စနောက်သည်ကိုမကျေနပ်၍ ဦးခေါင်းအားဓာတ်ဆီဖြင့်လောင်းမီးရှို့

ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။
Share this post
  •  
  •  
  •  
  •  
  •  

စက်တင်ဘာ(၇)၊၂၀၁၉၊ရန်ကုန်

စနောက်သည်ကိုမကျေနပ်၍ ဦးခေါင်းအားဓာတ်ဆီဖြင့်လောင်းမီရှို့ခဲ့မှု ဖြူးမြို့တွင် ဖြစ်ပွားခဲ့သည်။

စက်တင်ဘာလ(၄)ရက်နေ့က ဖြူးမြို့၊ဆေးရုံကွက်နေ ဦးတင်မောင်ထွေးသည် ဘူတာတောင်ရပ်ကွက်၊ ဖုန်းပြုပြင်ရေးဆိုင်၌ ၎င်း၏ဖုန်းအားလာရောက်ပြုပြင်စဉ် ဖုန်းဆိုင်နှင့်ကပ်လျက် လူသုံးကုန်စတိုးဆိုင်၏ အရောင်းဝန်ထမ်းဖြစ်သူ မ…..(၁၇)နှစ်အား မကြာခဏ လာရောက်စနောက်သည်ကို စတိုးဆိုင်ပိုင်ရှင် စောသက်စိုးသိန်း(၃၁)နှစ်က မကျေနပ်သဖြင့် ဦးတင်မောင်ထွေး၏ ဦးခေါင်းအားဓာတ်ဆီဖြင့် လောင်းမီးရှို့ခဲ့ခြင်းဖြစ်သည်ဟု ရဲတပ်ဖွဲ့က သတင်း ထုတ်ပြန်ထားသည်။

ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။

ဦးခေါင်းမီးရှို့ခံရသည့် ဒဏ်ရာများမှာစိုးရိမ်ဖွယ်အခြေအနေတွင် ရှိသည်ဟု ရဲတပ်ဖွဲ့ကဆိုသည်။ယင်းအပြင် ဦးတင်မောင်ထွေးအား ဓာတ်ဆီဖြင့်လောင်းမီးရှို့ခဲ့သူ စောသက်စိုးသိန်း တွင်လည်း မီးလောင်ဒဏ်ရာအချို့ ရရှိခဲ့သည်။

၎င်းတို့အားဖြူးမြို့ပြည်သူ့ဆေးရုံသို့ပို့ဆောင်ကုသခဲ့ပြီး စောသက်စိုးသိန်း (၃၁)နှစ်အား ဖြူးမြို့မရဲစခန်း(ပ)၇၄၃/ ၂၀၁၉၊ ရာဇသတ်ကြီးပုဒ်မ ၃၀၇(လူသတ်ရန်အားထုတ်မှု)ဖြင့် အမှုဖွင့်စစ်ဆေးလျက်ရှိသည်။

ဓာတ်ပုံ – ဖြူးမြို့သတင်း


Share this post
  •  
  •  
  •  
  •  
  •  
ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။