ငြိမ်းချမ်းရေးမရအောင် ကျနော်တို့ ပြည်သူတွေ လုပ်ထားတာမဟုတ်ဘူး – အပိုင်း(၁)

ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။
Share this post
  •  
  •  
  •  
  •  
  •  

MSCO/ KK / ဦးကျော်ခိုင်ဝင်း

ငါက ပျားဖွပ်တဲ့လူပဲ လက်မှာကပ်တဲ့ပျားရည်တော့ စုပ်မှာပေါ့ဆိုတဲ့ အခြေအနေ ကျနော်တို့ကချင်ပြည်နယ် အစိုးရအဖွဲ့မှာရှိနေ တယ်။ပွင့်ပွင့် လင်းလင်းပြောရရင် …

ကချင်ပြည်နယ်မှာစစ်ဘေးဒုက္ခတွေဖြစ်ခဲ့တဲ့ လူတစ်ယောက် ရဲ့ခံစားချက်ပါ။ကျနော် အားလုံးကို တောင်းပန် ပါတယ်။ အသက်ငါးဆယ်နီးပါပြီ။အသက်ငါးဆယ်မှာ ငြိမ်းချမ်းရေး အရသာ မခံစားခဲ့ရပါဘူးလို့ ဒေါ်အောင်ဆန်းစုကြည် ကို ပြောနေတဲ့ အချိန်မှာ ဦးကျော်ခိုင်ဝင်း အသံက ဆိုနင့်ကြေကွဲနေ ပါတယ်။ ဦးကျော်ခိုင်ဝင်းရဲ့ ဆို့နင့်ကြေကွဲမှုဟာ လူအတော် များများရဲ့ရင်ထဲ အထိကို စီးဝင်ခဲ့ပါတယ်။ ငြိမ်းချမ်းရေးနဲ့ ပတ်သက်ပြီး လက်နက်ကိုင် အဖွဲ့အစည်းတွေအပေါ်ပြောဆိုခဲ့တဲ့ ဦးကျော်ခိုင်ဝင်း ရဲ့ မှတ်ချက်နဲ့ပတ်သက်ပြီး မိသားစုဝင်တွေက ဦးကျော်ခိုင်ဝင်း အပေါ်အန္တရာယ်တစ်ခုခု ကျရောက်မှာကို လည်း စိုးရိမ်မှု ရှိနေ ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ကို ပြောစရာတွေ ကျန်နေသေးတယ်ဆိုတဲ့ကချင်ပြည်နယ်၊ မိုးညှင်းမြို့၊ မေတ္တာမွန် လူမှုကူညီရေး အသင်း၏ ဘဏ္ဍာရေးမှူး၊ သာယာသောသုသာန်လေး၏ တာဝန်ခံ ဦးကျော်ခိုင်ဝင်းကို ငြမ်းမီဒီယာက ဆက်သွယ်မေးမြန်းထားပါတယ်။

ငြမ်းမီဒီယာ – ဒေါ်အောင်ဆန်းစုကြည်ရဲ့ ကချင်ပြည်နယ်ခရီးစဉ်မှာ ကိုကျော်ခိုင်အနေနဲ့ ဒေသအခြေအနေ တွေကို ဒေါ်အောင်ဆန်းစုကြည် ဆီ တိုက်ရိုက်သတင်းစကားပေးနိုင်ခဲ့ တယ်။အဲဒီမှာ ကိုကျော်ခိုင် ပေးခဲ့တဲ့ သတင်းစကားမှာ တချို့ အကြောင်းအရာတွေက ကိုကျော်ခိုင်အပေါ်အန္တရာယ် ရှိတယ်လို့ ပြောခဲ့တော့ အခု ဘာတွေကြုံတွေ့နေရတာရှိလဲ ။ခြိမ်းခြောက်ခံ ရတာတို့ ရှိလား။

ကိုကျော်ခိုင် – ခြိမ်းခြောက်ခံရတာတော့ မရှိဘူး။ဒါပေမယ့် မိသားစု အသိုင်းအဝိုင်း၊ညီအစ်ကိုမောင်နှမတွေ အသိုင်းအဝိုင်း မှာတော့ အားလုံးက ဒီမငြိမ်းချမ်းတဲ့ပြည်နယ်မှာ နေလာရတဲ့အခါကျတော့ ဒီလက်နက်ကိုင် တွေရဲ့ သဘောတရားကို အားလုံး နားလည်တဲ့ အခါကျတော့ ခြိမ်းခြောက်မှုတစုံတစ်ရာ မရှိပေမယ့်လည်း မိသားစုဝင်တွေကတော့ စိုးရိမ်နေကြတာပေါ့နော်။ ကျန်တဲ့ လူတွေကလည်း ဒါဘာမှစိုးရိမ်စရာမရှိဘူး။ တစ်ဦး တစ်ယောက်၊ အဖွဲ့အစည်းတစ်ခုတည်းကို ဦးတည်ထားပြီး အပြစ်ပြောတာ မဟုတ်ဘူးပေါ့။ လက်နက်ကိုင်တွေ အားလုံးကို ဦးတည်ပြီးပြော တာပဲပေါ့။ ဘယ်ဘက်ကိုမှ လိုက်ပြီးပြောတာမဟုတ်တဲ့အတွက် ဘာမှ စိုးရိမ်စရာမရှိဘူးပေါ့။အများစုက စိုးရိမ်စရာ မရှိဘူး ပြောကြတယ်။ အဓိကက ဆိုရှယ်မီဒီယာကနေ ပြောကြတယ်။

ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။

ကျနော် သိပ်ပြီး မပြောနိုင်ခဲ့ဘူး။မဟုတ်ရင် ကျနော် ဒီထက်မက ပြောဦးမှာ။ ဒါပေမယ့် မပြောနိုင်ခဲ့ဘူး။ထားပါ။ ကျနော်အဲဒီနေ့က ဒေါ်အောင်ဆန်းစုကြည် ကို ပြောချင်ခဲ့တာက …

ဖုန်းတွေဘာတွေ ဆက်ပြီးပြောကြတယ်။ဘာမှစိုးရိမ်စရာမရှိဘူး။ဘာမှမကြောက်ပါနဲ့ ပြောကြတာကတော့ ကျနော်တို့ ဒီ ပြည်တွင်းစစ်ရဲ့ ဒဏ်ကိုမခံစားဖူးတဲ့ ပြည်မ က။ ရန်ကုန်၊မန္တလေး အဲဒီလို အသိုင်းအဝိုင်း အဲဒီဘက်က ပြောကြတာများ တယ်။ဒါပေမယ့် တကယ်တမ်း ကျနော်တို့ နယ်ဘက်မှာနေခဲ့တဲ့ လူတွေ အားလုံး ကတော့ ကျနော့်ကို ဘယ်လိုပဲဖြစ်ဖြစ် အတိုင်းအတာတစ်ခုအထိ သတိထားေနစေချင်တယ်။ ဒီလိုမျိုးကွဲကွဲပြားပြား ပြောကြတာတော့ ရှိတယ်။ ဘာဖြစ်လို့လဲ ဆိုတော့ ကျနော့်ဘက်က လူတွေ ဘာဖြစ်လို့ အဲလိုပြောကြတာလဲဆိုတော့ ဒီဘက်မှာနေလာကြတဲ့အခါ ဒီဘက် အကြောင်းကိုသိတာပေါ့။ ကျနော့်ကို ဒီအပေါ် ဘယ်လို ခံစားရသလဲ မေးရင် ထူးထွေပြီးမခံစားရဘူး။ ဘာလို့ မခံစားရသလဲ ဆိုရင် ကျေနော် ရိုးသားလို့ပဲ။

ငြမ်းမီဒီယာ – ကိုကျော်ခိုင် အဲဒီနေ့က ဒေါ်အောင်ဆန်းစုကြည် ကို ပြောနေချိန်မှာ ကိုကျော်ခိုင်စိတ်လှုပ်ရှားမှု အနည်းငယ်ရှိနေ သလား လို့။ဒီမေးခွန်းတွေမမေးခင်မှာ ကိုကျော်ခိုင် ဘာတွေ တွေးနေမိလဲ။

ကိုကျော်ခိုင် – မြို့နယ် NLD ကရော၊ပြည်နယ် NLD ကရော ကျနော်တို့ ကို ဖိတ်တယ်။ ကျနော်တို့အဖွဲ့ကို ဖိတ်တယ်။ အဲဒါနဲ့ သွားတက်ကြတယ်။သွားတက်တဲ့အချိန်မှာ မေးလည်းမမေး ပါဘူး။ပြောလည်းမပြောပါဘူး။ ဒီအတိုင်းပဲသွားတက်မယ်ဆိုတဲ့ စိတ်နဲ့ သွားလိုက်တာ။ ခန်းမထဲ ထိုင်နေတဲ့အချိန်မှာ ဘယ်သူလဲ လို့တော့ ကျနော်မပြောတော့ဘူး။ လူတစ်ယောက်က ကျနော့်ကို အတင်းလာ တိုက်တွန်းတယ်။ မေးပါ။မေးပါ။ ပြောပေးပါ တစ်ခုခု ကိုယ့်မြို့နယ်၊ကိုယ့်ခရိုင်အတွက်ပဲ ဖြစ်ဖြစ်၊ ကိုယ့်ပြည်နယ်အတွက်ပဲ ဖြစ်ဖြစ် တစ်ခုခုကို ကိုကျော်ခိုင် ပြောပါ ဆိုပြီး အဲလို လာတိုက်တွန်း တယ်။ အဲဒီတော့ ကျနော်က ကိုယ့်ထက်ရှေ့က ပြောတတ်တဲ့သူေတွအများကြီးရှိမှာပဲ။ကိုယ်ပြောစရာ မလိုပါဘူး အဲလိုစိတ်ထဲ က မှတ်ထားတာ။ ဒါပေမယ့် သူက ခဏခဏ လာတိုက်တွန်းတယ်။ အဲဒါနဲ့ အခမ်းအနားစခါနီးလေးမှာ ကျနော်စာရင်းပေးလိုက်တယ်။ စာရင်းပေးတဲ့အခါမှာ ကျနော်က အမှတ်စဉ်(၁၅)။ကျနော့် ရှေ့မှာ မေးဖို့ (၁၄)ယောက်ရှိတယ်။ အဲဒါနဲ့ ကျနော်က မေးတယ်။ (၁၅)ယောက်မြောက်မှာ ကျနော်မေးရမှာလား မေးတော့ မဟုတ်ဘူးတဲ့။မဲနှိုက်မှာ။မဲပေါက်တဲ့သူပဲ မေးခွင့်ရှိမှာတဲ့။ အဲဒါနဲ့ ကျနော်ထပ်မေးတယ်။

ကချင်ပြည်နယ်အစိုးရအဖွဲ့နဲ့ပတ်သက်တဲ့ ကိစ္စတွေဆိုတော့ ကျနော် အခုပြောပြလို့တော့ မရဘူး။ အရိပ်အမြွက်အနေနဲ့ပြောရမယ်ဆိုရင် ဒါက …

တကယ်လို့ကျနော် မဲပေါက်ခဲ့ရင် ဘယ်နှမိနစ် မေးခွင့်ရှိလဲဆိုတော့ အဲဒါလည်း သူတို့မသိဘူးတဲ့။ ကိုယ့်ကိုယ်ကိုယ် မဲပေါက်လိမ့်မယ်လို့မမျှော်လင့်ဘူး။ တစ်သက်မှာ တစ်ခါမှ မဲမပေါက်ဖူးဘူး။ မျှော်လည်း မမျှော်လင့်ထားဘူး။ ဒါပေမယ့် စိတ်ထဲ မှာ တစ်ခုဖြစ်တာက တကယ်လို့မဲပေါက်ခဲ့ရင် ဘာပြောမလဲ ကျနော် စဉ်းစားလိုက်တယ်။ အဓိက က ကျနော် ပြောချင် တာက ငြိမ်းချမ်းရေးကိစ္စကို အဓိက ပြောချင်တာ။ ကျန်တာကတော့ ထားပေါ့ဗျာ။ကျန်တာက ကျနော် ပြောခွင့်ရှိတဲ့ အချိန်မှာ ကျနော့်ဒေသအတွက် ရလိုရငြား နောက်ပြီးတော့ ဖြစ်သင့်ဖြစ်ထိုက်တဲ့ အရာလည်း ဖြစ်နေတဲ့အတွက် ပြောလိုက် တယ်။အဲဒီ ကိစ္စနဲ့ပတ်သက်ပြီး ဒီလိုကိစ္စမျိုးက အစ ဒေါ်အောင်ဆန်းစုကြည် ကို ပြောရသလားဆိုပြီး ပြောကြ တာတွေ လည်း ရှိတယ်။ဒါက ဘာမှမဖြစ်ပါဘူး။ ပြောပါရပါတယ်။ ကျနော် နားလည် ပါတယ်။

ငြမ်းမီဒီယာ – ဘယ်သူတွေက ပြောတာလဲဗျ။

ကိုကျော်ခိုင် – ဖေ့စ်ဘွတ်ခ် ကနေပဲပြောကြတာပါ။ ဒီမီးသတ်မြေ ကိစ္စကို ဒေါ်အောင်ဆန်းစုကြည်လို ဒီလောက်အရေးကြီးတဲ့ ပုဂ္ဂိုလ်နဲ့တွေ့တဲ့အချိန်မှာ ဘာမဟုတ်တဲ့ မီးသတ်မြေကိစ္စကို ပြောရသလားပေါ့။ ဒီထက်အရေးကြီးတဲ့ကိစ္စ မရှိတော့ဘူးလား လို့ပြောကြသူတွေလည်း ရှိပါတယ်။ ဘာမှတော့မဖြစ်ပါဘူး ရပါတယ်။ ဒါကတော့ လူအမျိုးမျိုးပေါ့။ကျနော်ဗွေလည်း မယူပါဘူး။

ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။

မြန်မာနိုင်ငံသူ၊မြန်မာနိုင်ငံသား အားလုံးကို ကိုယ်စားပြုပြီး ဆွေးနွေးနေတာ မဟုတ်ဘူးလို့။သူတို့ဆွေးနွေး နေတာ သူတို့ရဲ့ အကျိုးစီးပွားတွေကို ကိုယ်စားပြုပြီး ဆွေးနွေး နေတာ။အဲဒါကြောင့် …

စိတ်ထဲမှာလည်း မမှတ်ထားပါဘူး။ ပြဿနာလည်းမရှိပါဘူး။ ကျနော်ပြောခဲ့တဲ့ ငြိမ်းချမ်းရေးကိစ္စက အဲဒီရောက်မှ ကျနော် စဉ်းစားပြီး ပြောလိုက်တာမျိုး မဟုတ်ဘူး။ ဘာဖြစ်လို့လဲ ဆိုတော့ ဒီကိစ္စ ကျနော်ပြောနေတာ ကြာလှပြီ။ ကိုမင်းကိုနိုင် တို့ လာတဲ့အချိန်တုန်းကလည်း ကိုမင်းကိုနိုင်ကို ကျနော်ပြောတယ်။ ဆရာမ ဒေါ်ဆွေဇင်ထိုက်၊ ဆရာမောင်စိန်ဝင်း တို့လာတဲ့ အချိန်မှာလည်း သူတို့ကို သွားကြိုတယ်။သူတို့နဲ့ စကားပြောချိန် မှာမေးကြတယ်။ ဆရာနေဝင်းမြင့် တို့ ရောပေါ့။ စာရေးဆရာတွေ။ သူတို့မေးကြတယ်။ ကချင်ပြည်နယ်ရဲ့ ငြိမ်းချမ်းရေး ဘယ်လို လဲပေါ့။ အဲဒီတုန်းက လည်း ကျနော်ပြောခဲ့တယ်။ ပြီးတော့ ဒီစကားပဲ။ နောက်ပြီးတော့ မနီလာတို့၊မမီးတို့ တနိုင်းဘက်က ဒုက္ခသည် စခန်းတွေကို သူတို့ဆန်တွေ လာလှူတုန်းကလည်း ကျနော်တို့နဲ့ အတူသွားကြတယ်။သွားတဲ့အချိန်မှာ လွန်ခဲ့တဲ့ နှစ်နှစ်ကျော် မမီးမီးမဆုံးခင်ပေါ့ အဲဒီတုန်းကလည်း ကျနော် အဲဒါတွေပြောတယ်။ မနီလာသိန်း က လည်း မေးတယ်။ ကိုကျော်ခိုင်ရေ ကချင်ပြည်နယ်ငြိမ်းချမ်းရေးကိစ္စက ဘယ်လိုလဲ မေးတယ်။ အစ်မရေ… ကျနော်တို့ ကချင်ပြည်နယ် ငြိမ်းချမ်းရေး ကတော့ မလွယ်ဘူး။ မနီလာက ပြန်မေးတယ်။ “ ဘာဖြစ်လို့လဲ။ အမေစုတို့ လုပ်နေတာပဲတဲ့။ ဘယ်လိုဖြစ်လို့ မလွယ်တာလဲတဲ့” ။ အဲဒါနဲ့ ကျနော်က အစ်မရေ ရှင်းရှင်းပြောရရင် ကျနော်တို့ ကချင်ပြည်နယ်မှာ လက်နက်ကိုင် အဖွဲ့အစည်းရှိတယ်။ အဲဒီ လက်နက်ကိုင် အဖွဲ့အစည်းက နေ ငြိမ်းချမ်းရေး သွားဆွေးနွေး နေတာ ဒါပေမယ့် အဲဒီ လက်နက်ကိုင် အဖွဲ့အစည်း က ကျနော်တို့ ကချင်ပြည်နယ်သူ ၊ပြည်နယ်သားအားလုံးကို ကိုယ်စားမပြုဘူးလို့။ အဲဒီလိုပဲ အဲဒီလက်နက်ကိုင် အဖွဲ့အစည်းနဲ့ ဆွေးနွေးနေတဲ့ တပ်မတော်ကလည်း မြန်မာနိုင်ငံသူ၊မြန်မာနိုင်ငံသား အားလုံးကို ကိုယ်စားပြုပြီး ဆွေးနွေးနေတာ မဟုတ်ဘူးလို့။သူတို့ဆွေးနွေး နေတာ သူတို့ရဲ့ အကျိုးစီးပွားတွေကို ကိုယ်စားပြုပြီး ဆွေးနွေး နေတာ။အဲဒါကြောင့် ကချင်ပြည်နယ် ငြိမ်းချမ်းရေးက မလွယ်ဘူးလို့ပြောတာ။

ငြမ်းမီဒီယာ – နိုင်ငံသားအများစုက ငြိမ်းချမ်းရေး ဆွေးနွေးပွဲ တွေ လုပ်နေကြတယ် ဒီလိုမြင်ကြတာရှိတယ်။ ကိုကျော်ခိုင်ကတော့ အခြားသူတွေနဲ့မတူတဲ့ ရှုမြင်မှု၊ပြောဆိုမှတ်ချက်ပြုမှုကို ပြုတာတွေ့ ရတယ်။ လက်နက်ကိုင်အဖွဲ့အစည်းတွေရဲ့ ကိုယ်စားမပြုမှု၊ တပ်မတော်ရဲ့ ကိုယ်စားမပြုမှု။သူတို့ရဲ့အကျိုးစီးပွား။ အဲဒီတော့ ကိုကျော်ခိုင်အနေနဲ့ ဒီအကြောင်းအရာကို ဘယ်လို မြင်ထား တာလဲ ပြောပြပါဦး။

ကိုကျော်ခိုင် – ပွင့်ပွင့်လင်းလင်းပြောရရင် ကျနော်က ABSDF ရဲဘော်တစ်ဦးလုပ်ခဲ့ဖူးတယ်။လက်နက်ကိုင်ပြီး တော်လှန်ရေး လုပ်ခဲ့ဖူးတယ်။ ကျနော်ဆိုလိုချင်တာက လက်နက်ကိုင် အဖွဲ့အစည်း လို့ မပြောဘူးနော်။ လက်နက်ကိုင်တဲ့ လူလို့မပြောဘူး။ လက်နက်ကိုင်တွေရဲ့သဘောသဘာ၀ အနေအထားကို ကျနော်သိတာပေါ့။ ကျနော်ကိုယ်တိုင် လက်နက်ကိုင် လာတာကိုး။ ဟုတ်တယ်မလား။အဲဒီလိုဆိုတော့ ပြောပြရင်အရှည်ကြီးပါ။ နောက်ပြီးတော့ ကျနော့်အတွက် မလုံခြုံစရာဖြစ်မယ်။ ကျနော့် မိသားစု ပိုပြီးစိတ်ပူစရာဖြစ်မယ်။ ကျနော်စကားကို ထိန်းပြော တယ်။ ဘယ်လိုမြင်စရာအကြောင်းရှိသလဲဆိုတော့ အဲဒီမှာ ကျနော် ပွင့်ပွင့်လင်းလင်း ပြောထားတယ်လေ။ နယ်မြေခွဲဝေကြပြီ ဆိုရင် သူတို့ပြဿနာတက်ပြီ။ဘာလို့ပြဿနာ တက်လဲဆိုတော့ ဥပမာအားဖြင့်ကျနော်ပြောပြမယ်။ ကျနော်တို့ကချင်ပြည်နယ်မှာ ဘယ်နယ်မြေနေရာကို လုနေကြသလဲဆိုရင် ရတနာထွက်တဲ့ သယံဇာတထွက်တဲ့နေရာကို လုတာ။ကျနော်တို့ ကချင်ပြည်နယ်၊ ပူတာအို။အဲဒီမှာ ဘယ်လက်နက်ကိုင်အဖွဲ့အစည်းကမှ မရှိဘူး။

ပြည်သူ့အသံက တော့ ရှင်းတယ်။ေ ကွ့ကွေ့ေ ကာက်ကောက် ရှုပ်ရှုပ်ထွေးထွေးတွေ ဘာမှမရှိဘူး။ ကျနော်တို့ ငြိမ်းချမ်းရေး ရချင်တယ်။ ကျနော်တို့ ပြည်သူ့အသံက ဒါပဲ …

ဘာဖြစ်လို့မရှိတာလဲဆိုတော့ ပူတာအိုမှာ အခုကတော့ ထားလိုက် ပေါ့။ဒီအစိုးရလက်ထက်မှာ လမ်းတွေဘာတွေ ဖော်သွားလို့။ လမ်းမဖောက်ခင်ကဆိုရင် ပူတာအိုမှာ လက်နက်ကိုင် အဖွဲ့အစည်း မပြောနဲ့ မြို့ပေါ်မှာနေ နေတဲ့လူတောင်မှ စားရေးသောက်ရေး ခက်ခဲတယ်။ ဒီလိုနေရာမျိုးကို ဘယ်သူမှ နယ်မြေ sharing လာမလုပ်ဘူး။ အဲဒီနေရာမျိုးမှာ ဘယ်သူမှ သွားပြီး လက်နက် မကိုင်ဘူး။မနေဘူး။ရှင်းရှင်လေးပဲ။ဒါတစ်ချက်လေးပဲ ကျနော်ပြောပြတာ။ လက်နက်ကိုင်တွေ အများဆုံးနေတာ။ဒါ တို့နယ်မြေ၊ တို့နယ်မြေ လုံခြုံရေးတွေ၊တို့ရဲ့ ကန့်သတ်နယ်မြေ၊ တို့ရဲ့ပိုင်တဲ့နယ်မြေ၊ တို့ရဲ့အစဉ်အဆက်နေခဲ့တဲ့ နယ်မြေဆိုတာ ဘယ်နေရာ တွေမှာပဲ အများဆုံး သတ်မှတ်နေကြသလဲဆိုတော့ သယံဇာတထွက်တဲ့ နေရာပဲပေါ့။ အဲဒီနေရာကိုပဲ သူတို့ လုနေကြတာလေ။ တိုက်ပွဲဖြစ်ရင်လည်း အဲဒီနေရာမှာပဲဖြစ်ကြတာ။ ဥပမာအားဖြင့် ပူတာအိုမှာ တိုက်ပွဲဖြစ်တယ်။ပူတာအိုမှာ စစ်တပ်နဲ့ရင်ဆိုင်ပြီး တိုက်ပွဲဖြစ်ကြတယ် ဘယ်နှခေါက်ကြားဖူးလဲ။ မရှိဘူး။ ဘာလို့ မရှိတာလဲဆိုတော့ ပူတာအိုမှာ ရစရာဘာမှ မရှိဘူး။ မြို့ပေါ် မှာနေတဲ့သူတွေတောင် စားဖို့အနိုင်နိုင်။ကျနော် ပူတာအိုရောက်ဖူးတယ်။ရေသောက်ချင်လို့ ရေသန့်ဘူး သွားဝယ်တာတောင် ယာဉ်တန်းမတက်သေးလို့ရေသန့် မရှိဘူးဆိုတဲ့အဖြစ်မျိုး။ အဲဒီနေရာမှာ တိုက်ပွဲလည်း မရှိဘူး။

ငြမ်းမီဒီယာ – ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေမှာ လက်နက်ကိုင် အဖွဲ့အစည်းတွေဟာ ပြည်သူတွေကို ကိုယ်စားမပြု ဘူး။ပြည်သူေ တွရဲ့အသံမပါဘူးဆိုရင် ပြည်သူတွေရဲ့အသံပါအောင် ဘယ်လို လုပ်ရင်ရမလဲ။ကိုကျော်ခိုင် ဘယ်လိုတွေးမိလဲ။

ကိုကျော်ခိုင် – ဘယ်လိုတွေးမိလဲဆိုတာက ရှင်းရှင်းပြောရရင် ကျနော်တို့ အများကြီးပြောစရာမလိုဘူး။ အဲဒီနေ့က နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်က ကျနော့်ကိုပြန် မမေးလို့။ ကျနော့်ကို ပြန်မေးရင် ကျနော့်မှာ အဖြေရှိတယ်။ အဲဒီနေ့က ကျနော့်ကို ပြန်မေးလိမ့်မယ်လို့ မျှော်လင့်ခဲ့တာ ဒါပေမယ့် ဒေါ်အောင်ဆန်းစုကြည် ပြန်မမေးခဲ့ဘူး။မမေးခဲ့ဘူးဆိုတော့ ကျနော်ကျေနပ်တယ်။ ဘာဖြစ်လို့လဲ ဆိုတော့ နှစ်ဆယ့်တစ် ပင်လုံကို ကျနော်က ဝေဖန်လိုက်တာကိုး ။နှစ်ဆယ့်တစ်ပင်လုံ ညီလာခံဆိုတာလည်း ဒါ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်ပြီး လုပ်တဲ့အခြေအနေ။အဲဒါကို ကျနော်ဝေဖန်လိုက်တာဆိုတော့ ဒေါ်အောင်ဆန်းစုကြည် ဘာများပြန်မေးမလဲဆိုတာ စိတ်ထဲမယ် တထင့်ထင့် ဖြစ်တယ်။ မေးခဲ့ရင်လည်း ကျနော်ဖြေစရာ ရှိတယ်။သူက ကျနော့်ကို အခုမေးသလိုပဲ ပြည်သူ့အသံက ဘာလဲ။ ကျနော်တို့ ပြည်သူ့အသံက တော့ ရှင်းတယ်။ေ ကွ့ကွေ့ေ ကာက်ကောက် ရှုပ်ရှုပ်ထွေးထွေးတွေ ဘာမှမရှိဘူး။ ကျနော်တို့ ငြိမ်းချမ်းရေး ရချင်တယ်။ ကျနော်တို့ ပြည်သူ့အသံက ဒါပဲ။ ကျနော်တို့ က ငြိမ်းချမ်းရေးပဲ ရချင်တယ်။ ငြိမ်းချမ်းရေး မရအောင် ကျနော်တို့ ပြည်သူတွေ လုပ်ထားတာ မဟုတ်ဘူး။ ငြိမ်းချမ်းရေး ရအောင်လို့လည်း ကျနော်တို့ပြည်သူတွေက အတင်းလုပ်ယူလို့မရဘူး။အဲဒါကြောင့်မို့ ကျနော်တို့ပြည်သူ အသံတွေက စားပွဲဝိုင်း ပေါ်ရောက်ရမယ်။ ပြည်သူ့အသံက ဘာလဲ ငြိမ်းချမ်းရေး ရချင်တယ်။ဒါပဲ။ဟုတ်တယ် မလား။ ရှည်ရှည်ဝေးဝေး ကျနော်တို့ ပြောစရာ အကြောင်းမရှိဘူး။

ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။

ငြမ်းမီဒီယာ – ဒေါ်အောင်ဆန်းစုကြည်ကို ကိုကျော်ခိုင် ငြိမ်းချမ်းရေးနဲ့ ပတ်သက်ပြီး ပြည်သူတစ်ယောက်အနေနဲ့ တင်ပြချိန်မှာ ဆို့ဆို့နင့်နင့်နဲ့ ဝမ်းနည်းနေမှုကို အတိုင်းသားမြင်ရ သလို အဲဒီခံစားမှုက လူအတော်များများဆီကို စီးခဲ့တာ တွေ့ရတယ်။ ကျနော်သိချင်တာက ပြည်သူ့အသံက ငြိမ်းချမ်းရေး လိုချင်တာဟုတ်ပြီ။ အဲဒီပြည်သူ့ အသံတွေကို ဘယ်လို စုစည်းနိုင် မလဲ။စားပွဲဝိုင်းပေါ်ရောက်အောင် ဘယ်လို လုပ်မလဲ ဆိုရင် ကိုကျော်ခိုင် ဘယ်လိုစဉ်းစားမိလဲ။

ကိုကျော်ခိုင် – ကျနော့်ကိုအဲဒါမျိုး မေးဖူးပါတယ်။ဘယ်သူ မေးတာလဲ ဆိုတော့ Equality Myanmar က ကိုအောင်မျိုးမင်း တို့ အဖွဲ့က မိုးညှင်းမှာ သင်တန်းလာလုပ်ခဲ့ချိန်မှာ ကျနော်တို့ ဆွေးနွေးဖြစ် ပါတယ်။ ဆွေးနွေးတော့ အခုလိုပဲ ဒီစကားတွေပြောတယ်။ အခုလိုပဲ အစ်ကိုမေးသလိုပဲမေး တယ်။ဟုတ်ပြီ။ စားပွဲဝိုင်း ပေါ်မှာ ပြည်သူ့ အသံတွေ ရောက်အောင် ခင်ဗျားဘယ်လိုအစီအစဉ်ရှိလဲ ပြောတဲ့။ အဲဒါနဲ့ သူ့ကိုကျနော်ပြောပြ တယ်။ ဒါကတော့ စိတ်ရှည်လက်ရှည်နဲ့ လုပ်ရမယ့်ကိစ္စလည်းဖြစ် တယ်။ အများကြီးလည်း သုတေသနတွေ လုပ်ပြီးမှ လုပ်ရမယ့် ကိစ္စလည်းဖြစ်တယ်။ ပြည်သူကြားကို အမှန် အကန် ဆင်းရမယ်။ အဲဒီလိုရှင်းပြလို့ ခင်ဗျား ဟာ က လည်း ဇာတ်လမ်းက ရှည်လှ ပါလား ဆိုရင် ရှည်လှပြီမပြောနဲ့။ ကျနော်တို့ဆီမှာ စစ်ဖြစ်လာတာ နှစ်(၇၀)ရှိ ပါပြီ။ စစ်ဖြစ်လာတာတောင် နှစ်(၇၀) ရှိပြီဆိုရင် ငြိမ်းချမ်းရေး ရဖို့အရှည်ကြီး လုပ်ရမှာပဲ။ ကျနော်ဆိုလိုချင်တာ။ ကျနော်တို့ ငြိမ်းချမ်းရေးကို ဦးဆောင်ပြီးေ ဆွးနွေးကြမယ်ဆိုတဲ့ လူတွေရဲ့စိတ်ထဲမှာ ဘယ်လို အရင်ရှိရမလဲ ဆိုရင် ပြည်သူ့အသံကို ငါတို့ အားလုံး နားထောင်မယ်ဆိုတဲ့ နံပါတ်(၁) အချက် ဘုံသဘောတူညီမှု တစ်ခုရှိ ရမယ်။ ဘယ်အဖွဲ့ပဲဖြစ်ဖြစ်၊ ဘယ် တိုင်းရင်းသား ပဲဖြစ်ဖြစ်။ဥပမာ လက်နက်ကိုင်တွေပဲဖြစ်ဖြစ် အားလုံးရဲ့ သဘောတူညီချက် ရှိရမယ်။ ဥပမာအားဖြင့် ၂၁ ပင်လုံညီလာခံကို ဦးဆောင်လုပ်နေတဲ့ ဒေါ်အောင်ဆန်းစုကြည်၊ နောက်တော့ တခြားဆွေးနွေးဘက်တွေ၊ တပ်မတော်၊ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းတွေ လက်နက်ကိုင်မဟုတ်ပေမယ့် ဒီငြိမ်းချမ်းရေး ဆွေးနွေးပွဲမှာ ပါဝင်တဲ့ အဖွဲ့အစည်းအသီးသီး အားလုံးက နံပါတ်တစ် ဘုံအချက်အနေနဲ့ ပြည်သူ့အသံကို ငါတို့ နားထောင်ရမယ်။အဲဒီ ဘုံတစ်ချက်ကို အရင်ဆုံး သဘောတူဖို့ လိုမယ်။ ပြည်သူ့အသံ ၊ပြည်သူက ပြောခဲ့တဲ့အသံကို ငါတို့ အားလုံး နားထောင်ရမယ်။ နားထောင်ပြီးရင် ငါတို့ဟာ ပြည်သူဖြစ်ချင်တာကို ငါတို့ လိုက်လုပ် ပေးရမယ်ဆိုတဲ့ သဘောတူညီချက်တစ်ခုကို ရထားပြီးပြီးဆိုရင် ပြည်သူ့အသံကို ဘယ်လိုပုံစံနဲ့ နားထောင်ကြမလဲ ဆိုတာကြတော့ ဒါပညာရှင်တွေ လုပ်ရမယ့်အလုပ်ဖြစ်သွားပြီ ။ကျနော်တို့နဲ့ မသက်ဆိုင်တော့ဘူး။ ကျနော်တို့ ပြောနိုင်တာက ကျနော်တို့ ပြည်သူေ တွ အနေနဲ့ ဘာဖြစ်ချင်တယ်ဆိုတာကိုပဲ ပြောလို့ရမယ် ပြည်သူတွေအသံ ထွက်အောင် ဘယ်လို လုပ်ကြမလဲ ဆိုတာ ပညာရှင်တွေ အလုပ်ဖြစ်သွားပြီ။ဒါကို တတ်ကျွမ်းတဲ့ သူတွေရဲ့ အလုပ်ဖြစ်သွားပြီ။

ငြမ်းမီဒီယာ – ငြိမ်းချမ်းရေးစကားဝိုင်းမှာ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းတွေ၊ တိုင်းရင်းသား အဖွဲ့အစည်းတွေ၊ တိုင်းရင်းသား နိုင်ငံရေးပါတီ တွေက ဖက်ဒရယ်စနစ်ဖြစ်အောင်၊ ကိုယ့်ပြည်နယ်မှာ ကိုယ့်ပြည်နယ်ဝန်ကြီး ကိုယ့်ဘာသာ ရွေးချယ်နိုင် အောင်၊ဖွဲ့စည်းပုံကို ပြင်ဖို့ကြိုးစားတာတွေ ဒါတွေက ပြည်သူ့အသံ မဟုတ်ဘူးလားလို့ တစ်ဖက်ဖက် က ဆိုလာခဲ့ရင်ရော။

ကိုကျော်ခိုင် – ဘယ်လိုပြောမလဲဗျာ။ကိုယ်ပြည်နယ်ဝန်ကြီး ကိုယ်ခန့်ရတာမျိုးကတော့ မူအရ လက်ခံတာပေါ့။ လုံးဝလက်ခံ တယ်။ ဒါကဖြစ်လည်းဖြစ်သင့်တယ်။ ဒါပေမယ့်အချိန်နဲ့အခါနဲ့ ရှိသေးတာပေါ့။ ကျနော် ဆိုလိုချင်တာ က အချိန်အခါရှိသေးတယ်။ ကျနော်တို့နိုင်ငံက ဒီမိုကရေစီအနေနဲ့ သိပ်ကိုနုနယ်သေးတယ်။ ကျနော် အဲဒီလောက် လည်း မမီဘူး။ဒါပေမယ့် ရှင်းရှင်းပြောရရင် ကိုယ့်ရပ်ကွက် အုပ်ချုပ်ရေးမှူးကိုယ်ခန့်ချင်တာပေါ့။ ကိုယ်မြို့နယ် အုပ်ချုပ်ရေးမှူး ကိုယ်ခန့်ချင်တာပေါ့။စစ်တပ်ကနေ ဗိုလ်မှူး အဆင့်လောက်လွှတ်ပြီး ရော့ အုပ်ချုပ်ရေးမှူး လုပ်ဆိုတာတော့ ကျနော်လည်း မကြိုက်ဘူး။ ဒါပေမယ့် အချိန်နဲ့အခြေအနေကို ကြည့်ရ သေးတာပေါ့။ ဝန်ကြီးချုပ်ခန့်တာ ဆိုတာ ရပ်ကွက် အုပ်ချုပ်ရေးမှူးခန့်တာမဟုတ်ဘူး။ တစ်ပြည်နယ်လုံးကို တာဝန်ခံတဲ့ သူကိုခန့်ရတာ။ဥပမာ ဆိုရရင် ကျနော်တို့ ကချင်ပြည်နယ်ဆိုတာ ကချင်ပြည်နယ်လို့သာ ပြောရတာ။ထူးခြားတယ်။ ကျနော်တို့ ကချင်ပြည်နယ်လို့သာ နာမည်တပ်ထားတာ ကချင်က သိပ်နည်း တယ်။အများဆုံးက ရှမ်းများတယ်။ ဒေသခံတွေထဲမှာ ရှမ်းနီ များ တယ်။ကချင်လူမျိုးက နည်းတယ်။ ကရင် ဆိုလို့ရှိရင် ကရင်တွေ ချည်း ပဲ ရှိတယ်။ မွန်ဆိုရင်လည်း မွန်တွေချည်းပဲ ရှိတာ။ အများစုကို ပြောတာနော်။ ကိုယ့်ပြည်နယ်ဝန်ကြီး ကိုယ်ခန့်သင့်တယ်။ခန့်လို့ ရတာမျိုး ကျနော်လက်ခံတာတော့ အမှန်ပဲ။ဒါပေမယ့် ကျနော်တို့ နိုင်ငံရဲ့ ဒီမိုကရေစီက နုနယ်သေးတယ်။ ဒီလိုမျိုး ကိုယ့်ပြည်နယ် ဝန်ကြီး ကိုယ်ရွေးချယ် လို့မရတာ၊ဘာဖြစ်လို့ မပြင်နိုင် ကြတာလဲ ဆိုတော့ ကျနော်လည်း အဲလောက်ထိ လက်လှမ်းမမီဘူး။

ငြမ်းမီဒီယာ – ကိုကျော်ခိုင်မှာ ပြောစရာတွေအများကြီး ကျန်သေး တယ် လို့ ကိုကျော်ခိုင် လူမှုကွန်ရက်မှာ ရေးထားတာတွေ့ရ ပါတယ်။ ဘာတွေ ကျန်သေးတာလဲ။

ကိုကျော်ခိုင် – ပြောစရာတွေကျန်သေးတယ်ဆိုတာက (ရယ်လျက်) ကျနော် ငြိမ်းချမ်းရေးကိစ္စ ကျနော်ပြောတာ က ကုန်သလောက် ရှိ ပါပြီ။တခြားပြောစရာတွေအများကြီးဆိုတာ ကျနော်တို့ တင်လိုက် တဲ့ ကျနော်တို့ရဲ့ ကချင်ပြည်နယ်အစိုးရ အကြောင်းတွေပါ ။ဒေါ်အောင်ဆန်းစုကြည်ကလည်း ပြောစရာတွေကျန်သေးတယ် ထင်တယ်တဲ့။ ကျနော်ကလည်း ပြောစရာတွေအများကြီး ကျန်ပါသေးတယ်လို့ တဆင့်ကျနော် ပြန်ပြော လိုက်ပါတယ်။ကချင်ပြည်နယ်အစိုးရအဖွဲ့နဲ့ ပတ်သက်တဲ့ ကိစ္စတွေဆိုတော့ ကျနော် အခုပြောပြလို့တော့ မရဘူး။ အရိပ်အမြွက်အနေနဲ့ပြောရမယ်ဆိုရင် ဒါက ထည့်ရေးလို့ ရပါတယ်။ကျနော်ပြောလည်းပြောချင် ပါတယ်။ အဲဒီနေ့က ကျနော့်စိတ်ခံစားချက်က ကျနော်တို့ ဖြတ်သန်း ခဲ့ရတဲ့ ငယ်ဘဝကို အမှတ်ရပြီး ကျနော်ဝမ်းနည်းနေ ခဲ့တယ်။ ကျနော် သိပ်ပြီး မပြောနိုင်ခဲ့ဘူး။မဟုတ်ရင် ကျနော် ဒီထက်မက ပြောဦးမှာ။ ဒါပေမယ့် မပြောနိုင်ခဲ့ဘူး။ထားပါ။ ကျနော်အဲဒီနေ့က ဒေါ်အောင်ဆန်းစုကြည် ကို ပြောချင်ခဲ့တာက ကချင်ပြည်နယ် အစိုးရဟာ ပျားဖွပ်တဲ့လူတွေပီပီ လက်မှာကပ်တဲ့ ပျားရည်ကို လျက်နေကြတယ်လို့ ကျနော် အဲဒါပြောချင်တာ။ရှင်းရှင်းပြောရရင် ငါက ပျားဖွပ်တဲ့လူပဲ လက်မှာကပ်တဲ့ပျားရည်တော့ စုပ်မှာပေါ့ ဆိုတဲ့ အခြေအနေ ကျနော်တို့ကချင်ပြည်နယ် အစိုးရအဖွဲ့မှာရှိနေ တယ်။ပွင့်ပွင့် လင်းလင်းပြောရရင် ဘောလုံးသမားပဲ ငါက သံပုရာသီး ကိုက် တာပေါ့ဆိုတာမျိုးပေါ့။ နောက်ပြောစရာ ကျန်တာက ကျနော်တို့ငယ်ငယ်က ငြိမ်းချမ်းရေးနဲ့ပတ်သက်ပြီး မငြိမ်းချမ်း မှု ကိုခံစားရတဲ့ အခြေအနေကို ဒေါ်အောင်ဆန်းစုကြည် ကို ပြောပြလိုက်ချင်တယ်။အဓိကက ကချင်ပြည်နယ်အစိုးရအဖွဲ့ရဲ့ ဖြစ်ပျက်နေတဲ့ကိစ္စတွေကျနော် ပြောလိုက် ချင်တယ်။ဒါပေမယ့် ကျနော်အခု မီဒီယာကိုမပြောချင်သေးဘူး။ အများသူငှာရှေ့မှာ ပြောဖို့ စိတ်ကူးမရှိဘူး။ ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ခွင့်ရရင်တော့ အကုန်ပြောမှာ။

ငြမ်းမီဒီယာ

 


Share this post
  •  
  •  
  •  
  •  
  •  
ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။

Tags: , , , , ,