ကျွန်တော်တို့ ဆုံးဖြတ်ပိုင်ခွင့် မရှိတဲ့ဟာမျိုးတွေဆို ပြန်လွှဲပေးရတယ်

ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။
Share this post
  •  
  •  
  •  
  •  
  •  

ငြမ်း / မန္တလေးတိုင်းဒေသကြီး လွှတ်တော်ဥက္ကဌ ဦးအောင်ကျော်ဦးအား

ဒီလို အစိုးရတစ်ရပ်က ချထားပေးခဲ့တဲ့ မြေတွေကို ပြန်သိမ်းဖို့ဆိုတာ ပြီးခဲ့တဲ့ အစိုးရအဆက်ဆက်မှာ မရှိခဲ့ဘူးလို့တော့ထင်တယ်။ အစိုးရ စပ်ကူးမတ်ကူးကာလ တစ်ရက်အလို၊ နှစ်ရက်အလိုမှာ ချထားပေးခဲ့တဲ့ မြေ တွေဟာ ဥပဒေနဲ့ မညီဘူးဆိုပြီး လွှတ်တော်ကိုယ်စားလှယ် …

မန္တလေးတိုင်းဒေသကြီး ဒုတိယအကြိမ်လွှတ်တော် ပုံမှန်အစည်းအဝေး (၈) ကြိမ်၊ အရေးပေါ် အစည်းအဝေး (၁) ကြိမ်နှင့် အထူးအစည်းအဝေး (၁) ကြိမ် ကျင်းပခဲ့ရာ အဆို (၁၇) ခု၊ ကြယ်ပွင့်ပြမေးခွန်း (၆၄၄) ခုနှင့် သာမန်မေးခွန်း (၃၀၄)ခုကို တင်သွင်းမေးမြန်းမှုများ ပြုလုပ်ပြီးနောက် မန္တလေးတိုင်းဒေသကြီးလွှတ်တော်၏ ဆောင်ရွက်ခဲ့ပြီးသည့် အခြေအနေများ၊ ဆက်လက်ဆောင်ရွက်မည့် အစီအစဉ်များနှင့် ပတ်သက်၍ မန္တလေးတိုင်းဒေသကြီး လွှတ်တော်ဥက္ကဌ ဦးအောင်ကျော်ဦးအား ငြမ်းမီဒီယာက တွေ့ဆုံမေးမြန်းထားပါသည်။

ငြမ်းမီဒီယာ- အခု ဒုတိယအကြိမ်လွှတ်တော်မှာ ပြီးခဲ့တဲ့ ပထမအကြိမ်လွှတ်တော်တုန်းကနဲ့ မတူတဲ့ ဆောင်ရွက်မှုများ ရှိပါသလား။

UAKO – ဒီလွှတ်တော်သက်တမ်းမှာ ထူးခြားတာက ပြီးခဲ့တဲ့ အစိုးရလက်ထက်က အကူးအပြောင်းကာလမှာ ချထားပေးခဲ့တဲ့၊ လူပုဂ္ဂိုလ် တစ်ဦးတစ်ယောက်ကို ပေးခဲ့တဲ့ မြေတွေကို ပြန်သိမ်းဖို့အတွက် အဆိုအောင်ခဲ့တယ်။ ဒီလို အစိုးရတစ်ရပ်က ချထားပေးခဲ့တဲ့ မြေတွေကို ပြန်သိမ်းဖို့ဆိုတာ ပြီးခဲ့တဲ့ အစိုးရ အဆက်ဆက်မှာ မရှိခဲ့ဘူးလို့ တော့ထင်တယ်။ အစိုးရ စပ်ကူး မတ်ကူးကာလ တစ်ရက်အလို၊ နှစ်ရက်အလိုမှာ ချထားပေးခဲ့တဲ့ မြေတွေဟာ ဥပဒေနဲ့ မညီဘူးဆိုပြီး လွှတ်တော် ကိုယ်စားလှယ် တစ်ဦးက အဆိုတင်ခဲ့တယ်။ ဒီအဆို အောင်ခဲ့တဲ့အတွက် အစိုးရအဖွဲ့က ၂၀၁၇ ဒီဇင်ဘာမှာ တရားဝင် စာထွက်ပြီး ဒီမြေတွေကို ပြန်သိမ်းခဲ့တယ်။ နောက်တစ်ချက်ကတော့ အစိုးရ စပ်ကူးမတ်ကူးနဲ့တော့ မဆိုင်ဘူး၊ သစ်တောထူထောင်ဖို့အတွက် အစိုးရက ချထားပေးခဲ့တာတွေထဲမှာ အိုးအိမ်၊ တိုက်တာတွေ ဆောက်လုပ်နေတာနဲ့ ပတ်သက်ပြီး အဆိုတင်သွင်းမှုမှာ လည်း အဆိုအောင်ခဲ့တဲ့အတွက် အဲဒါကိုလည်း စစ်ဆေးနေပြီ။ ပြီးရင် တိုင်းဒေသကြီး အစိုးရအဖွဲ့ဆီကို တင်ပြသွားမယ်။ ဥပဒေနဲ့ မညီဘူးဆိုရင်တော့ ပြန်သိမ်းမယ်။

ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။

ငြမ်းမီဒီယာ – မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့အနေနဲ့ စီမံကိန်းတွေ အကောင်အထည်ဖော်ရာမှာ တိုင်းဒေသကြီး လွှတ်တော်ရဲ့ အတည်ပြုချက်ကို ရယူတာမျိုး မရှိဘူးလို့ သိရတယ်။ အဲဒါရော ဟုတ်ပါသလား။

UAKO – အစိုးရရဲ့ ရင်းနှီးစိုက်ထုတ်စရာမပါဘူး၊ ကိုယ့်ဘာသာကိုယ် ကိုယ့်စရိတ်နဲ့ကိုယ် အကုန်အကျခံပြီး လုပ် တဲ့ဟာဆို ကျွန်တော်တို့ လွှတ်တော်က ဆုံးဖြတ်ပေးမှမဟုတ်ဘူး၊ မှတ်တမ်းအနေနဲ့ပဲ ကျွန်တော်တို့ကို တင်ပေ့ါ။ လွှတ်တော်က အတည်ပြုပေးမှမဟုတ်ဘူး။ အစိုးရရဲ့ ရင်းနှီးမြှပ်နှံမှု ပါတယ်ဆိုရင်တော့ လွှတ်တော်ရဲ့ အတည်ပြု ချက်ယူပြီးမှ လုပ်ရမယ်။ သူတို့ဘာသာ သူတို့ လုပ်မယ်ဆိုရင်တော့ MIC ရဲ့ ခွင့်ပြုချက်နဲ့ လုပ်ရတယ်။ ကျွန်တော်တို့ လက်ထက်မှာတော့ စီမံကိန်းတွေကို ခွင့်ပြုရတယ်ဆိုတာတော့ မရှိသေးပါဘူး။

တခြားလုပ်ငန်း ပူးပေါင်းပြီး လုပ်ရမယ့် အချိန်မျိုးကြတော့ မလာနိုင်တဲ့ တပ်မ တော်သား ကိုယ်စားလှယ်တွေတော့ ရှိတယ်။ ကျွန်တော်တို့ဆီမှာ အရေးကြီးတဲ့ ဆေးတပ်တို့ဘာတို့ မဟုတ်ဘဲနဲ့ သာမန် တပ်မတော်က ကိုယ်စားလှယ်တွေကတော့ ဘာအဆိုပဲ ဖြစ်ဖြစ် ပူးပေါင်းပြီး လုပ်ရမယ့် အလုပ်မျိုးဆို ပါ ပါ တယ်။ အဲဒီတော့ …

ငြမ်းမီဒီယာ – တပ်မတော်သား ကိုယ်စားလှယ်တွေရဲ့ ပူးပေါင်းပါဝင် ဆောင်ရွက်မှုကရော ဘယ်လိုအခြေအနေရှိပါ သလဲ။

UAKO – သူတို့က တစ်ခုရှိတယ်၊ ဥပမာ တချို့ ဆေးတပ်တို့ဘာတို့ ဒီကိုယ်စားလှယ်လေးတွေကတော့ အစည်း အဝေးတက်ရင်တော့ လာတာပေ့ါ။ တခြားလုပ်ငန်း ပူးပေါင်းပြီး လုပ်ရမယ့် အချိန်မျိုးကြတော့ မလာနိုင်တဲ့ တပ်မ တော်သား ကိုယ်စားလှယ်တွေတော့ ရှိတယ်။ ကျွန်တော်တို့ဆီမှာ အရေးကြီးတဲ့ ဆေးတပ်တို့ဘာတို့ မဟုတ်ဘဲနဲ့ သာမန် တပ်မတော်ကကိုယ်စားလှယ်တွေကတော့ ဘာအဆိုပဲ ဖြစ်ဖြစ် ပူးပေါင်းပြီး လုပ်ရမယ့် အလုပ်မျိုးဆို ပါ ပါ တယ်။ အဲဒီတော့ ကျွန်တော်တို့ ကျေနပ်အားရမှု ရှိတယ်ပေ့ါ။ စိတ်ပါလက်ပါလည်း ရှိကြပါတယ်။

ငြမ်းမီဒီယာ – မန္တလေးမြို့တော် စည်ပင်သာယာရေး ကော်မတီရဲ့ ဝင်ငွေ/ထွက်ငွေစာရင်းကို တိုင်းလွှတ်တော်ထံ တင်ပြ ထားတာ မရှိဘူးလို့ သိရတယ်။ အဲဒီအပေါ်မှာရော ဘယ်လို ဆက်လက် လုပ်ဆောင်ဖို့ ရှိပါသလဲ။

UAKO – ကျွန်တော်တို့ဆီမှာ စည်ပင်ကော်မတီ ဆိုတာလည်း ရှိပါတယ်။ ကျွန်တော်တို့ အစောပိုင်းထဲက စည်ပင်သာယာရေး ကော်မတီရဲ့ ဝင်ငွေ/ထွက်ငွေတွေကို စစ်ဆေးဖို့ စီစဉ်ပါသေးတယ်။ အဲဒီအချိန်မှာ ကော်မတီဝင်တွေ မရွေးရသေးဘူး။ ကော်မတီဝင်တွေ မရှိသေးတဲ့အတွက် ကျွန်တော်တို့လည်း ဆိုင်းနေတာပေ့ါ။ ကော်မတီဝင်တွေ အခု ရွေးပြီးတဲ့ နောက်ပိုင်းမှာတော့ ဘဏ္ဍာငွေကြေး ကော်မတီဝင်တွေ အနေနဲ့ ဒါလေးတွေကို လုပ်မယ့်အပိုင်းတော့ ရှိပါ တယ်။ လောလောဆယ်တော့ ကျွန်တော့်ဆီ တင်ပြတာတော့ မရှိသေးဘူး။ သူတို့ စစ်ဖို့တော့ စီစဉ်နေတာလေး တွေတော့ ရှိပါတယ်။

ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။

ငြမ်းမီဒီယာ – တိုင်းဒေသကြီး လွှတ်တော်ထံ တိုင်စာပေါင်း ဘယ်လောက်များ တိုင်ကြားထားတာ ရှိပါသလဲ။

UAKO – ၂၀၁၇ ခုနှစ် တစ်နှစ်အတွင်းမှာ တိုင်စာပေါင်း (၆၀၀) ကျော်လောက် ရောက်ပါတယ်။ ကျွန်တော့်ဆီကို လိပ်မူပြီး ပို့တာက (၃၀၀) ကျော်၊ မိတ္တူပို့တာက (၂၀၀) ကျော်ရှိတယ်။ အစိုးရအဖွဲ့က ကျွန်တော့်တို့ဆီ ပြန်လွှဲတာလည်း ရှိတယ်။ ကျွန်တော်တို့ အဲဒီထဲက ဆောင်ရွက်ပြီးတာဆို ကျွန်တော့်ဆီ လိပ်မူပို့တာ (၃၀၀) ကျော်ထဲမှာ (၂၅၀) ကျော် ဖြေရှင်းပြီးပါပြီ။ ဥပမာ အုပ်ချုပ်ရေးကိစ္စ၊ အမှုအခင်းကိစ္စတွေဆို ကျွန်တော်တို့က ဆုံးဖြတ်ပိုင်ခွင့် မရှိတဲ့ဟာမျိုးတွေဆို ပြန်လွှဲပေးရပါတယ်။

ငြမ်းမီဒီယာ- ဒုတိယအကြိမ် တိုင်းလွှတ်တော် နှစ် နှစ်အတွင်းမှာ မေးခွန်းရော အဆိုရော တင်သွင်းခြင်း၊ မေး မြန်းခြင်း လုံးဝမရှိသေးတဲ့ လွှတ်တော်ကိုယ်စားလှယ်တွေရှိပါသလား။ ဘယ်လောက်များရှိပါသလဲ။

UAKO – တချို့လည်း မမေးဘူးပေ့ါ။ တပ်မတော်သား ကိုယ်စားလှယ်တွေထဲလည်း တစ်ယောက် နှစ်ယောက်ပဲ မေးတယ်။ တခြား အရပ်သားလွှတ်တော် ကိုယ်စားလှယ်တွေလည်း မမေးတာတွေလည်း ရှိပါတယ်။

ငြမ်းမီဒီယာ- အခုလို အချိန်ပေး ဖြေကြားပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်ခင်ဗျ။

UAKO – ကျေးဇူးပါ။

ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။

ငြမ်းမီဒီယာ
ဖေော်ဝါရီ(၁၉)၊ ၂၀၁၈၊ မန္တလေး

 


Share this post
  •  
  •  
  •  
  •  
  •  
ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။

Tags: , , , ,