ဂျပန်အစိုးရပေးသည့် ယန်း တစ်သိန်း အချက်အလက်နှင့် ညီသည့် မြန်မာများလည်း ရမည်

ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။
Share this post
  •  
  •  
  •  
  •  
  •  

Timo Volz

ကိုဗစ် ပျံ့ပွားမှု အခြေအနေကို တုံ့ပြန်သောအားဖြင့် ဂျပန်နိုင်ငံတွင်နေထိုင်သူများ အတွက် တစ်ဦးလျင် ယန်းတစ်သိန်းစီ ထောက်ပံ့ ပေးသွားမည်ဖြစ်ပြီး အဆိုပါအစီအစဉ်တွင် သတ်မှတ်ထားသည့် အချက်အလက်များနှင့် ကိုက်ညီသည့် ဂျပန်ရောက် မြန်မာနိုင်ငံ သားများလည်း ရရှိမည်ဖြစ်သည်။

ဂျပန်နိုင်ငံ၊ပြည်ထဲရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာနမှထုတ်ပြန် ကြေညာခဲ့သည့် ဂျပန်နိုင်ငံ ၌ နေထိုင်သူများအတွက် (၁)ဦး လျှင် ယန်း(၁)သိန်းစီ ထောက်ပံ့မည့် အစီအစဉ်အား တိုကျိုမြို့၊ မြန်မာသံရုံးက သတင်းထုတ်ပြန်ထားခြင်းဖြစ်သည်။

ယန်း(၁)သိန်း ရရှိနိုင်သူများမှာ ၂၀၂၀ ပြည့်နှစ်၊ ဧပြီလ ၂၇ ရက်နေ့တွင် “ နေထိုင်သူအခြေခံ မှတ်ပုံတင် စာရင်း” (Juuminkih ondaicho) တွင် စာရင်းပါရှိသူ နိုင်ငံခြားသားများအတွက်လည်း အကျုံးဝင်ပါသည် ဟု မြန်မာသံရုံး၏ ထုတ်ပြန်ချက် တွင် ဖော်ပြထားသည်။

ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။

အဆိုပါအစီအစဉ်တွင် ဂျပန်နိုင်ငံ၊ နိုင်ငံခြားသားအလုပ်သင် သင်တန်းသား လေ့ကျင့်ရေး အဖွဲ့အစည်း (Organization for Technical Intern Training-OTIT)၏ ဖော်ပြချက်အရ အထက်ပါအထူးထောက်ပံ့ကြေးငွေတွင် ၂၀၂၀ ပြည့်နှစ်၊ ဧပြီလ ၂၇ ရက်နေ့အထိ နေထိုင်သူအခြေခံ မှတ်ပုံတင်စာရင်းဝင် အလုပ်သင်သင်တန်းသား (Technical Intern Trainees)များလည်း အကျုံးဝင်သည်ဟု မြန်မာသံရုံး ထုတ်ပြန်ချက်က ဆိုသည်။

သတ်မှတ်ထားသည့် အချက်အလက်များနှင့် ကိုက်ညီသည့် မြန်မာနိုင်ငံသား အလုပ်သင် သင်တန်းသားများအနေဖြင့် လက်ရှိ နေထိုင်သည့်မြို့၌ နေထိုင်ကြောင်း စာရင်းမှတ်ပုံတင် ထားရှိသော အုပ်ချုပ်ရေးမှူးရုံးမှ နေအိမ်သို့ ထောက်ပံ့ကြေးငွေ ရယူနိုင်ရန် လျှောက်လွှာပုံစံ ကြိုတင်ပေးပို့ရမည် ဟု ဖော်ပြထားသည်။

လျောက်လွှာပုံစံတွင် လျှောက်ထားသူ၏အမည်၊ မွေးနေ့၊ နေထိုင် သည့် လိပ်စာနှင့် ငွေလွှဲထည့်ရန် ဘဏ်စာရင်းတို့အား အပြည့် အစုံ ရေးသားဖော်ပြ၍ အုပ်ချုပ်ရေးမှူးရုံး သို့ ပြန်လည်ပေးပို့ရန် လိုအပ်မည် ဖြစ်ပါသည်။ ထို့ပြင် ဘဏ်စာရင်းနှင့် ကာယကံရှင် ဖြစ်ကြောင်း အတည်ပြုနိုင်သော စာရွက်စာတမ်းမိတ္တူကိုလည်း တစ်ပါတည်းပေးပို့ရန် လိုအပ်မည် ဖြစ်ကြောင်း အသိပေးအပ် ပါသည်ဟု မြန်မာသံရုံး၊တိုကျိုမြို့ ကသတင်း ထုတ်ပြန်ထားည်။

ငြမ်းမီဒီယာ


Share this post
  •  
  •  
  •  
  •  
  •  
ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။

Tags: , , , ,