ခိုးဝင်လာသူ နှစ်ရာကျော် စစ်ဆေးတွေ့ရှိ၊ အနေအထားက စိုးရိမ်စရာပါ ဆိုတဲ့ သတင်းအမှား

ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။
Share this post
  •  
  •  
  •  
  •  
  •  

ဖြစ်တာ များနေလို့ ရန်ကုန်ပြန်တွေကအစ တားတာ စစ်တာရှိတယ်။ Quarantine ထားတာတွေ လုပ်ကြတယ်။ အကုန်လုံးက ထိတ်လန့်နေကြလို့ ကားတွေ ညဘက်တားတာပေါ့။ တားတာ က ကိုဗစ်အတွက်တားတာပါ။ တားတဲ့အခါ …

ညောင်လေးပင်မြို့မှာ ဘောက်ကားနှစ် စီး၊ အံစာတုံး တစ်စီးနဲ့ ခိုးဝင်လာသူ နှစ်ရာကျော် အား စစ်ဆေး တွေ့ရှိ၊ အနေအထားကတော့ စိုးရိမ်စရာပဲ ဆိုတဲ့ သတင်းအမှား တစ်ပုဒ်အကြောင်း ပြောပြလိုပါတယ်။

သည် သတင်းအမှား ဟာ ကိုဗစ်ကပ်ရောဂါ ကာလ လူထု စိုးရိမ်မှု မြင့်မားနေချိန် ပြီးခဲ့တဲ့ မတ်လအကုန် ခန့် က ဖေ့စ်ဘွတ်ခ် မှာ ပျံ့နှံ့ ခဲ့တဲ့ သတင်းအမှား အဟောင်း ပဲ ဖြစ်ပါတယ်။

သည် သတင်းအမှား အဟောင်းကိုပဲ ကိုဗစ်ကပ်ရောဂါ ကာလ လူထုစိုးရိမ်မှု မြင့်မားနေတဲ့ အခုလို အချိန်မှာ ပြန်လည် ဖြန့်ချိလာတာပါ။

ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။

သည်သတင်းအမှားကို Soemoeaung လို့ အမည်ရတဲ့ ဖေ့စ်ဘွတ်အကောင့်ပိုင်ရှင် က စက်တင်ဘာလ (၁၄) ရက်နေ့မှာ ဖြန့်ချိခဲ့တာ (သည်နေရာမှာ ကြည့်နိုင်ပါတယ်) ဖြစ်ပြီး သည်သတင်းအမှားကိုပဲ ခိုးဝင်ဘင်္ဂါလီများ မိပြီ ဆိုတဲ့ ပုံစံမျိုးနဲ့ လူထုကြားထင်ယောင်ထင်မှား ဖြစ်အောင် ဖြန့်ချိနေသူတွေကို လည်း တွေ့ရပါတယ်။

” လုံးဝမမှန်ပါဘူး။သတင်းအမှားပါ ” လို့ ညောင်လေးပင် မြို့နယ်၊မဲဆန္ဒနယ် အမှတ် (၁)၊ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးအောင်နိုင်ဦး က ခိုးဝင်လာသူ ၂၀၀ ကျော် တွေ့ရှိဆိုတဲ့ သတင်းနဲ့ ပတ်သက်ပြီး အတည်ပြုပြောကြားပါတယ်။

သတင်းအမှား ဖြန့်ချိမှုမှာ ဖော်ပြထားတဲ့ ကားမှာ ပြည်တွင်း မုန့်လုပ်ငန်း တစ်ခုဖြစ်တဲ့ ရွှေကျီး အမှတ်တံဆိပ်ကို တွေ့ရှိခဲ့ပါတယ်။

သည် သတင်း နဲ့ ပတ်သက်ပြီး အမှား၊ အမှန် အချက်အလက် စစ်ဆေးရန် ရွှေကျီးမုန့်တိုက် (ရန်ကုန်) ကို ငြမ်းမီဒီယာ က ဆက်သွယ် မေးမြန်းခဲ့ရာ သည် သတင်း ဟာ သတင်းအမှား သာ ဖြစ်တယ်လို့ ရွှေကျီးမုန့်တိုက် (ရန်ကုန်) တာဝန်ရှိသူတစ်ဦး က အတည်ပြု ပြောကြားပါတယ်။

” အဲဒီတုန်းက အင်းစိန်မှာဖြစ်တာ များနေလို့ ရန်ကုန်ပြန်တွေကအစ တားတာ စစ်တာရှိတယ်။ Quarantine ထားတာတွေ လုပ်ကြတယ်။ အကုန်လုံးက ထိတ်လန့်နေကြလို့ ကားတွေ ညဘက်တားတာပေါ့။ တားတာ က ကိုဗစ်အတွက်တားတာပါ။ တားတဲ့အခါ အလုပ်သမားအဖွဲ့ကို တွေ့တယ်။ အဲဒါကို တစ်ယောက်က ဓာတ်ပုံရိုက်ပြီး ဖွလိုက်တာ။ မဟုတ်ဘူး။ နိုင်ငံခြား ပြန်လည်း မဟုတ်ဘူး။ဘင်္ဂါလီလည်းမဟုတ်ဘူး။ အလုပ်သမားတွေပါ။ အင်းစိန်၊ လှိုင်သာယာဘက်မှာ အခြေအနေဆိုးတဲ့အခါပြန်ကြတာ။ အခုက အဲဒီ ဓာတ်ပုံကြီးနဲ့ ပြန်ဖွပြီး တင်တာ ” လို့ ခိုးဝင်လာသူ နှစ်ရာကျော် စစ်ဆေးတွေ့ရှိ၊ အနေအထားက စိုးရိမ်စရာပါ ဆိုတဲ့ သတင်းအမှား နဲ့ ပတ်သက်ပြီး ညောင်လေးပင် မြို့နယ်၊မဲဆန္ဒနယ် အမှတ် (၁)၊ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးအောင်နိုင်ဦး က ပြောပါတယ်။

သည်သတင်းအမှား နဲ့ ပတ်သက်ပြီး Shwe Kyee Bakery ရဲ့ ဖေ့စ်ဘွတ်ခ် စာမျက်နှာမှာ မှာ ဧပြီလ (၃) ရက်နေ့ ကတည်းက အများပြည်သူ သို့ ဖြစ်စဉ် အမှန် ပြန်လည်ဖြေရှင်း( သည်နေရာမှာ  ကြည့်နိုင်ပါတယ်)ပေးထားတာကို လည်း တွေ့ရပါတယ်။

ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။

သတင်းအမှား ဓာတ်ပုံမှာ ပါဝင်တဲ့ သူတွေဟာ ရန်ကုန်မြို့ (ရွှေကျီး)စက်ရုံမှ အလုပ်သမားတွေဖြစ်ပြီး စက်ရုံပိတ်လိုက်တဲ့အတွက် ရွှေကျီးစက်ရုံပိုင်ရှင်က စက်ရုံလုပ်သားတွေကို သဲတော ၊ ဝမ်းတွမ်း ၊ သာစည် မြို့တွေ ကို ရွှေကျီးစက်ရုံပိုင် ယာဉ်တွေနဲ့ လိုက်လံပို့ဆောင်ပေးနေတာ ဖြစ်တယ် လို့ ညောင်လေးပင်မြို့နယ်ဟစ်တိုင် ဖေ့စ်ဘွတ်ခ်ဂရုမှာ ဂရုရဲ့ Admin ဖြစ်သူ ကိုနေလင်းထိုက် က အများပြည်သူကို ဧပြီလ(၁) ရက်နေ့ ကတည်းက ရှင်းလင်း အသိပေးထားပြီး( သည်နေရာမှာ ကြည့်နိုင်ပါတယ်) ဖြစ်ပါတယ်။

ဖြစ်ရပ်မှန် အခြေအနေ ကို အများပြည်သူ သို့ သတင်းအမှန် ပြန်လည် ဖြေရှင်းပြီးပြီ ဖြစ်သော်လည်း သတင်းအမှားကိုပဲ လူထုကြားထင်ယောင်ထင်မှားဖြစ်အောင် ဆက်လက် ဖြန့်ချိ နေသူတွေကို ဥပဒေအရ လိုအပ်တာတွေကို လုပ်ဆောင်ရလိမ့်မယ်လို့ ရွှေကျီးမုန့်တိုက် (ရန်ကုန်) တာဝန်ရှိသူတစ်ဦး က ငြမ်းမီဒီယာ ကို ပြောပါတယ်။

ငြမ်းမီဒီယာ


Share this post
  •  
  •  
  •  
  •  
  •  
ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။

Tags: , , , ,