ကျွန်မ ယုံကြည်တဲ့ NLD ကို ဘယ်သူပဲ တားတား ဆက်လုပ်မယ်

ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။
Share this post
  •  
  •  
  •  
  •  
  •  

PPA / သတင်းစာရှင်းပွဲတွင် တွေ့ရသည့် ဒေါ်မြတ်သီရိ

ကျွန်မက တပ် မိသားစုဝင်တော့ ဟုတ်တယ်။ ကျွန်မ တပ်မှာ မနေဘူး။ နောက်ပြီး ကိုယ်ယုံကြည်ချက်နဲ့ ကိုယ်လုပ် တာလေ။ အချို့ကျတော့လည်း ပြောတာ ကို လက်ခံတဲ့ရှိသလို လက်မခံတဲ့သူလည်း ရှိတာဆိုတော့ ကျွန်မ …

စစ်ကိုင်းမြို့နယ် NLD ပါတီ၏ အမျိုးသမီး လုပ်ငန်း ကော်မတီတွင် တာဝန် ထမ်းဆောင်နေသည့် ဒေါ်မြတ်သီရိ သည် တပ်မတော် တွင် တာဝန် ထမ်းဆောင်နေသည့် ဗိုလ်မှူးတစ်ဦး၏ ဇနီးဖြစ်သည်။ ဒေါ်မြတ်သီရိတာဝန်ထမ်းဆောင်  နေခြင်းနှင့် ပတ်သက်ပြီး ဝေဖန်မှု မျိုးစုံ လည်း ထွက်ပေါ်နေသည်။ မကြာသေးခင် ရက်ပိုင်း အတွင်း နေပြည်တော် တွင် ကျင်းပခဲ့သည့် NLD ပါတီ အမျိုးသမီး လုပ်ငန်းကော်မတီ ညီလာခံ ပြုလုပ်စဉ် ဗိုလ်မှူးကတော် တစ်ယောက် NLD တွင် ပါဝင်နေသည် ဟူသည့် သတင်း ထွက်ပေါ် လာခဲ့ခြင်း ဖြစ်သည်။ စစ်ကိုင်းတိုင်း NLD ၏ စည်းကမ်း ထိန်းသိမ်းရေး အဖွဲ့ တာဝန်ရှိသူများ က အဆိုပါ ဖြစ်စဉ်နှင့် ပတ်သက်ပြီး ဇူလိုင် (၆) ရက်နေ့က သတင်းစာ ရှင်းလင်းပွဲ ပြုလုပ်ခဲ့ ရသည်။ ဒေါ်မြတ်သီရိ သည် စစ်ကိုင်းမြို့ စိန်ကုန်းတိုက်နယ် မှ ရွေးချယ် ခံခဲ့ရသည့် အမျိုးသမီး ကိုယ်စားလှယ် တစ်ဦးဖြစ်ပြီး     လက်ရှိအခြေအနေများနှင့် ပတ်သက်ပြီး ငြမ်းမီဒီယာ က ဆက်သွယ်မေးမြန်း ထား သည်။

ငြမ်းမီဒီယာ – ဒေါ်မြတ်သီရိအနေနဲ့ NLD ပါတီနဲ့ ဘယ်လိုပတ်သက်ခဲ့လဲ။ ဘယ်အချိန်ကစပြီး ပါတီ ဝင်ခဲ့လဲ။

မြတ်သီရိ – ကျွန်မ က (၂၀၁၂) မှာ ဝန်းရံသူ အဖြစ်နဲ့ ပါခဲ့ပါတယ်။ ကျွန်မ မိဘတွေ ကတော့ ဝင်ပြီး လှုပ်ရှားပါတယ်။၂၀၁၅ မှာ တစ်မိသားစု လုံး ပါလာတာ။ ၂၀၁၄ လောက်မှာ ကတည်းက ကျွန်မ က တပ်မှာသိပ်မနေ တော့ဘူး။ ၂၀၁၅ မှာတော့ အမျိုးသားနဲ့ လုံးလုံး ကို လိုက် မနေတော့ဘူး။ မိဘတွေနဲ့ အတူတူ နေပြီး အောင်နိုင်ရေး စတဲ့ အခါမှာ မိသားစုလိုက် ဝန်းရံ ခဲ့တာပါ။ အောင်နိုင် ရေး မှာ လိုအပ်တာတွေလည်း ထောက်ပံ့ ကူညီ ပါတယ်။ ကားလိုရင်လည်း ကားပေါ့။ လူစုပေးတာ တို့ပေါ့ အကုန်လုံး လုပ်ပေး တာပါ။ ၂၀၁၅အောင်နိုင်ရေး ပြီးမှကျွန်မကပါတီထဲကိုဝင်လိုက်တာပါ။လွှတ်တော် ကိုယ်စားလှယ်တွေ သွားတဲ့ လူထု တွေ့ဆုံပွဲတွေ လိုက်တယ်။ တပ်ထဲမှာလည်း လိုက် မနေတော့တဲ့ အတွက် ပါတီရဲ့ လုပ်ငန်းတွေ ကို ဝင်လုပ် ပေးပါတယ်။

ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။

ငြမ်းမီဒီယာ – ၂၀၁၅ ကတည်းက ပါတီ ဝင်ခဲ့တယ်။ ဒါပေမဲ့ အခုမှ စစ်ကိုင်း မြို့နယ် NLD အမျိုးသမီး အဖွဲ့မှာ အတွင်းရေးမှူးက ဗိုလ်မှူး ကတော် ဖြစ်နေတယ်ဆိုပြီး သတင်းတွေထွက်လာတဲ့အပေါ် ဘာပြောချင်လဲ။

မြတ်သီရိ – အဲဒီကိစ္စ ကျွန်မ ဘာ မှတ်ချက်မှ တော့ မပေးချင်ဘူး။ ကျွန်မစစ်ကိုင်း မှာပဲ မွေးခဲ့တယ်။ စစ်ကိုင်းမှာပဲ ကျောင်းတက် ခဲ့တယ်။ စစ်ကိုင်းမှာပဲ အိမ်ထောင် ကျခဲ့တယ်။ ကျွန်မ သားအကြီးလေး ကို လည်း စစ်ကိုင်းမှာပဲ မွေးတာ။ ကျွန်မ ဝင်ကတည်း က လက်ခံ ခဲ့တဲ့ သူတွေ သိပါတယ်။ အခုကျမှ မသိချင်ယောင် ဆောင်ပြီး လူမှုရေး တိုက်ခိုက်မှု လုပ်တယ်လို့ပဲ ထင်ပါတယ်။ ကျွန်မ အနေနဲ့တော့ ဘာမှ မခံစားရပါဘူး။ အမျိုးသားက စစ်တပ်ဘက်က ဖြစ်တဲ့အတွက် တပ်ပိုင်းဆိုင်ရာ ကိစ္စတော့ ကျွန်မ မသိပါဘူး။

ငြမ်းမီဒီယာ – အစ်မ ပါတီဝင်တာ ပါတီတာဝန် ထမ်းဆောင်တာကို ခုလောက်ထိ တိုင်း က ပါရှင်းပေးရတဲ့ အထိ ဂယက် တွေ ထတာကိုရော ဘာပြောမလဲ။

ကျွန်မကတော့ အမျိုးသား က လည်း တဖက်တလမ်း ကနေ သူ့နိုင်ငံကို ကာကွယ်တယ်။ စောင့်ရှောက်တယ်။ ကျွန်မကတော့ ကျွန်မ ယုံကြည်တဲ့ NLD ကို …

မြတ်သီရိ – ဘာကြောင့်မို့ သတင်းစာ ရှင်းလင်းပွဲ လုပ်ရတယ်လို့ လူကြီးတွေ ကိုယ်တိုင် ပြောပြီးသား ဖြစ်တဲ့အတွက် ကျွန်မအနေနဲ့တော့ ပြောစရာ မရှိပါဘူး။

ငြမ်းမီဒီယာ – တပ်နဲ့ ပတ်သက်တဲ့ လူတစ်ယောက် NLD ကို ဝင်တာနဲ့ ပတ်သက်ပြီး ဝေဖန်မှုတွေ ရှိနေသလို ထောက်ခံသူ တွေလည်း ရှိပါတယ်။ အစ်မ အနေနဲ့ NLD ကို ဘာကြောင့်ဝင်ခဲ့တာလဲ။

မြတ်သီရိ – ကျွန်မက NLD ရဲ့မူဝါဒ လမ်းစဉ်တွေ ကို လည်း ကျွန်မကြိုက်တယ်။ ယုံကြည်တယ်။ အမေစု သွားနေတဲ့ လမ်းကြောင်းမှာ လည်း တစ်ထောင့်တစ်နေရာကနေ ပါဝင်ချင်လို့ ပါတီ ဝင်ခဲ့တာ။

ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။

ငြမ်းမီဒီယာ – တစ်မိသားစုလုံး က NLD အမာခံတွေလည်း ဖြစ်တယ်။ ပါတီဝင်ကြတယ်။ ဒါပေမဲ့ အစ်မ အမျိုးသားက တပ်မတော် အရာရှိ ဖြစ်နေတဲ့ အတွက် အစ်မပါတီဝင်တဲ့အတွက် အမျိုးသား အနေနဲ့ တားတာတို့ မေတ္တာရပ်ခံတာ တို့ ရှိခဲ့သလား။ အိမ်ထောင်ရေး အခြေအနေကရော ဘယ်လို ရှိခဲ့လဲ။

မြတ်သီရိ – ဒါကတော့ အိမ်တွင်းရေး အခြေအနေဆိုတော့ ကျွန်မ မဖြေချင်ပါဘူးရှင်။

ငြမ်းမီဒီယာ – အခုလိုဖြစ်လာပြီဆိုတော့ ဘာဆက်လုပ်သွားမလဲ။ ပါတီဝင် အဖြစ် ယုံကြည်ရာကို ဆက် လုပ်မလား။ ဒါမှ မဟုတ်ရင် ဘာလုပ်မလဲ။

မြတ်သီရိ – ကျွန်မကတော့ အမျိုးသား က လည်း တဖက်တလမ်း ကနေ သူ့နိုင်ငံကို ကာကွယ်တယ်။ စောင့်ရှောက်တယ်။ ကျွန်မကတော့ ကျွန်မ ယုံကြည်တဲ့ NLD ကို ဘယ်သူပဲ တားတား ဆက်လုပ်မယ်လို့ ဆုံးဖြတ် ထားပါတယ်။

ကျွန်မက နောက်ကြောင်း မရှင်းဘူး။ ကျွန်မရဲ့နောက်ကြောင်း အားနည်းချက် တွေ ကြောင့်လို့ ပြောတာကို သူ့ကို မေးချင်တယ်။ သူဘာကို ပြောလည်း ကျွန်မလည်း မသိဘူး။ တိုင်း အတွင်းရေးမှူး နဲ့ ကျွန်မနဲ့ က ဆက်ဆံရေးလည်း မရှိဘူး။ သူ ဘာကို …

ငြမ်းမီဒီယာ – တပ်မိသားစု အချို့က ပေါ်ပေါ်ထင်ထင် မဟုတ်ဘဲ NLD ကို တတ်နိုင်သမျှ ထောက်ပံ့ ကူညီသူ အချို့ရှိနေမှာပါ။ အခုလို ဖြစ်လာတော့ သူတို့ အနေနဲ့ စိုးရိမ် ပူပန်မှုတွေ ရှိသွားနိုင်တော့ သူတို့ကိုရော ဘယ်လို သတင်းစကား ပါးချင်လဲ။

မြတ်သီရိ – ဒါကတော့ ကိုယ်ယုံကြည်ရာ ကိုယ်လုပ်ကြ မှာပဲလေ။ ဘယ်လို သတင်းစကား ပါး ရမလဲတောင် ကျွန်မ မပြောတတ် ပါဘူး။ အချို့ကတော့လည်း တိုက်တွန်းပေမဲ့တောင် လုပ်ချင်မှ လုပ်မှာလေ။ တပ်နဲ့ပြည်သူနဲ့ အစိုးရနဲ့ အကုန်လုံး ညီညွတ်စေ ချင်တာ။ နောက် NLD ဆိုတာ က လည်း တည်ထောင်ခဲ့သူ တွေထဲမှာ တပ်မတော် က လူကြီး တွေ ပါဝင် တည်ထောင် ခဲ့တာပဲလေ။ နောက်ပြီးတော့ ကျွန်မက တပ် မိသားစုဝင်တော့ ဟုတ်တယ်။ ကျွန်မ တပ်မှာ မနေဘူး။ နောက်ပြီး ကိုယ်ယုံကြည်ချက်နဲ့ ကိုယ်လုပ် တာလေ။ အချို့ကျတော့လည်း ပြောတာ ကို လက်ခံတဲ့ရှိသလို လက်မခံတဲ့သူလည်း ရှိတာဆိုတော့ ကျွန်မ သိပ်တော့ မပြောတတ် ဘူး။ ကျွန်မကတော့ ကိုယ်ယုံကြည်ရာ ကို ရှေ့ဆက် လျှောက်မယ်လို့ သံန္တွိဌာန် ချထားပါတယ်။

ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။

ငြမ်းမီဒီယာ – အစ်မရဲ့ နောက်ကြောင်း မရှင်းတဲ့ ကိစ္စ အချို့ကြောင့် စစ်ကိုင်း မြို့နယ် အမျိုးသမီး အဖွဲ့ကို ဖျက်သိမ်းတယ် လို့ တိုင်း NLD က တာဝန်ရှိသူအချို့က ပြောတာကိုရော ဘာပြောချင်လဲ။

မြတ်သီရိ – ကျွန်မက နောက်ကြောင်း မရှင်းဘူး။ ကျွန်မရဲ့နောက်ကြောင်း အားနည်းချက် တွေ ကြောင့်လို့ ပြောတာကို သူ့ကို မေးချင်တယ်။ သူဘာကို ပြောလည်း ကျွန်မလည်း မသိဘူး။ တိုင်း အတွင်းရေးမှူး နဲ့ ကျွန်မနဲ့ က ဆက်ဆံရေးလည်း မရှိဘူး။ သူ ဘာကိုပြောချင်တာလဲ ဆိုတာ ကျွန်မ ကိုယ်တိုင်လည်း မသိဘူး။ ကိုယ်ရဲ့ အားနည်းချက် ကို ကိုယ်က မသိတာလား သူကပဲ သိလွန်းနေတာ လားတော့ မသိဘူး။ ကျွန်မလည်း အရမ်း သိချင်ပါတယ်။ တစ်ချိန်ချိန်တော့ အဖြေပေါ် လာ မှာပါ။

ငြမ်းမီဒီယာ – ဒေါ်မြတ်သီရိအပေါ်မှာ ဝေဖန် တိုက်ခိုက်မှုတွေနဲ့ ပတ်သက်ပြီး ဘာပြောချင် ပါသေးလဲ။

မြတ်သီရိ – ဝေဖန်တာကတော့ ထမင်းစားနေတာ ကြည့်ပြီးတော့လည်း လျောက်ဝေဖန်ကြ တာပဲလေ။ ကျွန်မ စပြီး ပါတီ ဝင်ကတည်း က တိုက်ခိုက်နေတာ ဆိုတော့ ဒဏ်ကတော့ ခံနိုင်နေပါပြီ။ သူတို့လည်း ရှေ့ဆက်ပြီးတော့ ဝေဖန်မှုတွေ တိုက်ခိုက်မှုတွေ လုပ်နေဦး မှာပဲ။ ကျွန်မကတော့ ခံနိုင်ရည် ရှိအောင် ကြိုးစား ရမှာပေါ့။

ငြမ်းမီဒီယာ – ဘယ်လို တိုက်ခိုက်မှုတွေပဲရှိရှိ NLD ပါတီက လုံးဝမထွက်ဘူးလို့ ပြောချင်တာလား။

မြတ်သီရိ – ကျွန်မ လုံး၀ မထွက်ပါဘူး။ ကျွန်မ လုပ်နိုင်သမျှ ရေကုန်ရေခန်း လုပ်သွားပါမယ်။

ငြမ်းမီဒီယာ – ဘာများဖြည့်စွက်ပြောချင်ပါသေးလဲ။

မြတ်သီရိ – ကျွန်မကတော့ အမေစုနဲ့ အတူ ပြည်သူနဲ့ အတူ ပြည်သူ့ကောင်းကျိုး ကိုယ်လုပ်နိုင် သလောက် လုပ်မယ်။ အမေစု ချထား တဲ့ ပါတီ လမ်းစဉ်တွေ အတိုင်း ကို ကိုယ် တတ်နိုင်သမျှ ကြိုးစားပြီး လုပ်ဆောင် သွားပါမယ်။

ငြမ်းမီဒီယာ

 

 


Share this post
  •  
  •  
  •  
  •  
  •  
ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။

Tags: , , , ,