စက်မှုဇုန်အလုပ်သမားများ အလုပ်နားရက် ဧပြီ (၃၀) အထိ ထပ်တိုးပေးရန် တိုက်တွန်း

ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။
Share this post
  •  
  •  
  •  
  •  
  •  

ငြမ်း / ၂၀၁၇၊ဒီဇင်ဘာ ၊စက်မှုဇုန်တစ်ခုရှိ အလုပ်သမားများ အလုပ်သွားရန် မော်တော်ယာဉ်ပေါ်သို့ တက်ရောက်နေစဉ်

COVID – 19 ကူးစက် ကပ်ရောဂါသည် ကူးစက်မှု စိုးရိမ်နေရသည့် အခြေအနေတွင် ရှိနေဆဲ ဖြစ်သည့်အတွက် အလုပ်သမား များ၏ အလုပ်နားရက်ကို ဧပြီလ(၁၉) ရက်နေ့ သတ်မှတ်ထားသည့် အစား ဧပြီလ (၃၀) ရက်နေ့ အထိ အနည်းဆုံးသတ်မှတ်ပေးရန် လူ့ဘောင်သစ် ဒီမိုကရက်တစ်ပါတီ(ဌာနချုပ်) DPNS က ကြေညာချက်တစ်စောင်အား ယနေ့ ထုတ်ပြန်ခဲ့သည်။

စက်ရုံအတွင်း အလုပ်လုပ်ကိုင်ကြရမည့် အခြေအနေများသည် မရည်ရွယ် သည့်တိုင် ရောဂါကူးစက်ခံရမည့် ကံကြမ္မာဆိုးဆီသို့ ခေါင်းထိုးခံနေရသည့် အနေအထား ဖြစ် …

အလုပ်ပိတ်ရက် ပြင်ဆင်သတ်မှတ်ချက်ကို သက်ဆိုင်ရာဝန်ကြီးဋ္ဌာနများမှ အမြန်ဆုံး သတ်မှတ်ကြေညာပေးသင့်ပါကြောင်း အလေးအနက် အကြံပြု သည်ဟု လူ့ဘောင်သစ် ဒီမိုကရက်တစ်ပါတီ(ဌာနချုပ်) က တိုက်တွန်းထားသည်။

” အလုပ်သမားတွေကို ဧပြီလကုန်အထိ နားခွင့်ပေးသင့်တယ်ဆိုတာ ကျနော်တို့ မူအားဖြင့်သဘောတူတယ်။ အဲဒါနဲ့ မလုံလောက်ရင် ထပ်ပြီးတိုးဖို့လည်း လိုတယ်။ ” ဟု  အလုပ်သမားအရေးဆောင်ရွက်နေသူ ဦးမြတ်ကျော် က မှတ်ချက်ပြုသည်။

ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။

စက်မှုဇုန်များရှိ အလုပ်သမားများ နေထိုင်နေကြရသည့် လက်တွေ့ဘဝများသည် ကျန်းမာရေး ဝန်ကြီးဋ္ဌာနမှ ထုတ်ပြန်ထားသည့် ဆောင်ရန်ရှောင်ရန်များအတိုင်း လိုက်နာနေထိုင်ရန် မဖြစ်နိုင် သည့် အခြေအနေများ ဖြစ်နေသည် ဟု DPNS ၏ ထုတ်ပြန် ကြေညာချက်တွင် ဖော်ပြထားသည်။

လှိုင်သာယာ၊ ရွှေပြည်သာ၊ ဒဂုံဆိပ်ကမ်းအပါအဝင် စက်မှုဇုန်များရှိ အလုပ်သမားများ သည် ဝမ်းရေးအတွက် စက်ရုံသို့ အသွားအပြန် ဖယ်ရီကား တိုးဝှေ့စီးနေကြရခြင်း နှင့် စက်ရုံအတွင်း အလုပ်လုပ်ကိုင်ကြရမည့် အခြေအနေများသည် မရည်ရွယ် သည့်တိုင် ရောဂါကူးစက်ခံရမည့် ကံကြမ္မာဆိုးဆီသို့ ခေါင်းထိုးခံနေရသည့် အနေအထား ဖြစ်သွားနိုင်သည် ဟု လူ့ဘောင်သစ် ဒီမိုကရက်တစ်ပါတီ (ဋ္ဌာနချုပ်) ၏ ကြေညာချက်က ဆိုသည်။

အလုပ်သမားများသည် COVID – 19 ကူးစက် ကပ်ရောဂါကြောင့် အလုပ်ဆင်းရမည်ကို ကြောက်ရွံ့နေပြီး အလုပ်ရှင်များသည်လည်း အလုပ်သမားများအား အလုပ်နားပေးချင် သော်လည်း လစာမပေးနိုင်သည့် အခြေအနေ ဖြစ်နေကြောင်း အလုပ်သမားအရေး လှုပ်ရှား ဆောင်ရွက်နေသူ ဦးမြတ်ကျော်က ငြမ်းမီဒီယာသို့ပြောသည်။

COVID 19 ကပ်ရောဂါကို ထိန်းသိမ်းနိုင်သည့် အခြေအနေ ရှည်ကြာနေမည်ဆိုလျင် ကုန်ကြမ်းပြတ်လပ်မှုများ၊ ထုတ်ကုန် အမှာစာ ဆိုင်းငံ့သွားမှုများ၊ လစာထုတ် ပေးရက် နောက်ကျမှုများ၊ အလုပ်သမားလျှော့ချမှုများ၊ အလုပ်ရှင်ထွက်ပြေးမှုများ၊ အလုပ်ရုံ ပိတ်သိမ်းမှုများ၊ အကျိုးဆက်အဖြစ် အလုပ်သမားသပိတ်များနှင့် နာကျင်ထိခိုက်မှုများ စသည့်အခြေအနေများ ဖြစ်ပေါ်လာနိုင်သည်ဟု DPNS ၏ ကြေညာချက်တွင် သတိပေး ထားသည်။

အလုပ်သမားများအား လုပ်ခလစားဖြင့် အလုပ်နားခွင့်ပေးရမည် ဖြစ်ပြီး ယခုအချိန်သည် အလုပ်ရှင်၊ အလုပ်သမား အကျပ်အတည်း ပြဿနာ မဟုတ်ဘဲ ဖြေရှင်းနိုင်သည့် နည်းလမ်းသည် အလုပ်သမားဝန်ကြီးဌာနအောက်တွင် ရှိသော လူမှုဖူလုံရေး ပေသွင်းငွေ များကို အလုပ်သမားများ ကျန်းမာရေး ကာကွယ်မှုအတွက် ပြန်အသုံးပြု၍ရနိုင် လျင် ပိုအဆင်ပြေသော နည်းလမ်းကောင်တစ်ခု ဟု အလုပ်သမားအရေး ဆောင်ရွက်သူ ဦးမြတ်ကျော်က ပြောသည်။

” ဒီအခြေအနေမှာ အစိုးရက ဝင်ရောက်ရပ်တည် ဖြေရှင်းပေးဖို့လိုပါတယ် ” ဟု အလုပ်သမားအရေးဆောင်ရွက်သူ ဦးမြတ်ကျော်က ငြမ်းမီဒီယာ သို့ ပြောသည်။

ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။

စက်မှုဇုန်အသီးသီးရှိ အခြေခံ အလုပ်သမားများသည် ဝင်ငွေနည်းပါးသူများဖြစ်ပြီး လစာမဲ့ အလုပ်နားရက်သည် ၎င်းတို့၏ နေ့စဉ် စားဝတ်နေရေးအတွက် များစွာ အခက်အခဲရှိပြီး စားဝတ်နေရေး အတွက် အလုပ်ဆင်းမည်ဆိုလျင်လည်း COVID – 19 ရောဂါ ကူးစက်ခံရနိုင်ခြေရှိပြီး ရောဂါ ပျံ့ပွားနိုင်သည့် အခြေအနေများလည်း ဖြစ်ပေါ်လာနိုင်သည်။


Share this post
  •  
  •  
  •  
  •  
  •  
ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။

Tags: , , , ,