ကြံ့ခိုင်ရေး အကြောင်း သတင်းအမှားဖြန့်၊ ရိုးရိုးသားသားယှဉ်ပြိုင်ရန် ဒေါက်တာနန္ဒာလှမြင့် ပြော

ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။
Share this post
  •  
  •  
  •  
  •  
  •  

အခု ပြောပြလိုတာကတော့ ကြံ့ခိုင်ရေးပါတီ နဲ့ ပတ်သက်ပြီး ဖေ့စ်ဘွတ်မှာ ပျံ့နှံ့နေတဲ့ သတင်းအမှား တစ်ပုဒ်အကြောင်းပါ။

သည်သတင်းအမှားကို Ko Ko Davies လို့ အမည်ရတဲ့ အကောင့် ကနေ We Love NLD ဆိုတဲ့ ဖေ့စ်ဘွတ် ဂရုထဲမှာ အောက်တိုဘာလ(၁၉ ) ရက်နေ့က ဖြန့်ချိထားတာ ဖြစ်ပါတယ်။

ကြံ့ခိုင်ရေးပါတီ ရဲ့ ပြောရေးဆိုခွင့် ရှိသူ ဒေါက်တာနန္ဒာလှမြင့် ရဲ့ အပြာရောင်အမှတ်အသား ပါ ဖေ့စ်ဘွတ် စာမျက်နှာ မှာ တကယ်ရေးထားသယောင် ဖန်တီးထားတဲ့ Screen Shot ပုံရိပ် နဲ့ Ko Ko Davies အကောင့်ဟာ သည် သတင်းအမှားကို ဖြန့်ချိခဲ့တာပါ။သည်နေရာမှာ ကြည့်နိုင်ပါတယ်။ (web archive ကို  သည်နေရာမှာ ကြည့်နိုင်ပါတယ်)

ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။

ငြမ်းမီဒီယာ ရဲ့ အချက်အလက် စစ်ဆေးမှုများ အရ သည်သတင်းကို ဒေါက်တာနန္ဒာလှမြင့် ရဲ့ အပြာရောင်အမှတ်အသား ပါ စာမျက်နှာ နဲ့ ဒေါက်တာနန္ဒာလှမြင့်ရဲ့ အပြာရောင်အမှတ်အသား ပါ ဖေ့စ်ဘွတ် အကောင့်တွေမှာ သည်လို ရေးသားထားတာမျိုး မတွေ့ရပါဘူး။  သည်နေရာနဲ့   သည်နေရာတွေမှာ ကြည့်နိုင်ပါတယ်။

သည် သတင်းအချက်အလက် နဲ့ ပတ်သက်ပြီး အမှား၊အမှန် စစ်ဆေးအတည်ပြုရန် ကြံ့ခိုင်ရေးပါတီ ရဲ့ ပြောရေးဆိုခွင့် ရှိသူ ဒေါက်တာနန္ဒာလှမြင့်ကို ငြမ်းမီဒီယာ က ဆက်သွယ်မေးမြန်းခဲ့ရာ သတင်းအတု၊သတင်းအမှား သာ ဖြစ်တယ်လို့ ဒေါက်တာနန္ဒာလှမြင့် က အတည်ပြု ပြောကြားပါတယ်။

ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်းကလည်း ပြည်ခိုင်ဖြိုးကို သူခိုးဟု စွပ်စွဲ ပြောဆိုနေသူများအား တည့်ရှင်းမည်ဟု ပြည်ခိုင်ဖြိုးပါတီ ဥက္ကဌ က ပြောကြားထားတဲ့ သတင်းကို သတင်းမီဒီယာ တွေမှာ ဖော်ပြတာ ရှိပါတယ်။  သည်နေရာမှာ ကြည့်နိုင်ပါတယ်။

” နိုင်ငံရေးမှာ အဲဒီလို အဆင့်အတန်း မရှိတဲ့ လုပ်ရပ်တွေက လက်ခံလို့ မရဘူးပေါ့။ ဒီအချိန်မှာလည်း ကိုယ့်ကိစ္စနဲ့ကိုယ် အလုပ်ရှုပ်နေတော့ ဒါတွေလည်း ဂရုမစိုက်နိုင်ဘူး။ ဒီလိုလုပ်ရပ်မျိုးက နိုင်ငံ‎ရေးမှာ မလှဘူးပေါ့။ ဒီလို နိုင်ငံရေးအရ ညစ်ပတ်တယ်လို့ပြည်သူတွေ အထင်လွဲသွားရင် နိုင်ငံရေးလုပ်ရတဲ့သူတွေမကောင်းဘူးလေ။ သန့်သန့်ရှင်းရှင်းရိုးရိုးသားသား ယှဉ်ပြိုင်ကြတာကောင်းပါတယ် ” လို့ သတင်းအတု၊ သတင်းအမှား တွေ နဲ့ ပတ်သက်ပြီး ကြံ့ခိုင်ရေးပါတီ ရဲ့ ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာနန္ဒာလှမြင့်က မှတ်ချက်ပြုပါတယ်။

ရွေကောက်ပွဲ နီးလာတာနဲ့ အမျှ နိုင်ငံရေးပါတီတွေ၊ လူပုဂ္ဂိုလ်တွေ ၊ နိုင်ငံရေးသမားတွေ၊ နိုင်ငံရေးခေါင်းဆောင်တွေ နဲ့ ပတ်သက်တဲ့ သတင်းအတု၊ သတင်းအမှားတွေ အများအပြား ထွက်ပေါ်လာနေတာ ဖြစ်ပါတယ်။

” သူခိုးက ခိုးတယ်လို့ ဝန်ခံတာ ဒီတစ်ခါပဲ မြင်ဖူးတော့တယ်လို့ ရေးသားထားမှုနဲ့ အတူ ဒေါက်တာနန္ဒလှမြင့် ရဲ့ ဖေ့စ်ဘွတ်စာမျက်နှာ (Dr. Nandar Hla Myint ဖေ့စ်ဘွတ် ပေ့ချ်)မှာ ရေးသားထား သယောင် ဖန်တီထားတဲ့ Screen Shot အတု တစ်ခုကို Ko Ko Davies က ဖြန့်ချိထားတာဖြစ်ပါတယ်။

ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။

သည် သတင်းအတု၊ သတင်းအမှားကို ဝေမျှသူ၊ မှတ်ချက်ပေးသူ၊ React ပြုသူ အများအပြား ရှိနေတာကို လည်း တွေ့ရပါတယ်။

အားလုံးဘေးကင်းကျန်းမာကြပါစေ။

ငြမ်းမီဒီယာ


Share this post
  •  
  •  
  •  
  •  
  •  
ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။

Tags: , , , ,