ကျွန်တော်တို့ ကန့်ကွက်တာ ဗိုလ်ချုပ်အောင်ဆန်းကို မုန်းလို့ မဟုတ်ဘူးဗျ

ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။
Share this post
  •  
  •  
  •  
  •  
  •  

PKPF / လွိုင်ကော်မြို့ ကန္ဒာဟေဝန် ပန်းခြံတွင် စိုက်ထူထားသော ဗိုလ်ချုပ်ကြေးရုပ်

ဒီဘက်က လူ တွေအားလုံးဟာ ကိုယ့်စာကို ကိုယ်မရေးတတ်ကြတော့ဘူး။ ကိုယ့်စာကိုယ် မဖတ်တတ်ကြ၊ ကိုယ့်သမိုင်းကိုယ် မသိကြ တော့ဘူး ဖြစ်နေတယ်။ ကျွန်တော်တို့ ဒီပြည်နယ်မှာ …

လွိုင်ကော်မြို့၊ ကန္ဒာဟေဝန်ပန်းခြံတွင် ဗိုလ်ချုပ်ကြေးရုပ်တု ထားရှိ မည့် အစီအစဉ်ကို ကယားအရပ် ဘက် အဖွဲ့အစည်းများက ကန့် ကွက်လျက်ရှိရာ ယနေ့၊ မွန်းလွဲပိုင်းက ဗိုလ်ချုပ်ကြေးရုပ်တု လာ ရောက် စိုက်ထူစဉ် လုံခြုံရေး အဖွဲ့အစည်းများနှင့် အရပ်ဘက် အဖွဲ့အစည်းများမှ လူငယ်များအကြား တင်းမာမှု ဖြစ်ပေါ်ခဲ့သည်။

အဆိုပါ အခြေအနေများနှင့် ပတ်သက်၍ ကန့်ကွက်သည့် အရပ်ဘက် အဖွဲ့အစည်းများတွင် ပါဝင်ပြီး လက်ရှိ သပိတ်တိုက်ပွဲ ဝင်နေ သူတစ်ဦး ဖြစ်သည့် ကယားပြည်နယ် ကျောင်းသား သမဂ္ဂ ဗဟို ကော်မတီဝင် ကိုမျိုးလှိုင်ဝင်းကို ငြမ်းမီဒီယာက ဆက်သွယ် မေးမြန်းထားပါသည်။

ငြမ်းမီဒီယာ – ဗိုလ်ချုပ်ကြေးရုပ်တု စိုက်ထူမှုနဲ့ ပတ်သက်ပြီး လက်ရှိ အဲဒီမှာ ဖြစ်ပျက်နေတဲ့ တင်းမာမှုအခြေအနေကို ပြောပါဦး။

ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။

MHW – လက်ရှိ အခြေအနေကတော့ ညနေ (၄ း ၀၀) နာရီလောက် စတည်တယ်။ ကျွန်တော် တို့ကတော့ နေ့လယ် (၂ း ၀၀) နာရီက တည်းက စပြီး သပိတ်ထိုင် ကန့်ကွက်ခဲ့တယ်။ ကား ပေးမဝင်ဘူး။ ဗိုလ်ချုပ်ရုပ်တု မမယ့် ကရိန်းကို ကျွန်တော်တို့ ပိတ်လိုက်တယ်။ သူတို့က နောက်တစ်ပေါက်၊ တခြားတစ်ပေါက်ကနေ ဖောက်ဝင်ပြီး တော့ ပန်းခြံထဲဝင်တယ်။ ကျွန်တော်တို့နဲ့ ရုန်းရင်းဆန်ခတ် ခဏ ဖြစ်တယ်။ ပန်းခြံထဲမှာ ထိုင်သပိတ် လုပ်တယ်။

သူတို့လိမ်တာပါ။ မနေ့ညက သူတို့စတည်ဖို့ လုပ်တဲ့ အချိန်မှာ ပြည်နယ်ရဲ့ စီမံနဲ့ ဘဏ္ဍာရေးဝန်ကြီးကိုယ်တိုင် ဦးဆောင် ပြီး လုပ်နေတာဗျ။ ဒါ သူတို့ ပြောင်ပြောင်တင်းတင်း လိမ်လိုက်တာပဲ။ ကျွန်တော်ကတော့ အဲဒီလိုပဲ ပြောချင်တယ်။ အဲဒီဝန်ကြီ …

ခဏ ကြာလာတော့ ကျွန်တော်တို့ သပိတ်ကော်မတီ ပြန်အစည်းအဝေးထိုင်ပြီး ပန်းခြံထဲ မှာ မလုပ်တော့ဘူး။ ပန်းခြံအပြင်မှာ သပိတ်ဆက်ထိုင်မယ်၊ ဆက် တောင်းဆိုသွားမယ်။ အစိုးရနဲ့ ဒီအပေါ်မှာ ညှိနှိုင်းပေးဖို့ကို၊ ဆက် တောင်းဆိုသွားမယ်ဆိုတဲ့ဟာကို။ အခု သပိတ်ဖွင့်ပြီဗျ။

ငြမ်းမီဒီယာ – အခု ကန့်ကွက်သပိတ်မှာ ဘယ်သူတွေပါဝင်ပြီး အင်အား ဘယ်လောက်ရှိလဲ။

MHW – အခုလောလောဆယ်ကတော့ ကျွန်တော်တို့ (၃၀) လောက် ပဲ သပိတ်စခန်းမှာ ထားထား တယ်။ ဘာလို့လဲဆိုတော့ သပိတ် ရေ ရှည် သွားရမှာ မ့ိုလို့လေ။ အဖွဲ့အစည်း တွေကတော့ (၁၀) ခု ကျော် ပါတယ်။ ဒေသခံ တိုင်းရင်းသား လူငယ်တွေပေါ့။ ကယန်း မျိုးဆက် သစ်လူငယ် ပါမယ်၊ ကယား လီဖူး ပါမယ်၊ ကယား လီဖူးလူငယ် ပါမယ်၊ နောက်ပြီး တော့ ကယောလူငယ် ပါမယ်၊ ကျွန်တော်တို့ ကယားပြည်နယ် ကျောင်းသား သမဂ္ဂပါမယ်၊ ကရင်နီပြည် တောင်သူ လယ်သမား သမဂ္ဂ ပါမယ်။ နောက်ပြီးတော့ ကော်ယော် လူငယ်အဖွဲ့ ပါမယ်။ ကျွန်တော် မြင်မိသလောက်၊ အခု မှတ်မိသလောက်ပေါ့နော်။ တခြားအဖွဲ့တွေ ရှိတော့ ရှိသေးတယ်ဗျ။

ငြမ်းမီဒီယာ – သပိတ်တိုက်ပွဲက ဘယ်လောက်အထိ ကြာမယ်လို့ မျှော်လင့် ထားလဲ။

MHW – ကျွန်တော်တို့ ဒီသပိတ်ကို အကန့်အသတ်နဲ့ သွားမှာဗျ။ ရက်တော့ ရှည်လိမ့်မယ်။ ဒါပေမဲ့ ဒီကြားထဲမှာ သပိတ်ပုံစံကို ဘယ် လို ဆက်သွားမလဲ ဆိုတဲ့ဟာကို သဘောထား ထုတ်ပြန်ချက် ထုတ်သွားမှာပါ။

ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။

ငြမ်းမီဒီယာ – နေ့လယ်က ထိပ်တိုက်တွေ့ဆုံမှုမှာ အစိုးရအဖွဲ့ အာဏာပိုင် တွေဘက်ကရော ဘာများပြောခဲ့လဲ။

MHW – သူတို့ကတော့ လုပ်စရာရှိတာ လုပ်မှာပဲပေါ့နော်။ တည်စရာ ရှိတာ တည်မှာပဲပေါ့။ သူတို့က အဲဒီလိုပဲ ပြောတယ်။ သူတို့က အတွေ့မခံဘဲ၊ တွေ့ဆုံညှိနှိုင်းမှု မရှိဘူး။

ငြမ်းမီဒီယာ – အခု ဒါဆို ဗိုလ်ချုပ်ရုပ်တုက အုတ်ခုံပေါ် ရောက်ပြီလား။

MHW – ဟုတ်တယ်ဗျ။ အုတ်ခုံပေါ် ရောက်နေပါပြီ။

ငြမ်းမီဒီယာ – လာမယ့် (၁၃) ရက်နေ့မှာ ဗိုလ်ချုပ်ရုပ်တု ဖွင့်ပွဲ လုပ်နိုင်တယ် လို့ ခန့်မှန်းကြတယ် ဆိုတော့ ဒီ ကြားထဲမှာ ညှိနှိုင်းမှု တစ်စုံတစ်ရာ ဖြစ်မလာဘူးဆိုရင် ဘယ်လို ဆက်ဖြစ်နိုင်မလဲ။

MHW – ကျွန်တော်တို့က အခု ပန်းခြံရှေ့မှာ သပိတ်ဆက်ထိုင်မယ်။ သပိတ် အပြောင်းအလဲက လုပ်ဖို့ရှိတယ်ဗျ။ တချို့ဟာတွေက သပိတ် ကော်မတီရဲ့ အစည်းအဝေး လျှို့ဝှက်ချက် ဖြစ်နေလို့ ဒီနေရာမှာ ပြော လို့ မရသေးဘူး။ သပိတ်စခန်းက ဒီည စထိုင်ပြီ။

ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။

ငြမ်းမီဒီယာ – ဌာနေတိုင်းရင်းသားတွေရဲ့ သဘောဆန္ဒမပါဘဲ မလုပ်ဖို့ ကန့်ကွက် တောင်းဆိုကြ တာဆိုတော့ ဒီဌာနေ တိုင်းရင်းသားတွေကရော ဘယ်လို သဘောဆန္ဒရှိကြလဲ။

MHW – ဌာနေတိုင်းရင်းသားတွေက အားလုံး ကန့်ကွက်နေကြ တယ်။ ဒီမှာရှိတဲ့ စာပေယဉ် ကျေးမှု ကော်မတီ၊ တိုင်းရင်းသား ပါတီ၊ တိုင်းရင်းသား လက်နက်ကိုင်၊ တိုင်းရင်းသားလူမျိုး၊ အားလုံး ကန့် ကွက်တယ်ဗျ။ ဒီအပေါ်မှာ လက်မခံဘူး။ လူထု ကန့်ကွက် လက်မှတ် လိုက် ကောက်တဲ့ အချိန်မှာလည်း သောင်းနဲ့ချီပြီး ရတယ်ဗျ။ လူထုက လက်မခံဘူး။

ငြမ်းမီဒီယာ – ကယား NLD ကတော့ ဒီကိစ္စမှာ သူတို့မပါဘူးလို့ ပြောထား တယ်နော်။ အစိုးရအဖွဲ့က ဘာလို့ ဗိုလ်ချုပ်ကြေးရုပ်တု စိုက်ထူဖို့ ဒေသခံတွေနဲ့ အတိုက်အခံဖြစ်ပြီး လုပ်ရတာလဲ။

MHW – ဒါက သူတို့လိမ်တာပါ။ မနေ့ညက သူတို့စတည်ဖို့ လုပ်တဲ့ အချိန်မှာ ပြည်နယ်ရဲ့ စီမံနဲ့ ဘဏ္ဍာရေးဝန်ကြီးကိုယ်တိုင် ဦးဆောင် ပြီး လုပ်နေတာဗျ။ ဒါ သူတို့ ပြောင်ပြောင်တင်းတင်း လိမ်လိုက်တာပဲ။ ကျွန်တော်ကတော့ အဲဒီလိုပဲ ပြောချင်တယ်။ အဲဒီဝန်ကြီးက NLD ပါတီဝင် ပဲလေ။

ငြမ်းမီဒီယာ – ဗိုလ်ချုပ်ရုပ်တုကို စိုက်ထူဖို့ ကန့်ကွက်ရတာ ဘာဖြစ်လို့လဲ။ ဗိုလ်ချုပ်အပေါ်မှာ သဘော မကျတာ၊ မကြိုက်တာ ရှိလား။

MHW – ကျွန်တော်တို့က ဗိုလ်ချုပ်ကို မကြိုက်တာ မဟုတ်ဘူး။ ဗိုလ်ချုပ်ကို အမြဲတမ်း လေးစားပြီး သားပဲ။ ကျွန်တော်တို့ ကန့်ကွက် တာ ဗိုလ်ချုပ်အောင်ဆန်းကို မုန်းလို့ မဟုတ် ဘူးဗျ။ တိုင်းရင်းသား ဒေသတွေမှာ ကျွန်တော်တို့ သမိုင်းအရ၊ အတွေးအခေါ်အရ၊ စာပေ အရ ဖျောက်ဖျက်ခံရတာ နှစ်ပေါင်း များစွာ ကြာခဲ့ပြီ။ ဒီဘက်က လူ တွေအားလုံးဟာ ကိုယ့်စာကို ကိုယ်မရေးတတ်ကြတော့ဘူး။ ကိုယ့်စာကိုယ် မဖတ်တတ်ကြ၊ ကိုယ့်သမိုင်းကိုယ် မသိကြ တော့ဘူး ဖြစ်နေတယ်။ ကျွန်တော်တို့ ဒီပြည်နယ်မှာ ဖက်ဆစ်ကို တော်လှန်တဲ့ သူရဲကောင်း တွေ၊ နယ်ချဲ့အင်္ဂလိပ်ကို တော်လှန်တဲ့ သူရဲကောင်းတွေ အများကြီး ရှိခဲ့တယ်။ သူရဲကောင်း တွေ၊ လေးစားရတဲ့ ပုဂ္ဂိုလ်တွေ ကျွန်တော်တို့မှာ အများကြီး ရှိခဲ့တယ်။ အဲဒီလို ပုဂ္ဂိုလ်တွေကို အရင်ဆုံး မတည်ဘဲနဲ့ ဒီလိုမျိုး ဘောင်ကျော်ပြီး လာတည်တာဟာ ကျွန်တော်တို့ရဲ့ ခံစားချက် မတွေ့ဘူး။ ကျွန်တော်တို့ အတွက် မနွေးထွေးဘူး။

ပြည်သူလူထု သဘောဆန္ဒမပါဘဲ မဆောက်ဘူးလို့ ပြောခဲ့တယ်။ သို့သော်ငြား လည်း ဒီအချိန်မှာ လူထုသဘောဆန္ဒ ကောက်ခံမှု လက်မှတ်တွေလည်း မရှိဘဲနဲ့၊ လူထု သဘောဆန္ဒ မပါဘဲ ဗိုလ်ချုပ်ကြေးရုပ်တုကို အတင်း အဓမ္မ ဆောက်တာဟာ ဒါ လူထုကို သစ္စာဖောက်တာပဲ …

တကယ်တမ်း ဗိုလ်ချုပ်အောင်ဆန်းနဲ့ ကျွန်တော်တို့ ကယားပြည်နယ်ရဲ့ ပတ်သက်မှုကလည်း အရမ်း မရှိခဲ့ဘူး။ တစ်ခေါက်ပဲ ဗိုလ်ချုပ်အောင်ဆန်း ရောက်လာခဲ့တယ်။ ၁၉၄၆ ဒီဇင်ဘာ (၂၃) မှာ။ တစ်ခေါက်ပဲ။ ပင်လုံ စာချုပ်မှာ လက်မှတ်ထိုးဖို့၊ ပူးပေါင်းပါဝင် ဆောင်ရွက်ဖို့အတွက်ပဲ လာစည်းရုံးခဲ့တယ်။ အဲဒီ အချိန် ပင်လုံစာချုပ်မှာ လက်မှတ်ထိုးတော့လည်း ကျွန်တော်တို့ ကရင်နီပြည် ကိုယ်စားလှယ် တွေ မပါခဲ့ဘူး။ အဲဒါကြောင့် ကန့်ကွက် ရခြင်း ဖြစ်တာပေါ့။

ငြမ်းမီဒီယာ – ဒေသခံတွေ သဘောမတူရင် မလုပ်ဘူးလို့ ပြည်နယ်အစိုးရက ပြောဖူးတယ်နော်။ အခု လုပ်တာက သူတို့ဆီမှာရော ပြည်နယ်လူထု ရဲ့ သဘောတူညီမှုတချို့ ရထားလို့လား။

MHW – သူတို့ လက်ဝယ် ရထားတာလည်း မရှိဘူး။ ထုတ်လည်း မထုတ်ပြန်ဘူး။ ကောက်ခံ ထားတာ လည်းမရှိဘူး။ ထောက်ခံကြောင်း လူထုလက်မှတ်လည်း မထုတ်ပြန်ထားဘူး။ ထောက်ခံတာလည်း ကျွန်တော်တို့ မကြားရဘူး။ သူတို့က အတင်းဇွတ်လုပ် နေတာပေါ့။ လူထုသဘောထား မပါဘဲ ဒီလို တည်ဆောက်နေတာ။

ငြမ်းမီဒီယာ – ပထမအကြိမ်တုန်းက ဗိုလ်ချုပ်ရုပ်တု တည်ဆောက်မယ်လို့ သတင်းထွက်လို့ ဝိုင်း ကန့်ကွက်ကြတုန်းကရော ဝန်ကြီးချုပ် ဦးအယ် ဖောင်းရှိုက ဘာ ကတိကဝတ်တွေ ပေးခဲ့ဖူးလဲ။

MHW – သူက ပြည်သူလူထု သဘောဆန္ဒမပါဘဲ မဆောက်ဘူးလို့ ပြောခဲ့တယ်။ သို့သော်ငြား လည်း ဒီအချိန်မှာ လူထုသဘောဆန္ဒ ကောက်ခံမှု လက်မှတ်တွေလည်း မရှိဘဲနဲ့၊ လူထု သဘောဆန္ဒ မပါဘဲ ဗိုလ်ချုပ်ကြေးရုပ်တုကို အတင်း အဓမ္မ ဆောက်တာဟာ ဒါ လူထုကို သစ္စာဖောက်တာပဲလို့ ကျွန်တော်တို့ မှတ်ယူတယ်။

ငြမ်းမီဒီယာ – ခုလို ဖြေကြားပေးတာ ကျေးဇူးတင်ပါတယ်။

ငြမ်းမီဒီယာ


Share this post
  •  
  •  
  •  
  •  
  •  
ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။

Tags: , , , , , ,