စစ်တပ် တချို့ရဲ့ စိတ်ထဲမှာ သူ့ကိုယ်သူ ငါတို့က ကယ်တင်ရှင်ကြီး ဆိုတာမျိုးဖြစ်နေတယ်

ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။
Share this post
  •  
  •  
  •  
  •  
  •  

ငြမ်း / ကရင်အမျိုးသားပါတီ(KNP) ၏ အထွေထွေအတွင်းရေးမှူး(ဦး) မန်းကျော်ငြိမ်း

တစ်ချိန်က ရှစ်ဆယ့်ရှစ် စိတ်ဓာတ်တွေကို မေ့မပစ်သင့် သေးဘူး။ ဘာကြောင့်လဲဆိုတော့ မတရားတာကိုတော့ ကျနော်တို့ တွန်းလှန်ဖို့ လိုအပ်တယ်။ လောလောဆယ် …

မြန်မာ့ နိုင်ငံရေးအခြေအနေများနှင့် ပတ်သက်၍ ကရင်အမျိုးသား ပါတီ (KNP) ၏ အထွေထွေအတွင်းရေးမှူး (ဦး) မန်းကျော်ငြိမ်း ကို ငြမ်းမီဒီယာ က တွေ့ဆုံမေးမြန်ထားသည်။

ငြမ်းမီဒီယာ– အန်အယ်ဒီ အစိုးရသက်တမ်းက အခုဆို ငါးနှစ် ပြည့်တော့မှာ။ နောက်ရွေးကောက်ပွဲ တစ်ခုကိုတောင် ရောက်လာပြီ။ တချို့ကလည်းပြောတယ် အန်အယ်ဒီက ပြည်သူကို ပေးခဲ့ ရွေးကောက်ပွဲ ကတိက၀တ်တွေ ကို ပြီးမြောက်အောင်မြင် အောင် မလုပ်နိုင်ဘူး။ တချို့ကျတော့လည်း ဒီလိုအခြေအနေမျိုးမှာ ဘယ်အစိုးရတက်တက် ဒီနိုင်ငံရဲ့အခြေအနေက ပြောင်းလဲဖို့က တော်တော်ကြီးကို ခက်တယ်ပေါ့။ အန်ကယ်ကရော အဲဒီအပေါ်မှာ ဘယ်လို မြင်သလဲဗျ။

SKN – ကျနော်က လက်ရှိ အန်အယ်ဒီအပေါ်မှာ အားနည်းတာပဲ ရှိတယ်နော်။ သူတို့ လုပ်ရမယ့် အချက်အလက်တွေက ဒီသက်တမ်းမှာ အခြေအနေနဲ့ကြည့်ရင် တော်တော်လေးတော့ မရလောက်ဘူးဗျ။ သူတို့မှာ လုပ်ရတာ တော်တော်လေးတော့ အခက်အခဲ ရှိတယ်။ ဒါလည်း ကျနော် လက်ခံပါတယ်။ သို့သော် လည်း သူပေးထားတဲ့ ကတိက၀တ်တွေ ကိုတော့ ပြောချင်တယ် ။နောက်ဆုံးဗျာ ပြည်သူက ရွေးကောက်တာ ပဲဗျာ။ ပြည်သူ့အား ကိုတော့ သူယုံကြည်သင့်တယ်။ တပ်မတော် ငြိုငြင်လို့၊ တပ်မတော်နဲ့ အဆင်မပြေလို့ ဆိုတာထက် ကိုယ့်ပြည်သူ၊ ကိုယ့်ကိုယ် မဲပေးခဲ့တဲ့ ပြည်သူတွေကို သူယုံကြည်ရင် ပိုကောင်း တယ်။ ပြီးခဲ့တဲ့ ၂၀၁၅ ရွေးကောက်ပွဲမှာ တိုင်းရင်းသားတွေ အကုန်လုံးကလည်း အကုန်ဝိုင်း ပေးတယ်နော်။ ပြောမယ်ဆိုရင် တိုင်းရင်းသားမဲက အများကြီး ရခဲ့တာ။ အားလုံးက မျှော်လင့်ခဲ့ ကြတယ်။ အဲဒီကတိက၀တ်နဲ့ ထိန်းဖို့ရယ်၊ နောက်တော့ ဒီရဲ့အားကိုတော့ သူ မလျှော့သင့်ဘူး။ ဒါကိုတော့ သူ ယုံကြည် သင့်တယ်။ အဲလို ယုံကြည် မှ ဖြစ်မယ်။ အခု ပြင်လို့မရရင်လည်း ပြည်သူအားနဲ့ ပြင်ရမှာပဲ။ ၈၈ အရေးအခင်း ဖြစ်တုန်းကလည်း ဒီလိုပဲ လုပ်ခဲ့ရတာပဲ။

ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။

ငြမ်းမီဒီယာ– အဲဒီတော့ လာမယ့်ရွေးကောက်ပွဲမှာ အန်အယ်ဒီ အနေနဲ့ ၂၀၁၅ ရွေးကောက်ပွဲ တုန်းကလို ပြည်သူတွေရဲ့ ယုံကြည်မှု၊ တိုင်းရင်းသားတွေရဲ့ ယုံကြည်မှုကို ရပါ့မလား။

SKN – မရနိုင်တော့ဘူးဗျ။ ကယားပြည်နယ်ဆို ဗိုလ်ချုပ်ကြေးရုပ် ကိစ္စနဲ့ပတ်သက်လို့ တော်တော်ကို တိုင်းရင်းသားတွေဘက်က အစာမကြေဘူး။ နောက်တစ်ခါ မွန်ပြည်နယ်၊ ချောင်းဆုံတံတား ဆိုရင်လည်း ဗိုလ်ချုပ်အောင်ဆန်း တံတားဆိုပြီး အတင်းလုပ် လိုက်တဲ့ အခါကျတော့ ဒေသခံ ပြည်သူတွေ ရဲ့ ၊တိုင်းရင်းသား တွေရဲ့ သဘောဆန္ဒနဲ့ မကိုက်ဘဲ အတင်းလုပ်ယူလိုက်တဲ့ကိစ္စ၊ ဥပမာ လွှတ်တော်မှာ အနိုင်ကျင့်သွားတယ် ဆိုပါတော့ အဲဒီမှာ ရှိတဲ့ မွန်တိုင်းရင်းသား တွေဆို တော်တော်မကျေမနပ်ဖြစ်တယ်။ ရှမ်း၊ ကချင် ဒေသတွေမှာ လည်း ရှိတာပေါ့ဗျာ။ အထူးသဖြင့် အခုအဆိုး ဆုံးကတော့ အခု ရခိုင်ပြည်နယ် ။ ရခိုင်ပြည်နယ် မြောက်ပိုင်းမှာ တကယ်တမ်း ရွေးကောက်ပွဲ လုပ်ရင်ရော လုပ်လို့ ရော ရပါ့မလား။ စစ်ဖြစ်နေ တဲ့နေရာတွေ။ တကယ်တမ်း ရွေးကောက်ပွဲ လုပ်မယ် ဆိုရင် လုပ်လို့ရောရပါ့မလား။

ငြမ်းမီဒီယာ– တိုင်းရင်းသားတွေနဲ့ အခုဖြစ်နေတဲ့ ဆက်ဆံရေ ကွာဝေးနေမှုက လက်တွေ့နိုင်ငံရေးမှာ ဘာတွေသက်ရောက် လာမလဲ။ အဆင်ပြေပါ့မလား။

SKN – အဲဒါပြောတာပေါ့။ အခုလာမယ့် ရွေးကောက်ပွဲမှာ တိုင်းရင်းသားတွေရဲ့ ယုံကြည်မှုကျဆင်းသွားရင် သူ့အတွက်မေ ကာင်းဘူး။ အဲဒီတော့ ပြီးခဲ့တဲ့ ၂၀၁၅ တုန်းက သောင်ပြိုကမ်းပြိုနိုင် တယ်ဆိုတဲ့ ကိစ္စက တိုင်းရင်းသားတွေ အားလုံးက မျှော်လင့် ခဲ့တာ။ အဲဒီတော့ တိုင်းရင်းသားတွေရဲ့ ယုံကြည်မှုကျဆင်းလာရင် အခု လာမယ့် ရွေးကောက်ပွဲမှာ သူ့အတွက်အခြေအနေ က အရင် စံချိန်ကိုတော့ မီမယ်တော့ မထင်တော့ဘူး။ အဲဒီလိုပဲ ကျနော်မှန်း ရဲတယ်။ ဒါပေမယ့် ဖြစ်တော့ ဖြစ်တတ်တယ်။ ပြီးခဲ့တဲ့ သက်တမ်း တုန်းက ၂၀၁၅ တုန်းက ဆိုရင် ပြောင်းလဲချိန်တန်ပြီဆိုတဲ့ အသုံးအနှုံး လေးတွေ သုံးသွားတယ်။ဒါက လူတွေရဲ့ သည်းခြေ ကြိုက် ပဲ။ သူက အဲဒါမျိုးတော့ လုပ်တတ်တယ်။ ဘာပဲပြောပြော သူ့မှာ ပြည်သူတွေကို ဆွဲဆောင်နိုင်တာတော့ သူ့မှာရှိတယ်ဗျ။

ငြမ်းမီဒီယာ– နိုင်ငံရေးပါတီ တစ်ခုအနေနဲ့ ရွေးကောက်ပွဲ အောင်နိုင်ရေးက သူတို့ရဲ့ အောင်မြင်မှုထဲမှာ ပါပါတယ်။ဒါပေမယ့် ရွေးကောက်ပွဲ အလွန် နိုင်ငံရေးမှာ တိုင်းရင်သားတွေ နဲ့ ဒီလို အဟ ရှိနေတာက ဘယ်လိုအခြေအနေတွေဖြစ်လာနိုင်မလဲ။ ဒီနိုင်ငံအပေါ်ကို ဘာတွေ သက်ရောက်နိုင်မလဲ အန်ကယ်။

SKN – ရွေးကောက်ပွဲအလွန်မှာ တိုင်းရင်းသားတွေနဲ့ ပြန်ပြီးတော့ တိုင်းရင်းသားကိုယ်စားလှယ်လည်း ပါလာမှာ ပေါ့ဗျာ။ တိုင်းရင်းသား ကိုယ်စားလှယ်တွေနဲ့ အတူပြန်ပြီး ပူးပေါင်းပြီး သွားမယ်ဆိုရင် ဘာပဲဖြစ်ဖြစ် တိုင်းရင်းသား တွေရဲ့ ယုံကြည်မှု ပြန်ရလာရင် ပြည်တွင်းငြိမ်းချမ်းရေကိစ္စကလည်း အဆင်ပြေမှာ။ တိုင်းရင်းသား တွေ ဘက်က မြင်တဲ့ အမြင်က အရင်ကတော့ တပ်မတော်အပေါ်မှာပဲ မြင်တာ။ အစိုးရနဲ့ တပ်မတော် အတူတူ ပါပဲလို့ မြင်လာတာက တော်တော်ဆိုးတဲ့ကိစ္စ။ ဘာမှမထူးပါဘူးကွာ။ တို့တိုင်းရင်းသား အပေါ်မှာ မြင်တဲ့ အမြင် က ဒီ အစိုးရနဲ့ ဒီစစ်တပ် က တစ်လေသံတည်း တစ်ပုံစံတည်း လို့ မြင်သွားတာက တော်တော့် ကို ဆိုးတယ်။

ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။

ငြမ်းမီဒီယာ– အန်ကယ်ကရော ဘယ်လိုမြင်လဲ။

SKN – ကျနော်တို့လည်း အဲဒီလိုပဲမြင်တာပေါ့ဗျာ။ သူ့ရှေ့ပြော ရင် မကောင်းဘူး။အဲဒါကိုတော့ ၂၀၂၀ ရွေးကောက်ပွဲ အလွန်မှာ ပြင်နိုင်ရင် သူပြန်ပြီး ယူနိုင်ရင် ကျနော်ပြော ပါတယ်။ နဂိုကတည်း က ပြောပါတယ် ။ တိုင်းရင်းသားအင်အားနဲ့ ကိုယ့်ပြည်သူ ရဲ့ အင်အားကို ယုံပါဗျာ။ ပေးမှရမယ်ဆိုတဲ့ အယူအဆမျိုးက တော်လှန်တဲ့ အတွေးအေခ်ါမှ မဟုတ်ဘဲ။ သူပေးမှ ရမယ်ဆိုတဲ့ လက်ဝေခံသွားတဲ့ ပုံစံကတော့ ဘယ်ဖြစ် သင့်မလဲ။

ငြမ်းမီဒီယာ– အန်ကယ်ပြောချင်တာက ဒေါ်အောင်ဆန်းစုကြည် အနေနဲ့ တပ်မတော်နဲ့ ရင်ကြားစေ့ရေး အခြေအနေက အလုပ် မဖြစ်ဘူးလို့ ပြောချင်တာလား။

SKN – ဖြစ်မှာမဟုတ်ဘူး။ဘာကြောင့်လဲဆိုတော့ သူကသာ ဘယ်လိုခေါ်မလဲ။ လက်ပံတောင်းတောင် ကိစ္စ သူကာပေးတယ်။ ဘာပဲပြောပြော အနောက်နိုင်ငံတွေ ဖိအားပေးမှုကနေ လွတ်ထွက် လာတယ်။ ရှောင်ထွက် သွားနိုင်တယ်ပေါ့ဗျာ။ သူ ကြား၀င်ပေး လိုက်တယ်ဆိုတဲ့ ပုံစံမျိုး။ ဒါပေမယ့် တစ်ဖက်က စစ်တပ်အနေနဲ့ သူ့အပေါ်မှာ အခုထိ အကောင်းမြင်တာ မဟုတ်ဘူး။ အိုင်စီဂျေ သွားခါနီး အထိတောင် မြင်တဲ့ အမြင်က တစ်မျိုး။ ဟိုရောက်ရင် ဘာပြောဦးမလဲ မသိဘူးဆိုတဲ့ သံသယက တပ်မှာ ရှိတယ်။ တပ်ရဲ့ စဉ်းစားပုံက ရှင်းတယ်။ သူနဲ့မတူတဲ့ ဟာကို ရန်သူနဲ့ ငါဆိုတဲ့ ဟာ က ပြတ်တယ်။ မပြတ်တာက ကိုယ့်ဘက်က လူတွေက မပြတ်တာ။

မင်းတို့က အောက်မှာ နေရမယ့်လူတွေ ဆိုတဲ့ ပုံစံမျိုးကြီး ရိုက်သွင်း သလို ဖြစ်နေတယ်။ ဒီသမိုင်းတင်မကဘူး။ ဂျပန်တော်လှန်ရေးနဲ့ လွတ်လပ်ရေးကြိုးပမ်းမှု တွေ မှာ လည်း စစ်တပ်ရဲ့ အခန်းကဏ္ဍကို …

ကိုယ့်ဘက်က ဟိုလိုလို ၊ဒီလိုလို ဖြစ်နေတာ (ရယ်လျက်)။ ဒါကြောင့်မို့ ဒီခရီးက ဒီလောက်ကြာ နေတာ။ ကမ္ဘာ့ပြောင်းလဲမှု ထဲမှာ ကျနော်တို့ ရှစ်ဆယ့်ရှစ်ပြောင်းလဲမှုကြီးကအုံနဲ့ခဲနဲ့ နည်းနည်းနော်နော်မှ မဟုတ်ဘဲဗျာ။ အများကြီး ရှေ့သွားသင့် တာပေါ့။ အခု ကိုယ့်နောက်မှ သွားတဲ့ လူတွေက အဆင်ပြေနေပြီ။ ကျနော်တို့ က ဒီနေရာမှာ အခုထိ ကျန်နေတုန်းပဲ။ အဲဒီတော့ တွေးခေါ်တဲ့ Mind set တွေ။ အဓိက က စစ်အာဏာရှင်စနစ် ဆိုတာက အခု ဒီလူတွေ ပြောင်းသွားလို့ ပြောင်းမယ်မထင်နဲ့ သူတို့ က ဒီစနစ်ကြီးက အမြစ်တွယ်နေရင် မရဘူး။ ဆက်သွားနေမှာပဲ။ ဥပမာ သဘောက အခုကာချုပ် မရှိတော့ဘူး။ နောက်ကာချုပ် တက်လာရင် ဒီစနစ်ကိုပဲ ဆက်ကိုင်ရင် ဒီလိုပဲ သွားနေမှာပဲ။ အဲဒီတော့ ဒီစနစ်ကို ဖြိုဖို့တော့ လိုတယ်။ ဒါက ဘယ်လိုမှ လက်မခံနိုင် ဘူး အာဏာရှင်စနစ် ကို။ ဒီတိုင်းပြည်မှာ ငါတို့က အဓိက ပဲဆိုတာမျိုး။ အဲဒါက ကျနော်တို့ လက်ခံလို့မရဘူး။ တိုင်းပြည်တိုးတက်မှုက တကယ့်အနှောင့်အယှက်ဖြစ်တာပဲ။

ငြမ်းမီဒီယာ– ရှစ်ဆယ့်ရှစ်ဆိုတော့ ဒီနေ့နိုင်ငံရေး အခင်းအကျင်းမှာ ရှစ်ဆယ့်ရှစ် ကျောင်းသား ခေါင်းဆောင်တွေရဲ့ နိုင်ငံရေး အခန်းကဏ္ဍ၊ဆောင်ရွက်နေမှု ကို ဘယ်လို သုံးသပ်မိလဲ။

ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။

SKN – ရှစ်ဆယ့်ရှစ်ကာလတုန်းက ဖြစ်ခဲ့တဲ့ ရှစ်ဆယ့်ရှစ် ကျောင်းသားခေါင်းဆောင်တွေ အတော်များများ က အဲဒီတုန်းက အသက်အရွယ်လည်း ငယ်တယ်။ နောက်တော့ ဒီအချိန်မှာ တုန်းကလည်း စွှန့်လွှတ် စွှန့်စားတဲ့ စိတ်တွေကလည်း လူငယ်ပီပီ ပြင်းထန်ခဲ့ကြတယ်ဗျ။ အဲဒီအနေအထားမျိုးကတော့ တော်တော် လေး ကောင်းခဲ့တယ်။ အခုနောက်ပိုင်းကျတော့ ရှစ်ဆယ့်ရှစ် အဖွဲ့အစည်းထဲမှာ ရှိတဲ့ သူတို့ ခေါင်းဆောင်တွေ အချင်းချင်းက တစ်ယောက်တစ်လိုင်းစီ သွားနေကြတယ်ဗျ။ လမ်းတွေ မတူကြဘူး။ ဒီ ရှစ်ဆယ့်ရှစ်ကိုတချို့များ မေ့တောင် မေ့နေကြပြီလား မသိဘူး အဲလို ပြန်ဖြစ်နေတယ်။ အဲဒီတော့ ရှစ်ဆယ့်ရှစ်မှာ ပါခဲ့တဲ့ ကျောင်းသားခေါင်းဆောင်အတော်များများသည် ဘယ်လိုခေါ်မလဲ အဲဒီတုန်းက တကယ့် ကျောင်းသား စိတ်ဓာတ်မျိုးတွေ ဖြစ်နေတဲ့ အခါမှာ အနှောင်အဖွဲ့လည်း မရှိဘူး။ သူတို့မှာ လုပ်မယ်။ ဖြစ်အောင် လုပ်မယ် ဆိုတဲ့ စိတ်ဓာတ်မျိုး တွေ ရှိခဲ့တယ်။ အခုက အသက်လည်း နည်းနည်း ကြီးလာတဲ့ အခါကျတော့ သဘာလည်း ရှိလာပြီ ၊နောက်အချင်းချင်းမှာလည်း သူတို့ ညီညွှတ်မှု မရှိဘူး။ ဒါပေမယ့် ဒီ ရှစ်ဆယ့်ရှစ်ဖြစ်ခဲ့တဲ့ ကိစ္စကိုတော့ ကျနော်တို့ မေ့ပစ်လို့တော့ မဖြစ်ဘူး။ ကျနော်တို့ ဒီအပြောင်းအလဲကြီး တစ်ခုလုံးက မဆလ ကို ဖြိုခဲ့တာ ဒီ အင်အားကြီးနဲ့ ဖြိုခဲ့တာ။ အဲဒီလို အင်အားမျိုးက ကြုံတောင့်ကြုံခဲ ဖြစ်ဖို့ သိပ်လွယ်တာ မဟုတ်ဘူး။ အဲဒါကို တော့ မမေ့စေချင်ဘူးပေါ့ဗျာ။ အခု ရှစ်ဆယ့်ရှစ် ကျောင်းသားခေါင်းဆောင်တွေ အနေနဲ့ တစ်ချိန်က ရှစ်ဆယ့်ရှစ် စိတ်ဓာတ်တွေကို မေ့မပစ်သင့်သေးဘူး။ ဘာကြောင့်လဲဆိုတော့ မတရားတာကိုတော့ ကျနော်တို့ တွန်းလှန်ဖို့ လိုအပ်တယ်။ လောလောဆယ်တော့ ရှစ်ဆယ့်ရှစ်ခေါင်းဆောင်တွေက သူ့လမ်းကြောင်းနဲ့သူသွားနေတာ၊ သိပ်ညီညီညွှတ်ညွှတ် မရှိတာတော့ အားမရစရာဖြစ်တယ်။

ငြမ်းမီဒီယာ– နိုင်ငံရေးပါတီတစ်ခုက အနည်းဆုံး သုံးနေရာ ယှဉ်ပြိုင်ရမှာဆိုတော့ အန်ကယ်တို့ ကရင်အမျိုးသားပါတီကရော နေရာဘယ်လောက်၀င်ပြိုင်မလဲ။

SKN – မှန်းကြည့်တာပေါ့ဗျာ။ ကိုယ်ပိုင်လောက်မယ့် နေရာ လောက်ပဲ ၀င်တာပိုကောင်းမယ်လေ။ မနိုင်လောက်တဲ့ နေရာတွေ ၀င်ပြိုင်တော့လည်း ကျနော်တို့မှာ ပြောရမယ်ဆိုရင် ဘဏ္ဍာရေး အခက်အခဲလည်း ရှိတာပေါ့။ ဘာဖြစ်လို့လဲ ဆိုတော့ ၀င်ပြိုင်ရင် အကုန်အကျ ရှိတယ်လေ။ ဒီအကုန်အကျ က ကျနော်တို့ လည်း မခံနိုင်ဘူးလေ။ မှန်းထာတာက အရင်သက်တမ်းမှာ (၂၁) ဦး ၀င်ပြိုင်တယ်။ ဒီတစ်ကြိမ်လည်း အနည်းဆုံး အဲလောက်တော့ ရှိမယ် မှန်းတယ်။

ငြမ်းမီဒီယာ– လာမယ့် ရွေးကောက်ပွဲကရော တရားမျှတမှု ရှိတဲ့ ရွေးကောက်ပွဲဖြစ်လာမယ်လို့ရော မျှော်လင့်ထားသလား။

SKN – ကော်မရှင်အပေါ်မှာတော့ မူတည်တယ်ပေါ့။ အခုကျနော်တို့ စာထုတ်ပြီး ကန့်ကွက်ထားတာ တစ်ခုရှိတယ်။ ရွှေ့ပြောင်း တွေကို ရက်ပေါင်းကိုးဆယ်နဲ့ မဲပေးခွင့်ပေးတယ် ဆိုတော့ နယ်စွန်နယ် ဖျားမှာ ရှိတဲ့ တိုင်းရင်းသားဒေသတွေမှာ ဒါတွေက မဲကစားလို့ ရနိုင်တဲ့ နေရာမျိုးတွေ မဖြစ်နိုင်ဘူးလား။ ဥပမာ ကယားပြည် နယ်လို နေရာမျိုး လူဦးရေးနည်းပါးတဲ့နေရာမျိုး မှာ သွားအလုပ် လုပ်တဲ့ လူအတော်များများ က ရွှေ့ပြောင်း လုပ်သား အတော် များများက အဲဒီအခွင့်အရေး ရသွားတယ်ဆိုရင် မဲဆွယ်စည်းရုံးမှုမှာ သူတို့ဘက်က ပါသွားနိုင်ရင် ကျန်တဲ့ အဲဒီမှာ ရှိတဲ့ တိုင်းရင်းသားေ တွ အတွက် နစ်နာတယ်။ အရင် (၁၈၀) တောင်မှ ကျနော်တို့က လက်မခံချင်တာ။ ရက်ပေါင်း ကိုးဆယ် လုပ်လိုက်တော့ ပိုဆိုးသွား တာပေါ့။ ကချင်ပြည်နယ် ဖားကန့်မှာ ဆိုရင် မူလ ရှိနေတဲ့ ကချင်က သိပ်ရှိတာ မဟုတ်ဘူး။ ကျန်တဲ့ ဒေသက လာတဲ့ သူတွေက များနေတာ။ အဲဒီတော့ ကချင်တွေ လည်း ရဖို့ သိပ်မလွယ်တော့ဘူး။

ငြမ်းမီဒီယာ– အန်ကယ်က ကရင်တိုင်းရင်းသားလည်း ဖြစ်တယ်။ နိုင်ငံရေးပါတီ တစ်ခုရဲ့ ခေါင်းဆောင်မှု နေရာမှာ လုပ်ကိုင်နေ တယ်။ နိုင်ငံရေး ဖြတ်သန်းမှု တွေလည်း ရှိတယ်။ အန်ကယ့်အနေနဲ့ ဒီနိုင်ငံကို ဘယ်လို ပုံစံနဲ့ မြင်ချင်တယ်ဆိုတဲ့ မြော်ရည်ချက် မျိုးရှိလား။

SKN – ကျနော် ဖက်ဒရယ်ပြည်ထောင်စုကို ဖြစ်စေချင်တယ်။ ဖက်ဒရယ်ပြည်ထောင်စုဖြစ်လာတဲ့အခါကျတော့ တန်းတူ ဖြစ်လာ တဲ့ အချိန်ကျတော့ ကျနော်တို့နိုင်ငံမှာ အမျိုးသားရေး အစွန်း ရောက် တဲ့ ဝါဒတွေ မဖြစ်လာနိုင် တော့ဘူး။ အားလုံးက နိုင်ငံ အပေါ် ချစ်တဲ့စိတ် တစ်ခုတည်းနဲ့ပဲ ဒါငါတို့ရဲ့ နိုင်ငံပဲလို့ အဲဒီလို စိတ်ဓာတ်တွေ ၀င်လာမယ်။ အခုလိုသာ ဖက်ဒရယ် မတည်ဆောက် နိုင်လို့ ရှိရင် ဒီလိုပဲဖြစ်နေဦးမှာပဲ။

ငြမ်းမီဒီယာ– အခု လူမျိုးစု ကြားမှာ ပဋိပက္ခတွေ ရှိနေတယ်။ အဲဒီအပေါ်မှာရော အန်ကယ် ဘယ်လို မြင်လဲ။

SKN – အဲဒါလည်း ကျနော် မဖြစ်စေချင်ဘူး။ ကျနော်တို့ရဲ့ အပြောင်းအလဲ အကုန်လုံးတိုင်းသည် ဥပမာ အင်္ဂလိပ်လက် အောက်မှာ နေခဲ့ရတာ၊ဂျပန်လက်အောက်မှာနေခဲ့ရတာ လူမျိုးတစ်မျိုးကနေ တစ်ယောက်တည်း လုပ်လို့ရတဲ့ ကိစ္စတွေ မဟုတ်ဘူးဗျ။ ဒီနိုင်ငံမှာနေတဲ့ လူမျိုးအားလုံးက လုပ်ခဲ့ရတာ။ ကျနော်ကတော့ အစွန်းရောက်တဲ့ အမျိုးသားရေးဝါဒကို လက်မခံဘူး။ ကျနော်သည်ပင်လျင် အဲဒါမျိုးကို လက်မခံဘူး။ တစ်ချိန် ကျရင် ပြည်ထောင်စုစိတ်ဓာတ်ဖြစ်လာဖို့ပဲ လိုတယ်။ ပြောရမယ်ဆိုရင် အခုကတော့ ဒီ စစ်အာဏာရှင် စနစ်မှာ တစ်ဖက်မှာ တိုင်းရင်းသားဒေသတွေမှာ သူတိုရဲ့ လုပ်တာတွေက တချိုက နေရာ တွေမှာ လူမျိုးရေး အရ လုပ်တဲ့ကိစ္စမျိုးတွေ တာင်ဖြစ်တယ်။ ဥပမာ တိုင်းရင်းသားဒေသ ကျေးရွာမှာနေတဲ့ လူတွေက အသိဆုံးပဲ။

အခုကပိုဆိုးတာက စစ်အာဏာရှင် စနစ်က လုပ်ချင်တော့ သူက အမျိုးသားရေးကို ဗန်းပြသုံးတာကို။ အဲဒါက ပိုဆိုးသွားတယ်။ လူမျိုးရေးပဋိပက္ခတွေ ပိုဖြစ်။ သင်ခဲ့တဲ့ …

ဆိုတော့ အဲဒါတွေက အမြင်ကို ပိုပြီးတော့ ကွဲပြားစေတယ်။ သူတို့လုပ်ရပ်က ဒါက စစ်တပ်လုပ်တယ်လို့ မထင်ဘဲနဲ့ စစ်တပ်မှာ ပါလာတဲ့ ခေါင်းဆောင်တွေက ဗမာတွေလို့ ထင်ရော။ လူတိုင်းကတော့ စနစ်ကို မမြင်ဘူးဗျ။ တိုင်းရင်းသား အချင်းချင်းကြားမှာ ပြိုကွဲရတဲ့အကြောင်းက အဲဒါတွေပါတယ်။ ဥပမာအားဖြင့် ဟိုတစ်ချိန်က ဖြစ်ခဲ့တဲ့ ကရင် – ဗမာ အရေးအခင်း ဆိုရင် ဒါကို ပြန်ကြည့် လိုက်လို့ ရှိရင် စနစ်ကို မမြင်တဲ့ အခါကျတော့ တစ်ဦးနဲ့တစ်ဦးက ပြန်ပြီးတော့ အမျိုးသားရေးအမြင်နဲ့ ပဲ သွားမြင် တယ်။ သဘောက ဗျာ ကရင်တွေကလည်း တစ်ချိန်က ဗမာ ပဒေသရာဇ်အောက်မှာနေခဲ့ရတော့ ပဒေသရာဇ်ဆိုတာ ပဒေသရာဇ် စိတ်ဓာတ်ပဲသွား မှာပဲ။ သူကတော့ လူမျိုးရေးအရ ခွဲမှာ မဟုတ်ဘူး။ သို့သော်လည်း ပဒေသရာဇ်စနစ်မှာ သုံးတဲ့ အသုံးနှုန်းနဲ့ ပြောတာတွေက ဗမာဖြစ်နေတဲ့ အခါကျတော့ တိုင်းရင်းသားတွေ ဘက်ကကြည်ပြန်တော့လည်း ဗမာ ငါတို့ကို အမြဲတမ်းအနိုင် ကျင့်တာပဲ အဲလိုမြင် တယ်။ အင်္ဂလိပ်က၀င်လာပြန်ရော။ အင်္ဂလိပ်၀င်လာတဲ့အခါမှာ အင်္ဂလိပ်တွေက ဘာသုံးလဲဆိုတော့ တိုင်းရင်းသားတွေကို သူတို့ရဲ့ စစ်သားတွေ အဖြစ်နဲ့ သုံးတယ်။ ဆရာစံလို အရေးအခင်မျိုးမှာ ဆရာစံကို ရှင်းခိုင်းတဲ့ အခါမှာ တိုင်းရင်းသားတွေ အများဆုံး ပါတဲ့ စစ်တပ်ကို ရှင်းခိုင်းတာ။ အထူးသဖြင့် ကရင်တွေအများကြီးပါတယ်။ အဲဒီမှာဖြစ်တဲ့ အခါကျတော့ ဟိုက စနစ်ကို မမြင်ဘူးဗျ။ ငါတို့ကို လာနှိပ်စက်တဲ့ ဒီစစ်တပ်ကကောင်တွေက ကရင်တွေကြီးပဲလို့ မြင်ချင်မြင်မှာပေါ့။ အဲဒါတွေက စနစ်ကို မမြင်တဲ့ အခါကျ တော့၊မသိတဲ့အခါကျတော့ လူမျိုးရေးမုန်းတီးမှုတွေက အဲဒီမှာ စဖြစ်လာတာပဲ။ ကျနော် ကတော့ အဲဒါတွေ မဖြစ်စေချင်တော့ဘူး။

ငြမ်းမီဒီယာ – ဒီနိုင်ငံမှာ လူမျိုးပေါင်းစုံ၊ ဘာသာပေါင်းစုံ မှီတင်းနေ ထိုင်ကြတယ်။ ဒီလိုလူမျိုးပေါင်းစုံ၊ ဘာသာပေါင်းစုံ ရှိတဲ့ နိုင်ငံ တစ်ခုမှာ အမျိုးသားရေးဝါဒတွေက နိုင်ငံအတွက်တကယ်ရော အလုပ်ဖြစ်ပါ့မလား။ တိုးတက်နိုင်ပါ့မလား။

SKN – ကျနော်တို့ မငြင်းနိုင်တဲ့ အရှိတရားက နှစ်ပေါင်း များစွာ နေလာတဲ့ နှစ်ပေါင်းသုံးထောင် ပတ်၀န်းကျင် လောက်က နေလာတဲ့ တိုင်းရင်းသားတွေဗျ ။ အဲဒီတော့ သူတို့ရဲ့ National Identity ကို တော်ရုံတန်ရုံ အပျောက်မခံကြဘူး။ အဲဒါက သူတို့ကို ကျနော်တို့လည်း အပြစ်တင်လို့မရဘူး။ Identity ကိုလည်း မပျောက်စေ ချင်ဘူး။ နိုင်ငံပြည်တွင်းစစ် ပြဿနာထဲမှာ Identity ပျောက်ဆုံးတာမို့ ပြဿနာ ဖြစ်နေကြတာ။ အဲဒါကို အသိအမှတ် ပြုပေးဖို့ဆိုရင် အခုကျနော်ပြောပြမယ် ဖက်ဒရယ် မဟုတ်တဲ့ တရုတ်ပြည်လို နေရာမျိုးမှာ ယူနန်ဆိုရင် တိုင်းရင်းသားလူမျိုး အများဆုံးရှိတဲ့ နေရာပဲ။ သို့သော် တိုင်းရင်းသားလူမျိုးတွေရဲ့ ကျောင်းတွေနဲ့ သူတို့ရဲ့ အခွင့်အရေး တွေက တော်တော် အပြည့်အ၀ ရတယ်။ ဒါတောင်မှ ဖက်ဒရယ် မဟုတ်ဘူးနော်။ အဲဒီလိုမျိုးသာ ရနေရင် ဒီလောက်အထိ မကွာဟနိုင်ဘူး။ အခုကပိုဆိုးတာက စစ်အာဏာရှင် စနစ်က လုပ်ချင်တော့ သူက အမျိုးသားရေးကို ဗန်းပြသုံးတာကို။ အဲဒါက ပိုဆိုးသွားတယ်။ လူမျိုးရေးပဋိပက္ခတွေ ပိုဖြစ်။ သင်ခဲ့တဲ့ သမိုင်းတွေလည်း ပြန်ကြည့် ကျနော်တို့က ဂျင်းသမိုင်း တွေပဲ သင်ခဲ့ရတာ။ ကျနော်တို့က အစ သမိုင်းတွေ သင်ခဲ့ရတာ။ ပထမမြန်မာနိုင်ငံတို့၊ ဒုတိယမြန်မာနိုင်ငံ တို့ ဆိုတာ အကုန်လုံးက ဗမာမှုပြုတဲ့ သမိုင်းတွေ ချည်းပဲ ဖြစ်နေ တယ်။ တကယ်တမ်းဆိုရင် သင်ပေါ့ဗျာ မွန်ပဒေသရာဇ်တို့၊ ရှမ်းပဒေသရာဇ်တို့၊ ရခိုင်ပဒေသရာဇ် တို့ ဗမာထက်တောင်စော ပေါ်သေးတယ်။ အနော်ရထာ မတိုင်ခင်ကတည်းက ရခိုင်မှာ ပဒေသရာဇ်စနစ်ပေါ်နေပြီ။ လုပ်နေပြီ။ မွန်လည်း ပေါ်တာပဲ။ သမိုင်းအမှန်လည်း အဲလို မသင်ဘဲနဲ့ ကျနော်တို့ကို သင်ပေးတဲ့ သမိုင်းတွေက ဘယ်လိုဖြစ်လဲဆိုတော့ မဟာလူမျိုးကြီးဝါဒကို ရိုက်သွင်း သလို ပုံစံမျိုး ဖြစ်နေတယ်။ ကျန်တဲ့ တိုင်းရင်းသားတွေကို အမြဲတမ်းပဲ မင်းတို့က အောက်မှာ နေရမယ့်လူတွေ ဆိုတဲ့ ပုံစံမျိုးကြီး ရိုက်သွင်း သလို ဖြစ်နေတယ်။ ဒီသမိုင်းတင်မကဘူး။ ဂျပန်တော်လှန်ရေးနဲ့ လွတ်လပ်ရေးကြိုးပမ်းမှု တွေ မှာ လည်း စစ်တပ်ရဲ့ အခန်းကဏ္ဍကို တင်ထားလိုက်တာ သမိုင်းအမှန်တွေ မဟုတ်ဘဲနဲ့ တင်ထားတာတွေ ရှိတယ်။ စစ်တပ် တချို့ရဲ့ စိတ်ထဲမှာ သူ့ကိုယ်သူ ငါတို့က ကယ်တင်ရှင်ကြီး ဆိုတာမျိုးဖြစ်နေတယ်။ ဒါတွေလည်း ရိုက်သွင်းထားတာ။ အဲဒါ မဖြစ်သင့်တော့ဘူးဗျ။ သမိုင်းကို အမှန်တိုင်း မသင်တော့ဘဲနဲ့ သင်ခဲ့တဲ့ သမိုင်းတွေက ကျနော်တို့ တိုင်းရင်းသားလူမျိုးအချင်းချင်းမှာ ပိုပြီးတော့ ကွာဟစေတဲ့ အရာတွေဖြစ်နေတယ်။

ငြမ်းမီဒီယာ– အာဏာရှင်စနစ်ကို အထောက်အပံ့ဖြစ်မယ့်၊ အားကောင်းစေမယ့် သမိုင်းတွေကို ပို့ချခဲ့တယ်လို့ အန်ကယ် ပြောချင်တာလား။

SKN – ဟုတ်တယ်။အဲလိုပြောချင်တာ။ ဘာဖြစ်လို့လဲ ဆိုတော့ ပဒေသရာဇ်ခေတ်ကို ပြန်တမ်းတပြီးရေးတဲ့ဟာ အကုန်လုံးက Emperor State တွေချည်းပဲ သူက လုပ်နေကြ တာကိုဗျ။ ဒါတွေပြန်ကြည့်ရင် လက်နက်နဲ့ တည်ဆောက်ခဲ့တဲ့ ဟာတွေပဲဗျာ။ ဘယ်လိုလုပ်ပြီး တိုင်းရင်းသားစည်းလုံးညီညွှတ်ရေး ယူလို့ရမလဲ။ မဖြစ်မှ မဖြစ်နိုင်တာ။ ဥပမာ ရန်ကုန်တစ်မြို့လုံးရဲ့ သမိုင်းကို ပြန်ကြည့် မြောက်ဥက္ကလာမင်းကြီးတို့၊ ဘုရင်မ ရှင်စောပု တို့ ဆိုတာ မွန်တွေပဲဗျ။ တာမွေဆိုရင် မွန်နာမည်ပဲ။ ဒေသကို ပြန်ကြည့် မွန်နာမည်တွေ အကုန်ရှိနေတာပဲ။ အခုသမိုင်းတွေက တိုင်းရင်းသား အချင်းချင်း သွေးကွဲအောင်သင်သလိုဖြစ်နေတယ်။ ဘယ်လိုခေါ်မလဲ မဟာစိတ်ဓာတ်မျိုး ၀င်အောင် လျောက်လုပ် နေတာ ပိုဆိုးတယ်။

ငြမ်းမီဒီယာ

ဆက်လက်ဖော်ပြပါမည်။


Share this post
  •  
  •  
  •  
  •  
  •  
ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။

Tags: , , , , ,