စစ်လက်နက်ဝယ်ယူထားတဲ့ ဘတ်ဂျက်ငွေစာရင်းကို စစ်ဆေးခွင့်ရရင် ရွေးကောက်ပွဲ စာရွက်စာတန်းတွေကို UEC က ပြမယ်ဆိုတဲ့ အကြောင်းအရာကို DM Uym Dkn အမည်ရတဲ့ ဖေ့စ်ဘွတ်အကောင့် ကနေ ဒီဇင်ဘာ(၁၁) ရက် နေ့မှာ ဖြန့်ချိထားတာတွေ့ရပါတယ်။ သည်နေရာမှာ ကြည့်နိုင်ပါတယ်။ web archive ကို သည်နေရာမှာ ကြည့်နိုင်ပါတယ်။
နိုဝင်ဘာ(၃၀) ရက်နေ့ မှာ တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့ က ရွေးကောက်ပွဲနဲ့ ပတ်သက်ပြီး သဘောထားထုတ်ပြန်ခဲ့ပါတယ်။သည်နေရာမှာကြည့်နိုင်ပါတယ်။
သည်နောက်မှာတော့ တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့ရဲ့ ထုတ်ပြန်ချက်နဲ့ ပတ်သက်ပြီး ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ရဲ့ အသိပေးထုတ်ပြန်ချက်ကို ဒီဇင်ဘာ(၇) ရက်နေ့မှာ ထုတ်ပြန်ခဲ့ပါတယ်။ သည်နေရာမှာ ကြည့်နိုင်ပါတယ်။
သည် အခြေအနေတွေအပေါ်တည်ပြီး စစ်လက်နက်ဝယ်ယူထားတဲ့ ဘတ်ဂျက်စာရင်း စစ်ဆေးခွင့်ရရင် ရွေးကောက်ပွဲစာရွက်စာတန်းများ UEC ပြမယ်ဆိုတဲ့ အကြောင်းအရာကို DM Uym Dkn အမည်ရတဲ့ ဖေ့စ်ဘွတ်အကောင့်က ဖြန့်ချိခဲ့တာ ဖြစ်နိုင်ပါတယ်။
SS / UEC ရဲ့ အသိပေးထုတ်ပြန်ချက်
DM Uym Dkn အမည်ရတဲ့ ဖေ့စ်ဘွတ်အကောင့်က ရေးသားဖြန့်ချိထား တဲ့ အကြောင်းအရာဟာ သတင်းအတု၊ သတင်းအမှားသာ ဖြစ်တယ်လို့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် က သူ့ရဲ့ ဖေ့စ်ဘွတ်စာမျက်နှာ တစ်ခုဖြစ်တဲ့ Union Election Commission ကနေ အများပြည်သူကို အသိပေးကြေညာထားပါတယ်။ သည်နေရာမှာ ကြည့်နိုင်ပါတယ်။
အားလုံးဘေးကင်းကျန်းမာကြပါစေ။
ငြမ်းမီဒီယာ