ကျွန်တော် NLD ကိုမုန်းလို့ မဟုတ်ပါဘူး

ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။
Share this post
  •  
  •  
  •  
  •  
  •  

USW / NLD ပါတီမှနုတ်ထွက်ထားသည့် ဦးစိန်ဝင်း

ကျွန်တော်သွားချင်တဲ့ လမ်းကြောင်းက အခြေခံ တောင်သူ လယ်သမား တွေကို ဦးစားပေးပြီး သွားချင်တယ်။ သွားနေတဲ့ အနေအထားက အဲဒီဘက် မရောက်ဘူး။ နိုင်ငံရေး …

NLD ပါတီမှနုတ်ထွက်ထားသည့် မအူပင်မြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးစိန်ဝင်းက တောင်သူလယ်သမား အရေးကို ဆောင်ရွက်ရန်အတွက် အမျိုးသားညီညွတ်သော ဒီမိုကရက်တစ် ပါတီကို တည်ထောင်ရန် ရွေးကောက်ပွဲ ကော်မရှင်သို့ တင်ထားပြီး ဖြစ်သည်။ ယင်းအခြေအနေများ နှင့် ပတ်သက်ပြီး ငြမ်းမီဒီယာက ဦးစိန်ဝင်းကို ဆက်သွယ် မေးမြန်းထားပါသည်။

ငြမ်းမီဒီယာ – လယ်သမားတွေကို အကျိုးပြုဖို့ ပါတီတစ်ခု တည်ထောင်မယ်ဆိုတဲ့ သတင်းကြားရပါတယ်။ အဲဒီအခြေအနေကို သိချင်ပါတယ်။

USW – ဘာလို့ပါတီထောင်သလဲဆိုရင် ၂၀၁၅မှာ ကျွန်တော်နဲ့တွေ့တဲ့ လယ်သမားတွေကို ဘာပြောဖြစ်လဲဆိုတော့ ခင်ဗျားတို့ လယ်ယာမြေတွေကို ပြန်လိုချင်ရင် NLD ကိုမဲထည့်ပါ။ လူကိုမကြည့်ပါနဲ့ ပါတီကိုပဲ မဲထည့်ပါလို့ ကျွန်တော် အဲဒီလိုပဲ ပြောခဲ့တယ်။ အခုလက်ရှိ အခြေအနေ ကျတော့ NLDကနိုင်တယ်။ အစိုးရဖြစ်တယ်။ ဒါပေမယ့် မလုပ်နိုင်ဘူး။ မလုပ်နိုင်တာကို ကျွန်တော့် အနေနဲ့ ဘာမှာမပြောလိုဘူး။ ဒါပေမယ့် ကျွန်တော့် အနေနဲ့ကတော့ ပေးထားတဲ့ကတိကို ဆက်ပြီး အလုပ် လုပ်ချင်တယ်။ လုပ်နေတယ်ဆိုရင် တော်သေးတယ်။ မလုပ်နိုင်တာထက်လေ။ ဒါကြောင့် ပေးထားတဲ့ကတိကို တည်အောင်ဆိုပြီး ပေးထားတဲ့ ကတိကို လက်တွေ့ကျကျ အကောင်အထည် ဖော်ချင်လို့ ပါတီထောင်တာပါ။

ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။

ငြမ်းမီဒီယာ – ပါတီတည်ထောင်တဲ့လုပ်ငန်းစဉ်ကရော ဘယ်လိုအခြေအနေကို ရောက်နေပြီလဲ။

USW – ၂၀၁၇ခုနှစ်၊ နိုဝင်ဘာလ(၆)ရက်နေ့မှာ အမျိုးသားညီညွတ်သော ဒီမိုကရက်တစ် ပါတီအနေနဲ့ တရားဝင်လျှောက်ခဲ့တာ။ အခုဆိုရင် နှစ်လကျော်ကြာသွားပြီ။ တကယ်တမ်းဆိုတော့ ကျသင့်ပြီ။ ဘာကြောင့် မကျသေးတာလဲဆိုတာကို မေးတဲ့အခါမှာ ဝန်ကြီးဌာနတွေက မပြီးသေးလို့ပါလို့ ပြောတယ်။ ကျွန်တော်တို့က ပါတီထောင်တဲ့အခါမှာ သူ့အချိန်နဲ့သူ လုပ်ရတာတွေ ရှိတယ်။ တကယ်တမ်းဆိုရင ်(၄၅)ရက်နဲ့ ကျရမယ့်ဟာကို နှစ်လကြာတာတောင် မကျသေးတော့ မူလ ရည်ရွယ်ထားတာထက် နည်းနည်းနောက်ဆုတ်နေရတယ်။ မိုးတွင်းဆို စည်းရုံးရေးဆင်းရတာ ခက်သွားမယ်။ အချိန်ကိုက်ပြီး တိုက်ထားတာ ခုထိမကျသေးဘူး။

ငြမ်းမီဒီယာ – ပါတီတည်ထောင်သူတွေထဲမှာ ဦးစိန်ဝင်းအပြင် ဘယ်သူတွေပါသေးလဲ။

USW – ပါတီတည်ထောင်သူ(၁၈)ဦးနဲ့ စထားတယ်။ ထူးထူးခြားခြားအနေနဲ့ စိုက်ပျိုးရေးပညာရှင် (၁၀)ဦး ပါတယ်။ ရှစ်ဦးကတော့ အရင်ကကျွန်တော်နဲ့ တွဲလုပ်ခဲ့တဲ့ နိုင်ငံရေးသမားတွေပါ။ ယာယီကော်မတီမှာ ကျွန်တော်က ဥက္ကဌအနေနဲ့ တာဝန်ယူပြီးတော့ ဒေါက်တာအောင်ဌေးဆိုတာ အတွင်းရေးမှူးတာဝန် ယူထားတယ်။ ယာယီပါ။ တရားဝင်ကျလာရင်တော့ ပါတီ စီအီးစီလည်း ပြန်ဖွဲ့ပါမယ်။ ကျွန်တော်ရဲ့ ပါတီက တောင်သူလယ်သမားကို အခြေခံတယ်။ အလုပ်သမားကို အခြေခံတယ်။ တတ်သိ ပညာရှင် တွေကို အခြေခံတယ်။ တတ်သိပညာရှင်နဲ့ တောင်သူလယ်သမားနဲ့ အလုပ်သမား ပေါင်းစပ်လိုက်ရင် နိုင်ငံရေးဖွံ့ဖြိုးနိုင်ဖို့၊ လက်တွေ့ကျကျ တိုင်းပြည်တည်ဆောက်နိုင်ဖို့ အကောင်ထည် ဖော်နိုင်မယ်လို့ ယုံကြည်တယ်။

ငြမ်းမီဒီယာ – ဦးစိန်ဝင်းတို့ တည်ထောင်မယ့် ပါတီက ဧရာဝတီ တိုင်းဒေသကြီးကိုပဲ အခြေပြုမလား၊ တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ လုပ်မလား။

USW – တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ ဆောင်ရွက်မယ်။ ဒါပေမယ့် တိုင်းဒေသကြီး(၇)ခုမှာတော့ ရွေးကောက်ပွဲဝင်မယ်။ ကျန်တဲ့ပြည်နယ်တွေကိုတော့ မဟာမိတ်ဖွဲ့နိုင်အောင် ဆောင်ရွက်မယ်။

ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။

ငြမ်းမီဒီယာ – လယ်သမားတွေကို ကူညီမယ်ဆိုပြီး လယ်သမားလူတန်းစားကိုဦးတည်ပြီး ပါတီတွေ ထောင်ခဲ့တာ ရှိပါတယ်။ ဒါပေမယ့် ပြောထားသလို မဆောင်ရွက်နိုင်ခဲ့တာ တွေရှိခဲ့တယ်။ ဦးစိန်ဝင်းတို့ပါတီကရော အဲဒီလိုမဖြစ်ရအောင် ဘယ်လိုစီစဉ် ဆောင်ရွက်မှုမျိုးတွေ လုပ်ထားပါသလဲ။

USW – ကျွန်တော်က တောင်သူလယ်သမားနဲ့ အလုပ်သမားရေးရာ ကော်မတီဥက္ကဌနေရာက ပြုတ်လည်း တစ်နိုင်ငံလုံးက မတရားပြုကျင့်ခံရမှုတွေက ကျွန်တော်ဆီလာပြီး တိုင်စာရေးခိုင်းတာတွေ၊ အကြံဉာဏ် လာတောင်းတာတွေ ရှိပါတယ်။ ကျွန်တော်က လုပ်ပိုင်ခွင့်ရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ တောင်သူလယ်သမားနဲ့ တစ်သားတည်း သူတို့ရဲ့ အကျိုးကို တတ်နိုင်သလောက် ကိုယ်စွမ်းနိုင် သလောက် လက်ရှိလည်းဆောင်ရွက်နေတာ ဖြစ်ပါတယ်။ ဒါကြောင်မို့ ခုနကမေးတဲ့မေးခွန်း အပေါ်မှာ လက်ရှိလည်း ဒီလုပ်ငန်းလုပ်နေတာ ဖြစ်တဲ့အတွက် နောင်အနာဂါတ်မှာလည်း လုပ်ပိုင်ခွင့်ရှိရင် ပိုလုပ်နိုင်ဖို့အတွက် ရည်ရွယ်ပြီး ဆောင်ရွက်တာ။ အကယ်၍ အနာဂတ်မှာ လုပ်ပိုင်ခွင့်မရလည်း လက်ရှိ အလုပ်တွေကို သူတို့နဲ့ ပူးပေါင်းပြီး သူတို့အကျိုးကို ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။

တောင်သူလယ်သမားနဲ့ ပတ်သက်လို့ ထင်ထင်ရှားရှား ဆောင်ရွက်တာ မတွေ့ရတဲ့ အတွက် ကြောင့် ကျွန်တော်သွားချင်တဲ့ လမ်းကြောင်းနဲ့ NLD သွားနေတဲ့လမ်းကြောင်းက လွဲနေတယ်။ အဲဒီ …

ငြမ်းမီဒီယာ – တောင်သူလယ်သမား အလုပ်သမား ရေးရာကော်မတီဥက္ကဌ ဟောင်းလည်းဖြစ်တယ်။ လက်ရှိ ကိုယ်စားလှယ်လည်း ဖြစ်တယ်ဆိုတော့ အခုလက်ရှိ လယ်ယာမြေပြသနာ ဖြေရှင်းမှုတွေအပေါ် ဘယ်လိုမြင်လဲ။

USW – ဖြေရှင်းမှုကတော့ အားမရဘူးဗျ။ တစ်ရာမှာ ရှစ်ရာခိုင်းနှုန်း လောက်ပဲ ဖြေရှင်းနိုင်တယ် ဆိုတော့ တစ်ကယ်ကိုပဲ အများကြီး အားနည်းတယ်။ ဘာကြောင့်လဲဆိုရင် အကြောင်းတရား လေးချက် အားနည်းလို့ပါ။ နံပါတ်တစ် ဖြေရှင်းတဲ့ အဖွဲ့အစည်းက မြေသိမ်းတဲ့အဖွဲ့အစည်း မဖြစ်ရဘူး။ ဖြေရှင်းတဲ့အဖွဲ့က ဥက္ကဌနဲ့ အတွင်းရေးမှူးက တစ်ချိန်က မြေသိမ်းခဲ့တဲ့ အဖွဲ့အစည်းက လူတွေဖြစ်နေရင် ဘယ်လိုမှ မှန်မှန်ကန်ကန် မဖြေရှင်းနိုင်ဘူး။ ဒါကြောင့် ဖြေရှင်းတဲ့ အဖွဲ့အစည်းက တာဝန်ရှိသူတွေကို မြေသိမ်းစဉ်က ပါတဲ့ပုဂ္ဂိုလ်တွေကို မပေးပါနဲ့ အဖွဲ့အစည်း မပေးပါနဲ့ဆိုပြီး ဦးဗန်ထီးယူ အစည်းအဝေးလုပ်တဲ့ ဗဟိုကော်မတီ အစည်းအဝေး (၁/၂၀၁၆) မှာ တိတိကျကျကို ဆွေးနွေးခဲ့ပါတယ်။ နံပါတ်နှစ်က ဒီလိုအဖွဲ့အစည်းတွေ လုပ်ပြီး ဖြေရှင်းတဲ့အခါမှာ တောင်သူ လယ်သမား ကိုယ်စားလှယ် အစစ်တွေ ပါဝင်ဖို့၊ နောက်တစ်ခါ ပြည်သူလူထု ရွေးချယ်တင်မြှောက် ထားတဲ့ လွှတ်တော် ကိုယ်စားလှယ်တွေကို နာယကအနေနဲ့ ပါဝင်ဖို့ ဒါတွေကို ကျွန်တော်က ဒုတိယအချက် အနေနဲ့ ပြောတယ်။ လက်ရှိအခြေအနေမှာ တောင်သူလယ်သမား ကိုယ်စားလှယ် အစစ်တွေ မပါတာတွေ့ရတယ်။ လွှတ်တော် ကိုယ်စားလှယ်တွေ ကျတော့လည်း သူတို့ရှိတဲ့ အချိန် မစစ်ပဲ လွှတ်တော်တက်တဲ့အချိန် စစ်တဲ့အခါကျတော့ ကွယ်ရာမှာ စစ်သလို ဖြစ်နေတော့ ဘယ်လိုမှ ပွင့်လင်းမြင်သာမှု မရှိပဲနဲ့၊ အမှန်တရားဘက်ကို မရောက်ပဲနဲ့ သူတို့လုပ်ချင်သလို လုပ်လို့ရတဲ့ အခြေအနေ ဖြစ်သွားတယ်။

အငြင်းပွားတဲ့ လယ်ယာမြေကျတော့ လယ်စီကို တိုင်ရတယ်။ လယ်စီနဲ့ လယ်စစ်က ဘာကွာလဲဆိုတော့ ဘာမကွာဘူး။ ဥက္ကဌ လည်း သူပဲ၊ အတွင်းရေးမှူးလည်းသူပဲ၊ ဒီအဖွဲ့တွေပဲ ဖြစ်နေတာ။ တိတိကျကျ ညွှန်ကြားချက်တွေ ထုတ်ပြန်ဖို့ ပြောခဲ့ပေမယ့် …

နံပါတ်သုံးကတော့ ဖြေရှင်းတဲ့အခါမှာ ဥပဒေ နည်းဥပဒေနဲ့ ညွှန်ကြား မလား၊ ဒါမှမဟုတ် ညွှန်ကြားချက် ပြတ်ပြတ်သားသား ထုတ်ပြန်ပါလို့ ပြောတယ်။ တိတိကျကျ ညွှန်ကြားမှုကျတော့လည်း အားနည်းတာ တွေ့ရတယ်။ ဥပမာဆိုပါစို့ မတရားသိမ်းဆည်း ခံရတဲ့ လယ်ယာမြေဆိုတာ ရှိတယ်၊ အငြင်းပွားတဲ့ လယ်ယာမြေဆိုတာ ရှိတယ်။ မတရားသိမ်းဆည်း ခံရတာ ကျတော့ လယ်စစ်ကို တိုင်ရတယ်။ အငြင်းပွားတဲ့ လယ်ယာမြေကျတော့ လယ်စီကို တိုင်ရတယ်။ လယ်စီနဲ့ လယ်စစ်က ဘာကွာလဲဆိုတော့ ဘာမကွာဘူး။ ဥက္ကဌလည်းသူပဲ၊ အတွင်းရေးမှူးလည်းသူပဲ၊ ဒီအဖွဲ့တွေပဲ ဖြစ်နေတာ။ တိတိကျကျ ညွှန်ကြားချက်တွေ ထုတ်ပြန်ဖို့ ပြောခဲ့ပေမယ့် သူတို့ အကောင်အထည် မဖော်ခဲ့ဘူး။ နံပါတ်လေးက လယ်ယာမြေစီစစ်ပြီး မူလပိုင်ရှင်ကို ပြန်ပေးဖို့၊ မပေးနိုင်ရင် ပေါက်ဈေးအတိုင်း ပေးလျော်ဖို့။ ဒါက ဥပဒေကဲ့သို့ လမ်းညွှန်ချက် အကြံပြုချက်ကြီး ရှိနေတာကို အဲဒီအတိုင်း အကောင်အထည် ဖော်နိုင်ဖို့အတွက် လက်တွေ့ကျကျ ကွင်းဆင်း အကောင်အထည် ဖော်ပါဆိုတာလည်း မလုပ်နိုင်ဘူး။ အဲဒီတော့ ကျွန်တော့်အနေနဲ့ တော်တော်လေးကို အားမလို အားမရ ဖြစ်ရတယ်။ အဲဒါကြောင့်လည်း ကျွန်တော်က ပါတီထောင်ရတဲ့ အနေအထား ရောက်ရှိလာတာပါ။

ငြမ်းမီဒီယာ – ဦးစိန်ဝင်း အနေနဲ့ NLD ပါတီကနုတ်ထွက်ခဲ့တဲ့ အဓိက အကြောင်းအရာက ဘာလဲ။

ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။

USW – ကျွန်တော်က ဘာလို့ NLD ပါတီက ထွက်ရသလဲဆိုရင် ကျွန်တော် NLD က မထွက်ချင်ပါဘူး။ ဘာကြောင့်လဲဆိုရင် NLD ပါတီနဲ့ အစ်မကြီးရဲ့ ကျေးဇူး ကျွန်တော်တို့မှာ ရှိပါတယ်။ ကျွန်တော်ဒီလို အဆင့်၊ ဒီလိုအနေအထားမျိုးနဲ့ ပြည်သူလူထုနဲ့ ထိစပ်ခွင့် ရတာ အစ်မကြီးဒေါ်အောင်ဆန်းစုကြည် ကျေးဇူးကြောင့်လို့ ယနေ့အထိ ကျွန်တော်ဒီလိုပဲ ခံယူပါတယ်။ ဘာလို့ထွက်တာလဲ ဆိုတော့ ကျွန်တော် NLD ကိုမုန်းလို့ မဟုတ်ပါဘူး။ ကျွန်တော်သွားချင်တဲ့ လမ်းကြောင်းက အခြေခံ တောင်သူ လယ်သမား တွေကို ဦးစား ပေးပြီး သွားချင်တယ်။ သွားနေတဲ့ အနေအထားက အဲဒီဘက် မရောက်ဘူး။ နိုင်ငံရေး ပရောဆက်တွေ၊ စီးပွားရေး ပရောဆက် တွေဘက် သွားတယ်။ တောင်သူလယ်သမားနဲ့ ပတ်သက်လို့ ထင်ထင်ရှားရှား ဆောင်ရွက်တာ မတွေ့ရတဲ့ အတွက် ကြောင့် ကျွန်တော်သွားချင်တဲ့ လမ်းကြောင်းနဲ့ NLD သွားနေတဲ့လမ်းကြောင်းက လွဲနေတယ်။ အဲဒီအတွက် ကျွန်တော် ဘာလုပ်မလဲ စဉ်းစားရ ပါတယ်။ ကားလည်း သဘောကျတယ်။ မောင်းတဲ့သူလည်း သဘောကျတယ်။ သွားချင်တာက ရန်ကုန်၊ သွားနေတာက ပုသိမ်ဆိုတော့ ကျွန်တော်က ရန်ကုန် သွားချင်တာဆိုတော့ ဆင်းကျန်ခဲ့တဲ့ သဘောပါပဲ။

ငြမ်းမီဒီယာ – ခုလို ဖြေကြားပေးတာ ကျေးဇူးတင်ပါတယ်။

ဦးစိန်ဝင်းသည် ၂၀၁၂ ခုနှစ် ရွေးကောက်ပွဲနှင့် ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲတို့တွင် NLD ပါတီကို ကိုယ်စားပြု ပြီး မအူပင်မြို့နယ်မှ ရွေးကောက်ပွဲဝင် အနိုင်ရခဲ့သူဖြစ်သည်။ ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲ တွင် အနိုင်ရပြီးနောက် ပြည်သူ့လွှတ်တော် တောင်သူလယ်သမားနှင့် အလုပ်သမားရေးရာ ကော်မတီ ဥက္ကဌ အဖြစ် တာဝန် ထမ်းဆောင်ခဲ့သည်။ ပါတီဝင်တစ်ဦးကို အမှုဖွင့်တိုင်ကြားသည့် ကိစ္စနှင့် ပတ်သက်ပြီး ပါတီမှ စစ်ဆေးခဲ့ပြီးနောက် ရေးရာကော်မတီ ဥက္ကဌ တာဝန်မှ ဖယ်ရှားခံခဲ့ရပြီး နောက်ပိုင်း ဦးစိန်ဝင်းသည် ပါတီမှ နုတ်ထွက်ခဲ့ကာ ကိုယ်စားလှယ် တစ်ဦးအနေဖြင့် လယ်သမား အရေး၊ လယ်ယာမြေအရေးများကို ဆောင်ရွက်နေသူဖြစ်သည်။

ငြမ်းမီဒီယာ

 


Share this post
  •  
  •  
  •  
  •  
  •  
ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။

Tags: , , , ,