စစ်ရေယာဉ်နှစ်စင်း ချစ်ကြည်ရေးခရီးရောက်ရှိ

ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။
Share this post
  •  
  •  
  •  
  •  
  •  

သီရိလင်္ကာ ရေတပ်မှ စစ်ရေယာဉ် SLNS SAYURA နှင့် SLNS NANDIMITHRA တို့သည် ချစ်ကြည်ရေးခရီး လည်ပတ်ရန် မြန်မာနိုင်ငံသို့ရောက်ရှိလာ

စက်တင်ဘာ(၂)၊၂၀၁၉၊ရန်ကုန်

သီရိလင်္ကာ ရေတပ်မှ စစ်ရေယာဉ် SLNS SAYURA နှင့် SLNS NANDIMITHRA တို့သည် ချစ်ကြည်ရေးခရီး လည်ပတ်ရန် မြန်မာနိုင်ငံသို့ရောက်ရှိလာကြောင်း တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ရုံးက သတင်းထုတ်ပြန်သည်။

စစ်ရေယာဉ်နှစ်စင်းသည် စက်တင်ဘာလ(၁)ရက်နေ့၊နေ့လယ်ပိုင်းက ရန်ကုန်မြို့၊ သီလဝါဆိပ်ကမ်း MITT တံတားသို့ ရောက်ရှိခဲ့သည်။

ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။

စစ်ရေယာဉ်များတွင် SLNS SAYURA မှ စစ်ရေယာဉ်မှူးဖြစ်သူ CAPTAIN LN HEWAVITHARANE ဦးဆောင်သည့်ခရီးစဉ်တွင် အရာရှိ၊စစ်သည် ၂၉၂ ဦးနှင့်အလုပ်သင်အရာရှိ ၂၉ ဦး တို့လိုက်ပါလာသည်။

အဆိုပါအဖွဲ့သည် မြန်မာနိုင်ငံတွင် စက်တင်ဘာလ(၄)ရက်နေ့အထိ လေးရက်ကြာ နေထိုင်၍ လေ့လာ လည်ပတ်သွားမည်ဖြစ်သည်။

ဓာတ်ပုံ – တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး

သီရိလင်္ကာ ရေတပ်မှ စစ်ရေယာဉ် SLNS SAYURA နှင့် SLNS NANDIMITHRA ၏ချစ်ကြည်ရေးခရီးစဉ်နှင့်ရောက်ရှိလာသူများအား ကြိုဆိုနှုတ်ဆက်နေစဉ်

 


Share this post
  •  
  •  
  •  
  •  
  •  
ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။