စစ်တပ်က သူ့ကိုဗီလိန်ဖြစ်အောင် လုပ်တာပဲလို့ ခံစားရရင် အကျိုးထက် အပြစ်က များတာပေါ့

ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။
Share this post
  •  
  •  
  •  
  •  
  •  

UYT / ဦးရဲထွန်း (သီပေါ)

အမျိုးသားရေးသမားတွေ ဘက်ကလည်း ရွေးကောက် ပွဲမှာ ပြောင်းလဲမှုတွေ ဖြစ်အောင် လှုပ်ရှားမှုတွေတော့ ရှိလာနိုင် မှာပေါ့။ အမျိုးဘာသာ သာသနာ ပျောက်ကွယ် သွားလိမ့်မယ်၊ ဘာညာနဲ့ လှုပ်ရှားမှုတွေတော့ လုပ်လာနိုင်မယ်။ ဆိုလိုချင်တာက တကယ်စိုးရိမ်လို့ မဟုတ်ဘူး။ တကယ်ပြင်လို့ အောင်မြင် သွားမှာကို စိုးရိမ်လို့တော့ မဟုတ်ဘူး။ နိုင်ငံရေးအရ …

၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေကို ပြင်ဆင်နိုင်ရေးအတွက် ကော်မ တီ တစ်ရပ်ဖွဲ့စည်းရေး အဆိုကို NLD ပါတီမှ ဦးအောင်ကြည်ညွန့်က ပြည်ထောင်စု လွှတ်တော်သို့ ဇန်နဝါရီ (၂၉) ရက်နေ့က တင် သွင်းခဲ့ သည်။ ယင်းအဆို တင်သွင်းမှုအတွက် တပ်မတော်က ပြင်းပြင်းထန် ထန် ကန့်ကွက်ခဲ့ သော် လည်း မဲခွဲဆုံးဖြတ်ချက်အရ အဆိုကို ဆွေး နွေးရန် လွှတ်တော်က လက်ခံခဲ့သည်။

ယခုကဲ့သို့ ဖွဲ့စည်းပုံပြင်ရန် လွှတ်တော်တွင် အဆိုတင်သွင်းပြီး ကော်မတီ ဖွဲ့စည်း လုပ်ကိုင် သည့် နည်းလမ်းဖြင့် ပထမအကြိမ် လွှတ်တော် သက်တမ်းတွင်လည်း ကြိုးစားခဲ့ဖူးသည်။ ထိုစဉ်က ကြံ့ခိုင် ရေးပါတီ၏ ဒုဥက္ကဌ သူရဦးအေးမြင့်က ဖွဲ့စည်းပုံ အခြေခံ ဥပဒေကို ခေတ်နှင့်အညီ ပြင်ဆင်နိုင်ရေး အဆိုကို ၂၀၁၃ ခုနှစ် မတ်လက တင်သွင်းခဲ့ခြင်း ဖြစ်သည်။ ၎င်းအဆိုတင်သွင်းမှု၏ နောက်ဆက် တွဲအဖြစ် ၂၀၁၃ ခုနှစ် ဇူလိုင်တွင် ကိုယ်စားလှယ် (၁၀၉) ဦး ပါဝင်သည့် ဖွဲ့စည်းပုံ အခြေခံဥပဒေ လေ့လာသုံးသပ်ရေး ပူးပေါင်းကော်မတီကို ပြည်ထောင်စု လွှတ်တော်က ဖွဲ့စည်းခဲ့သည်။

နိုင်ငံရေး ပါတီအသီးသီး နှင့် အဖွဲ့အစည်း အသီးသီးက ဖွဲ့စည်းပုံ ပြင်ဆင်ရေးအတွက် ပြင်လိုသည့် ပုဒ်မများကို အကြံပြု တင်ပြခြင်း များအား လက်ခံခဲ့ပြီး ကော်မတီက ၂၀၁၄ ခုနှစ် ဇန်နဝါရီ နောက်ဆုံး ပတ်တွင် လွှတ်တော်သို့ အစီရင်ခံစာ တင်သွင်းကာ ကိုယ်စားလှယ် (၃၁) ဦး ပါဝင်သည့် ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ပြင်ဆင်နိုင်ရေး အကောင်အထည်ဖော်မှု ကော်မတီကို ဖွဲ့စည်း လုပ်ဆောင်ခဲ့သည်။ အဆိုပါ ကော်မတီက ၂၀၁၄ အောက်တိုဘာတွင် ဖွဲ့စည်းပုံ အခြေခံ ဥပဒေမှ ပြင်ဆင်သင့်သည့် အချက်များကို လွှတ်တော်သို့ တင်သွင်းခဲ့ သည်။

ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။

ယင်းနောက် ရှစ်လအကြာ ၂၀၁၅ ခုနှစ် ဇွန်လ တွင် ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေး ဥပဒေမူကြမ်းကို ပြည်ထောင်စု လွှတ်တော်သို့ တင်သွင်းပြီး လွှတ်တော် အဆုံးအဖြတ် ခံယူခဲ့ရာ ဖွဲ့စည်းပုံ ပြင်ဆင်ရေးအတွက် ပုဒ်မ ၄၃၆ အပါအဝင် အဓိကကျ သည့် ပုဒ်မ များကို ပြင်ဆင်နိုင်ခြင်း မရှိခဲ့ဘဲ သမ္မတ၏ အရည်အချင်း သတ်မှတ်ချက် ဖြစ်သည့် ၅၉ (ဃ) နှင့် ဖွဲ့စည်းပုံ၏ နောက်ဆက်တွဲ ဇယားမှ ဥပဒေပြုနိုင်သည့် အချက်တစ်ချို့ကိုသာ ပြင်ဆင်နိုင်ခဲ့သည်။ ကော်မတီတစ်ရပ် ဖွဲ့စည်းရန် အဆိုတင်သွင်းသည့် အချိန်မှစပြီး ဥပဒေ အတည်ပြု ချိန်အထိ (၂) နှစ်ကျော် ကြာမြင့်ခဲ့သည်။

ယင်းအခြေအနေများနှင့် ပတ်သက်ပြီး ယခုကဲ့သို့ NLD ၏ ဖွဲ့စည်းပုံ ပြင်ဆင်ရေး ကြိုးစားလာ မှု အတွက် ပထမအကြိမ် လွှတ်တော် သက် တမ်းအတွင်း ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် တစ်ဦး ဖြစ်ခဲ့ပြီး နိုင်ငံရေး လေ့လာသုံးသပ်မှု ဆောင်းပါးများကို ရေးသားနေသူ တစ်ဦးလည်း ဖြစ်သည့် ဦးရဲထွန်း (သီပေါ) ကို ငြမ်းမီဒီယာက ဆက်သွယ် မေးမြန်းထားသည်။

ငြမ်းမီဒီယာ – ဖွဲ့စည်းပုံ ပြင်ဆင်ရေးအတွက် ကော်မတီတစ်ရပ် ဖွဲ့စည်းဖို့ ပြည်ထောင်စု လွှတ်တော် မှာ NLD အမတ် ဦးအောင်ကြည်ညွန့်က တင်တယ်။ တပ်ဖက်ကတော့ ပြင်းပြင်းထန်ထန် ကန့်ကွက်တယ်။ ဒီလိုအဆို တင်သွင်းမှုကို ဘယ်လိုသုံးသပ်လို့ ရမလဲ။

U.Y.T – ဖွဲ့စည်းပုံ အခြေခံ ဥပဒေပြင်ဖို့ဆိုတာ အားလုံးသိတဲ့ အတိုင်းပဲ။ (၇၅) ရာခိုင်နှုန်းကျော် ထောက်ခံမဲရမှ အောင်မှာ ဆိုတော့ အကြမ်းအား ဖြင့်တော့ တပ်မတော်သား ကိုယ်စားလှယ် တွေ ဘက်ကလည်း ထောက်ခံမယ့်အလားအလာ ရှိတယ်ဆိုတဲ့ ပြင်ဆင်ချက်မျိုးကို လွှတ်တော် ကိုယ်စား လှယ် (၂၀) ရာခိုင်နှုန်းကနေ လက်မှတ်ထိုး တင်ပြီးတော့ ဆွေးနွေးကြ ပြီးတော့ မဲခွဲတာပေါ့။ လုပ်ထုံး လုပ်နည်း ကတော့ အဲဒီအတိုင်း သွားတာပေါ့ဗျာ။ ညှိနှိုင်းတိုင် ပင်တာတွေ အဲဒီ အဆင့် မရောက်သေး ဘူး ဆိုရင်တော့ အရင်လွှတ်တော် အတွေ့ အကြုံအရ ဆိုရင် အဲဒီအဆင့်တွေက အပြင်မှာ လုပ်လို့မရတဲ့ အခါ ကြတော့ ညှိနှိုင်း သုံးသပ်တဲ့ ကော်မတီကို အရင်ဖွဲ့လိုက်တဲ့ သဘောပေါ့ဗျာ။

ခင်ဗျားတို့ တောင်းဆိုနေတဲ့ ဘယ်အပိုဒ်၊ ဘယ်အပိုဒ်တွေကို ပြင်ပေးပါမယ် ဆိုတဲ့ တစ်ခါတည်း လုပ်တာက ပိုကောင်းမယ်။ အဲလို မဟုတ်ရင် ဒီဘက်က ဖွဲ့စည်းပုံ ပြင်လိုက်ပြီ၊ ဟိုဘက်က လက်နက် မစွန့်ဘူးဆိုရင် မြွေပါလည်းဆုံး၊ သားလည်းဆုံး ဖြစ်မယ်။ နိုင်ငံရေး အရ …

အဲဒီမှာလည်း ပြင်ချင်တဲ့ အပိုဒ်တွေကို သက်ဆိုင်ရာ ပါတီကိုယ်စားလှယ်တွေကနေ တင်ကြတာပေါ့။ နည်းနည်းတော့ အဆင်မပြေ ဘူး။ အမှန်က ဘယ်အပိုဒ်ဆိုတာ သိပြီးမှ ဘယ်လိုပြင် မယ် ဆိုတာ ညှိနှိုင်းတိုင်ပင် ပြီးပြီဆိုမှ အကြမ်းရေးပြီး တင်တာကတော့ မြန်တာပေါ့။ ထိရောက်တာပေါ့။

ငြမ်းမီဒီယာ – အဆိုတင်သူ ဦးအောင်ကြည်ညွန့်ရော ဝင်ဆွေးနွေးတဲ့ ဒေါက်တာ မြတ်ဉာဏစိုးရောက ပထမ အကြိမ် လွှတ်တော် သက်တမ်းမှာ ပါဝင်ခဲ့သူတွေ ဖြစ်နေတယ်။ ပထမအကြိမ် လွှတ်တော်မှာ ဖွဲ့စည်း ပုံပြင်ဖို့ ကြံ့ခိုင်ရေးပါတီ ကိုယ်စားလှယ်က တင်ခဲ့ဖူးတယ်။ အခုတစ်ကြိမ်လည်း ထပ်ဖြစ်လာပြန်တယ် ဆိုတော့ အောင်မြင်နိုင်ပါ့မလား။

ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။

U.Y.T – ဒီလမ်းစဉ်က တစ်ခုတော့ ရှိတယ်ဗျ။ ကျွန်တော်တို့က အားလုံးကို ဘာတွေ ပြင်ချင် သတုန်း။ ပြင်ချင်တာတွေ ပြောကြပါ ဆိုပြီး ဖွင့်ပေးတာမျိုး ကြတော့ စည်းလုံးညီညွတ်ရေး အတွက် အပြုသဘောထက် နည်းနည်းပိုပြီး ငြင်းကြ၊ ခုန်ကြရင်းနဲ့ ပိုပြီးသွေးကွဲ သွားစေ တယ်လို့ ကျွန်တော်က ခံစားရတယ်။

ငြမ်းမီဒီယာ – ပထမအကြိမ်လွှတ်တော်မှာ ဒီနည်းလမ်းနဲ့ သွားခဲ့တာ ဘာပြဿနာတွေ ကြုံခဲ့လဲ။

U.Y.T – ဒီနည်းလမ်းသွားတော့ ပါတီစုံက ပြင်ချင်တာတွေ တင်ဆို တော့ အကုန်လုံးပဲ အစအဆုံး တင်ချင်တာတွေ တင်ကြရော။ ဖွဲ့စည်းပုံ ဘာသာရပ်ကို မကျွမ်းကျင်ကြတော့ ယုတ်စွအဆုံး ကြံ့ခိုင်ရေးကတောင် ရှေ့ကပြင်ဆင်ထားချက်နဲ့ နောက်က ပြင်ဆင်ထား ချက်နဲ့က နိုင်ငံရေးအရ တည် ဆောက်ပုံတွေမှာ တလွဲတချော်တွေ ပေါ့ဗျာ။ ရှေ့က ပြင်ဆင်ချက်တွေက သမ္မတစနစ်ကို ထောက်ခံ ထားပြီး နောက်က ပြင်ဆင်ချက်တွေက ပါလီမန်စနစ်ကို ထောက်ခံထားတာ မျိုးတွေပေါ့ဗျာ။

NLD အနေနဲ့က အမျိုးသား ရင်ကြားစေ့ရေးမူကို ဆုပ်ကိုင်ထားတယ် ဆိုရင် အမျိုးသားရင်ကြားစေ့ရေး အရလည်း ညှိနှိုင်း ထားတယ်၊ ဖွဲ့စည်းပုံ ပြင်ဆင်ရေး ကလည်း ကတိပေးထားတယ်။ အဲဒီအပေါ်မှာ နင်းပြီး ငြိမ်းချမ်းရေးလည်း ရရမယ်၊ ဒီမိုကရေစီ ဖက်ဒရယ် ပုံစံဖြစ်ဖို့အတွက် လည်း ဦးတည်ရမယ်။ အဲဒီလို တစ်ချက်ခုတ် သုံးချက်ပြတ်အောင် ဆိုရင် ခေါင်းဆောင်ချင်း တိုးတိုးတိတ်တိတ် ညှိနှိုင်းလိုက်ပေါ့။ အဲဒီလို …

ဆိုလိုတာက ပါတီစုံက ကိုယ်ထင်ရာ မြင်ရာကို တင်ကြတာနော်။ ငြင်းကြ၊ ခုန်ကြနဲ့ တပ်မတော်သားတွေ ဘက် က သဘောတူညီမှု မရတဲ့အခါကြတော့ ကော်မတီဘက်က ပြင်ဆင်ချက်အဖြစ် တင်မယ်လို့ ဆုံးဖြတ် ခဲ့ရင်လည်း နောက်ဆုံး ပြည်ထောင်စု လွှတ်တော်မှာ မဲခွဲတဲ့အခါ လုံလောက်တဲ့ မဲမရဘူး။ အကျိုး ဆက်က ဘာထပ်ဖြစ်လဲဆိုတော့ ဖွဲ့စည်းပုံ အခြေခံဥပဒေ မပြင်ချင်တာဟာ တပ်မတော်ဖြစ်တယ် ဆိုတဲ့ နိုင်ငံရေး ကောက်ချက် အဆွဲခံရပြီး တပ်မတော်က ဦးရွှေမန်း အပေါ်မှာ တော်တော်ကို မကြည် ဖြစ်သွားတာပေါ့ဗျာ။

ငြမ်းမီဒီယာ – အခု ဦးအောင်ကြည်ညွန့် အဆိုတင်တဲ့ ပုံစံက ပထမအကြိမ် လွှတ်တော်သက်တမ်းက ပုံစံ မျိုးလို့ ပြောလို့ရမလား။

U.Y.T – ဟုတ်ပါတယ်။ ခေါင်းဆောင်အချင်းချင်း ကြိုတင်ပြီး နားလည်မှု ယူထားတာမျိုး မရှိတဲ့အခါ အောက်က ကော်မတီမှာ ညှိနှိုင်းကြမယ်ဆိုတဲ့ သဘောပါ။ ဆိုလိုချင်တာက ဒီမှာရှင်းပါတယ်။ အခြား နိုင်ငံရေးပါတီတွေ ပါပေမယ့် ပြင်ချင်တဲ့ဟာ ပြင်လို့ရတဲ့ အချိန် ကာလမှ မရောက်သေးတာ။ မရသေးတဲ့ အခါကြတော့ သဘောတူနိုင်တဲ့ အချက်ကို NLD ပါတီနဲ့ တပ်မတော်နဲ့ပဲ တိုင်ပင်လိုက်လေ။ လွှတ်တော်ကိုယ်စားလှယ်တွေက လုပ်ရမှာ ဖြစ်ပေမယ့် ညွှန်ကြားချက်က NLD ကိုယ်စားလှယ်တွေ အတွက် ညွှန်ကြားချက်ကို ဒေါ်အောင်ဆန်းစုကြည်ဆီက စောင့်ပြီး တပ်မတော်သား ကိုယ်စားလှယ် တွေအတွက် ညွှန်ကြားချက်ကို တပ်ချုပ်ဆီကစောင့်၊ သူတို့ချင်းညှိနှိုင်း၊ ခေါင်းဆောင်အချင်းချင်း ညှိနှိုင်း ပြီးတော့မှ လွှတ်တော်ကို လုပ်ဆိုရင်တော့ အဆင်ပြေနိုင် တာပေါ့။

ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။

ငြမ်းမီဒီယာ – ပထမအကြိမ် ဖွဲ့စည်းပုံပြင်ဖို့ ကြိုးစားခဲ့တဲ့ အချိန်တုန်းက တပ်မတော်ရဲ့ အခြေအနေက ဘယ် လိုမျိုး ရှိခဲ့တယ်လို့ သတိထားမိလဲ။

U.Y.T – တပ်မတော်နဲ့ ညှိနှိုင်းချင်တယ်။ သမ္မတက အမိန့်ပေးရင် တပ်မတော်က လက်ခံမှာ ဆိုတဲ့ အခါကြတော့ သမ္မတနဲ့ လေးပွင့်ဆိုင် တွေ့မယ်ဆိုပြီး တောင်းဆိုတယ်လေ။ ဒေါ်အောင်ဆန်းစုကြည် တို့ ဦးရွှေမန်းတို့ဘက်က တောင်းဆိုတယ်။ ဟိုဖက်ကလည်း ဒီအချိန်မှာ ပြင်ဖို့ အချိန်မကျသေးဘူး ဆိုပြီး ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ဖို့က လွှတ်တော်ရဲ့ကိစ္စပါ။ လွှတ်တော်မှာပဲ ဆွေးနွေးပါဆိုပြီး တွေ့ခွင့် မသာဘူး။ နောက်ဆုံး ဘေးက ထင်မြင်ချက်တွေကလည်း တွေ့သင့် တယ် ဆိုတော့ (၆) ပွင့်ဆိုင် ဆိုပြီး ဒေါက်တာအေးမောင်တို့ ပါပြီး တွေ့လိုက်တယ်။ အဲဒီ (၆) ပွင့်ဆိုင် ကလည်း ရလဒ်က မထွက်ဘူး။ ကျွန်တော်တို့ကတော့သိတယ် ဒီဖွဲ့စည်းပုံ ပြင်ရေးက ကြီးကြီးမားမား ပြုပြင် ပြောင်းလဲမှု မဖြစ်နိုင်ဘူးလို့ သိတယ်။

၂၀၂၀ ရွေးကောက်ပွဲ နီးကပ်လာလို့ နိုင်ငံရေးအရ အသာရအောင်လို့ လုပ် တယ်ပဲ မြင်ပါတယ်။ ပေးထားတဲ့ ကတိကဝတ်ကို ကျေပွန်အောင် ကျွန်တော်တို့၊ ကျွန်မတို့ ကြိုးစားတယ်။ သို့သော်လည်း တပ်မတော် က သဘောမတူတဲ့အတွက် မအောင်မြင်ဘူးပေါ့။ အမှန်တကယ် အောင်မြင်စေချင်တဲ့ စိတ်ဆန္ဒ ရှိတယ် ဆိုရင်တော့ ခေါင်းဆောင် နှစ်ယောက် ညှိနှိုင်းလိုက် …

ဖွဲ့စည်းပုံ ပြင်ဆင်ရေး ကာလမှာ မတက်တဲ့ သူတွေက ဖွဲ့စည်းပုံ ပြင်ဆင် ရေးကို ဆန့်ကျင် တဲ့ သူလို့ သတ်မှတ်မယ်လို့ ဦးရွှေမန်းက ပြောရော။ ကျွန်တော်တို့ အပြည့်အ၀ ပူးပေါင်းပြီး ထောက်ခံမဲပေးလည်း စစ်တပ်က မထောက်ခံရင် အောင်မှာမှ မဟုတ်တာ။ သူတို့တင်တဲ့ဟာ အများစုက တပ်မတော်က ကန့်ကွက်လို့ လုံလောက်တဲ့မဲ မရတာပေါ့။ တပ်မတော်တင် မကဘူး။ အချို့အမတ်တွေလည်း ကန့်ကွက် တယ်။ သမ္မတအရည်အချင်းက စစ်ရေးအမြင်ရှိရမယ် ဆိုတာ တစ်ခုရယ် တိုင်းဒေသကြီး နဲ့ ပြည်နယ်လွှတ်တော်တွေကို ဥပဒေပြုခွင့်အာဏာ ကို ပူးတွဲလုပ်ကိုင်ခွင့် ပေးတာမျိုးလေးတွေ အောင်မြင်တယ်။ တပ်ဖက်က သူတို့ကို ဗဟိုချုပ်ကိုင်မှု လျော့ချပေးမယ်ဆိုတဲ့ အမြင် ဘက်က လုပ်ခဲ့တာ။

ငြမ်းမီဒီယာ – ကော်မတီဖွဲ့စည်းဖို့ အဆိုတင်တဲ့အချိန်မှာပဲ တပ်မတော်ဘက်က တော်တော်လေး ပြင်းပြင်း ထန်ထန် ကန့်ကွက်တဲ့သဘောကို မြင်ရတယ်။

U.Y.T – ဒီလိုဖြစ်တာက မကောင်းဘူးပေါ့ဗျာ။ ဒါကဘာကို ညွှန်ပြနေ သလဲ ဆိုတော့ ဒီဖွဲ့စည်းပုံ ပြင် မယ်ဆိုတဲ့ကိစ္စကို စောစောက ပြော သလို နောက်ကွယ်မှာ ညှိနှိုင်း တိုင်ပင်ထားတာ မရှိဘူးဆိုတာကို ပေါ်နေတယ်။ အလားအလာ မကောင်းဘူး။

ငြမ်းမီဒီယာ – NLD ရဲ့ ရွေးကောက်ပွဲ ကတိကဝတ်တွေ ဖြစ်တဲ့ ငြိမ်းချမ်းရေး၊ တရားဥပဒေစိုးမိုးရေး၊ ဖွဲ့စည်းပုံ ပြင်ဆင်ရေး ဆိုတဲ့ အချက်တွေထဲက ဖွဲ့စည်းပုံ ပြင်ဆင်ရေးကို အစိုးရသက်တမ်း တစ်ဝက်ကျော်မှာ စလုပ်လာတဲ့ အပေါ် ဘယ်လို မှတ်ချက်ပြုမလဲ။

U.Y.T – သူတို့တွေ ပြည်သူလူထုကို ကတိပေးခဲ့တဲ့ အခါကျတော့ ဒီဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင် ရေးက ကျွန်တော်တို့ အားလုံးရဲ့ ဘုံအကျိုးစီးပွားကို သက်ရောက်မှု ရှိမယ့် ပြင်ဆင် ချက်မျိုးဆိုရင် အောင်နိုင်တယ်လို့ သူတို့သဘောပေါက်တယ်။ NLD အနေနဲ့က အမျိုးသား ရင်ကြားစေ့ရေးမူကို ဆုပ် ကိုင်ထားတယ် ဆိုရင် အမျိုးသားရင်ကြားစေ့ရေး အရလည်း ညှိနှိုင်း ထားတယ်၊ ဖွဲ့စည်းပုံ ပြင်ဆင်ရေး ကလည်း ကတိပေးထားတယ်။ အဲဒီအပေါ်မှာ နင်းပြီး ငြိမ်းချမ်းရေးလည်း ရရမယ်၊ ဒီမိုကရေစီ ဖက်ဒရယ် ပုံစံဖြစ်ဖို့အတွက် လည်း ဦးတည်ရမယ်။ အဲဒီလို တစ်ချက်ခုတ် သုံးချက်ပြတ်အောင် ဆိုရင် ခေါင်းဆောင်ချင်း တိုးတိုးတိတ်တိတ် ညှိနှိုင်းလိုက်ပေါ့။ အဲဒီလို လုပ်ရင်တော့ ပိုကောင်းတာပေါ့။ အခုလို လုပ်တဲ့ ပုံစံကျတော့ တစ်ဖက်က ဘယ်လို ထင်မလဲဆိုရင် ပြည်သူလူထုကို ကတိပေး ထားတဲ့ အတွက် နိုင်ငံရေး အရ လုပ်ပါတယ်။ စစ်တပ်က မပြင်ချင်လို့ ပါဆိုပြီး ငါတို့ကို ဗီလိန်ဖြစ်အောင် လုပ်တာပဲလို့ ခံစားရရင် အကျိုးထက် အပြစ်က ပိုများတာပေါ့ဗျာ။

ငြမ်းမီဒီယာ – အခုလက်ရှိအခြေအနေက အပေါ်ထိပ်ပိုင်း ခေါင်းဆောင်တွေ ကြားမှာ ညှိနှိုင်းသဘော တူချက် မရသေးဘူးဆိုတဲ့သဘော သုံးသပ် တာလား။

U.Y.T – ညှိနှိုင်းမှုမရှိလို့ ခုလိုဝရုန်းသုန်းကား ဖြစ်တာပေါ့။ ညှိနှိုင်းမှု ရှိရင်တော့ ပြင်မယ့်ဟာ၊ သဘော တူတဲ့ဟာ ရေးပြီး ပြဌာန်းထားတဲ့ အတွက် (၂၀) ရာခိုင်နှုန်းက လက်မှတ်ထိုး တင် လိုက်မှာပေါ့။ ညှိနှိုင်း တိုင်ပင်ပြီး လုပ်တာ မဟုတ်ဘူး ဆိုရင်တော့ အကျိုး သက်ရောက်မှုကို ရှေးရှုတာထက် ၂၀၂၀ ရွေးကောက်ပွဲ နီးကပ်လာလို့ နိုင်ငံရေးအရ အသာရအောင်လို့ လုပ် တယ်ပဲ မြင်ပါတယ်။ ပေးထားတဲ့ ကတိကဝတ်ကို ကျေပွန်အောင် ကျွန်တော်တို့၊ ကျွန်မတို့ ကြိုးစားတယ်။ သို့သော်လည်း တပ်မတော် က သဘောမတူတဲ့အတွက် မအောင်မြင်ဘူးပေါ့။ အမှန်တကယ် အောင်မြင်စေချင်တဲ့ စိတ်ဆန္ဒ ရှိတယ် ဆိုရင်တော့ ခေါင်းဆောင် နှစ်ယောက် ညှိနှိုင်းလိုက်ရင် ဖြစ်နိုင်ပါ တယ်။

ငြမ်းမီဒီယာ – NLD ဘက်က ညှိနှိုင်းပေမယ့် တပ်မတော်ဘက်က လက်မခံ တာရော မဖြစ်နိုင်ဘူး လား။ အဲလိုသုံးသပ်လို့ရော မရဘူးလား။

U.Y.T – ဒါက ညှိနှိုင်းတဲ့လူအပေါ်တော့ မူတည်တာပေါ့။ သူခင်းထားတဲ့၊ မီးစိမ်းပြထားတဲ့ အချက်တွေ ရှိတယ်လေ။ အဲအပေါ်မှာ နင်းပြီးတော့ အဲဒီအတိုင်းဆို ဘယ်လိုပြင်မလဲ ဆိုတာ သူ့ကိုမေးရ မယ်။ ဒီလို ပြင်လိုက်ခြင်း အားဖြင့် ဘာတွေကောင်းကျိုးရှိမလဲ ငြိမ်းချမ်းရေးအတွက် ပိုပြီးတော့ အားဖြစ်မလား၊ ပိုပြီး အားဖြစ်စေနိုင်တယ်ဆိုရင် ကျွန်တော်တို့က လုပ်တာမျိုးပေါ့။

ငြမ်းမီဒီယာ – NLD အစိုးရလက်ထက် ဖွဲ့စည်းပုံ ပြင်ဆင်ရေး ကြိုးစားချက်က အရင် ကြံ့ခိုင်ရေး လက်ထက်က ပြင်ဆင်ဖို့ ကြိုးစားမှုထက် အောင်မြင်မလား။ ပြည်သူတွေပြင်ဖို့ ပြောနေတဲ့ အရေးကြီးပုဒ်မ တွေကို ပြင်နိုင်မယ် ထင်လား။

U.Y.T – အခုက ပြေပြေလည်လည်တော့ ဖြစ်လိမ့်မယ် မထင်ဘူး။ ဘာကြောင့်ဆို ကျွန်တော်တွေး တာက ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေး ပထမဆုံး ဖြစ်လာနိုင်တာက တပ်မတော်ကလည်း လိုလား၊ NLD ပါတီကရော၊ ပြည်သူလူထုကရော လိုလားတဲ့ ပြင်ဆင်ချက်မျိုးရမှ ပြင်လို့ရမှာလေ။ အဲဒီက ပြင်ဆင်ချက်မျိုးက ဘာနဲ့ ပတ်သက် နေနိုင်လဲ ဆိုတော့ ဖက်ဒရယ်စနစ် ပိုမိုပီပြင်ရေးဆိုတဲ့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းတွေ တောင်းဆိုနေတဲ့ အချက်ကို ပြင်နိုင်မှ အားလုံး အကျိုး စီးပွားရှိမှာ။ အဲဒီလို ပြင်ပေးမယ့် ကိစ္စမှာလည်း ဖွဲ့စည်းပုံ အခြေခံဥပဒေကြီးကို အသားလွတ် ပြင်တာကို သွားမလား။ တိုင်းရင်းသားတွေ နဲ့ လက်နက်နဲ့ ငြိမ်းချမ်းရေး လဲလှယ်သလို လက်နက်နဲ့ ဖွဲ့စည်းပုံ အခြေခံဥပဒေ လဲလှယ်တာမျိုး သွားမလား။ နိုင်ငံရေးသမား တစ်ယောက်အနေနဲ့ စဉ်းစားမယ်ဆိုရင် လက်နက်နဲ့ ဖွဲ့စည်းပုံ အခြေခံဥပဒေ လဲတဲ့လမ်းကို သွားချင်တယ်။ ဆိုလိုတာက အသားလွတ် ပြင်ပေးတာမျိုးထက် ခင်ဗျားတို့လည်း လက်နက်ကိုင် လမ်းကြောင်း ကို စွန့်လွှတ်ပါ။ တပ်တွေကို DDR ၊ SSR အရ ပြုပြင်ပြောင်းလဲရေး လုပ်ပါ။ ကျွန်တော်တို့ ဘက်က လည်း ခင်ဗျားတို့ တောင်းဆိုနေတဲ့ ဘယ်အပိုဒ်၊ ဘယ်အပိုဒ်တွေကို ပြင်ပေးပါမယ် ဆိုတဲ့ တစ်ခါတည်း လုပ်တာက ပိုကောင်းမယ်။ အဲလို မဟုတ်ရင် ဒီဘက်က ဖွဲ့စည်းပုံ ပြင်လိုက်ပြီ၊ ဟိုဘက်က လက်နက် မစွန့်ဘူးဆိုရင် မြွေပါလည်းဆုံး၊ သားလည်းဆုံး ဖြစ်မယ်။ နိုင်ငံရေး အရ အပေးအယူ မရှိဘူးပေါ့ဗျာ။ နောက်တစ်ခုက ဖက်ဒရယ်စနစ် ပီပြင်ဖို့ဆိုရင် တိုင်းဒေသကြီးနဲ့ ပြည်နယ်က ဝန်ကြီးချုပ်တွေကို သူတို့သက်ဆိုင်ရာ လွှတ်တော်က တိုက်ရိုက်ရွေးချယ်ခွင့် ပေးရမယ်။ ဒါကိုလည်း တပ်ချုပ်က မီးစိမ်းပြထားတဲ့ သဘော ပြောထားတာ ရှိတယ်။ လက်နက်ကိုင်မရှိတဲ့ ပြည်နယ်တွေ လက်နက်ကိုင် အဖွဲ့ အစည်းတွေက ငြိမ်းချမ်းရေး လက်မှတ်ထိုးတာမျိုး၊ ပြည်နယ်တွေ တိုင်းဒေသကြီးတွေကို ပေးမယ်။ လက်နက်ကိုင်ရှိတဲ့ နေရာ တွေကို မပေးသေးဘူးဆိုတဲ့ ဆုပေးဒဏ်ပေးစနစ် ကျင့်သုံးလို့ ရတာပေါ့။

ငြမ်းမီဒီယာ – ဖွဲ့စည်းပုံပြင်ဆင်ရေးလို့ ပြောလာရင် အမျိုးဘာသာ သာသနာ ထိန်းသိမ်းစောင့် ရှောက်ရေး ဆိုတဲ့ အုပ်စုက ကန့်ကွက်ကြတယ်။ အခု NLD က ဖွဲ့စည်းပုံ ပြင်ဖို့ လုပ်လာတဲ့ အချိန်မှာ ဘယ်လို အခြေ အနေတွေ ရှိလာနိုင်မယ် သုံးသပ်လဲ။

U.Y.T – ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ချက်ထဲမှာ လုပ်ထုံးလုပ်နည်းအရ တင်မယ့် အပိုဒ်တွေက ဘာတွေဖြစ်မလဲ စောင့်ကြည့် ရမှာပေါ့။ လူထုကလည်း တော်တော်များများ သဘောပေါက်နေပါပြီ။ ဥပမာ အမျိုးသားရေး သမားတွေက သမ္မတရဲ့ အရည်အချင်း သတ် မှတ်ချက် တွေကို ပြင်မှာစိုးတယ်။ တပ်မတော်က သဘောမတူရင် ဒါတွေ ပြင်လို့မရဘူးဆိုတာ သဘောပေါက်ပြီးသားလေ။ NLD အစိုးရ တက်လာလို့ ဒါကြီးတော့ ပြင်ပစ်တော့မှာပဲ ဆိုပြီးတော့ မဖြစ်နိုင်ပါဘူး။ သို့သော် တစ်ဖက်က ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေးကို ဗန်းပြပြီးတော့ နိုင်ငံရေးအရ အပေါ်စီးရအောင် လုပ်သလို အမျိုးသားရေးသမားတွေ ဘက်ကလည်း ရွေးကောက် ပွဲမှာ ပြောင်းလဲမှုတွေ ဖြစ်အောင် လှုပ်ရှားမှုတွေတော့ ရှိလာနိုင် မှာပေါ့။ အမျိုးဘာသာ သာသနာ ပျောက်ကွယ် သွားလိမ့်မယ်၊ ဘာညာနဲ့ လှုပ်ရှားမှုတွေတော့ လုပ်လာနိုင်မယ်။ ဆိုလိုချင်တာက တကယ်စိုးရိမ်လို့ မဟုတ်ဘူး။ တကယ်ပြင်လို့ အောင်မြင် သွားမှာကို စိုးရိမ်လို့တော့ မဟုတ်ဘူး။ နိုင်ငံရေးအရ အကျိုးအမြတ်အတွက် လုပ်လာနိုင်တာတော့ ရှိပါတယ်။

ငြမ်းမီဒီယာ – ခုလိုဖြေကြားတာ ကျေးဇူးတင်ပါတယ်။

ငြမ်းမီဒီယာ

 

 


Share this post
  •  
  •  
  •  
  •  
  •  
ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။

Tags: , , , , , ,