စစ်အုပ်ချုပ်ရေးကိုတော့ လက်မခံဘူး

ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။
Share this post
  •  
  •  
  •  
  •  
  •  

ANP / ရခိုင်အမျိုးသားပါတီဥက္ကဌ ဒေါက်တာအေးမောင်

လူမျိုးသုဉ်းမှာကို ကြောက်နေရတဲ့ တိုင်းရင်းသားမျိုးနွယ်တွေရှိတယ်။အဲဒီမှာ မြိုပါတယ်၊ သက်ပါတယ်။ အဲဒီတိုင်းရင်းသားတွေကို လည်ပင်းလာဖြတ်တယ်ဆိုတာ ကျွန်တော်တို့ သည်းမခံနိုင်ဘူး …

သြဂုတ်လ(၉)ရက်နေ့ညနေပိုင်းတွင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်အပါအဝင် တပ်မတော် ထိပ်ပိုင်းခေါင်းဆောင်များနှင့် ရခိုင်ပြည်နယ်တွင် အမတ်နေရာအများဆုံးရရှိထားသည့် ရခိုင် အမျိုးသားပါတီတို့တွ့ဆုံပြီး ရခိုင် ပြည်နယ်အရေး ဆွေးနွေးခဲ့ကြကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးက သတင်းထုတ်ပြန်ခဲ့သည်။ ယင်းဆွေးနွေးမှုနှင့် ပတ်သက်၍ ဆွေးနွေးပွဲတွင်ပါဝင်ခဲ့သလို ရခိုင်အမျိုးသားပါတီ၏ ဥက္ကဌဖြစ်သည့် ဒေါက်တာအေးမောင်ကို ငြမ်းမီဒီယာ က ဆက်သွယ်မေးမြန်းထား ပါသည်။

ငြမ်းမီဒီယာ – တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နဲ့ တွေ့တယ်လို့သိရပါတယ်။ ဘာတွေများ ဆွေးနွေးခဲ့ပါသလဲ။

Dr.AM – အဓိကကတော့ တပ်မတော်ကာကွယ်ရေးဦး စီးချုပ်ဘက်က ထုတ်ပြန်တဲ့ အတိုင်းပါပဲ။ ကျွန်တော်တို တည်တံ့ခိုင် မြဲရေးနဲ့ဖွံ့ဖြိုးရေး အတွက်အဓိကထားပါတယ်။ ကာကွယ်ရေး ဦးစီးချုပ်ကိုလည်း ကျွန်တော်တို့ပါတီကကျေးဇူးတင်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ကျွန်တာ်တို့တွေ့ဖို့ တောင်းဆိုတာကိုး။

ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။

ငြမ်းမီဒီယာ- တွေ့ဆုံဖို့အတွက်ဘာကြောင့် တောင်းဆိုတာလဲ။

Dr.AM – ပြည်သူ့လွှတ်တော်ဘက်မှာ ကျွန်တော်တို့ဘက်က အရေးကြီးအဆိုတင်ခဲ့တာရှိတယ်။ မောင်းတောမြောက်ပိုင်းမှာ ရခိုင်တိုင်းရင်းသားတွေ အသတ်ခံရတယ်။ အဲဒါက ဇွန်(၂၇)မှာ ဖြစ်တာ။ကျွန်တော်တို့က အကြမ်းဖက် သတ်ဖြတ်မှုတွေကို ကာကွယ်ပေးစေချင်တာပေါ့ အစိုးရကို။ အဲဒါကို ဇွန်လ (၂၉)ရက်နေ့မှာ လွှတ်တော်ကိုယ်စားလှယ်ဒေါ်ခင်စောဝေက အရေးကြီး အဆိုတင်ဖို့ ဝိုင်းပြီးပြုစုပေးကြတယ်ဗျ။ ပြည်သူ့လွှတ်တော်ကိုတင်တာ အရေးကြီးအဆိုမဖြစ်ဘူးဗျာ။ ပြည့်သူလွှတ်တော်ရုံးက “ အကြမ်းဖက်” ဆိုတဲ့ ဝေါဟာရကိုလည်းဖျက်ခိုင်းတယ်ဗျာ။ စာသားတွေဝိုင်းပေးလိုက်တာ အကုန်လုံးကိုပြန်ပြင်တယ်ဗျ။ အရေးကြီးအဆိုအစား ပုံမှန်အဆို ဖြစ်အောင် လုပ်ပေးကြတယ်ဗျ။ မနက်ဖြန်ဆွေးနွေးရ တော့မလိုလို၊သန်ဘက်ခါဆွေးနွေးရတော့ မလိုလိုနဲ့ဒီနေ့အထိမဆွေးနွေးရဘူးဗျ။ အဲဒီကြားထဲမှာ သြဂုတ်လ(၃)ရက်နေ့က မြိုတိုင်းရင်းသားတွေအသတ်ခံရတယ်။ ခင်ဗျားတို့ သိပါတယ်။ မြိုတိုင်းရင်းသားဆိုတာကလည်း ရခိုင်မျိုးနွယ်စုမှာ ရခိုင်ထက် လူနည်းတယ်ဗျ။ မြိုတိုင်းရင်းသားတွေ အစုလိုက် အပြုံလိုက် အမျိုးသမီးတွေလည်းပါတယ်။ တောင်ယာလုပ်ငန်းသွားရင်း အသတ်ခံရတယ်ဗျ။ ဒီအတွက် စိတ်မကောင်း ခြင်းများစွာ ဖြစ်ရတယ်။ အဲဒီအတွက် ထပ်ပြီးတော့ အကြမ်းဖက် ခံရပြန်ပြီ။ဒါကိုပြည်သူ့လွှတ်တော်ထပ်တင်ရင် အရင်လို အပယ်ခံ ရဦးမယ်။ ဒါကြောင့် အမျိုးသားလွှတ်တော်မှာတင်မယ်ဆိုပြီး ကျွန်တော်တို့ဆီကဦးခင်မောင်လတ်က သြဂုတ်(၇) ရက်နေ့မှာတင်လိုက်တာ။ ဒီလိုတင်တဲ့အတွက် အမျိုးသားလွှတ်တော်ဥက္ကဌက ကျေးဇူးတင်တယ်လို့ ပြောတယ်ဗျ။ ခင်ဗျားအဆိုကို အရေးကြီးအဆိုတော့ မဟုတ်ဘူး။ ပုံမှန်အဖြစ်လက်ခံမယ်လို့ ပြောတယ်ဗျ။ အဲဒီလိုနဲ့ဒီနေ့ဆွေးနွေးကြတယ်လေ။ ဆွေးနွေးတဲ့ အခါမှာ ဦးခင်မောင်လတ် ကအဆိုတင်တယ်ဗျာ။ ဒေါ်ထုမေက   ထောက်ခံတယ်ဖြစ်သွား တယ်ဗျ။ အမျိုးသားလွှတ်တော်ဘက်ကပြောတာက ဒေါ်ထုမေက ဦးခင်မောင်လတ်ပြီးတဲ့ နောက်မှာ ဦးခင်မောင်လတ်နဲ့ ဆင်တူအဆိုကိုထပ်တင်လို့ ဒေါ်ထုမေကို ဦးစားပေးတဲ့ အနေနဲ့ ဦးခင်မောင်လတ်ရဲ့အဆိုမှာ ထောက်ခံဆွေးနွေးဖို့ ခွင့်ပြုမှဖြစ်တော့မယ်လို့ ဦးခင်မောင်လတ်ကိုသူတို့ကဆက်သွယ်ပြီး ပြောတယ်။ လွှတ်တော်ဥပဒေ၊ နည်းဥပဒေမှာ အဲဒီလိုမရှိဘူး။ ပထမအဆိုနဲ့ထပ်တူကျရင် ဒုတိယလာတင်တဲ့အဆိုကိုပယ်ရမှာပေါ့ဗျာ။ အဲဒီအဆိုကို ထောက်ခံဆွေးနွေးသူ အဖြစ်လည်းဒုတိယလာတင်တဲ့ ဒေါ်ထုမေကို မခေါ်ရဘူးဗျ။ပထမတင်ထားတဲ့ သူကိုပဲဆွေးနွေး ခွင့်ပြုရမှာဗျ။ အမျိုးသားလွှတ်တော်မှာ ထပ်ပြီးဖောက်ဖျက်တယ်ဗျ။ အဲဒီတော့ကျွန်တော်တို့ဘက်ကလည်း စိုးရိမ်တယ်ဗျ။ ဒီတစ်ကြိမ် အမျိုးသားလွှတ်တော်မှာ တင်တဲ့အဆို အရာမရောက်ဖြစ်ရင် ကျွန်တော်တို့ ရခိုင်လူထုက ဒီအတိုင်းလည်ပင်းကို လာခုတ်ပါ၊ လာဖြတ်ပါလို့ဒီအတိုင်းနေကြရတော့ မှာလား။ ရခိုင်အမျိုးသား ပါတီလည်း လွှတ်တော်ထဲမှာ အင်အား ဘယ်လောက် ရှိရှိ၊ကိုယ်ရဲ့ ပြည်နယ်ကို အုပ်ချုပ်ခွင့်မရတဲ့အခါမှာကိုယ့်ရဲ့ရခိုင်ပြည်ဖွံဖြိုးတိုးတက်ဖို့အတွက် ညှိနှိုင်းတိုင်ပင်ဖို့ လိုတယ်ဆိုပြီး ပြန်သုံးသပ် တယ်ဗျ။ ဦးခင်မောင်လတ်အဆိုကိုတင်ရင်းနဲ့ သုံးသပ်တာပါ။အဲဒီအခါမှာ သမ္မတရုံး၊ အတိုင်ပင်ခံရုံးနဲ့ကာကွယ်ရေး ဦးစီးချုပ်ကို သွားမြင်တယ်။ လွှတ်တော်ကိုလည်း ပြေးမြင်ပါတယ်။ ဒါပေမဲ့ လွှတ်တော်တို့က အားကိုးလို့ မရဘူးလေ။အစိုးရကို တိုက်တွန်းမှ ရတော့မှာကိုး။ အဲဒီအခါမှာကာကွယ်ရေး ဦးစီးချုပ်ရုံးကို တိုက်ရိုက်ချဉ်းကပ်ပြီးတော့ အမြင်ချင်း ဖလှယ်မှ ဖြစ်တော့မယ် ဆိုပြီး ဒေသခံပါတီကေ ဒသခံကိုယ်စား လုပ်တော့မှဖြစ်မယ်ဆိုပြီးသြဂုတ်လ (၈)ရက်နေ့မှာကျွန်တော်တို့စာ စရေးကြတယ်ဗျ။ ဦးအေးသာအောင်တို့၊ ဒေါ်ထုမေတို့ကလွဲရင် ရခိုင်အမျိုးသားအမတ်တွေ အကုန်လုံးလက်မှတ်ထိုးပြီး ပို့တယ်။တွေ့မယ်လို့အကြောင်းပြန်လာတယ်။ ဒါကြောင့် သြဂုတ်(၉)ရက်နေ့ နေ့လည် လွှတ်တော်အပြီးမှာကျွန်တော်တို့တွေ့ ကြတယ်။ အချိန်တစ်နာရီခွဲကျော်ကျော် အမြင်ဖလှယ်ကြတယ်။

ကိုယ့်နယ်မြေကို ကိုယ်မထိန်းသိမ်းနိုင်၊ ဌာနေတိုင်းရင်းသားတွေ အသတ်ခံရ၊ အကြမ်းဖက်မှုတွေကို ခံရတာတွေဖြစ်လာတယ်။ အဲဒါကြောင့် ရပ်ဆိုင်းခဲ့ရတဲ့ အော်ပရေးရှင်းကို ပြန်ပြီး စစ်ဆင်ရေး ဧရိယာသတ်မှတ်ပေးဖို့တောင်းဆိုတယ်။ စစ်အုပ်ချုပ်ရေး ကိုတော့ လက်မခံဘူး။ တပ်မတော်က …

ငြမ်းမီဒီယာ- လွှတ်တော်လမ်းကြောင်းကနေ ရခိုင်ပြည်နယ်အတွက်အကာအကွယ်မပေး နိုင်ဘူးလို့ယူဆတဲ့အတွက်တပ်မတော် ကာကွယ်ရေးဦးစီးချုပ်နဲ့တွေ့ခွင့်တောင်းရ တာလို့ပြောချင်တာလား။

Dr.AM – မှန်တယ်ဗျ။ကျွန်တော်တို့ နိုင်ငံတော်အစိုးရက ကျွန်တော်တို့ လုံခြုံမှုကို မပေးနိုင်ဘူး။ ဥပဒေပြုလွှတ်တော်ကို ကျွန်တော်တို့ တင်ပြတယ်။အစိုးရကို တောင်းဆိုဖို့ကို ပိတ်ပင် ထားတယ်။အားလုံးဟာ အခုနက ပြောသလိုပါပဲ။ ပွင့်ပွင့် လင်းလင်းပြောရင် formal လမ်းကြောင်းကနေ ကြိုးစားကြတာပဲ။သို့သော်လည်း ထိရောက်တဲ့ ကာကွယ်မှု၊ ထိရောက်တဲ့ တားဆီးမှု၊ထိရောက်တဲ့ ဌာနေ တိုင်းရင်းသားတွေရဲ့အသက်အိုးအိမ် စည်းစိမ်ကိုကာကွယ်နိုင်ပါတယ်ဆိုတဲ့ လက်တွေ့ လုံခြုံမှုကိုမပေးနိုင်ဘူး။ အခုအခြေအနေမှာ လုံခြုံမှုကို ဘယ်လိုပေးနိုင်မယ်ဆိုတဲ့ အာမခံချက်ကို ပေးနိုင်တာ ယခုလက်ရှိမှာ တပ်မတော်ပဲဖြစ်တယ် ဆိုတာကို ကျွန်တော်တို့က အမြင်ချင်း တူကြ တာပေါ့။ ကျွန်တော်တို့ တိုင်ပင်ကြတယ်၊ဆွေးနွေးကြတယ်။ ကျွန်တော်တို့ တင်ပြမယ့် အချက် တစ်ချက်ချင်းကို သဘောထားမှတ်ချက် တွေပေးကြတယ်။ အဲဒီဟာတွေကို ကိုယ်စားပြုပြီးမှ ကျွန်တော်ကာကွယ်ရေး ဦးစီးချုပ်ဆီကို တင်ပြတယ်။ လုံခြုံရေး၊ တရား ဥပဒေစိုးမိုးရေး စသည်ဖြင့်ပေါ့ဗျာ။ ကိုယ့်ဌာနေလူမျိုးတွေ သူတို့နေထိုင် ရာနေရာတွေကို မစွန့်ခွာနိုင်အောင် ဘာတွေ လိုအပ်မလဲ။ အကြမ်းဖက်အဖွဲ့ အစည်းတွေသူတို့ရဲ့ငွေကြေး ထောက်ပံ့ မှုက ဘာတွေလဲ။နိုင်ငံတကာအဖွဲ့အစည်းတွေက ဘယ်လို တွေလဲ။ ဘာတွေေ ဆာင်ရွက်နေသလဲ။ ဒီလိုထိထိရောက်ရောက် ဆောင်ရွက်နိုင်ဖို့က ကာကွယ်ရေးဦးစီးချုပ် တစ်ယောက်ပဲရှိတယ် ဆိုတာမျိုးသဘောက်ပေါက်ကြတာပေါ့ဗျာ။

ခက်တာက နိုင်ငံတော် အတိုင်ပင်ခံရုံးက ပြန်ကြားရေးဝန်ကြီးဌာန အလုပ်ကို လုပ်နေတယ်။ ပြန်ကြားရေး ဝန်ကြီးဌာနကလည်း နိုင်ငံတော်ပြန်ကြားရေးကိုမလုပ်ဘဲနဲ့ အစိုးရ ပါတီတစ်ခုရဲ့ ပြန်ကြားရေးကို လုပ်နေတယ်ဗျာ။ဖြစ်ဖြစ်ချင်း၊ချက်ချင်း …

ငြမ်းမီဒီယာ – ရခိုင်ပြည်နယ်အစိုးရအဖွဲ့ရုံးကနေ အခုရက်ပိုင်း အတွင်းကြေညာချက် တစ်စောင် ထုတ်ပြန်တာတွေ့ပါတယ်။ ဌာနေတိုင်းရင်းသား တွေလုံခြုံရေးအတွက် လုံခြုံရေးတွေ တိုးမြှင့်ထားပြီလို့ထုတ်ပြန်တာကိုတွေ့ရပါတယ်။အဲဒီထုတ်ပြန်ချက်ကိုရော ဘယ်လိုမှတ်ချက်ပေးမလဲ။

Dr.AM – အဲဒါက မိုးကြိုးပစ်တာကို ထန်းလက်နဲ့ ကာ တာပဲလေ။သတင်းလေးတစ်ခု ထုတ်ပြန်တာတောင် နိုင်ငံတော် အတိုင်ပင်ခံ ရုံးကို တင်ပြ ရဦးမယ် ဆိုတော့ နိုင်ငံတော်အတိုင်ပင်ခံရုံး က ထုတ်ပြန်တာ အတည် ပါပဲလို့ ထုတ်ပြန်တယ်။ ခက်တာ က နိုင်ငံတော် အတိုင်ပင်ခံရုံး က ပြန်ကြားရေးဝန်ကြီးဌာန အလုပ် ကို လုပ်နေတယ်။ ပြန်ကြားရေး ဝန်ကြီးဌာနက လည်း နိုင်ငံတော်ပြန် ကြားရေးကို မလုပ်ဘဲနဲ့ အစိုးရ ပါတီ တစ်ခုရဲ့ ပြန်ကြားရေး ကို လုပ်နေတယ်ဗျာ။ ဖြစ်ဖြစ်ချင်း၊ ချက်ချင်း အရေးယူနိုင် မှုရှိမှသာ လုံခြုံမယ့် အနေန အထား ရှိတယ်လေ။ အချိန်များများ ပေးရင် များများ အသတ် ခံရမယ်။ အဲဒီမှာ ထိထိရောက်ရောက် လုပ်နိုင်တာသည် တပ်မတော် ဖြစ်တယ်။ တပ်မတော်နဲ့အမျိုးသားပါတီပူးပေါင်းပြီးတော့မှ ဌာနေတိုင်းရင်းသားများရဲ့ဌာနေကိုစွန့်ခွာနေရမှုနဲ့ အကြမ်းဖက် သတ် ဖြတ် ခံနေရမှုတွေအတွက် ဘယ်လိုတွေဆောင်ရွက်ရင်ကောင်းမယ်၊ ဌာနေတိုင်းရင်းတွေအတွက်၊ ဘဝလုံခြုံရေးအတွက် ဥပဒေအရ ဘာတွေဆောင်ရွက်ဖို့ လိုတယ်ဆိုတာကို အမြင်းချင်းဖလှယ်ကြပါတယ်။

ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။

မောင်းတောဒေသမှာရှိတဲ့ ပင်လယ်ပြင်ဒေသနဲ့လယ်ယာမြေတွေကို ဘယ်သူတွေပိုင်နေလဲ၊ ဘယ်သူတွေစိုးမိုးနေလဲ၊ ပြန်သုံးသပ်ဖို့လိုတယ်။တကယ်တမ်း ဒီလူတွေကလူ့အခွင့်အရေး ချိုးဖောက်ခံနေရသလား၊ ငတ်ပြတ်နေကြသလား …

ငြမ်းမီဒီယာ- ပြီးခဲ့တဲ့ရက်ပိုင်းက ရခိုင်ပြည်နယ် အတွင်းမှာ INGOတွေဝင် ရောက်တာကို လက်မခံဖို့နဲ့ ဌာနေတိုင်းရင်းသား တွေကို လက်နက်တပ်ဆင်ပေးဖို့ဆိုတဲ့တောင်းဆို ချက်ကို တောင်းဆိုထုတ်ပြန်ထားတယ်။ အဲဒီထုတ်ပြန်တောင်းဆိုမှုကို သဘောတူ ပါသလား။

အဲဒီ ထုတ်ပြန်ချက်ကိုကျွန်တော်လက်ခံတယ်။ ကျွန်တော်က UN အောက်မှာ ရှိတဲ့အဖွဲ့အစည်းမှာ (၅)နှစ်လောက် လုပ်ဖူးတယ်။ UNHCR မောင်းတောကို မလာခင် ကတည်းက မောင်းတောမှာ ကျွန်တော်တာဝန်ထမ်း ဆောင်နေခဲ့တာ။ INGO တွေ တော်တော် များများအကြောင်းကို ကျွန်တော်နားလည်တယ်။ UNHCR ရဲ့ လုပ်ငန်းစဉ်တွေကို ပြန်သုံးသပ်ဖို့ လက်ရှိအစိုးရအဖွဲ့မှာ တာဝန် ကြီးကြီးမားမားရှိတယ်။ ၁၉၉၄ ကနေ ၂၀၁၇ ထိ သူတို့သုံးခဲ့တဲ့ဘတ်ဂျက်က အမေရိကန်ဒေါ်လာ ဘီလီယံ ဘယ်လောက် ရှိနေပြီလဲ။ ဘာတွေကို ဘယ်လောက် သုံးခဲ့သလဲ၊ UNHCRရဲ့အောက်ကနေ လုပ်တဲ့ ကန်ထရိုက်တာ အန်ဂျီအိုတွေရှိတယ်။ အဲဒီ အဖွဲ့တွေ ကရော ဘာတွေလုပ်ခဲ့သလဲ၊ ဘာတွေထိရောက်သလဲ၊ အကုန်လုံးကိုပြန်သုံးသပ်ရမယ်။ မောင်းတောဒေသမှာရှိတဲ့ ပင်လယ်ပြင် ဒေသနဲ့ လယ်ယာမြေတွေကို ဘယ်သူတွေပိုင်နေလဲ၊ ဘယ်သူတွေ စိုးမိုးနေလဲ၊ ပြန်သုံးသပ်ဖို့ လိုတယ်။တကယ်တမ်း ဒီလူတွေက လူ့အခွင့်အရေး ချိုးဖောက်ခံနေရသလား၊ ငတ်ပြတ်နေကြသလား၊ ဘူသီးတောင်၊မောင်းတောရဲ့ လယ်ယာမြေ (၉၈) ရာခိုင်နှုန်းက ဘင်္ဂလီတွေ ပိုင်နေတာပါ။ ငတ်မွတ်ခေါင်းပါးနေလို့ အကူအညီပေးနေရတယ်ပြောရင် ရခိုင်တွေမငတ်ဘူးလား၊ မြန်မာတစ်နိုင်ငံလုံး ငတ်မနေဘူးလား။ တောင်ပေါ်ဒေသက တိုင်းရင်းသားတွေငတ်မနေဘူးလား၊ ဘာကြောင့် ဘင်္ဂါလီတွေကိုပဲ ကူညီထောက်ပံ့နေရ တာလဲ။ ဥပမာ UNDP ကိုကျွန်တော်တို့ လက်ခံတယ်။ သူ့မှာ ကျောသားရင်သားမခွဲဘူး။ ဒါတွေကိုပြန်သုံးသပ်ဖို့ လိုပြီ။ ကျွန်တော်တို့ ရခိုင်ပြည်နယ်မှာ INGOတွေဆိုတာ အင်မတန်ကိုများပြားပါတယ်။

ငြမ်းမီဒိယာ – ရခိုင်ပြည်နယ်ဟာ INGO ဈေးကွက်ကြီး ဖြစ်နေတယ်ဆိုတဲ့သဘောလား။

Dr.AM – သိပ်မှန်တာပေါ့ဗျာ။ ဌာနေတိုင်းရင်းသားတွေထဲမှာ အင်မတန်ကို လူမျိုးသုဉ်းမှာကို ကြောက်နေရတဲ့ တိုင်းရင်းသား မျိုးနွယ်တွေရှိတယ်။အဲဒီမှာ မြိုပါတယ်၊ သက်ပါတယ်။ အဲဒီတိုင်းရင်းသားတွေကို လည်ပင်းလာဖြတ်တယ်ဆိုတာ ကျွန်တော်တို့ သည်းမခံနိုင်ဘူး။

ငြမ်းမီဒီယာ – ရခိုင်အမျိုးသားပါတီက တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နဲ့တွေ့တယ်။ သိပ်မကြာသေးခင်ကလည်းကြံ့ခိုင်ရေးပါတီ အပါအဝင် နိုင်ငံရေးပါတီ(၁၄)ခုက ရခိုင်ပြည်နယ်ကို စစ်အုပ်ချုပ်ရေးကြေညာပေးဖို့တောင်းဆို ထားတာ ရှိတယ်။ ဒေါက်တာအေးမောင်အနေနဲ့ရော စစ်အုပ်ချုပ်ရေးကိုသဘောတူပါသလား။

Dr.AM – စစ်အုပ်ချုပ်ရေး ကြေညာဖို့ကို ကျွန်တော် သဘောမတူဘူး။ ကျွန်တော်တို့ ပါတီက လည်း သဘော မတူပါဘူး။ ကျွန်တော်တို့ ဖြစ်စေ ချင်တာက ပွင့်ပွင့်လင်းလင်း ပြောတာပါ။ ကျွန်တော်တို့ ဖြစ်စေချင်တာက၂၀၁၇၊ ဖေဖေါ်ဝါရီလမှာ ရပ်ခဲ့တဲ့ အော်ပရေးရှင်း ဧရိယာ သတ်မှတ်ထားတဲ့နေရာရှိတယ်၊ အကြမ်းဖက်မှုကို ကာကွယ်တားဆီးဖို့လုပ်တဲ့နေရာ ရှိတယ်ဗျ။ ၂၀၁၆ အောက်တိုဘာ (၉)ရက်နေ့၊ နယ်စပ်လုံခြုံရေးရဲတပ်ဖွဲ့ကိုအစီးခံရတယ်။ ရဲတပ်ဖွဲ့အရာရှိအပါအဝင် ကိုးဦး သတ်ဖြတ်ခံရတယ်။ လက်နက်တွေ၊ ကျည်ဆန်တွေ ပါသွားတယ်။ အဲလိုဖြစ်စဉ်အားလုံးကို ပြန်သုံးသပ်တဲ့ အခါမှာ အဲဒီအချိန်က စပြီး ပြန်ပြီးစစ်ဆင်ရေး လုပ်ကြတာတွေ ရှိတယ်။ အဲဒီအချိန်မှာ နိုင်ငံတကာဖိအားတွေကြောင့် ၂၀၁၇ ဖေဖေါ်ဝါရီလမှာ အော်ပရေးရှင်းကို ရုပ်သိမ်းရ တယ်။ အဲဒီနောက် မှာ ကိုယ့်နယ်မြေကို ကိုယ်မထိန်းသိမ်းနိုင်၊ ဌာနေတိုင်းရင်းသားတွေ အသတ်ခံရ၊ အကြမ်းဖက်မှုတွေကို ခံရတာတွေဖြစ်လာတယ်။ အဲဒါကြောင့် ရပ်ဆိုင်းခဲ့ရတဲ့ အော်ပရေးရှင်းကို ပြန်ပြီး စစ်ဆင်ရေးဧရိယာသတ်မှတ်ပေးဖို့ တောင်းဆို တယ်။ စစ်အုပ်ချုပ်ရေး ကို တော့ လက်မခံဘူး။ တပ်မတော်က စစ်အုပ်ချုပ်ရေး လုပ်ရင် R2Pနဲ့တွေ့မယ်။၁၄ ပါတီ ဦးတည်တာဟာ အခုချိန်မှာ အဆင် မပြေဘူး။ ကျွန်တော်တို့ဖြစ်စေချင် တာက အော်ပရေးရှင်းဧရိယာသတ်မှတ်ပြီး စစ်ဆင်ရေးတွေပြန်လုပ်ဖို့ပါ။

ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။

ငြမ်းမီဒီယာ – ကျေးဇူးတင်ပါတယ်။

 

ငြမ်းမီဒီယာ

သြဂုတ်(၁၀)၊၂၀၁၇၊ရန်ကုန်

 


Share this post
  •  
  •  
  •  
  •  
  •  
ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။

Tags: , , , ,