ဂုတ်တွင်းတံတားအနီး စခန်းများတိုက်ခိုက်ခံရမှု သေဆုံးသူ(၁၅) ဦး ရှိ

ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။
Share this post
  •  
  •  
  •  
  •  
  •  

သြဂုတ်လ(၁၅)ရက်နေ့ဂုတ်တွင်းတံတားနှင့်ဂုတ်တွင်းတံတားအနီးရှိ စခန်းများတိုက်ခိုက်ခံရမှုတွင် သေဆုံးသူ(၁၅)ဦး ရှိပြီ ဖြစ်ကြောင်း အဆိုပါနေရာတွင်ကူညီကယ်ဆယ်ရေးလုပ်ငန်းများဆောင်ရွက်နေသည့် ကျောက်မဲမြို့အခြေစိုက် ပရဟိတလူမှုကူညီရေးအသင်း တာဝန်ရှိသူတစ်ဦးက ငြမ်းမီဒီယာသို့ပြောသည်။

သြဂုတ်(၁၅)၊၂၀၁၉၊ရန်ကုန်

ယခုရရှိသည့် သေဆုံးသူ အရေအတွက်သည် သြဂုတ်လ(၁၅)ရက်နေ့ ညနေ ငါးနာရီခွဲကျော်ခန့် က ငြမ်းမီဒီယာက ရရှိသည့် သတင်း အချက်အလက်ဖြစ်သည်။

သေဆုံးသူများမှာ အရပ်သား(၂)ဦး၊ရဲတပ်ဖွဲ့ဝင်(၄)ဦး၊တပ်မတော်သား (၉)ဦး ဖြစ်သည်။

ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။

“ ပျောက်နေတာတို့၊ဘာတို့ ကျွန်တော်တို့ မရှာရသေးဘူး။ တံတားအောက်မှာလည်း တစ်ယောက်တွေ့တယ် ပြောတယ်။ ရေနဲ့ပါသွားသေးလားဆိုတာ ကျွန်တော်တို့ဆက်လက်ပြီး လုပ်ဆောင်နေပါတယ်။အခု ကတော့ ကျွန်တော်တို့ သိသေ လာက်ပေါ့” ဟု ကျောက်မဲမြို့အခြေစိုက် ပရဟိတလူမှုကူညီရေး အသင်း တာဝန်ရှိသူတစ်ဦးက ပြောသည်။

ယခုဖြစ်စဉ်မှာ (၂၀၁၉) ခုနှစ်၊ ဇူလိုင်လ (၂၅ )ရက်နေ့တွင် ကွတ်ခိုင်မြို့နယ်၊ ရှောက်ဟော် ကျေးရွာ အရှေ့တောင်ဘက် ချောင်းဆုံနေရာတစ်ဝိုက် မူးယစ်ဆေးဝါး စုစုပေါင်း တန်ဖိုးငွေကျပ် (၁၆ )ဘီလီယံကျော်နှင့် မူးယစ်ဆေးဝါးရိုက်စက် အပါအဝင် ဆက်စပ်ပစ္စည်းများ၊ ဘိန်းချက်စခန်းများအား လည်းကောင်း၊ သြဂုတ်လ (၈) ရက်နေ့တွင် ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့နယ်၊ ရက်ခုံတိုင် ကျေးရွာမှ မူးယစ်ဆေးဝါးတန်ဖိုး ကျပ် (၅) ဘီလီယံခန့်၊ ခဲယမ်းနှင့် ဆက်စပ်ပစ္စည်းများအား လည်းကောင်း တပ်မတော်မှ သိမ်းဆည်း ရရှိခဲ့သည့်အပေါ် ကျေနပ်မှုမရှိခြင်း၊ ရခိုင်ပြည်နယ်တွင် AA အကြမ်းဖက်သောင်းကျန်းသူများ ထိခိုက်ကျဆုံးမှု များပြားပြီး စစ်ရေးအရ အရေးနိမ့်လာခြင်းတို့ ကြောင့် AA ၊ TNLA ၊ MNDAA အကြမ်းဖက်သောင်းကျန်းသူများက တရားဥပဒေစိုးမိုးမှုကို ထိပါးနှောင့်ယှက်ကာ အကြမ်းဖက်ပစ်ခတ် တိုက်ခိုက်မှုများ ကျူးလွန်လာခဲ့ခြင်း ဖြစ်ကြောင်း တွေ့ရှိရသည် ဟု တပ်မတော်က သတင်းထုတ်ပြန်သည်။

ယင်းအပြင် နောင်ချိုမူးယစ်ဆေးဝါး စစ်ဆေးရေးဂိတ်နှင့် ဂုတ်တွင်း ရဲကင်းစခန်း နေရာများတွင် မိမိတပ်မတော် စစ်ကြောင်းများနှင့် ထိတွေ့ တိုက်ခိုက်မှုများ ဖြစ်ပွားလျက်ရှိပြီး အသေးစိတ်သတင်းများ ရရှိပါက ဆက်လက်၍ သတင်း ထုတ်ပြန်သွားမည်ဟု တပ်မတော်ကဆိုသည်။

အခင်းဖြစ်ပွားရာနေရာသို့ ဒေသဝန်းကျင်အနီးရှိ လူမှုကူညီ ကယ်ဆယ်ရေး ပရဟိတအသင်းများ အားလုံးနီးပါးမှ ကူညီကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်လျက် ရှိသည်ဟုသိရသည်။


Share this post
  •  
  •  
  •  
  •  
  •  
ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။