ငြိမ်းချမ်းရေးနဲ့ မြစ်ဆုံကို တွဲထားလို့ မရပါဘူး

ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။
Share this post
  •  
  •  
  •  
  •  
  •  

TJM / ကချင်ပြည်နယ် ဒီမိုကရေစီပါတီ ဥက္ကဌ ဒေါက်တာတူးဂျာ

ဆိုးကျိုးတွေ သက်ရောက်လာနိုင်တယ်။ ဘာလို့လဲဆိုရင် ပြည်သူတွေက ဒေသခံတွေတင် မကဘူး။ အောက်ပြည်အောက် ရွာက လူတွေလည်း ဒါကို မထောက်ခံ ကြဘူး။ ဆက်လုပ်မယ်ဆိုရင် ကန့်ကွက်ပွဲတွေ၊ ဆန္ဒပြပွဲတွေ ပေါ်လာနိုင်တယ်။ ဒါက …

မြစ်ဆုံစီမံကိန်းနှင့်ပတ်သက်၍ ကချင်ပြည်သူများက ကန့်ကွက်မှု မရှိ ကြောင်း၊ ကန့်ကွက်နေသူများမှာ ပြင်ပ အဖွဲ့အစည်းများသာ ဖြစ် ကြောင်း ကချင်ပြည်နယ်ရှိ နိုင်ငံရေးပါတီနှင့် လူမှု အဖွဲ့အစည်းများ ၏ ခေါင်းဆောင်များက ပြောကြားခဲ့သည်ဟု တရုတ်သံအမတ်ကြီး Mr. Hong Liang က သတင်းထုတ် ပြန်ခဲ့သည်။ မြစ်ဆုံ ရေအား လျှပ်စစ် စီမံကိန်းကို တည်ဆောက်ရန် ၂၀၀၉ ခုနှစ်တွင် တပ်မတော် အစိုးရ နှင့် China Power Investment ကုမ္ပဏီတို့ စာချုပ်ချုပ်ဆို ခဲ့ပြီး ပြည်ခိုင်ဖြိုး အစိုးရလက်ထက် ၂၀၁၁ ခုနှစ်တွင် သမ္မတ ဦးသိန်းစိန်က ၎င်း၏ အစိုးရသက်တမ်းအတွင်း စီမံကိန်းကို ရပ်ဆိုင်း ထားခဲ့ခြင်း ဖြစ်သည်။ မြစ်ဆုံစီမံကိန်းနှင့် ပတ်သက်ပြီး တရုတ်သံရုံး ၏ သတင်းထုတ်ပြန်ချက်၊ ကချင်ပြည်သူလူထု၏ သဘောထား စသည်တို့အား တရုတ်သံအမတ်ကြီးနှင့် တွေ့ဆုံရာတွင် ပါဝင်ခဲ့သူ ကချင်ပြည်နယ် ဒီမိုကရေစီပါတီဥက္ကဌ ဒေါက်တာတူးဂျာကို ငြမ်းမီဒီယာ က ဆက်သွယ် မေးမြန်းထားပါသည်။

ငြမ်းမီဒီယာ – မြစ်ကြီးနားမှာ တရုတ်သံအမတ်နဲ့ တွေ့ခဲ့ကြတဲ့ ကချင်အဖွဲ့ အစည်းတွေကို သိပါရစေ။

Dr.TG – ကချင်ပူးပေါင်းရေး (၃) ပါတီနဲ့ သပ်သပ်တွေ့တယ်။ နောက် ပြီး KBC နဲ့တွေ့တယ်။ တခြား အဖွဲ့အစည်းတွေ၊ ပါတီတွေနဲ့ သီးခြားတွေ့တယ် ကြားတယ်။ ကျွန်တော် သေချာ မသိဘူး။

ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။

ငြမ်းမီဒီယာ – တရုတ်သံအမတ်နဲ့တွေ့တော့ မြစ်ဆုံကိစ္စနဲ့ ပတ်သက်ပြီး ဘာတွေပြောဖြစ်၊ ဆွေးနွေးဖြစ်လဲ။

Dr.TG – သူပြောပြတာပဲ များပါတယ်။ မြစ်ဆုံအနေအထားက ဆက်လုပ်မယ်ဆိုရင် လျှပ်စစ်မီး အလုံအလောက် ရမယ်ပေါ့။ စီးပွားရေး ဖွံ့ဖြိုးမယ်။ ဒါ ဆက်လုပ်သင့်တယ်။ ဆက်လုပ်ချင်တယ်ပေါ့။ ဒါကို ဆက်မလုပ်ဘူးဆိုရင် မြန်မာနိုင်ငံကို ပြည်ပ ရင်းနှီးမြှုပ်နှုံမှု တန့်သွား မယ်ပေါ့။ ဒါလေးဖြစ်ဖို့ ဝိုင်းဝန်း အားပေးစေချင်တယ်ပေါ့။ အဲဒီလို ပြောတာရှိတယ်။

ငြိမ်းချမ်းရေးရမှ မြစ်ဆုံကို လုပ်ခွင့်ပြုမယ် ဆိုတာ လည်း မဖြစ်သင့်ဘူးပေါ့ဗျာ။ ဒါကြောင့်မို့ ငြိမ်းချမ်းရေးက သပ်သပ်၊ မြစ်ဆုံက သပ်သပ် ဖြစ်ရမယ်။ ငြိမ်းချမ်းရေးကို အကြောင်းပြပြီး မြစ်ဆုံစီမံကိန်း လုပ်ခွင့်ပေးရင်လည်း ပြည်သူတွေက လက်ခံမှာ မဟုတ်ပါဘူး …

ဒါပေမယ့် ကျွန်တော်တို့ဘက်ကတော့ သူတို့ သဘောထား ထုတ်ပြန်ချက်မှာပါသလို လက်ခံမယ်လို့ မပြောဘူး ခင်ဗျ။ သို့သော်လည်း မပြောဘဲ ရေးထားတဲ့ကိစ္စပဲ။ အဲဒီမှာ ရေးထား သလိုဆိုရင် တွေ့ဆုံခဲ့တဲ့ပါတီတွေကပဲ ဒါကို လက်ခံသလိုလို၊ ဒေသခံပြည်သူတွေက ဒါကို လက်ခံသလိုလို အဲဒီလိုရေးထားတာ ကျွန်တော်တို့လည်း သိတာပေါ့။ တခြားပါတီတွေနဲ့ တွေ့တုန်းက ဘယ်လို ပြောထားလည်းတော့ မသိဘူး။ KBC နဲ့ တွေ့တုန်းကနဲ့ ကျွန်တော်တို့နဲ့ တွေ့တုန်းက ဒီဟာကို ထောက်ခံတာတွေ၊ အားပေးတာတွေ မပြောခဲ့ဘူး။

ငြမ်းမီဒီယာ – မြစ်ဆုံ စီမံကိန်းကို ကချင်အဖွဲ့အစည်းတွေက မကန့်ကွက်ဘူး လို့ တရုတ်သံရုံးက ထုတ်ပြန်တာကို ဘာများမှတ်ချက် ပေးချင်ပါ သလဲ။

Dr.TG – မကန့်ကွက်ဘူးဆိုတာ ထောက်ခံတဲ့သဘော ဖြစ်တာပေါ့။ ကျွန်တော်တို့က အဲဒီလို မပြောဘူး။ ကျွန်တော်တို့က ထောက်ခံပါ တယ်လို့လည်း မပြောဘူး၊ မကန့်ကွက်ပါဘူး လို့လည်း မပြောဘူး။ ဒီကိစ္စက သူတို့ဘာသာ တစ်ဖက်သတ် သဘောထား ထုတ်ပြန်တာပဲ ဖြစ်တယ်။ အဲဒီလိုပဲ ပြောချင်ပါတယ်။

ပြည်သူတွေကလည်း မြစ်ဆုံနဲ့ ပတ်သက်ပြီး သဘောထား ပြောင်းလဲတာ မတွေ့ရသေးဘူး။ မကြားမိသေးဘူး။ ဒီဟာကတော့ အစိုးရပဲ ဖြစ်ဖြစ်၊ တရုတ်ကုမ္ပဏီပဲဖြစ်ဖြစ်၊ တရုတ်နိုင်ငံပဲဖြစ်ဖြစ် သေသေချာချာ စဉ်စား ချင့်ချိန်ရမယ့် …

ငြမ်းမီဒီယာ – ကချင်အဖွဲ့အစည်းတွေက မြစ်ဆုံအပေါ် ဘယ်လိုသဘော ထား ရှိကြလဲ။

ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။

Dr.TG – ကချင်အဖွဲ့အစည်းတွေနဲ့ ကချင်ပြည်နယ်က ပြည်သူ ပြည်သားတွေ ကတော့ အများစုက ဒါကို ထပ်မလုပ်စေချင်ကြဘူး။ အဖွဲ့အစည်းတွေ၊ CSO တွေက ဆက်မလုပ် စေချင်ပါဘူး။ ဆက် မလုပ်စေချင်တဲ့ အဖွဲ့အစည်းက အများစုပါ။ ဒါကို ဆက်လုပ်စေချင် တယ်လို့ ပြောတဲ့အဖွဲ့အစည်းတွေတော့ မကြားမိသေးပါဘူး။

ဆိုးကျိုးတွေ သက်ရောက်လာနိုင်တယ်။ ဘာလို့လဲဆိုရင် ပြည်သူတွေက ဒေသခံတွေတင် မကဘူး။ အောက်ပြည်အောက် ရွာက လူတွေလည်း ဒါကို မထောက်ခံ ကြဘူး။ ဆက်လုပ်မယ်ဆိုရင် ကန့်ကွက်ပွဲတွေ၊ ဆန္ဒပြပွဲတွေ ပေါ်လာနိုင်တယ်။ ဒါကတော့ လုံးဝ ဆက်မလုပ်တာ အကောင်းဆုံးပဲ …

ဒါပေမယ့် ဒါအားလုံးကို ဆိုလိုတဲ့ စကားတော့ မဟုတ်ပါဘူး။ တစ်ဦးတစ်လေ လောက် ကတော့ ဒါကို လက်ခံချင်တဲ့ ဆန္ဒရှိချင် ရှိမှာပေါ့။ အများစု ကတော့ ဒါကို လက်မခံဘူးဆိုတာ အခိုင်အမာ ပြောလို့ရတာပဲ။

ငြမ်းမီဒီယာ – တရုတ်သံအမတ်ကြီးနဲ့ တွေ့ဆုံစဉ်က မြစ်ဆုံအပြင် တခြား ဘာကိစ္စတွေ ဆွေးနွေးဖြစ်သေးလဲ။

Dr.TG – ငြိမ်းချမ်းရေး ကိစ္စပေါ့။ သူတို့လည်း ငြိမ်းချမ်းရေးကို အားပေးပါတယ်ပေါ့။ ငြိမ်းချမ်းစေချင် တယ်ပေါ့။ နောက်ပြီးတော့ ကျွန်တော်တို့ (၃) ပါတီ ပူးပေါင်းရေး မှတ်ပုံတင် လျှောက်ထားတယ်။ မရသေးဘူး။ ကချင်ပြည်သူ့ပါတီ ဖွဲ့စည်းရေး အခြေအနေကို သူတို့မေးတော့ ကျွန်တော် ပြောပြတယ်။ သူတို့ ထောက်ခံ အားပေးပါ တယ်။ နောက် ဒေသ ဖွံ့ဖြိုးရေး ကိစ္စတွေမှာ တရုတ်ပြည်က အတတ်နိုင်ဆုံး ကူညီမယ်လို့ ပြောပါတယ်။ တခြားတော့ ထွေထွေ ထူးထူး သိပ်မရှိပါဘူး။

ငြမ်းမီဒီယာ – မြစ်ဆုံစီမံကိန်းကို တနည်းနည်းနဲ့ ပြန်စတင်မယ်ဆိုရင် အကျိုးဆက်က ဘာတွေ ဖြစ်လာနိုင် မလဲ။

Dr.TG – ဆိုးကျိုးတွေ သက်ရောက်လာနိုင်တယ်။ ဘာလို့လဲဆိုရင် ပြည်သူတွေက ဒေသခံတွေတင် မကဘူး။ အောက်ပြည်အောက် ရွာက လူတွေလည်း ဒါကို မထောက်ခံ ကြဘူး။ ဆက်လုပ်မယ်ဆိုရင် ကန့်ကွက်ပွဲတွေ၊ ဆန္ဒပြပွဲတွေ ပေါ်လာနိုင်တယ်။ ဒါကတော့ လုံးဝ ဆက်မလုပ်တာ အကောင်းဆုံးပဲ။ ဒီလိုမှ မဟုတ်ရင် ပြသနာများမယ်။ သေချာပေါက် ပြဿနာတွေ ပေါ်လာမယ်။

ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။

ငြမ်းမီဒီယာ – ကချင်ပြည်နယ်နေ့ အခမ်းအနားမှာ နိုင်ငံတော်၏ အတိုင်ပင် ခံပုဂ္ဂိုလ်နဲ့ ကချင်အဖွဲ့အစည်းတွေ တွေ့ဆုံခဲ့တယ်လို့ သိရပါတယ်။ ဒေါက်တာတူးဂျာတို့နဲ့ရော တွေ့ဆုံဖြစ်သေးလား။

Dr.TG – ဒီတစ်ခေါက်တော့ မတွေ့ဖြစ်ဘူး။ တရုတ်သံအမတ်နဲ့က ဒီဇင်ဘာ လကုန်ပိုင်းက တွေ့တာ ပါ။ ဒေါ်အောင်ဆန်းစုကြည်နဲ့က ဇန်နဝါရီလ (၈) ရက်၊ (၉) ရက်၊ (၂)ရက်ပါ။ ကျွန်တော်တို့နဲ့ မတွေ့ ဖြစ်ပါဘူး။

ငြမ်းမီဒီယာ – မြစ်ဆုံ သဘောတူညီမှု စာချုပ်တွေ ပြည်သူကို ခုချိန်ထိ ချမပြနိုင်သေးတာနဲ့ ပတ်သက်ပြီး ဘာများ မှတ်ချက်ပေးချင်ပါသလဲ။

Dr.TG- ဒီဟာကတော့ မဲဆွယ် စည်းရုံးတုန်းကတော့ချပြမယ်ပေါ့။ ဒါပေမဲ့ ခုချိန်ထိ ချမပြ ပါဘူး။ သူတို့ စုံစမ်းစစ်ဆေးရေးအဖွဲ့ကို အစိုးရ က ဖွဲ့စည်းပြီးသွားပြီ။ စုံစမ်းစစ်ဆေးရေး အဖွဲ့တောင် သမ္မတဆီ စာတမ်းတင်တာ ရှိတာကို။ ဘာသံမှ မကြားရဘူး။ သူတို့ ဘာသာ စာတမ်းတင်တာတွေ ဘာတွေ ရှိတာကို။ အဲဒါကို ထဲထဲဝင်ဝင် ကိုင်တွယ်ဖြေရှင်းတာမျိုး မတွေ့ရသေးဘူး။ ဒါမျိုး ချပြမယ် ဆိုတာ အပြောပဲရှိတာ။ လက်တွေ့ မလုပ်ဆောင် နိုင်သေးပါဘူး။

ငြမ်းမီဒီယာ – တရုတ်ဘက်က မြစ်ဆုံပြန်စတင်နိုင်ဖို့ လုပ်တဲ့ကိစ္စမှာ ငြိမ်းချမ်း ရေးတို့၊ စီးပွားရေးတို့ကို အယောင်ပြပြီး ကြိုးစားလာနိုင်တယ်လို့ သုံးသပ်မှုတွေ ရှိနေပါတယ်။ အဲဒီသုံးသပ်ချက်ကို ဘာများ မှတ်ချက် ပေးချင်ပါသလဲ။

Dr.TG – ငြိမ်းချမ်းရေးနဲ့ မြစ်ဆုံကို တွဲထားလို့ မရပါဘူး။ မြစ်ဆုံက တော့ တောက်လျှောက် ကန့်ကွက် နေတာပဲ။ ဒါကြောင့်မို့ ငြိမ်းချမ်း ရေးက သပ်သပ်ပါ။ ငြိမ်းချမ်းရေးရမှ မြစ်ဆုံကို လုပ်ခွင့်ပြုမယ် ဆိုတာ လည်း မဖြစ်သင့်ဘူးပေါ့ဗျာ။ ဒါကြောင့်မို့ ငြိမ်းချမ်းရေးက သပ်သပ်၊ မြစ်ဆုံက သပ်သပ် ဖြစ်ရမယ်။ ငြိမ်းချမ်းရေးကို အကြောင်းပြပြီး မြစ်ဆုံစီမံကိန်း လုပ်ခွင့်ပေးရင်လည်း ပြည်သူတွေက လက်ခံမှာ မဟုတ်ပါဘူး။

ငြမ်းမီဒီယာ – တရုတ်သံရုံးက သတင်း ထုတ်ပြန်တာမှာပါတဲ့ မြစ်ဆုံကိစ္စနဲ့ ပတ်သက်ပြီး ဘာများ ဖြည့်စွက် ပြောချင်တာ ရှိပါသလဲ။

Dr.TG – ကျွန်တော်တို့ မြစ်ဆုံနဲ့ပတ်သက်ပြီး သဘောထား ကြေညာ ချက်တွေ အကြိမ်ကြိမ် အခါအခါ ထုတ်ပြန်ပြီးသားပါ။ ခု လတ်တလော ဖြစ်လာတဲ့ တရုတ်သံရုံးရဲ့ သဘောထား ထုတ်ပြန်ချက် အပေါ်မှာ မူတည်ပြီး ဒီတစ်ခေါက်၊ ဒီနေ့ပေါ့။ မထုတ်ပြန်လို့ မဖြစ် တော့လို့ သဘောထား ကြေညာချက် ထုတ်ပြန် ရတာပါ။ ပြည်သူတွေကလည်း မြစ်ဆုံနဲ့ ပတ်သက်ပြီး သဘောထား ပြောင်းလဲတာ မတွေ့ရသေးဘူး။ မကြားမိသေးဘူး။ ဒီဟာကတော့ အစိုးရပဲ ဖြစ်ဖြစ်၊ တရုတ်ကုမ္ပဏီပဲဖြစ်ဖြစ်၊ တရုတ်နိုင်ငံပဲဖြစ်ဖြစ် သေသေချာချာ စဉ်စား ချင့်ချိန်ရမယ့် ကိစ္စမျိုးဖြစ်ပါတယ်။

ငြမ်းမီဒီယာ – ခုလို ဖြေကြားပေးတာ ကျေးဇူးတင်ပါတယ်။

ငြမ်းမီဒီယာ


Share this post
  •  
  •  
  •  
  •  
  •  
ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။

Tags: , , , , , ,