ခူမီးချင်း များအား ရခိုင်မျိုးနွယ်စုဝင် အဖြစ် ရေးသားသုံးနှုန်းခြင်း မပြုလုပ်ရန် အသိပေး

ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။
Share this post
  •  
  •  
  •  
  •  
  •  

ရခိုင်မျိုးနွယ်စုပါလို့ သုံးခြင်းအားဖြင့် ပလက်ဝမြို့နယ်ကို ရခိုင်ပြည်နယ်ထဲကို ပါဝင်ချင်တဲ့ သဘောနဲ့ သူတို့သုံးတယ်လို့ ကျနော်မြင်တယ် …

ခူမီး(ခမီး) လူမျိုးများအား ရခိုင်မျိုးနွယ်စုဝင်အဖြစ် ရေးသားသုံးနှုန်းမှုများကို မည်သည့်အဖွဲ့အစည်း၊ မည်သည့်ပုဂ္ဂိုလ် တစ်ဦး တစ်ယောက်အနေဖြင့် ပြောဆို သုံးနှုန်းခြင်းမပြုရန် ခူမီးချင်းမျိုးနွယ်စုများရေးရာ ပေါင်းစပ်ညှိနှိုင်းရေးကောင်စီ(KACC) က အလေးအနက်အသိပေးပါကြောင်း ကြေညာချက်တစ်စောင်ကို ယနေ့ထုတ်ပြန်လိုက်သည်။

အကြောက်တရားဖြင့် အတင်းအကြပ်ပြုမူခြင်းမျိုးထက် အပြန်အလှန် အသိအမှတ်ပြုမှု၊လေးစားမှုများဖြင့်သာ ချစ်ချင်ယုံကြည်မှုနှင့်စစ်မှန်သည့်ညီညွှတ်မှုကို တည်ဆောက်နိုင်မည် …

အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးဝှေ့တင်အား ပြန်လည်လွှတ်ပေးလိုက်ပြီး ဖြစ်ကြောင်း ဇန်နဝါရီ(၂၁) ရက်နေ့ က ထုတ်ပြန်သည့် AA  ၏ အသိပေးရှင်းလင်းကြေညာ ချက်တွင် ခူမီးချင်းများအား ရခိုင်မျိုးနွယ်စုအဖြစ် ရေးသားသုံးနှုန်း ထားသည် ဟု ခူမီးချင်းမျိုးနွယ်စုများရေးရာပေါင်းစပ် ညှိနှိုင်းရေး ကောင်စီ(KACC)၏ အလုပ်အမှူဆောင်ကော်မတီဝင် တစ်ဦးက ငြမ်းမီဒီယာ သို့ပြောသည်။

KACC

ခူမီး(ခမီး) မျိုးနွယ်စုသည် ဘာသာစကား၊ရိုးရာယဉ်ကျေးမှုနှင့် ဆင်းသက်လာပုံ သမိုင်းကြောင်းများအရ ချင်းမျိုးနွယ်အုပ်စု တစ်ခုဖြစ်ပြီး မည်သည့်အခါမှ ချင်း မှ အပဖြစ်သော အခြားမျိူးနွယ်စု တစ်ခုခုတွင် မျိုးနွယ်စုဝင်အဖြစ်ခံယူခြင်း၊လက်ခံခဲ့ခြင်း မရှိခဲ့ကြောင်း ကြေညာချက်တွင် ဖော်ပြထားသည်။

ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။

ခူမီးချင်းများအား ရခိုင်မျိုးနွယ်စုဝင်အဖြစ် ရေးသားသုံးနှုန်းလာခြင်းတို့သည် နိုင်ငံရေး၊ လူမျိုးရေးအရ ခူမီးချင်းတို့၏မျိုးနွယ်စု ဝိသေသနှင့် နေထိုင်ရာ ဒေသကို မှေးမှိန်ပျောက်ကွယ်စေရန် …

ချင်းပြည်နယ်အတွင်းနေထိုင်သည့် ရခိုင်လူမျိုးများ ရှိသကဲ့သို့ ရခိုင်ပြည်နယ်အတွင်းတွင်လည်း ချင်းလူမျိုးများ နေထိုင်လျက်ရှိရာ လူမျိုးနှစ်ခုအကြား မည်သူ့အတွက်မျှ အကျိုးမရှိသော အကြောက်တရားဖြင့် အတင်းအကြပ်ပြုမူခြင်းမျိုးထက် အပြန်အလှန် အသိအမှတ်ပြုမှု၊လေးစားမှုများဖြင့်သာ ချစ်ချင်ယုံကြည်မှုနှင့်စစ်မှန်သည့်ညီညွှတ်မှုကို တည်ဆောက်နိုင်မည် ဟု KACC၏ ကြေညာချက် က ဆိုသည်။

HUPAZAU

“ရိုးရာဓလေ့ရော၊ထုံးတမ်းတွေရော၊ယဉ်းကျေးမှုရော အားလုံးက ချင်းနဲ့တူတယ်။ ရခိုင်တွေနဲ့လုံးဝမတူဘူး။ အဲဒါကို သူတို့က ခူမီးတွေက သူတို့ ရခိုင်မျိုးနွယ်စုပါလို့ သုံးခြင်းအားဖြင့် ပလက်ဝမြို့နယ်ကို ရခိုင်ပြည်နယ်ထဲကို ပါဝင်ချင်တဲ့ သဘောနဲ့ သူတို့သုံးတယ်လို့ ကျနော်မြင်တယ်” ဟု KACC ၏ အလုပ်အမှူဆောင်ကော်မတီဝင်တစ်ဦးက ငြမ်းမီဒီယာ သို့ပြောသည်။

ခူမီးများနေထိုင်ရာဒေသအား ရခိုင်ပြည်နယ်နှင့်သက်ဆိုင်သော နယ်မြေဒေသတစ်ခုအဖြစ်အကြိမ်ကြိမ် ထုတ်ဖော်ပြောဆိုခြင်း၊ ခူမီးချင်းများအား ရခိုင်မျိုးနွယ်စုဝင်အဖြစ် ရေးသားသုံးနှုန်းလာခြင်းတို့သည် နိုင်ငံရေး၊ လူမျိုးရေးအရ ခူမီးချင်းတို့၏မျိုးနွယ်စု ဝိသေသနှင့် နေထိုင်ရာ ဒေသကို မှေးမှိန်ပျောက်ကွယ်စေရန် ဦးတည်ရည်ရွယ်သည့် အပြုအမူအဖြစ် တွေ့မြင်ရသည်ဟု ခူမီးချင်းမျိုးနွယ်စုများရေးရာ ပေါင်းစပ်ညှိနှိုင်းရေး ကောင်စီ(KACC) ၏ ကြေညာချက်တွင် ဖော်ပြထားသည်။


Share this post
  •  
  •  
  •  
  •  
  •  
ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။

Tags: , , , , , ,