စစ်တပ်ကိုပဲ အပြစ် ပုံချလို့ မရဘူး

ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။
Share this post
  •  
  •  
  •  
  •  
  •  

ငြမ်း / နိုင်ငံရေးအကျဉ်းသားဟောင်း ကိုဝင်းမော်

NLDမှာဖြစ်စေ၊ ၈၈ငြိမ်းပွင့်မှာဖြစ်စေ အမျိုးသားရေးကို မစွန့်ပယ်တဲ့ နိုင်ငံရေး သမားတွေရှိပါသေးတယ်။သူတို့နဲ့ ညှိနှိုင်းတဲ့ အခါမှာ လိုလိုလားလားတွေ့ချင်တယ်။အဲဒီမှာ ဦးဆောင် ဆရာတော်ကြီးတွေကလည်း သက်တော် ဝါတော်ကြီးပြီလေ။ ဦးတိလောကတို့ကျတော့လည်း စိတ်ပင်ပန်းမှာ စိုးလို့အသက်သိပ်ကြီးတဲ့ ဆရာတော်ကြီးတွေကျတော့လည်း နိုင်ငံရေး သိပ်ရှုပ်ရှုပ်ထွေးထွေးတွေ မပြောချင်ကြတော့ ဆရာတော်ဦးဝီရသူနဲ့တွေ့ပေးခဲ့တယ်။ ဟိုဘက် ခေါင်းဆောင်နှစ်ယောက် …

အမျိုးသားရေးသမားအဖြစ် ခံယူထားသူ နိုင်ငံရေးအကျဉ်းသားဟောင်း ကိုဝင်းမော်နဲ့ တွေ့ဆုံခြင်း

ငြမ်းမီဒီယာ – ကိုဝင်းမော်အနေနဲ့အမျိုးသားရေးသမားလို့ခံယူထားကြောင်း ရေးသားပြောဆို နေတာမျိုးတွေတွေ့ရပါတယ်။ နောက်တစ်ခုက ရခိုင်ပြည်နယ်ကိုလည်း ကူညီထောက်ပံ့ရေး သွားခဲ့တယ်လို့သိရပါတယ်။ဒါကြောင့် ရခိုင်ပြည်နယ်ရဲ့ အခြေအနေကို ဘယ်လိုသုံးသပ်ထားလဲ။

KWM – ၂၀၁၄ ရေကြီးတုန်းကလည်း ရောက်တယ်။သွားလှူတာပေါ့။ နောက်ကျွန်တော်ထောင်ကျတုန်းက ရခိုင်ပြည်နယ်က ထောင်နှစ်ခုမှာ  နေခဲ့ရတော့ ရခိုင်တိုင်းရင်းသားတွေရဲ့ပူပန်မှုတွေ၊ နောက်ဘင်္ဂါလီတွေနဲ့လည်းအတူနေရတယ်။ သူတို့ရဲ့ခံယူမှု တွေကိုလည်း သိခဲ့ရတယ် ။နောက် (န.စ.က) က တာဝန်ရှိသူတွေနဲ့အတူနေခဲ့ ရတယ်။အဲဒီတော့ ထောင်ထဲက မထွက်ခင် ကတည်းက ဒီပြဿနာအမြဲတမ်း ဖြစ်နေမယ်လို့ သိနေတယ်။၂၀၁၂ဇန်နဝါရီ မှာဦးသိန်းစိန်ရဲ့လွတ်ငြိမ်း ချမ်းသာမှုနဲ့ လွတ်တယ်။ မေလမှာ မသီတာထွေးကိစ္စကနေစပြီး တစ်ပြည်လုံး ကူးစက်သွားတာ ဖြစ်တယ်။ပြီးခဲ့တဲ့ ဇူလိုင်လတုန်းက မန္တလေး မဘသ ကဆရာတော်ကြီးတွေက အဲဒီမှာရှိတဲ့ ရခိုင်တိုင်းရင်းသားတွေကို သွားပြီးအကူအညီပေးတယ်၊ လှူတယ်၊ အားပေးတယ်။ ဘင်္ဂါလီတွေကို ကြောက်ပြီးထွက် မပြေးကြပါနဲ့ ကိုယ့်ရွာမှာ ကိုယ်ကြံ့ကြံ့ခံပြီးနေထိုင်ဖို့ စိတ်ပိုင်းဆိုင်ရာ အားပေးမှုတွေလုပ်တဲ့ ခရီးမှာလည်း ကျွန်တော် ပါသွားတော့အဲဒီမှာလည်း တစ်ခုခုဖြစ်တော့မယ်ဆိုတာ ထပ်မြင်လာရတယ်။ ဘာဖြစ်လို့လဲ ဆိုတော့ သူတို့ဘက်က ရန်လိုနေတာကိုး။ အပြုအမူတွေမြင် ရတယ်လေ။သူတို့ရွာတွေ ကများတယ်။အဲဒီကနေ ဖြတ်သွားရတာကိုး။ ထင်တဲ့ အတိုင်းပဲ၊ တစ်လလောက်ပဲကြာတယ်၊ ဖြစ်တာပဲ။ဖြစ်တော့မှ ဖြေရှင်းရတာတစ်မျိုးပေါ့။ သူတို့က နောက်ခံ ဘက်ဂရောင်းတွေ ရှိတယ်။ငွေကြေး၊လက်နက်၊ ပြည်ပအထောက် အပံ့အဖွဲ့အစည်းတွေရှိတယ်။မီဒီယာလည်းသူတို့ဘက်ကအားသာတယ်။ အဲဒီတော့ နောက်လည်း ဖြစ်နေဦးမှာပဲ။အချို့ရခိုင် တိုင်းရင်းသားတွေပြောသလိုပဲ ပြန်လက်ခံပြီး ရခိုင်ပြည်နယ်မှာပဲ ငြိမ်းချမ်းစွာ အတူ ယှဉ်တွဲ နေနိုင်ရေးဆိုတာမဖြစ်နိုင်ပါဘူးလို့ ပြောကြတယ်။ ဒါမှန်တယ်လေ၊ သူတို့စိုးရိမ်နေကြတယ်။ အသတ်ခံ ရရင်လည်းသူတို့ပဲ။ မြို၊သက်၊ ဒိုင်းနက် အစရှိတဲ့ဒေသခံ တိုင်းရင်းသားနဲ့ ဟိန္ဒူတွေပါပါတယ်။အဲဒီမှာနေတဲ့လူတွေက ဒီလောက် စိုးရိမ်နေရပါတယ် ဆိုတာကို ကျွန်တော်ထောင်ထဲနေလာ ကတည်းကသိလာရတာပါ။အခုသူတို့ မနေချင်တော့ဘူး။ သို့သော် အစိုးရရဲ့ပေါ်လစီမူဝါဒက အတင်းနေ ဆိုလည်း နေရမှာပေါ့နှော်။ မနေနိုင်ရင်တော့ ရန်ကုန်လာ၊ဘယ်လာ လျောက်သွားရတော့မှာပေါ့။ ကျွန်တော် အစိုးရကို အကြံပြု ချင်တာက တိုင်းရင်းသား တွေရဲ့အသံကို နားထောင်ပါ။ အရင်ဆုံး တိုင်းရင်းသားတွေ လုံခြုံမှုရှိအောင် တည်ဆောက် ပေးပါ။ ခိုးဝင်တွေ ထပ်ဝင်လို့မရအောင် တံတိုင်းတွေသေချာကာပါ။တိုင်းရင်းသားတွေရဲ့စီးပွားရေး၊ပညာရေး၊ လူမှုရေးတွေ တိုးတက်အောင် အရင်လုပ်ပါ။ ပြီးတော့မှ တိုင်းရင်းသားမဟုတ်သော၊ ကိုယ့်နိုင်ငံသားမဟုတ်သော ကျူးကျော် ဝင်ရောက်လာသူတွေရဲ့ကိစ္စကို စဉ်းစားပါလို့ အကြံပေးချင်တယ်။

ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။

အခုရခိုင်ကိစ္စ အချုပ်အခြာအာဏာချိုးဖောက်ခံရတယ်။ ထပ်ခံရမယ့် အနေအထားရှိရင်တော့ တပ်မတော်သည် ဒို့တာဝန် အရေးသုံးပါးကို အသက်နဲ့လဲပြီး ကာကွယ်မယ်လို့ပြောထားတဲ့အတိုင်းကာကွယ်သွား လိမ့်မယ်။ အဲဒါသည် ကိုယ်တွေနဲ့ မဆိုင်၊အမျိုးသားရေးသမားတွေနဲ့မဆိုင်၊ဘယ်သူနဲ့မှမဆိုင်ဘူး။ အဲဒီစည်းတွေကို …

ငြမ်းမီဒီယာ – ဧည့်စာရင်းဥပဒေကိုပယ်ဖျက်လိုက်လို့ရခိုင်မှာ လုံခြုံရေးကျိုးပေါက်သွားတယ်လို့ ကိုဝင်းမော်ကပြောတယ်။ ဘာကြောင့်အဲဒီလိုပြောတာလဲ။ ဧည့်စာရင်းဥပဒေတစ်ခုတည်း ကြောင့်လား။အဲဒီဒေသမှာပြဿနာတွေ ဖြစ်နိုင်တယ်ဆိုတာကို ကိုဝင်းမော်လို သာမန်ပြည်သူကတောင်သိနေတယ်ဆိုရင်အုပ်ချုပ်ရေး အကြီးအကဲတွေ၊တပ်မတော် အကြီးအကဲတွေ၊ လုံခြုံရေးဆိုင်ရာ တာဝန်ရှိသူတွေက သိရဲ့နဲ့အခုလိုအခြေအနေ ထိဖြစ်လာတာကို ကိုဝင်းမော်အနေနဲ့ဘယ်လိုမျိုးမှတ်ချက် ပေးမလဲ။

KWM – တပ်မတော်ကို ပြောတာ မဟုတ်ဘူး။ ပေါ်လစီသည်ဦးသိန်းစိန် လက်ထက်မှာလည်း ဒီလိုမျိုး မဖြစ်ခဲ့ဘူး။ ဒီအစိုးရ လက်ထက် မှာနှစ်ကြိမ် ရှိသွားပြီ။ မနှစ်က စခန်းသုံးခု အစီး ခံရတယ်။အခု စခန်း(၃၀)အစီး ခံရတယ်။ တအား များသွားပြီ။ပြီးတော့ ဦးသိန်းစိန် လက်ထက်မှာ ဧည့်စာရင်း ဥပဒေရှိတယ်။ အဲဒီဥပဒေကို ဖျက်ပြီးတော့မှ လူဝင်လာတဲ့ လှိုင်းလုံးကြီးကဘယ်လိုမှ မကာကွယ်နိုင်ဘူး။အဲဒီဒေသကို ကျွန်တော်ရောက်ခဲ့တဲ့အတွက် လုံခြုံရေးတပ်ဖွဲ့ဝင်တွေရဲ့ ရင်ဖွင့်သံတွေလည်း ကြားခဲ့ရတယ်။ ရဲကပဲမြို့ ပြအုပ်ချုပ်ရေးကို အုပ်ချုပ်ခွင့်ရှိတယ်လေ၊ ဒီပြည်ထောင်စုအစိုးရရဲ့မူဝါဒအရ။အဲဒီတော့ မြို့ထဲကို တပ်ဝင်ခွင့်မရှိဘူး။ပြီးခဲ့တဲ့ မောင်တောကိစ္စဆို မောင်တောကိုလာဝိုင်းနေပြီ၊ကျတော့မယ်၊စစ်ကူတောင်းတဲ့အခါမှာ ဘူးသီးတောင်တပ်ကမြို့ထဲကို ချက်ခြင်းဝင် လို့မရဘူး။မြို့ပြင်ကနေဝိုင်းထားပေးရတယ်။ တရားသူကြီးခွင့်ပြုချက်ပါရမယ် ၊ထွေအုပ်ခွင့်ပြုချက်ပါရမယ်၊ ဒေသဆိုင်ရာအစိုးရ ခွင့်ပြု ချက် ပါရမယ်၊ပြည်ထောင်စုအစိုးရ ရဲ့ခွင့်ပြုချက် ပါရမယ်။လိုရင်းကတော့ သမ္မတခွင့်ပြုချက်ပါမှရမှာ။ တပ်ကမြို့ပြ အုပ်ချုပ်ရေးကို ဝင်ပါလို့မရတော့ဘူး။အဲဒီအခြေအနေတွေလည်းပါတယ်။ ပိုးဆိုးတာကဘာကြောင့်ဧည့်စာရင်းကို ဟိုက်လိုက် လုပ်ပြလည်းဆိုရင် လုံခြုံရေးတပ်ဖွဲ့ တွေကိုယ်တိုင်ကရင်ဖွင့်လို့။ ဧည့်စာရင်း ရှိနေတုန်းကအချိန်မရွေးရှောင်တခင်ဝင်စစ်လို့ ရတယ်။မလေးလို အော်ပရာစီဥပဒေမျိုး၊ ကျွန်တို့ဆီမှာရှောင်တစ်ခင်စစ်လို့ရတဲ့ဥပဒေ ရှိရင်လည်းကောင်းတယ်။ အဲဒီလို စစ်ဆေးနိုင်တဲ့ အခြေအနေကို အဲဒီပြည်နယ်မှာတော့ ပေးထားသင့်တယ်။ကျန်တဲ့နေရာတွေမှာ ဧည့်စာရင်းမရှိနဲ့။ ဧည့်စာရင်းရှိစေချင်လို့၊ ဧည်စာရင်း ရှိတာကောင်းတယ်လို့ပြောနေတာ မဟုတ်ဘူး။

မင်းတို့တွေက မင်းတို့ကိုရက်ရက်စက်စက် ဖိနှိပ်ခဲ့ပြီး၊ ထောင်နှစ်ရှည်ချပြီး ဗျင်းခဲ့တာတောင်အဲဒီဗိုလ်ချုပ်ကြီး တွေကိုတောင် လက်ဆွဲနှုတ်ဆက်ပြီး အမျိုးသားပြန်လည်သင့်မြတ်ရေး လုပ်ကြတယ်။ သံဃာတွေဆိုတာ ရတနာသုံးပါးမှာပါတယ်။ ရည်ရွယ်ချက်ခံယူချက်မတူရင်နေ၊ ၂၀၁၅ကို ငြိမ်းချမ်းစွာဖြတ်သန်း ချင်တယ်ဆိုရင် တွေ့ဆုံဆွေးနွေးလိုက်ပါဆိုတော့…

သို့သော်လုံခြုံရေးအရ တပ်ချုပ်ကလည်း တင်ပြထားတယ်။ ဧည့်စာရင်း ဥပဒေဖျက်လိုက်လို့ မရှိတော့ဘူးဆိုရင် လိုအပ်တဲ့ ဒေသ မှာတော့ လုံခြုံရေးအရအသုံးပြုနိုင်အောင်လုံခြုံရေးဥပဒေတစ်ခုကို ပြဌာန်းပေးပါလို့ တပ်ချုပ်ကေ တာင်းဆိုထားသလိုပဲ အန္တရာ ယ်များတဲ့ဒေသ၊ အကြမ်းဖက်မှုတွေ ရှိနေတဲ့ ဒေသမှာတော့ ခြွင်းချက်အနေနဲ့လုံခြုံရေးဆိုင်ရာ အဲဒီလိုဥပဒေတစ်ခုတော့ ရှိသင့် တယ်။အချိန်မရွေး ရွာတွေကို ဝင်ရောက်ရှာဖွေစစ်ဆေးခွင့် ရှိရမယ်။လက်နက်ရှာဖွေခွင့် ရှိရမယ်။အကြမ်းဖက်မှုတွေကို ကြိုတင် တားဆီးဖို့အတွက် အဲဒီသဘောမျိုးပြောတာ။လုံခြုံရေး တပ်ဖွဲ့ဝင်တွေကိုယ်တိုင်ရဲ့ဖွင့်ဟဝန်ခံချက်တွေကြောင့် ကျွန်တော်က ခုလို ပြောတာပါ။

ငြမ်းမီဒီယာ – အမျိုးသားရေးဆရာတော်တွေရခိုင်ဘက်ကိုသွားကြတယ်။အဲဒီလိုသွားတာတွေက မတည်ငြိမ်အောင် လုပ်တယ် ဆိုတဲ့ ပြောဆိုမှုတွေရှိပါတယ်။ကိုဝင်းမော်ကလည်းအချို့အမျိုးသားရေး ဆရာတော်တွေနဲ့လိုက်ပါသွားခဲ့မျိုးရှိခဲ့ တော့ဘယ်လို တုန့်ပြန်မှတ်ချက် ပေးချင်ပါသလဲ။

KWM – တကယ့် တကယ်မတည်မငြိမ်ဖြစ်အောင် လုပ်တာက ဘင်္ဂလီတွေကပဲ လုပ်တာ။ အကြမ်းဖက်သွားတာ၊ သတ်ဖြတ် သွားတာခံရတဲ့ ကိုယ့်တိုင်းရင်းသားတွေကို စိတ်ပိုင်းဆိုင်ရာ ထောက်ပံမှုတွေ ပေးတာ။သမိုင်းကြောင်းမှာ ကိုက ၁၉၄၂မှာ ရခိုင်တွေ အစုလိုက်အပြုံလိုက် အသတ်ခံ ခဲ့ရတယ်။အခုဘင်္ဂါလီရွာတွေ များတယ်။နောက် လူဦးရေပဲ ကြည့်၊ (၉၇) ရာခိုင်နှုန်း ရှိတယ်။ သူတို့ကစပြီး အကြမ်းဖက်တာ၊သူတို့ကစပြီး မတည်မငြိမ်ဖြစ်အောင် လုပ်တာ။ မတည်မငြိမ်ဖြစ်အောင် လုပ်တာသူတို့။ ဆရာတော်တွေက ကိုယ့်တိုင်းရင်းသားတွေကို အားပေး ရမှာပေါ့။စိတ်ပိုင်းဆိုင်ရာတွေ ထိခိုက်နေတယ်လေ။ ဌာနေတွေစွန့်လာ ရတယ်။ အသတ်ခံ ရတယ်။အဓ္ဓမပြုကျင့် ခံရတယ်။ယောင်္ကျားတွေ၊သားသမီးတွေ အသတ် ခံရတယ်လေ။ ဟုတ်ပြီ အဲဒီလိုပြောတဲ့ လူတွေကို ကျွန်တော် ပြန်ပြောချင်တယ်၊ပြောတဲ့လူတွေ အနေနဲ့ ကိုယ့်သားချင်းမောင်နှမကို အဓ္ဓမပြုကျင့် ခံရမယ် ဆိုရင်၊ ကိုယ့်သား သမီးကို ရက်ရက်စက်စက် အသတ်ခံရမယ်ဆိုရင် ဒီလို စကားပြောမလား။ မတည်မငြိမ် ဖြစ်အောင် သူတို့လုပ်တာ။ ကျွန်တော်တို့ကတော့ ကျွန်တော်တို့ တိုင်းရင်းသားတွေကို အားပေးရမှာပေါ့။ဒါဖြင့်ရင် မေးကြမယ်။ခင်ဗျားတို့က ပရဟိတ အဖွဲ့ ဆိုပြီးတော့ ဘင်္ဂါလီ ကျတော့ မလှူဘူးလားလို့ ပြောရင်၊ လှူစရာလား၊သူတို့နောက်မှာ အိုအိုင်စီ တစ်ခုလုံးရှိတယ်။ ဘင်္ဂလား ဒေရှ့်အစိုးရ တစ်ခုလုံး ကသူတို့ နောက်မှာ ရပ်တည်ပြီး မြှောက်တောင်မြှောက်ပေးနေတာပဲ။ ကိုယ့်တိုင်းရင်းသားတွေ ကိုပဲကူညီ မှာပေါ့။ ကျွန်တော်တို့က ခွဲခြားရ လိမ့်မယ်။ အားပေးကူညီတဲ့နေရာမှာလည်း ကိုယ့်တိုင်းရင်းသားတွေကို အရင်ဦးစား ပေးအား ပေးရမယ်။ပြီးတော့မှ ငြိမ်းငြိမ်း ချမ်းချမ်း နေတဲ့ဘင်္ဂါလီတွေကိုလည်း မေတ္တာ မပျက်ပါဘူး။ အားပေးရမယ်။ တပ်မတော် လည်း စောင့်ရှောက် နေပါ တယ်။ အဲဒါက တစ်ကဏ္ဍ၊ ငြိမ်းငြိမ်းချမ်းချမ်း မနေချင်တဲ့သူတွေ သူတို့ဘာသာသူတို့မလုံလို့ ထွက်ပြေးသွား တဲ့ သူတွေကို ပြန်လက် ခံစရာလား။

၂၀၁၃ကနေ ၂၀၁၄ထိက လူမျိုးရေးဘာသာရေး အဓိကရုဏ်းတွေက တော်တော်လေး မငြိမ်မသက်ဖြစ်နေသေးတယ်။ အဲဒီလိုမဖြစ်စေချင်တဲ့အခါမှာ ဒီ မ ဘ သဆရာတော် တွေကလည်း မ ဘ သ ဖွဲ့စည်းတာ ဒါတွေ …

သူတို့ကိုပြန်လက်ခံမယ်ဆိုရင် စိစစ်တာတွေမစိစစ်တာတွေခဏထားဦး၊ကိုယ်တိုင်းရင်းတွေကို အရင်ဆုံးဖွံ့ဖြိုး တိုးတက်အောင် လုပ်ပါဦး။ လုံခြုံအောင် အရင်လုပ်ပါဦး။

ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။

ငြမ်းမီဒီယာ – ပုဂ္ဂလိက ပရဟိတအဖွဲ့အနေနဲ့က ကိုယ်ဘာလုပ်မယ်၊ဘာမလုပ်ဘူးလို့ သတ်မှတ်ရတာလွယ်ကူပေမယ့် အစိုးရ တစ်ရပ်အနေနဲ့ကျ အဲဒီလိုလုပ်ဖို့ဖြစ်ပါ့မလား။ နိုင်ငံတကာဖိအားကအရမ်းများလာပြီ။ အခုဆိုရင်ပိတ်ဆို့မှုတွေလုပ်လာတဲ့ အထိဖြစ်လာပြီ။

KWM – မှန်တယ်။ဒီဘင်္ဂါလီပြသနာက ဒီအစိုးရလက်ထက်မှ ဖြစ်လာတဲ့ပြသနာမဟုတ်ဘူး။ ဒီလောက်ဖိအား တစ်ခါမှ မကြီးဘူး။ပိုဆိုးတာက အကြမ်းဖက်မှုက ပိုဆိုးသွားတယ်။ ကျွန်တော်တို့ရခိုင်တွေပိုအသတ်ခံရတယ်။ ဒါပေမယ့် ဖိအားက ဘာလို့ပိုကြီး လာတာလဲ။ သန်မာအားကောင်းတဲ့အစိုးရမဖြစ်လို့ လို့အမျိုးသားရေးသမားတွေက ပြောလာကြတယ်၊ မှန်တယ်။ အဓိကက တပ်မတော်နဲ့နိုင်ငံရေးခေါင်းဆောင်တွေ ဟာမိုနီမဖြစ်ဘူး၊ ညီညွတ်မှု မရှိဘူး၊ယုံကြည်မှုမတည်ဆောက်နိုင်သေးဘူး။

အမျိုးသားရေးသမားတွေလုပ်လို့ဘာတွေမတည်မငြိမ်ဖြစ်သွားလို့လဲ။ ကုန်ဈေးနှုန်းတက်တာ အမျိုးသားရေးသမားတွေကြောင့်လား။ ဦးသိန်းစိန်လက်ထက်က ကန်စွန်းရွက်တစ်စည်း(၁၅၀)ကျပ်ကနေ လက်ရှိအစိုးရလက်ထက်မှာ တစ်စည်း (၃၀၀)ကျပ် တက်သွားတာ အမျိုးသားရေးသမားတွေလုပ်လို့လား …

အဲဒီအပေါ်မှာ မူတည်တယ်။ တပ်ကလည်း လုပ်ရကိုင်ရအတော်ခက်နေတယ်။ ပြောနေတာကလွယ်တယ်။ ချပစ်လိုက် ကွာပြောကြတယ်။ တပ်က လက်လွပ်စပယ်လုပ်လို့မရဘူး။ ဥပဒေနဲ့အညီ လုပ်နေရတာ။ အခုတောင်စွပ်စွဲခံနေရတာ။ ဒေါ်အောင်ဆန်းစုကြည်က စစ်အုပ်ချုပ်ရေး တောင်မပေးဘူး။ မပေးတဲ့ကြားက ကာကွယ်သွားရတာ။ ကိုယ်တိုင်ရောက်ခဲ့လို့ သိရတာ။ စစ်အုပ်ချုပ်ရေး မကြေညာတော့ မြို့ပြအုပ်ချုပ်ရေးထဲ တပ်မတော်က ဝင်လို့မရဘူး။ စစ်ဆင်ရေးနယ်မြေလို့ မေယုတောင်တန်းကို သာခွင့်ပြုခဲ့တာ။ အဲဒီလိုဟာတွေကို လည်းနားလည်ဖို့လိုတယ်။ စစ်တပ်ကိုပဲ အပြစ်ပုံချလို့မရဘူး။ ခေါင်းဆောင်နှစ်ယောက် ဟာမိုနီ ဖြစ်ရင်တော့ ပိုကောင်းတာပေါ့။ ဖြစ်စေချင်တာပေါ့။ပြောချင်တာက ဖိအားတွေ အရမ်းများခြင်း ကလည်း အစိုးရ ပျော့လွန်းတာလည်း ပါပါတယ်။နောက်ပြီးတော့ အရင်စစ်အစိုးရလက်ထက်ရော၊ ဦၤးသိန်းစိန်အစိုးရလက်ထက်မှာရော ကိုင်တွယ်သွားတာက ရခိုင် အရေးသည် ပြည်တွင်းရေးလို့ ကိုင်တွယ်သွားတယ်။ အဲဒီအတွက်ပြည်ပက စွက်ဖက်ခွင့်ကိုပေးမထားဘူး။ အခုက ဒေါ်စု ကိုယ်တိုင် က ကိုဖီအာနန်ကို ခေါ်ပြီး International Affairs ဆိုပြီးကြေညာလိုက်တော့ နိုင်ငံတကာက ဝင်လာတာပေါ့။ ဒါကမူဝါဒအမှား။ ဒါကို နိုင်ငံသားတစ်ယောက်အနေနဲ့ ကျွန်တော်ကဝေဖန်တာ၊ ထောက်ပြတာ။ အစိုးရကိုတိုက်ခိုက်တာ မဟုတ်ဘူး။ အပြုသဘောပြောတာ။ အစိုးရလည်း မှားနိုင်တာပဲ။ အရင်အစိုးရတွေမှာလည်းအမှားတွေအများကြီးပဲ။ ဦးသိန်းစိန်လက်ထက်မှာလည်း အမှားတွေ ရှိမှာပဲ။ ဒေါ်စု အစိုးရလက်ထက်မှာတော့ ကြီးကြီးမားမားအမှားသည်အချုပ်အခြာကို ထိခိုက်သွားစေနိုင်တဲ့ ဧည့်စာရင်း ဥပဒေကို ဖျက်လိုက်တာတို့၊ကိုဖီအာနန်ကိုခေါ်လာပြီးတော့ ပြည်ပနိုင်ငံခြားသားတွေနဲ့ကော်မရှင်ဖွဲ့လိုက်တဲ့အတွက် ပြည်တွင်းရေး ကနေ နိုင်ငံတကာအရေး ဖြစ်သွားတဲ့အမှားတွေကတော့ရှိပါတယ်။ဒါကဝေဖန်တာ။

ငြမ်းမီဒီယာ – ၂၀၁၅ ရွေးကောက်ပွဲမတိုင်ခင်က အမျိုးသားရေးဦးဆောင်ဆရာတော်အချို့နဲ့ NLD ပါတီက တာဝန်ရှိသူတွေ၊ ၈၈ မျိုးဆက်ငြိမ်းချမ်းရေးနဲ့ပွင့်လင်းက တာဝန်ရှိသူအချို့နဲ့ တွေ့ဆုံနိုင်အောင် စီစဉ်ပေးခဲ့တယ်လို့သိရ ပါတယ်။ အဲဒီတုန်းက ဘယ်လိုရလာဒ် တွေထွက်ခဲ့ လဲ။ဘာကြောင့်တွေ့ဆုံခဲ့တာလဲ။

KWM – ၂၀၁၅မှာ ရွေးကာက်ပွဲက လုပ်တော့မယ်။၂၀၁၃ကနေ ၂၀၁၄ထိက လူမျိုးရေးဘာသာရေး အဓိကရုဏ်းတွေက တော်တော်လေး မငြိမ်မသက်ဖြစ်နေသေးတယ်။ အဲဒီလိုမဖြစ်စေချင်တဲ့အခါမှာ ဒီ မ ဘ သဆရာတော် တွေကလည်း မ ဘ သ ဖွဲ့စည်းတာ ဒါတွေမဖြစ်ဖို့။ ဘာသာရေးနဲ့ပတ်သက်ပြီး ကိုယ့်ဘာသာကို ကာလည်း ကာကွယ်ရင်းနဲ့ငြိမ်းချမ်းအောင် ဆောင်ရွက် နေကြတာ။ တစ်ဖက်မှာလည်း ကျွန်တော်နဲ့ပတ်သက်တဲ့ နိုင်ငံရေး အကျဉ်းသားဟောင်းတွေ ရှိတယ်။ NLDမှာရော ၈၈ငြိမ်းပွင့်မှာရော ရှိတယ်။ သူတို့ကိုလည်းကျွန်တော်ပြောတယ်။ မင်းတို့တွေက မင်းတို့ကိုရက်ရက်စက်စက် ဖိနှိပ်ခဲ့ပြီး၊ ထောင်နှစ်ရှည်ချပြီး ဗျင်းခဲ့တာတောင်အဲဒီဗိုလ်ချုပ်ကြီး တွေကိုတောင် လက်ဆွဲနှုတ်ဆက်ပြီး အမျိုးသားပြန်လည်သင့်မြတ်ရေး လုပ်ကြတယ်။ သံဃာတွေဆိုတာ ရတနာသုံးပါးမှာပါတယ်။ ရည်ရွယ်ချက်ခံယူချက်မတူရင်နေ၊ ၂၀၁၅ကို ငြိမ်းချမ်းစွာဖြတ်သန်း ချင်တယ်ဆိုရင် တွေ့ဆုံဆွေးနွေးလိုက်ပါဆိုတော့ NLDမှာဖြစ်စေ၊ ၈၈ငြိမ်းပွင့်မှာဖြစ်စေ အမျိုးသားရေးကို မစွန့်ပယ်တဲ့ နိုင်ငံရေး သမားတွေရှိပါသေးတယ်။သူတို့နဲ့ညှိနှိုင်းတဲ့အခါမှာ လိုလိုလားလားတွေ့ချင်တယ်။ အဲဒီမှာ ဦးဆောင် ဆရာတော်ကြီးတွေကလည်း သက်တော်ဝါတော်ကြီးပြီလေ။ ဦးတိလောကတို့ကျတော့လည်း စိတ်ပင်ပန်းမှာ စိုးလို့အသက်သိပ်ကြီးတဲ့ဆရာတော်ကြီးတွေ ကျတော့လည်း နိုင်ငံရေးသိပ်ရှုပ်ရှုပ်ထွေးထွေးတွေ မပြောချင်ကြတော့ ဆရာတော်ဦးဝီရသူနဲ့တွေ့ပေးခဲ့တယ်။ ဟိုဘက် ခေါင်းဆောင် နှစ်ယောက်တော့ ထည့်မပြောတော့ဘူး။ သူတို့က လှိျှု့ဝှက်ထားပါဆိုလို့။တွေ့ပေးခဲ့တော့အဲဒီတုန်းက အထိတော့ အဆင်ပြေတယ်။ ရွေးကောက်ပွဲမှာလည်း အေးဆေးဖြစ်သွားတယ်။ မ ဘ သ သည် သူ့သံဃာတွေကို အတတ်နိုင်ဆုံး တားပေး သွားတယ်။ သို့သော်တစ်ပါးခြင်းတစ်ဖွဲ့ခြင်းအနေနဲ့ပြောဆိုတာတွေတော့ရှိခဲ့တယ်။ သို့သော် သံဃာထု အနေနဲ့တော့ မ ဘ သ သည် ထိန်းခဲ့တယ်။ ၂၀၁၅ မှာ ဘာအဓိကရုဏ်းမှ မဖြစ်ဘူး။ ရွေးကောက်ပွဲကိုလည်း ငြိမ်းချမ်းစွာဖြတ်သန်းသွားနိုင်အောင် ကူညီခဲ့ တယ်။ ဒါအောင်မြင်မှုတစ်ခုပဲ။ အဲဒီအတွက် ကျွန်တော် ဝင်ပါပေးခဲ့တာ။

ငြမ်းမီဒီယာ – လက်ရှိမှာ NLD ပါတီက အစိုးရဖြစ်သွားတယ်။အမျိုးသားရေးသမားတွေက အစိုးရကို အတိုက်အခံ ပုံစံဖြစ်နေ တယ်။ အဲဒီနှစ်ဖွဲ့ဟာမိုနီဖြစ်ဖို့ဆို ကိုဝင်းမော်ဘယ်လို အကြံပေးချင်လဲ။

ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။

KWM – အဲဒါကျတော့ အမျိုးသားရေးသမားတွေကလည်း အလကားရန်ဖြစ်နေတာတော့ မဟုတ်ဘူး။ အင်အားလည်းနည်း ပါတယ်။ အိတ်စိုက်ပြီးမနေနိုင်လို့လုပ်နေကြတာ ။ ဦးသိန်းစိန်လက်ထက်ကလည်း အိုအိုင်စီ ကို ကန့်ကွက်ခဲ့ကြတယ်။ ဘာကန့်ကွက်၊ ညာကန့်ကွက်ရှိပါတယ်။ ဦးသိန်းစိန်လက်ထက် ကလည်း ကန့်ကွက်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်လက်ထက်ရောက်မှ ကန့်ကွက်တာ မဟုတ်ပါ ဘူး။ အဲဒီမှာကတော့ ကျွန်တော်မြင်တာကတော့ အမျိုးသားရေးသမားတွေကပဲ အတိုက်အခံ လုပ်နေ ရတာက လွှတ်တော်ထဲမှာရှိတဲ့ဒုတိယအင်အားအများဆုံး ပြည်ခိုင်ဖြိုး ပါတီ တာဝန်မကျေလို့လို့ထင် တယ်။ သူတို့ကနိုင်ငံရေး သမားတွေလေ။ ပြီးတော့ ဗိုလ်ချုပ်ကြီးဟောင်းတွေ၊ အုပ်ချုပ်ရေး အတွေ့အကြုံအများကြီးရှိတယ်။ သူတို့တွေက လွှတ်တော်ထဲမှာ အတိုက်အခံကောင်းပီသနေ မယ်ဆိုရင် ကျွန်တော်တို့အမျိုးသားရေးသမားတွေက အမုန်းခံပြီး ပြောနေစရာမလိုဘူး။ အခုက အတော်လေး အမုန်းခံနေရပါတယ်။ဘုန်းကြီးတွေကအစပေါ့။ အခုဆိုဘုန်းကြီးတွေပါ ဆဲတဲ့အဆင့် ရောက်ကုန်ပြီ။ သွေးကွဲကုန်ပြီ။ ပြည်ခိုင်ဖြိုးကလည်း အစိုးရပဲလုပ်တတ်တယ်။ အတိုက်အခံ မလုပ်တတ်ဘူး။ NLDကလည်း အတိုက်အခံပဲ လုပ်တတ်ခဲ့တယ်။ အစိုးရကောင်း တစ်ရပ် ဖြစ်အောင်သူတို့ မဆောင်ရွက် နိုင်ဘူး။ အားနည်းချက်တွေရှိတယ်ပေါ့။ဒါပေမယ့် ခုနကပြောတဲ့ဟာမိုနီဖြစ်ဖို့ ဆို တပ်မတော်နဲ့ဟာမိုနီဖြစ်မှရမယ်။

ငြမ်းမီဒီယာ – အမျိုးသားရေးသမားတွေနဲ့လက်ရှိအစိုးရကြားမှာ သဟဇာတဖြစ်ဖို့ဆို ဘာအကြံပြုမလဲ။

KWM – ၂၀၁၄က လုပ်ပေးခဲ့တယ်ဆိုတာက NLD အစိုးရမဖြစ်ခင်ကလုပ်ပေးခဲ့တာ၊ အစိုးရတစ်ရပ်နဲ့ ရင်ကြားစေ့ ပေးဖို့ဆိုတာ ကျတော့ ကျွန်တော်တို့လောက်နဲ့တော့ မစွမ်းဆောင်နိုင်ဘူး။ သူတို့ကိုယ်တိုင်ပဲ လုပ်မှပဲရမယ်။ ကျွန်တော်လည်း မကြံစည် တတ်တော့ဘူး။ သူတို့က ကျွန်တော်တို့ထက် ဦးနှောက်ပိုကြီးပါတယ်။ တစ်ဖက်မှာ လည်း တပ်မတော်ခေါင်းဆောင်တွေ၊ တစ်ဖက်မှာလည်း နိုင်ငံရေးခေါင်းဆောင်တွေလေ။သူတို့ဘာသာကြိုးစား သင့်တယ် ထင်တာပဲ။

ငြမ်းမီဒီယာ – အမျိုးသားရေးသမားတွေကတိုင်းပြည်ကိုမတည်မငြိမ်အောင် လုပ်နေကြသလို တပ်မတော်က အာဏာ ပြန်သိမ်းအောင် လုပ်နေကြတယ်ဆိုတဲ့ ပြောကြားချက်တွေ ရှိနေတယ်။အဲဒီပြောကြားချက်တွေကို အမျိုးသားရေး သမားတစ်ယောက်အနေနဲ့ ဘာပြန်ပြောချင်လဲ။

KWM – အမျိုးသားရေးသမားတွေ လုပ်လို့ ဘာတွေ မတည်မငြိမ်ဖြစ်သွားလို့လဲ။ ကုန်ဈေးနှုန်းတက်တာအမျိုးသားရေး သမားတွေ ကြောင့်လား။ ဦးသိန်းစိန်လက်ထက်က ကန်စွန်းရွက်တစ်စည်း(၁၅၀)ကျပ်ကနေ လက်ရှိအစိုးရလက်ထက်မှာ တစ်စည်း (၃၀၀) ကျပ် တက်သွားတာ အမျိုးသားရေးသမားတွေလုပ်လို့လား။ အမျိုးသားရေးသမားတွေလုပ်လို့ ဘာတွေ မတည်မငြိမ်ဖြစ်သွားလဲ။ ပြည်တွင်း ငြိမ်းချမ်းရေးက ဦးသိန်းစိန် လက်ထက်မှာရှစ်ဖွဲ့လက်မှတ် ထိုးတယ်။ အခု၂၁ရာစုပင်လုံမှာ တစ်ဖွဲ့မှ လက်မှတ် မထိုးဘူး။ အဲဒါအမျိုးသားရေးသမားတွေနဲ့ဘာဆိုင်လို့လဲ။ လက်ရှိအစိုးရသည် ဦးသိန်းစိန်အစိုးရလောက် Strong မဖြစ်ဘူး။ ဒါကြီး ကတော့ မြင်နေရပါတယ်။အမျိုးသားရေးသမားတွေလုပ်လို့ တိုင်းပြည်ပြိုပျက်သွားတာမရှိပါဘူး။

ငြမ်းမီဒီယာ – တပ်မတော်ကအာဏာပြန်သိမ်းအောင်လုပ်နေတယ်ဆိုတဲ့သဘောမျိုး ပြောဆိုချက်တွေ အတွက်ရော ဘာပြောချင်လဲ။

KWM – အဲဒါ ထင်ရာပြောကြတာပါ။ တပ်ချုပ် ကိုယ်တိုင်လည်း ပြောထားတာပဲ။ဘယ်တော့မှ နောက်ကြောင်း မပြန်ဘူးလို့ ပြောထား တာပဲ။ တစ်ခုတော့ ရှိတာပေါ့။ တပ်က ပြောထားတာကှဖွဲ့စည်းပုံကို မထိပါနဲ့ဦး ။ NCA ကို လက်မှတ် ထိုးပါဦး။ အားလုံး ငြိမ်းချမ်း ရေး သဘောတူ လက်မှတ်ထိုးရင်ပြင်ပေးမယ် ပြောထားပြီးသား။ကျွန်တော်နိုင်ငံရေး ကိစ္စသိပ် မပြောချင်ဘူး။ သူတို့ ဘာသာရှင်း ကြပေါ့။ တပ်မတော်က အာဏာ သိမ်းစရာမှ မလိုတာ။ တစ်ခုတော့ ရှိတယ်။ ရွေးကောက်ပွဲ နိုင်နိုင်ခြင်း တွေ့ဆုံ ဆွေးနွေးတုန်းက ပြောသလို ဒို့တာဝန်အရေးသုံးပါးကို မထိပါနဲ့လို့ ပြောတယ်။ အဲဒီမှာက အချုပ်အခြာအာဏာ ပါတယ်။ အစိုးရ တစ်ရပ် လက်ထက်မှာ အချုပ်အခြာ အာဏာထိပါးခံရပြီဆိုရင်တော့ တပ်မတော်သည် သူရဲ့မူလတာဝန်ယူကောင်း ယူသွား နိုင်တယ်။အဲဒါသည် ကျွန်တော် တို့ အမျိုးသားရေးသမားတွေ တိုက်တွန်းလို့ မဖြစ်နိုင်ဘူး။ အခုရခိုင်ကိစ္စ အချုပ်အခြာ အာဏာ ချိုးဖောက် ခံရတယ်။ ထပ်ခံရမယ့် အနေအထားရှိရင်တော့ တပ်မတော်သည် ဒို့တာဝန်အရေးသုံးပါးကို အသက်နဲ့လဲပြီး ကာကွယ် မယ်လို့ ပြောထားတဲ့ အတိုင်း ကာကွယ် သွားလိမ့်မယ်။ အဲဒါသည်ကိုယ်တွေနဲ့မဆိုင်၊အမျိုးသားရေးသမားတွေနဲ့မဆိုင်၊ ဘယ်သူနဲ့မှ မဆိုင်ဘူး။ အဲဒီစည်းတွေကို နိုင်ငံရေးသမားတွေ သွားမထိနဲ့ပေါ့။ အဲဒီလို မဟုတ်ရင်တော့ အာဏာက သိမ်းခိုင်း ရင် တောင်သိမ်းမှာ မဟုတ်ပါဘူး။

ငြမ်းမီဒီယာ
အောက်တိုဘာ(၂၇)၊ ၂၀၁၇၊ ရန်ကုန်


Share this post
  •  
  •  
  •  
  •  
  •  
ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။

Tags: , , , , , ,