ချောက်ကမ်းပါးအစွန်းကို ရောက်ရှိနေပြီဖြစ်တဲ့မြန်မာနိုင်ငံကို ကယ်တင်ဖို့ဆိုတဲ့သတင်းအမှား

ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။
Share this post
  •  
  •  
  •  
  •  
  •  

” မြန်မာပြည်ကို ဖျက်ဆီးမည့် နိုင်ငံခြားသားများ၏ အစီအစဉ်ကို ဖော်ထုတ်ခြင်း ” ဆိုတဲ့ ရုပ်သံဖိုင် တစ်ခုအကြောင်း ပြောပြလိုပါတယ်။

သည် သတင်းအတုလင့် ရုပ်သံဖိုင် ကို သတင်းမီဒီယာ ကောင်စီအီးမေးလ် လို့ ထင်မှတ်မှားနိုင်တဲ့ [email protected] myanmarpresscouncil.org နဲ့ [email protected] ဆိုတဲ့ အီးမေးလ်လိပ်စာမှတဆင့် သတင်းဌာနတွေကို ဖြန့်ချိနေကြောင်း မြန်မာနိုင်ငံသတင်းမီဒီယာ ကောင်စီ က သည်နေ့မှာ သတင်းထုတ်ပြန်ခဲ့ပါတယ်။ သည်နေရာမှာ ကြည့်နိုင်ပါတယ်။

မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီရဲ့ အီးမေးလ်လိပ်စာ အမှန်မှာ [email protected] ဖြစ်ပြီး myanmarpresscouncil.org မှာ မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီရဲ့ ဝက်ဘ်ဆိုဒ်လိပ်စာဖြစ်ပြီး သမ္မတရုံး ရဲ့ ဝက်ဘ်ဆိုဒ်မှာ presidentoffice.gov..mm ဖြစ်ပါတယ်။

ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။

မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီ သတင်းထုတ်ပြန်ချက်မှာ ပါဝင်တဲ့ ” မြန်မာပြည်ကို ဖျက်ဆီးမည့် နိုင်ငံခြားသားများ၏ အစီအစဉ်ကို ဖော်ထုတ်ခြင်း ” ဆိုတဲ့ သည် သတင်းအတုရုပ်သံဖိုင် ကို MMLeak Team  လို့ အမည်ရတဲ့ YouTube စာမျက်နှာက၂၀၂၀၊ နိုဝင်ဘာလ (၃) ရက်နေ့မှာ ဖြန့်ချိခဲ့တာ တွေ့ရပါတယ်။ သည်နေရာမှာ ကြည့်နိုင်ပါတယ်။ web archive ကို သည်နေရာမှာ ကြည့်နိုင်ပါတယ်။

SS / YouTube တွင် ဖော်ပြထားသည့် MMLeak အချက်အလက်များ

နိုင်ငံတော်သီချင်းနောက်ခံနဲ့ ချောက်ကမ်းပါးအစွန်းကို ရောက်ရှိနေပြီဖြစ်တဲ့ ကျမတို့ မြန်မာနိုင်ငံကို ကယ်တင်ဖို့အတွက် သည်အစီအစဉ်ကို ကျမတို့ MMLeak Team က ပြည်ထောင်စုမြန်မာနိုင်ငံအကျိုးစီးပွားအတွက် ရည်ရွယ်ပြီး တင်ပြပါရစေရှင် ဆိုတဲ့ သည် ရုပ်သံဖိုင်ဟာ သတင်းလုပ်ငန်းစဉ်များနဲ့ အညီ ဖော်ပြထားခြင်း မဟုတ်ဘဲ အများပြည်သူထင်ယောင်ထင်မှားဖြစ်သွားစေဖို့ လုပ်ကြံဖန်တီးချက် မျှသာ ဖြစ်ပါတယ်။

ကျနော်တို့နိုင်ငံရဲ့ရေးရာတွေမှာ ဘယ်နိုင်ငံခြားသားတွေရဲ့ဩဇာကို ခံယူခြင်းမရှိသလို ဘယ်နိုင်ငံရဲ့လောင်းရိပ်အောက်ကိုမှ မကျခဲ့အောင် ကျနော်တို့ …

MMLeak Team ဟာ လုပ်ကြံဖန်တီးထားတဲ့ သတင်းအမှား ရုပ်သံဖိုင် ကို သတင်းဌာန အီးမေးလ်တွေကို ပေးပို့ ခြင်းအပြင် ဟိုတယ် အီးမေးလ်တွေကို လည်း ပေးပို့ နေတယ်လို့ ပြည်သူတစ်ဦးက မှတ်ချက်ပေးထားတာကို လည်းတွေ့ရပါတယ်။

” ကြေညာချက်ထုတ်ပြန်ထားပြီးပြီပေါ့။အဲ့ကြေညာချက်ဘောင်အတိုင်းပိုပြောပြလို့မရဘူးပေါ့။ အဲဒီမှာရေးထားတာ မြန်မာပြည်ကို ဖျက်ဆီးမယ့် နိုင်ငံခြားသားများ အစီအစဉ်ကို ဖော်ထုတ်ခြင်းဆိုပြီး သူတို့ အီးမေးလ် တွေနဲ့ ဒီနေ့ မွန်းလွဲပိုင်းကနေ ပို့တယ်ပေါ့။ အဲ့ဒါက ကျနော်တို့ကောင်စီရဲ့ အီးမေးလ် မဟုတ်ဘူး။ အဲ့ဒီမေးလ် နဲ့ ပတ်သက်ပြီး နည်းပညာ စစ်ဆေးမှုတွေ လုပ်နေတယ်” လို့ မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီ အတွင်းရေးမှူး ဦးကျော်စွာမင်း က ပြောပါတယ်။

ချစ်ခင်လေးစားရတဲ့ မျိုးချစ်ပြည်သူများ ရှင် ဆိုတဲ့ နောက်ခံစကားပြောနဲ့ NLD အစိုးရကို အများပြည်သူ ထင်ယောင်ထင်မှားဖြစ်အောင် ပုံဖျက်တိုက်ခိုက်ထားတဲ့ သတင်းအမှား ရုပ်သံဖိုင်ဟာ ရွေးကောက်ပွဲ ကျင်းပရန် (၅) ရက်အလိုမှာ ပေါ်ထွက်လာတာ ဖြစ်ပါတယ်။

” ဒီလို မမှန်သတင်းတွေဟာ အဓိကကတော့‎လေ နိုင်ငံရေးအတွေးအမြင်တိမ်တဲ့ ပြည်သူတွေကို ကျနော်တို့ NLD ကိုမဲမပေးအောင် ရည်ရွယ်ပြီးလုပ်တာပဲ ဖြစ်တယ်” လို့ NLD ဗဟိုအောင်နိုင်ရေးကော်မတီ ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာမျိုးညွန့် က ပြောပါတယ်။

ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။

” အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က နိုင်ငံခြားသားတွေကို ရန်လိုမုန်းတီးတဲ့ မူဝါဒကိုင်ဆွဲထားခြင်း မရှိပါဘူး။ မြန်မာနိုင်ငံနဲ့မြန်မာတိုင်းရင်းသားတွေရဲ့အကျိုး ဖော်ဆောင်နိုင်မယ်ဆိုရင် နှစ်ဦးနှစ်ဘက် အကျိုးရှိရင် ပူးပေါင်းဆောင်ရွက်ဖို့ မူဝါဒ ထားရှိပါတယ်။ သို့သော်လည်း ကျနော်တို့နိုင်ငံရဲ့ရေးရာတွေမှာ ဘယ်နိုင်ငံခြားသားတွေရဲ့ဩဇာကို ခံယူခြင်းမရှိသလို ဘယ်နိုင်ငံရဲ့လောင်းရိပ်အောက်ကိုမှ မကျခဲ့အောင် ကျနော်တို့ကြိုးစားပြီး ဆောင်ရွက် နေတာအစိုးရရဲ့လုပ်ဆောင်ချက်ကို ကြည့်ရင်တွေ့နိုင်ပါတယ် ” လို့ ဒေါက်တာမျိုးညွန့်က ဆိုပါတယ်။

ရွေးကောက်ပွဲ နီးလာတာနဲ့အမျှ နိုင်ငံရေးပါတီတွေ၊ အစိုးရ၊ ရွေးကောက်ပွဲ ကော်မရှင်၊ နိုင်ငံရေးသမား၊ တိုင်းရင်းသား နိုင်ငံရေးပါတီ တွေ၊ ထင်ရှားကျော်ကြားသူတွေ ကို သတင်းအတု၊ သတင်းအမှားတွေနဲ့ ဖေ့စ်ဘွတ် ပလက်ဖောင်းကနေ တဆင့် တိုက်ခိုက်ထိုးနှက်တာတွေ၊ YouTube ပလက်ဖောင်းကနေ သတင်းအမှား တွေ ဖြန့်ချိနေတာတွေ ရှိပါတယ်။

YouTube ပလက်ဖောင်းကနေ သည်လို သတင်းအမှားတွေ ကို ဖြန့်ချိမှုတွေကို လုပ်ဆောင်နေတဲ့ အခြား စာမျက်နှာတွေ လည်း ရှိနေပါတယ်။ ၂၀၂၀၊ သြဂုတ်လ(၂၂) ရက်နေ့က Myanmar Top News အမည် ရှိတဲ့ YouTube စာမျက်နှာက နေ ရခိုင့်တပ်တော် (Arakan Army) နဲ့ ပတ်သက်ပြီး ပုံဖျက်တိုက်ခိုက်ထားတဲ့ သတင်းအမှားတွေ ဖြန့်ချိခဲ့တာ ရှိပါတယ်။  သည်နေရာမှာ ကြည့်နိုင်ပါတယ်။ ဒါ့အပြင် ရခိုင်တိုင်းရင်းသား နိုင်ငံရေးသမားတွေရဲ့ နာမည်ကို အသုံးချပြီး YouTube စာမျက်နှာက နေ သတင်းအမှားတွေ ဖြန့်ချိခဲ့တာတွေလည်း ရှိပါတယ်။ သည်နေရာမှာ  ကြည့်နိုင်ပါတယ်။

ငြမ်းမီဒီယာ

 

 


Share this post
  •  
  •  
  •  
  •  
  •  
ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။

Tags: , , , ,