ကျွန်တော်တို့က ငြိမ်းချမ်းစွာ အမှန်တရား ကိုချပြမှာ

ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။
Share this post
  •  
  •  
  •  
  •  
  •  

UST / အမေရိကန်နိုင်ငံရောက် နိုင်ငံရေးအကျဉ်းသားဟောင်း ဦးစိုးသန်း

ဘင်္ဂလီတွေဘက်က ဝါဒဖြန့်ချိရေးနဲ့ နိုင်ငံတကာ က အက်ရှင်တွေသိပ်များတော့ အမှားကအမှန်လို ဖြစ်နေတယ်။ ပြီးတော့ကျွန်တော်တို့ဘက်က နိုင်ငံတကာမှာ ဝါဒဖြန့်ချိမှု နဲ့ အက်ရှင်လုံးဝမရှိဘူး။ ဒါကြောင့်လဲနိုင်တကာက အမှန်တရားကိုသိ အောင်ဒီဆန္ဒပြပွဲကို အက်ရှင်တခုအနေနဲ့ ကျွန်တော်တို့စတင်လိုက်တာပါ …

ရခိုင်ပြည်နယ်မှာ ဖြစ်ပေါ်နေတဲ့ အခြေအနေ တွေနဲ့ပတ်သက်ပြီး နိုဘယ်ဆုရှင်မာလာလာ ရဲ့ ထုတ်ဖော်ပြောဆိုမှုတွေ၊ နိုင်ငံတကာ သတင်း မီဒီယာတွေရဲ့ဖော်ပြမှုတွေကိုလက်မခံနိုင်တဲ့ အမေရိကန်ရောက်မြန်မာတွေဆန္ဒပြကြမယ်လို့ သိရ ပါတယ်။ဒီဆန္ဒပြပွဲနဲ့ ပက်သတ်ပြီး ဆန္ဒပြပွဲမှာပါဝင်မယ့်အမေရိကန်နိုင်ငံရောက် နိုင်ငံရေးအကျဉ်းသားဟောင်း ဦးစိုးသန်း ကို ငြမ်းမီဒီယာ က ဆက်သွယ်မေးမြန်း ထားပါတယ်။ ဦးစိုးသန်းဟာ မြန်မာ့ဒီမိုကရေစီ အရေး၊ လူ့အခွင့်အရေးအတွက် စစ်အစိုးရ လက်ထက် ကာလ တစ်လျောက်လုံး တက်ကြွစွာ လှုပ်ရှားခဲ့သူ တစ်ဦးလည်းဖြစ်ပါတယ်။

ငြမ်းမီဒီယာ – မင်္ဂလာပါ ဦးစိုးသန်း။ အမေရိကန်ရောက် မြန်မာတွေဆန္ဒပြဖို့စီစဉ်နေတယ်လို့သိရပါတယ်။ ဘာကြောင့် ပြမှာလဲ။

UST – နိုဘယ်ဆုရှင်မာလာလာအနေနဲ့ မြန်မာပြည်အရေးကိုသေသေချာချာမသိဘဲ တဖက်စောင်းနင်းပြောနေ၊ ဝါဒဖြန့်နေမှုကို ရပ်တန့်ဖို့၊အဖြစ်မှန်တွေသိစေလိုလို့ဆန္ဒပြ ကြမှာပါ။

ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။

ငြမ်းမီဒီယာ – ဟုတ်ကဲ့ခင်ဗျ။အမေရိကန်ရောက်မြန်မာ တွေအနေနဲ့ သည်နေ့ဖြစ်နေတဲ့ရခိုင်ပြည် အရေးကိုဘယ်လောက်အထိ သိထားလဲဗျ။

UST – ကျွန်တော်တို့အချိန်နဲ့ တပြေးညီ ပြည်တွင်းမီဒီယာတွေကရော၊ ပြည်ပမီဒီယာ တွေကရော၊ ဆိုရှယ်မီဒီယာတွေကရော ရခိုင်ပြည်ကနေတိုက်ရိုက် မိသားစုတွေက တဆင့်တွေရော သတင်းတွေ ရယူလေ့လာ စုံစမ်းထားကြပါတယ်။ပြောရရင်ကန်တော်တို့ အားလုံးနီပါးသိပါတယ်။

ငြမ်းမီဒီယာ – အဲဒီတော့ သည်နေ့ ရခိုင်အရေးမှာ နိုင်ငံတကာသတင်းမီဒီယာတွေရဲ့ရေးသား နေမှုကိုရော ဘယ်လိုသုံးသပ်မိလဲဗျ။

UST – နိုင်ငံတကာ သတင်းမီဒီယာတွေက ဒေါ်အောင်ဆန်းစုကြည်နဲ့ အန္ဒိယဝန်ကြီးချုပ်အပါအဝင် နိုင်ငံအချို့က အကြီးအကဲတွေနဲ့ ရခိုင်အရေးတွေ့ဆုံမှု မတိုင်ခင်အထိသတင်းမှား တွေနဲ့ တဖက်စောင်းနင်း မတရား ပြောနေကြတယ်။ အမေစုတွေ့ဆုံမှု တွေနောက် မှာ အရှိန်လျှော့လာတယ်။အဲဒါက ဘင်္ဂါလီတွေဘက်က ဝါဒဖြန့်ချိရေးနဲ့ နိုင်ငံတကာ က အက်ရှင်တွေသိပ်များတော့ အမှားက အမှန်လိုဖြစ်နေတယ်။ပြီးတော့ ကျွန်တော်တို့ဘက်က နိုင်ငံတကာမှာဝါဒ ဖြန့်ချိမှုနဲ့ အက်ရှင် လုံးဝမရှိဘူး။ ဒါကြောင့်လဲ ကျွန်တော်တို့ နိုင်တကာက အမှန်တရားကို သိအောင် ဒီဆန္ဒပြပွဲကို အက်ရှင် တခုအနေနဲ့ စတင် လိုက်တာပါ။

ငြမ်းမီဒီယာ -ဘယ်နေရာမှာဆန္ဒပြကြမလဲ။

UST – ကျွန်တော်တို့ နယူးယောက်ပြည်နယ်၊ ဘတ်ဖလိုးမြို့မှာရှိတဲ့ university of Buffalo ထဲက Alumni Arena ခန်းမမှာမာလာလာ စကားပြောမယ်။အဲဒီ ခန်းမရှေ့မှာ ဆန္ဒပြဖို့ စီစဉ်နေ ပါတယ်။ အသေးစိတ်ကို ကျွန်တော်တို့ စီစဉ်ဆဲပါ။University ထဲမှာဖြစ်တဲ့အတွက် University police ရဲ့ပါမစ်ရော၊City ပါမစ်ပါလျေက်ထားဆဲပါ။

ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။

ငြမ်းမီဒီယာ – ပြည်တွင်းမှာတော့ ရခိုင်အရေးနဲ့ ပတ်သက်ပြီး အရပ်ဘက်အဖွဲ့အစည်း တချို့ဟာ နိုင်ငံတကာ အလှူရှင်တွေရဲ့ အခြေ အနေကို ကြည့်ပြီး ရခိုင်ကိစ္စအပေါ် နှုတ်ဆိတ်နေကြ တယ်လို့ သုံးသပ်သူတွေလည်း ရှိတယ်ဗျ။သတင်း မီဒီယာတွေရဲ့ ပုံဖော်မှုမှာ ရခိုင်အရေးနဲ့ ပတ်သက်ပြီး နိုင်ငံတကာ မြင်ထားပုံက တစ်ခုဖြစ် နေတော့ ဒီလိုဆန္ဒပြမှုကြောင့် အလုပ်အကိုင် ထိခိုက်မှာတွေ၊ တခြားမမျှော်လင့်ထားတဲ့ အခြေအနေဆိုးတွေရောက်လာမှာကို မစိုးရိမ်ဘူးလား။

UST – ကျွန်တော်တို့စိုးရိမ်စရာက မွတ်ဆလင် အစွန်းရောက်တွေရဲ့အကြမ်းဖက်မှုကလွဲရင် ကျန်တာစိုးရိမ်စရာမရှိပါဘူး။ ပြီးတော့ ကျွန်တော်တို့ကငြိမ်းချမ်းစွာအမှန်တရားကိုချပြ မှာဖြစ်တဲ့အတွက် ကျန်တာတွေရင်ဆိုင်ဖို့ အသင့်ပါ။

ငြမ်းမီဒီယာ- နောက်ဆုံးမေးခွန်းပါခင်ဗျ။ဂျပန်နိုင်ငံမှာ ရှိတဲ့မြန်မာသံရုံးရှေ့မှာ ဆန္ဒပြတဲ့ ရုပ်သံကို ကြည့်လိုက်ရမယ် ထင်တယ်။ ဘယ်လိုခံစားရလဲဗျ။

UST – ဂျပန်လိုနိုင်ငံမှာတောင်သူတို့ကအကြမ်း ဖက်ဖို့ကြိုးစားကြနေပြီဆိုတော့ ကျွန်တော်တို့ နိုင်ငံမှာအကြမ်းဖက်တာကို နိုင်ငံတကာက သိအောင်ပြဖို့လိုပြီ။နို့မဟုတ်ရင်မြေပြင်မှာလည်းခံရ၊မီဒီယာလည်းရှုံး၊နိုင်ငံပါ ဆုံးတော့မယ်။ သိပ်အန္တရာယ် များနေပြီလို့ ခံစားမိပါတယ်။

ငြမ်းမီဒီယာ
စက်တင်ဘာ(၁၁)၊၂၀၁၇၊ရန်ကုန်

 


Share this post
  •  
  •  
  •  
  •  
  •  
ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။

Tags: , , , ,