စည်ပင်သာယာသည် တရားစွဲနိုင်သလို တရားစွဲလည်း ခံရနိုင်တယ် ဆိုတဲ့ အသိကို ပြည်သူတွေကို ပေးမယ်

ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။
Share this post
  •  
  •  
  •  
  •  
  •  

ငြမ်း / MKT ဆောက်လုပ်ရေး ကုမ္ပဏီဥက္ကဌ ဦးမျိုးမြင့်

စည်ပင်သာယာနဲ့ ဆက်သွယ် ဆောင်ရွက်တဲ့ အခါမှာလည်း ပြည်သူတွေကို ဘယ်လိုလွယ်ကူအောင် လုပ်ပေး မလဲလို့ သူက မစဉ်းစားဘူး။ ပြည်သူတွေကို ဘယ်လိုအပြစ်ပေးမလဲ၊ အရေးယူမလဲက စ စဉ်းစားတာ။ အဲဒါ …

လာမည့်မတ်လကုန်တွင် ရန်ကုန်မြို့တော်စည်ပင် သာယာရေး ကော်မတီအဆင့်ဆင့်၏ ရွေးကောက် ပွဲကို ကျင်းပမည် ဖြစ်သည်။အဆိုပါရွေးကောက်ပွဲတွင်ယှဉ်ပြိုင်ရန် အတွက် NLDပါတီနှင့် ကြံ့ ခိုင်ရေးပါတီမှ ကိုယ်စားလှယ်များ ရွေးကောက်ခံရန် စာရင်းသွင်း ထားသလို နိုင်ငံရေး တက်ကြွလှုပ်ရှားသူများ နှင့် စီးပွားရေး လုပ်ငန်း ရှင်အချို့ကလည်း ရွေးကောက်ပွဲ ဝင်ရောက်ယှဉ်ပြိုင်ရန် စာရင်းပေး သွင်းထားကြသည်။၎င်းတို့အထဲမှ ကော်မတီဝင် မဲဆန္ဒနယ် အမှတ် (၄) တွင် ယှဉ်ပြိုင်ရန် စာရင်းသွင်းထားသူ MKT ဆောက်လုပ်ရေး ကုမ္ပဏီဥက္ကဌ ဦးမျိုးမြင့်ကို ငြမ်းမီဒီယာက တွေ့ဆုံမေးမြန်းထား သည်။

ဦးမျိုးမြင့်သည် ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ အင်ဂျင်နီယာဌာနတွင် ခရိုင်မှူး အဆင့်အထိ ဝန်ထမ်း လုပ်သက် အနှစ် (၂၀) ခန့်လုပ်ကိုင်ခဲ့သူ ဖြစ်ပြီး လက်ရှိတွင် မြန်မာနိုင်ငံလုံး ဆိုင်ရာ ဆောက်လုပ်ရေး လုပ်ငန်းရှင်များ အသင်းချုပ်၏ အထွေထွေ အတွင်းရေးမှူးတာဝန်နှင့် မြန်မာနိုင်ငံ အင်ဂျင်နီယာ အသင်းချုပ်၏ ဗဟိုအလုပ်မှုဆောင် တာဝန်များကို ထမ်းဆောင်နေသူ ဖြစ်သည်။

ငြမ်းမီဒီယာ – စည်ပင်သာယာ ရွေးကောက်ပွဲကို စီးပွားရေး လုပ်ငန်းရှင် တစ်ယောက်အနေနဲ့ ဘာကြောင့် ဝင်ပြိုင်ဖို့ ဆုံးဖြတ်ခဲ့တာလဲ။

ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။

လွယ်ကူအောင် လုပ်ထားရဲ့ သားနဲ့ စည်းကမ်း ဖောက်ဖျက်ရင်တော့ အရေးယူပေါ့။ လှေကားကတက်လို့ ပြောပြီး လှေကားထောင် မထားရင်တော့ ကျော်တက်မှာပဲ။ မြင်ရတွေ့ရတာတွေမှာ …

UMM – စည်ပင်သာယာမှာ လက်ရှိ ဆောင်ရွက်နေတဲ့ ယန္တရားကို ပြည်သူ တစ်ယောက်အနေနဲ့ ခံစား ကြည့်တော့ တော်တော်လေး နှေးကွေးပြီးတော့ လေးလံနေတယ်လို့ ယူဆရတယ်။ နောက်တစ်ခု က စည်ပင်သာယာနဲ့ ဆက်သွယ် ဆောင်ရွက်တဲ့အခါမှာလည်း ပြည်သူတွေကို ဘယ်လိုလွယ်ကူအောင် လုပ်ပေးမလဲလို့ သူက မစဉ်းစားဘူး။ ပြည်သူ တွေကို ဘယ်လိုအပြစ်ပေးမလဲ၊ အရေးယူ မလဲက စ စဉ်း စားတာ။ အဲဒါတွေကို ကျွန်တော်က သဘောမတူဘူး။ ပြည်သူတွေကို လွယ်ကူ အောင် လုပ်ပေးမယ်။ အဆင်ပြေ ချောမွေ့ အောင် လုပ်ပေးမယ်။ ပြီးတော့မှ ပညာပေး အရေးယူမယ်။ အဲဒီလို သွားစေချင် တယ်။ အရေးမယူရဘူးတော့ မဟုတ်ဘူး။ ကျွန်တော်တို့ နိုင်ငံမှာ ရှိနေတဲ့ အခြေအနေကလည်း ဘယ်နေရာမှာပဲဖြစ်ဖြစ် အရေးယူ အပြစ်ပေးမှုတော့ ရှိရမယ်။ သို့သော်လည်း လွယ်ကူအောင် လုပ်ထားရဲ့ သားနဲ့ စည်းကမ်း ဖောက်ဖျက်ရင်တော့ အရေးယူပေါ့။

စည်ပင်သာယာက သူတို့ကို တိုင်မှာတောမှာ ကြောက်တော့ လူထုကို ချည်နှောင်တာ။ သူ့တာဝန်မခံချင်တော့ ဟိုဟာဆိုလည်း ထောက်ခံချက်ယူ ပါဦး။ ဒါဆိုလည်း ထောက်ခံချက်ယူပါဦး လုပ်နေတာ။ အဲဒီထောက်ခံချက်တွေ ချာလပတ်လည်နေတယ်။ ထောက်ခံချက်တွေ ယူထားလို့ အတိုင်ခံရရင် စည်ပင်က တာဝန်ယူသလားဆိုလည်း မယူပြန်ဘူး။ မဖြစ်သင့်တဲ့ …

လှေကားကတက်လို့ ပြောပြီး လှေကားထောင် မထားရင်တော့ ကျော်တက်မှာပဲ။ မြင်ရတွေ့ရတာတွေမှာ လိုအပ်ချက်တွေ ရှိနေလို့ ကျွန်တော်က ဝင်ပြိုင်တာ။ နောက်တစ်ချက်က ကျွန်တော် အင်ဂျင်နီယာလည်း ဟုတ်တယ်။ ထိုက်သင့်တဲ့ စီးပွားရေး လည်း ရှိနေပြီဆိုတော့ လွန်ခဲ့တဲ့ (၆) နှစ် လောက်က စပြီး လူမှုရေး အဖွဲ့အစည်း တော်တော်များများမှာ ဝင်လုပ်နေတာ။ ကျွန်တော်တို့က အသက် (၅၀) ကျော်မှာ ပြန်လည် ပေးဆပ်ခြင်းဆိုတဲ့ သဘော အတိုင်း ပြန်လည် ပေးဆပ်ခြင်းဆိုတဲ့ ဆောင်ရွက်နိုင်မယ် ထင်တာတွေကို ပြန်ပြီး မျှဝေချင်တာပါ။ ရန်ကုန်မြို့ကြီးကို ဖွံ့ဖြိုးတိုးတက် စေချင်တဲ့ ရည်ရွယ်ချက်နဲ့ ဝင်ပြိုင်တာပါ။

ငြမ်းမီဒီယာ – အခု ဘယ်မဲဆန္ဒနယ်က ဝင်ပြိုင်ဖို့ လုပ်ထားလဲ။ မဲဆန္ဒနယ်ရဲ့ အခြေအနေကိုရော ဘယ် လောက်သိထားလဲ။

UMM – ကျွန်တော်ဝင်ယှဉ်ပြိုင်ဖို့ လုပ်ထားတာက မဲဆန္ဒနယ် အမှတ် (၄) ပါ။ ဗိုလ်တစ်ထောင်၊ ပုဇွန် တောင်၊ ကျောက်တံတား၊ သာကေတ၊ ဒေါပုံ၊ မင်္ဂလာတောင်ညွန့်၊ ဒလနဲ့ ဆိပ်ကြီးခနောင်တိုမြို့နယ်တွေ ပါဝင်ပါတယ်။ ယေဘုယျအားဖြင့်ဆို Down Town (၆) မြို့နယ်ထဲက ပုဇွန်တောင်၊ ဗိုလ်တစ်ထောင်နဲ့ ကျောက်တံတား (၃) မြို့နယ် ပါ တယ်။ နောက် မင်္ဂလာတောင်ညွန့်ဆိုလည်း Down Town မြို့နယ် တွေလိုပါပဲ။ ၁၉၅၈ – ၁၉၆၂ က ဖော်ထုတ်ထားတဲ့ ဒေါပုံ၊ သာကေတ ဆိုရင်လည်း လူဦးရေ မနည်းဘူး။ အဓိက လူဦးရေ အများဆုံးက မင်္ဂလာတောင်ညွန့်၊ သာကေတနဲ့ ဒလက များတယ်။ မဲဆန္ဒနယ်ရဲ့ လူဦးရေ ထက်ဝက်လောက် ရှိတယ်။ ဒလက ရေရှားပါးမှု ပြဿနာရှိ တယ်။ လယ်ယာ လုပ်ငန်းနဲ့ လက်လုပ်လက်စား များတယ်။ ဆိပ်ကြီး ခနောင်တိုလည်း ဒီလိုပါပဲ။ ထူးခြား တာက ဆိပ်ကြီး ခနောင်တိုက ရန်ကုန်တိုင်းဒေသကြီး အစိုးရက ဖော်ဆောင်မယ့် မြို့သစ်စီမံကိန်း ပြဿနာ ရှိနေတယ်။ ဆပ်ကြီး ခနောင်တိုနဲ့ ဒလက စည်ပင် နယ်နိမိတ် ထဲသာပါတာ မြစ်ကူးချောင်းကူးနဲ့ ဖွံ့ဖြိုးမှု နည်းတယ်။

ငြမ်းမီဒီယာ – လာမယ့် ရွေးကောက်ပွဲမှာ လက်ရှိ အာဏာရပါတီကလည်း ဝင်ပြိုင်မယ်။ အတိုက်အခံ ကြံ့ခိုင် ရေးကလည်း ပြိုင်မယ်။ ပြိုင်တဲ့ နေရာမှာ ပါတီအလံတွေ၊ လိုဂိုတွေကို သုံးကြမယ် ဆိုတော့ တသီး ပုဂ္ဂလ ဝင်ပြိုင်မယ့် ဦးမျိုးမြင့်တို့လို လူတွေအတွက် ဘယ်လို အခက်အခဲတွေ ရှိမလဲ။ စိန်ခေါ်မှုက ဘာတွေ ဖြစ်မလဲ။

UMM – စိန်ခေါ်မှုက မဲရုံတွေဆိုပါတော့။ မဲရုံစောင့်အတွက် တစ်ရုံကို သုံးယောက် လေးယောက်ခန့်နိုင် တယ်။ အဲဒီအပြင် လူဦးရေ (၃၀၀) ကျော်ရင် တစ်ယောက် ထပ်ခန့်နိုင်တယ် ဆိုတော့ လူ (၃၀၀) က နေ (၅၀၀) အထိဖြစ်မယ်။ ပုဂ္ဂလိက အနေနဲ့ကျတော့ ဒီလူတွေကို ခန့် ထားပေးဖို့ အခက်အခဲ ရှိတယ်။ ဒီလူတွေကို သင်တန်းပေးဖို့လည်း အခက်အခဲရှိတယ်။ ပါတီတွေကတော့ ရပ်ကျေးကနေ အဆင့်ဆင့် သူတို့ဘာသာ လူရှိပြီးသား။ နောက်ပြီးတော့ ရွေးကောက်ပွဲနဲ့ ပတ် သက်ပြီးတော့လည်း အတွေ့အကြုံ ရှိတယ်။

ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။

စည်ပင်သာယာက လမ်းကြားကို တစ်ခါရှင်းပြီးရင် စည်ပင်နဲ့ သက်ဆိုင်တာ မဟုတ်ဘူးဆိုတဲ့ သူ့တာ ဝန် ကိုယ့်တာဝန် ခွဲနေတာထက် ဒီတာဝန် ဘယ်သူ့ ဆီရှိလဲ၊ပြည်သူမှာ တာဝန်ရှိတယ် ဆိုရင်လည်း လိုက်နာအောင် ဘယ်လိုလုပ်မလဲ၊ ဘယ်လို …

နောက်ပြီး သူတို့က အဲလူတွေကို ပိုက်ဆံပေးစရာ မလိုဘူး။ အောင်နိုင်ရေးအတွက် စေတနာ့ ဝန်ထမ်း(Volunteer) ဝင်လုပ်ကြမှာ။ နောက်တစ်ခုက ပါတီရဲ့ပုံရိပ်၊ ပါတီရဲ့အလံကို ရွေးကောက်ခံ ကိုယ်စားလှယ်က သုံးခွင့်ရှိတော့ ပါတီကြောင့် သော်လည်းကောင်း၊ ပါတီရဲ့ ခေါင်းဆောင်ကြောင့် သော်လည်းကောင်း သူရနိုင်တယ်။ ထိုနည်းတူစွာပဲ သူရဲ့ပါတီပုံရိပ် က ကျဆင်း နေတယ် ဆိုရင်လည်း ရွေးကာက်ခံ ကိုယ်စားလှယ် အတွက် သူတော်ပေမယ့်လည်း ထိခိုက်နိုင်တယ်။ ဒါပေမယ့် တစ်သီး ပုဂ္ဂလ အနေနဲ့ကတော့ တော်တော်လေး ကြိုးစား အားထုတ်ရမယ်။ ငွေကြေးကန့်သတ် ထားတာတွေလည်း ရှိမယ်။ ရွေးကောက်ပွဲဆိုင်ရာ လုပ်ထုံးလုပ်နည်းတွေ ရှိနေတာကြောင့် တစ်သီးပုဂ္ဂလ ဝင်ပြိုင်သူတွေဟာ ပါတီကလူတွေကို ယှဉ်ပြိုင်ရာမှာတော့ ကျွန်တော် တို့က ပိုပြီးအားထည့် လုပ်ဆောင်ရမှာပါ။

ငြမ်းမီဒီယာ – ဝင်ရောက်ယှဉ်ပြိုင်မယ်ဆိုတဲ့ မဲဆန္ဒနယ်နယ်ထဲက ပြည်သူတွေကို ဘာတွေ လုပ်ပေးချင်တာလဲ။

UMM – ကျွန်တော့်အနေနဲ့ ကိုယ်စားလှယ်လောင်း တစ်ယောက် အဖြစ် ရွေးကောက် ခံရမယ်ဆိုရင် အဓိကကတော့ စည်ပင်ဆိုတာ မွေးစကနေ သေသည်အထိ ပတ်သက်နေတာပါ။ စည်ပင်နဲ့ မပတ် သက်တာ ဘာမှမရှိဘူး။ ပြည်သူအများစုကို စည်းကမ်း ဥပဒေနဲ့အညီ လုပ်ထုံးလုပ်နည်းတွေ လျင်လျင်မြန်မြန် အလုပ်ဖြစ်အောင် ကျွန်တော် ပထမဆုံး ကြိုးစားချင်တယ်။ ပြည်သူတွေ အတွက် ခွင့်ပြုမိန့်တစ်ခုကို (၆) လကြာတာကို သုံးရက်နဲ့ ရမယ်၊ ငါးရက်နဲ့ ရမယ်ဆိုရင် ပြည်သူ တွေလည်း စိတ်ချမ်းသာမှု ရသွားမှာပါ။ ဝန်ထမ်းတွေရဲ့ ဖွဲ့စည်းပုံနဲ့ တာဝန်ခွဲဝေခွင့်တွေကိုပြန်လည် စီစစ်ပြီး အချို့အဆင့်တွေ လျော့ချ ခြင်းအားဖြင့် ယန္တရားကြီးက ပြန်လည် ချောမွေ့လာမယ်။ ဒလဆိုရင် ရေခက် ခဲတယ်လို့ မြင်ကြတယ်။ တစ်ကယ်က ရန်ကုန်မှာရော အခု ရေလောက်တယ်၊ မနက်ဖြန် လောက် ပါ့မလား၊ သန်ဘက်ခါ လောက်ပါ့မလား။ ရန်ကုန်မှာရှိတဲ့ လူထုအတွက် နောက် ၂၀၂၀၊ ၂၀၃၀ မှာ လူဦးရေ ဘယ်လောက် တိုးလာမလဲ။ ရေပေးဝေရေး အတွက် တတ်နိုင်သမျှ အားထည့်သွားဖို့စိတ်ကူး ထားတယ်။ ဒလမှာလည်း ပြည်သူတွေ ခံစားနေရတဲ့ ရေဒုက္ခအတွက် အလျင် မြန်ဆုံး အဆင်ပြေ အောင် ကြိုးစားမလဲဆိုတာ စဉ်းစားထား ပါတယ်။ အမှိုက်ပြဿနာမှာလည်း ပြည်သူမှာပဲ တာဝန်ရှိ တယ်၊ စည်ပင်မှာ တာဝန်မရှိဘူးဆိုတဲ့ ပြီးပြီးရောတော့ မျက်စိစုံ မှိတ်ပြီး ပစ်ထားမှာတော့ မဟုတ်ဘူူး။ ထိုက်သင့်တဲ့ နည်းလည်းတစ်ခု ရှာတာသော် လည်းကောင်း၊ စည်ပင်သာယာက တစ်စိတ် တစ်ပိုင်း ဆောင်ရွက်တာ သော်လည်းကောင်း ကျွန်တော့်အနေနဲ့ ဆောင်ရွက်ခွင့်ရရင် ဆောင်ရွက်ချင်ပါတယ်။ စည်ပင်သာယာ က လမ်းကြားကို တစ်ခါရှင်းပြီးရင် စည်ပင်နဲ့ သက်ဆိုင်တာ မဟုတ်ဘူးဆိုတဲ့ သူ့တာ ဝန် ကိုယ့်တာဝန် ခွဲနေတာထက် ဒီတာဝန် ဘယ်သူ့ ဆီရှိလဲ၊ပြည်သူမှာ တာဝန်ရှိတယ် ဆိုရင်လည်း လိုက်နာအောင် ဘယ်လိုလုပ်မလဲ၊ ဘယ်လိုထိရောက်အောင် ဆောင်ရွက်မလဲ ပေါ့။ မူဝါဒတွေ ချမှတ်ထားမယ်လို့ စဉ်းစားထားပါတယ်။

ငြမ်းမီဒီယာ – ဆောက်လုပ်ရေး လုပ်ငန်းတွေ လုပ်တဲ့အခါမှာ ပြည်သူတွေ အနေနဲ့ အခက်အခဲတွေ ရှိတယ် ဆိုတဲ့ သတင်းတွေ ကြားရတယ်။ ဦးမျိုးမြင့်အနေနဲ့ကလည်း လက်ရှိ ဆောက်လုပ်ရေး လုပ်ငန်းရှင် တစ်ယောက်လည်း ဖြစ်နေတော့ လုပ်ငန်း အခက်အခဲတွေကို သိထားမယ် ထင်ပါတယ်။ ဘယ်လိုတွေ လုပ်ပေးရင် ပြည်သူတွေအဆင်ပြေမယ် ထင်လဲ။

UMM – ဆောက်လုပ်ရေးနဲ့ ပတ်သက်တာ ဆိုရင်လည်း စားဝတ်နေ ရေးမှာ နေရေးဆိုတဲ့ ပြသနာက လည်း လူဖြစ်လာရင် အရေးကြီးတဲ့ ကိစ္စတစ်ရပ်ဖြစ်တယ်။ စည်ပင်မှာလည်း နာမည်ထိခိုက်တဲ့ ဟာက ခွင့်ပြုမိန့်တွေ ကြန့်ကြာတဲ့ကိစ္စ၊ ဟိုအရင် အဆက်ဆက်က နှစ်ထပ်၊ သုံးထပ်လောက်ကို မြို့နယ်မှာ ပေးတယ်။ ခြောက်ထပ်၊ ခုနှစ်ထပ်၊ ရှစ်ထပ်ကို ဌာနမှူးလောက်နဲ့ ဖြတ်တယ်။ ကော်မတီထိ မတင်ဘူး။ အခုက ဘယ်လိုဖြစ်နေလဲဆိုရင် ပြင်တာလေးကအစ ရှိသမျှကို ကော်မတီဝင် အစည်း အဝေးထိ မြို့တော်ဝန်၊ ဌာနမှူးအထိ ဖြတ်နေရ တဲ့အစား ကျွန်တော်တို့ ဖြစ်စေချင်တာက နှစ်ထပ်အထိကို မြို့နယ် အုပ်ချုပ်ရေးရုံးက ပါမစ်ပေးလိုက်။ အဲဒါဆို ထောက်ကြံ့ကနေ ရန်ကုန်မြို့ထဲလာရတဲ့ ယာဉ်ကြောကြပ်မှု သက်သာမယ်။ ကားတွေ ဆီကုန် သက်သာ မယ်။ နောက်ပြီး ကာယကံရှင်ကိုယ်တိုင် လာရမယ် ဆိုတဲ့အတွက် သက်ကြီးရွယ်အိုတွေ ဒုက္ခရောက်တယ်။ မလာနိုင်လို့ စပယ်ရှယ်ပါဝါ လွှဲမယ်ဆိုရင်လည်း ရုံးကိုသွားရဦးမယ်။ ဆင့်ကဲ့ဆင့် ကဲ ဒုက္ခရောက်တယ်။ တစ်ယောက်နဲ့ တစ်ယောက် မယုံကြည်မှုတွေကို ဖျောက်ဖျက်ပြီးတော့ ထိုက်သင့်တဲ့ လုပ်ပိုင်ခွင့် အဆင့်ဆင့် ပေးပြီး လုပ်မယ် စိတ်ကူးတယ်။ မြို့နယ်မှာ ပေးနိုင်တဲ့အဆင့်ကို မြို့နယ်က ပေးတာကို မသမာမှုလုပ်တယ် ဆိုလည်း သူလုပ်တဲ့အလျှောက် သွားလိမ့်မယ်။ ထိုက်သင့်တဲ့ လုပ်ပိုင်ခွင့်တွေ ပေးလိုက်ရင် ပြည်သူ လည်း သက်သာမယ်။ ခိုးဆောက်တာတွေ၊ မသမာမှုတွေလည်း ပျောက်သွားလိမ့်မယ်။

ရန်ကုန်မြို့ကြီးက ပျက်စီးနေတာကြာပြီ ဖြစ်တဲ့အတွက် အရှင်မွေး နေ့ချင်းကြီးတော့ မဖြစ်နိုင်ဘူး။ ဝန်ထမ်းတွေကို လုပ်ပိုင်ခွင့်တွေလည်း ပိုပေးသလို ငွေကြေးမသမာမှုတွေ ဖြစ်လာရင်လည်း ပြင်းပြင်းထန်ထန် အရေးယူ ဆောင်ရွက်လိုက်ရင် မတိုးတက်စရာ မရှိပါဘူး …

မလိုအပ်တဲ့ ထောက်ခံချက်တွေ တောင်းတာ လည်း လျှော့ရမယ်။ စည်ပင်သာယာက သူတို့ကို တိုင်မှာတောမှာ ကြောက်တော့ လူထုကို ချည်နှောင်တာ။ သူ့တာဝန်မခံချင်တော့ ဟိုဟာဆိုလည်း ထောက်ခံချက်ယူ ပါဦး။ ဒါဆိုလည်း ထောက်ခံချက်ယူပါဦး လုပ်နေတာ။ အဲဒီထောက်ခံချက်တွေ ချာလပတ်လည်နေတယ်။ ထောက်ခံချက်တွေ ယူထားလို့ အတိုင်ခံရရင် စည်ပင်က တာဝန်ယူသလားဆိုလည်း မယူပြန်ဘူး။ မဖြစ်သင့်တဲ့ ထောက်ခံချက်တွေ ပယ်ခိုင်းမယ်။ စည်ပင်သာယာသည် တရားစွဲနိုင်သလို တရားစွဲလည်း ခံရနိုင်တယ်ဆိုတဲ့ အသိကို ပြည်သူတွေကို ပေးမယ်။ ကျန်တဲ့ဌာနတွေက One Stop Service ဆိုပြီး တစ်နေရာတည်း ပေါင်းလုပ်ပေးနေတာ။ စည်ပင်သာယာက တစ်ဌာနတည်းမှာကို ဌာနတွေ အများကြီး ဖြစ်နေတယ်။ တစ်ခါတလေကျတော့ ဆောက်ခွင့်ရတယ်။ ရေသန့်ပါမစ်က နောက်ခြောက်လလောက်မှ ရတယ်။ အဲဒီလို အခက်အခဲတွေ ရှိတယ်။ စည်ပင်သာယာ လက်အောက်မှာကိုပဲ အခက်အခဲတွေ ရှိတယ်။ နေရာတိုင်းမှာတော့ အတုလုပ်တာ ရှိနိုင်တယ်။ အတုလုပ်တဲ့သူကို ထိထိရောက်ရောက် အရေးယူပါ။ အတုလုပ်သူ တစ်ယောက်ကြောင့် ကျန်တဲ့ပြည်သူ တစ်ထောင်၊ တစ်သောင်းကို ဒုက္ခရောက်အောင် လုပ်တာမျိုးတော့ မဖြစ်သင့်ဘူး။

ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။

ငြမ်းမီဒီယာ – အခုခေတ်စားနေတဲ့ ရန်ကုန်မြို့နဲ့ မန္တလေးမြို့ သူမြို့က သာ တယ်၊ ငါမြို့ကသာတယ် ဆိုပြီး ပြောဆိုမှုတွေရှိနေတယ်။ တစ်ကယ်လို့သာ ကော်မတီဝင် တစ်ယောက်အဖြစ် ရွေးချယ်ခံခဲ့ရရင် အခုနှိုင်းယှဉ်နေတဲ့ Smart City လို့ ပြောနေတဲ့ မန္တလေးကိုမီအောင် လုပ်နိုင်ပါမလား။

UMM – မီအောင်လုပ်နိုင်တဲ့ အခြေအနေရှိပါတယ်။ အချိန်တစ်ခုတော့ ပေးရမယ်။ မန္တလေးမှာ ရှိတဲ့ စည်ပင်သာယာရဲ့ အင်အားက နည်းနည်းလေး။ ရန်ကုန်စည်ပင်မှာက ဝန်ထမ်း နှစ်သောင်းလောက် ရှိတယ်။ မြို့ကြီးသလိုသူရဲ့ခန့်ထား
ဝန်ထမ်း အင်အားရော၊ ကျန်တဲ့ အင်အားလည်း အကြီးကြီးပဲ။ စစ်တိုက်သလိုပေါ့၊ နိုင်ငံသေးသေး လေးကို လူအင်အားနည်းနည်းနဲ့ တိုက်တယ်။ နိုင်ငံကြီးကြီးကို လူအင်အားများများနဲ့ တိုက်ရင် နိုင်ရတာခြင်း အတူတူပဲ။ မန်းကို စည်ပင်ဝန်ထမ်း တစ်ထောင်ထား ပါတော့။ ရန်ကုန်ကိုလည်း လူတစ်ထောင်နဲ့ လုပ်ဆိုရင် ဒါကတော့ မတရားဘူးပေါ့။ ကျွန်တော်သိသလောက်တော့ ယန္တား အင်အားရော လူအင်အားရော ဖွဲ့စည်းပုံရော အများကြီးသာလွန်တယ်။ သူတို့က ဖွဲ့စည်းပုံသေးပြီး သူဖွဲ့စည်းပုံနဲ့သူ အောင်မြင်အောင် လုပ်နိုင်တယ်။ ကျွန်တော်တို့ဆီမှာလည်း ဖွဲ့စည်းပုံကြီးတဲ့အတွက် တစ်ကယ်သာ သေသေချာချာ စီမံခန့်ခွဲရင် မအောင်မြင်စရာ မရှိပါဘူး။ ရန်ကုန်မြို့ကြီးက ပျက်စီးနေတာကြာပြီ ဖြစ်တဲ့အတွက် အရှင်မွေး နေ့ချင်းကြီးတော့ မဖြစ်နိုင်ဘူး။ ဝန်ထမ်းတွေကို လုပ်ပိုင်ခွင့်တွေလည်း ပိုပေးသလို ငွေကြေးမသမာမှုတွေ ဖြစ်လာရင်လည်း ပြင်းပြင်းထန်ထန် အရေးယူ ဆောင်ရွက်လိုက်ရင် မတိုးတက်စရာ မရှိပါဘူး။ ရန်ကုန်မြို့ကြီးလည်း မန္တလေးလို တိုးတက်လာမှာပါ။

ငြမ်းမီဒီယာ – ကိုယ်တိုင်က လုပ်ငန်းရှင်တစ်ယောက် ဖြစ်နေတော့ ရွေးချယ် ခံခဲ့ရရင် ကိုယ်ကျိုးစီးပွား ပြဿနာတွေ မရှိအောင် ဘယ်လိုလုပ်မလဲ။

UMM – ကျွန်တော့် အနေနဲ့ကတော့ ကိုယ်ကျိုးစီးပွား ပြဿနာကို အကင်းရှင်းဆုံး နေပါမယ်။ အချိန်မရွေး စိစစ်လို့ရတယ်။ ရှင်းရှင်း ပြောရရင် ဒီမှာဝင်ပြီး ရွေးချယ်ခံကတည်းက ကိုယ့်စီးပွားရေးမှာ ထိခိုက်မှု ရှိတယ်။ သားနဲ့သမီးကို လုပ်ငန်းတွေ လွှဲပေးခဲ့မယ်။ ကျွန်တော် သူတို့ကို အကြံဉာဏ်လောက်ပဲ ပေးမယ်။ အုပ်ချုပ်မှု အပိုင်းကို သူတို့ တာဝန်ဆက်ယူပြီးတော့ လုပ်ကြပေါ့။ ကျွန်တော် စည်ပင်ဝန်ထမ်း နှစ် (၂၀) လုပ်ခဲ့တယ်။ စည်ပင်မြေ တစ်လက်မမှ ကျွန်တော်မယူခဲ့ဘူး။ စာရေးဝန်ထမ်းတောင် မြေကွက် (၄) ကွက်လောက် ရတဲ့ အချိန်မှာတောင် ကျွန်တော်တစ်ကွက်မှ မယူခဲ့ဘူး။ ကျွန်တော့်ရာဇဝင်ကို ပြန်လှန်ကြည့် လို့ရတယ်။ ယုဇနအိမ်ရာမှာ တိုက်ခန်း (၂,၀၀၀) လောက် မဲနှိုက်ပေးတယ်။ ဝန်ထမ်းတွေ နှစ်ယောက်ကို တစ်ယောက်လောက် မဲပေါက်တဲ့ အချိန်မှာ သိန်း (၃၀) တန် အခန်းတစ်ခန်း ရဖူးပါတယ်။ ကျွန်တော် ကိုယ့်လိပ်ပြာ ကိုယ်လုံတဲ့အတွက် ဒီအပေါ်မှာသံသယ မရှိ ပါဘူး။ လူတွေစိတ်ထဲမှာက စီးပွားရေးသမားဆို မသမာမှု လုပ်မလားပေါ့။ ဘယ်သူ့ကိုမှ ရည်ရွယ်တာ မဟုတ်ပေမယ့် အချို့ ရွေးကောက်ခံတွေထဲမှာ ကျွန်တော်ကြားတာက အလုပ်အကိုင် အဆင်မပြေလို့ ဝင်လုပ်ချင်တယ်ဆိုတဲ့ လူတွေလည်းပါတယ်။ သူဟာသူတော့ ရှိနေတာပဲ။ လက်ဖက်ရည်ဆိုင် ဖွင့်ထားသူတောင် စည်ပင်နဲ့ မကင်းဘူးလေ။ ရန်ကုန်မှာ စည်ပင်နဲ့ကင်းသူ မရှိဘူး။ စီးပွားရေးသမားမှ မဟုတ်ဘူး၊ မရှိသူကလည်း လိုအပ်လို့ မသမာမှုတွေ ဖြစ်နိုင်သလို၊ ရှိတဲ့လူကလည်း လောဘ ပိုတက်လို့ ဖြစ်နိုင်တာပဲ၊ လူတစ်ယောက်ချင်း အပေါ် မူတည်ပါတယ်။

ငြမ်းမီဒီယာ – ဘာများ ဖြည့်စွက်ပြောချင်ပါသလဲ။

UMM – ရန်ကုန်မှာ ကျူးကျော်တွေ အများကြီးရှိတယ်။ နိုင်ငံကလည်း ဆင်းရဲဆုံး နိုင်ငံဘဝကနေ လွတ်မြောက်ဖို့ ကြိုးစားနေတဲ့ နိုင်ငံဖြစ် တယ်။ ဖြစ်တဲ့အခါမှာ ကျွန်တော်တို့ ရန်ကုန်မြို့သည် နိုင်ငံရဲ့ စီးပွား ရေး (၇၀) ရာခိုင်နှုန်းလောက်ကို ဖော်ဆောင်နေတာ ဖြစ်တယ်။ ရန်ကုန်မြို့မှာ နေတဲ့ ပြည်သူ တွေသည် စိတ်ချမ်းသာမယ်၊ ကိုယ် ကျန်းမာမယ် ဆိုရင် ဘယ်သူပဲဖြစ်ဖြစ် သူတို့ရဲ့ နေမှုထိုင်မှုနဲ့ ဝင်ငွေတွေလည်း တိုးတက်လာမှာ ဖြစ်တဲ့အတွက် ရန်ကုန်မြို့တော် စည်ပင်သာယာကော်မတီရဲ့ လုပ်ငန်းက ပြည်သူတွေကို ဝန်ဆောင်မှု ပေးတဲ့နေရာမှာ သေသေချာချာ အဆင့်မြှင့်တင်နိုင်မယ် ဆိုရင် ရန်ကုန်မြို့ကြီး တစ်ခုတည်း ဖွံ့ဖြိုးတိုးတက်တာ မဟုတ်ဘဲ နိုင်ငံတစ်ခုလုံး တိုးတက်တာ ဖြစ်တဲ့အတွက် ရန်ကုန်သားတွေ အနေနဲ့ စည်ပင်ရွေးကောက်ပွဲမှာ တစ်ကယ်လုပ်နိုင်တဲ့ လူကိုကြည့်ပြီး ရွေးချယ်ပေးကြပါလို့ သတင်းစကားပါးလိုပါတယ်။

ငြမ်းမီဒီယာ – ခုလိုအချိန်ပေး ဖြေကြားပေးတာ ကျေးဇူးတင်ပါတယ်။

ငြမ်းမီဒီယာ

 


Share this post
  •  
  •  
  •  
  •  
  •  
ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။

Tags: , , , ,