မြန်မာနိုင်ငံရဲတပ်ဖွဲ့
ရန်ကုန်တိုင်းဒေသကြီး၊စမ်းချောင်းမြို့နယ်၊လင်းလွန်းမြောက်ရပ်ကွက်နေ မအေးအေးဝင်း (ခ)စုလှိုင်၏နေအိမ်တွင်WY စိတ်ကြွဆေးပြား (၁၆၈၈၀၀ )ပြား ဖမ်းဆီးရမိခဲ့
သြဂုတ်(၂၆)၊၂၀၁၉၊ရန်ကုန်
သြဂုတ်လ(၂၅)ရက်နေ့၊၁၅:၃၀အချိန်တွင်မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့ဝင်များသည်စမ်းချောင်းမြို့နယ်၊လင်းလွန်းမြောက်ရပ်ကွက်နေ မအေးအေးဝင်း (ခ)စုလှိုင်၏နေအိမ်သို့ဝင်ရောက် ရှာဖွေရာ နေအိမ်၊ အိပ်ခန်းရှိုးကေ့စ်အတွင်း ပလတ်စတစ်ပုံးဖြင့်ထည့်ထားသည့် WY စိတ်ကြွ ဆေးပြား (၁၆၈၈၀၀ )ပြားနှင့်ဖုန်း (၁)လုံး၊ပိုက်ဆံ အိတ်နှင့် ငွေ(၆၇၀၀၀)ကျပ်ကိုသိမ်းဆည်း ရမိခဲ့သည်ဟု မူးးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့ကသတင်းထုတ်ပြန်သည်။
ဖြစ်စဉ်မှာ သြဂုတ်လ(၂၅)ရက်နေ့ ၁၂:၀၀အချိန်တွင်ဗဟန်းမြို့နယ်၊ ဆရာစံအရှေ့ရပ်ကွက်၊ မြန်မာပလာဇာရှေ့ လမ်းလျှောက်လာသည့် ထွဋ်အောင်လွင်(၂၈)နှစ်နှင့်ကြည်ခိုင်(၄၀)နှစ်တို့ နှစ်ဦးအားမူးယစ် ဆေးဝါးတားဆီး နှိမ်နင်းရေး ရဲတပ်ဖွဲ့ကစစ်ဆေးရှာဖွေရာ ၎င်းတို့နှစ်ဦးထံမှWY စိတ်ကြွဆေးပြား(၄၀၀)၊ ဖုန်း(၂)လုံးတို့ကို သိမ်းဆည်းရမိခဲ့သည်။
ယင်းနောက် ၎င်းးတို့နှစ်ဦးအားစစ်ဆေးပေါ်ပေါက်ချက်အရ စမ်းချောင်း မြို့နယ်၊ လင်းလွန်းမြောက် ရပ်ကွက်နေ မအေးအေးဝင်း(ခ)စုလှိုင်ထံမှ မူးယစ်ဆေးဝါးများထပ်မံဖမ်းဆီးရမိခြင်းဖြစ်ပြီး စုစုပေါင်းဖမ်းဆီးရမိသည့် WY စိတ်ကြွဆေးပြားမှာ (၁၆၉၂၀၀) ပြားဖြစ်သည်။
၂၀၁၉ခုနှစ်၊သြဂုတ်လ(၂၄)ရက်နေ့အထိ စုံစမ်းဖော်ထုတ်ချက်အရ မူးယစ်ဆေးဝါးအမှုပေါင်း (၇၃၀)ဖွင့်လှစ်အရေးယူနိုင်ခဲ့ကြောင်း နိုင်ငံတော်သမ္မတရုံးကသတင်းထုတ်ပြန်ထားသည်။
နိုင်ငံတော်သမ္မတရုံးမှ “မူးယစ်ဆေးဝါးအထူးသတင်းတိုင်ကြားရေး ဌာန“ကိုဖွင့်လှစ်ကြောင်း ၂၀၁၈ခုနှစ်၊ဇွန်လ(၂၆)ရက်နေ့တွင် အများပြည်သူထံသို့ ထုတ်ပြန်ကြေညာခဲ့သည်။
အေးအေးဝင်း(ခ)စုလှိုင်အားသိမ်းဆည်းရမိသည့်စိတ်ကြွဆေးပြားများနှင့်အတူတွေ့ရစဉ်