးမားတဲ့ အစိတ်အပိုင်းကြီး a big chunk of truth၊ သူတို့ကိုယ် သူတို့ ကာကွယ်တယ် ဆိုတဲ့ အမှန်တရားဟာရွာတွေ ဘက်မှာ ရှိတာပါ။ ခွဲခြားတယ်ဆိုတဲ့ ပြဿနာလေးတွေက ဘေးဖယ် ထားရမယ့် ဟာတွေပါ။ ရွာသူရွာသား အချင်းချင်း ခွဲခြားတယ်ရယ်လို့ မရှိဘူးရယ်။

ဒီတိုင်းပြည်ဟာ ဒူပေနာပေ အတော်ခံတဲ့ တိုင်းပြည်လို့ အမွှမ်း တင်ကြရင် ဒူပေနာပေခံခြင်း အကြောင်းတရားဟာဖြင့် ကျေးရွာ အင်အား ပဲလို့ ယူဆပါတယ်။

ကိုတာ


Share this post
  •  
  •  
  •  
  •  
  •  
ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။

Tags: , , , , ,