MSCO / နိုင်ငံတော်၏ အတိုင်ပင်ခံဒေါ်အောင်ဆန်းစုကြည်
ကျွန်မတို့ ပြည်သူတွေကို အမြင်ကျယ်စေချင်တယ်၊ စိတ်ခိုင်မာစေချင်တယ်၊ ဝီရိယကောင်းစေချင်တယ်၊ သွေးစည်းစေချင်တယ်။…
COVID နှင့် နွယ်သည့် ပြဿနာများကို စဉ်းစားသည့် အခါတွင် နိုင်ငံ ၏ မြောက်များ လှစွာသောအခြား စိန်ခေါ်မှုများကို လည်း မြင်လာကြလိမ့်မည်ဟု ထင်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က ၎င်း၏ဖေ့စ်ဘွတ် စာမျက်နှာတွင် ရေးသားထားသည်။
ဖွံ့ဖြိုးဆဲနိုင်ငံ တစ်နိုင်ငံ ၏ထွန်းသစ်စ ကျန်းမာရေး၊စီးပွားရေး၊ ပညာရေး တိုးတက်မှုများ မယိမ်းယိုင်သွားအောင် ထိန်းသိမ်းထားရေး၊ များပြားလှသည့် ပြည်တော်ပြန် အလုပ်သမားများ အရေး၊ ပြည်တွင်းစစ်နှင့် နွယ်နေသည့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ နယ်မြေများ နှင့် အနယ်နယ် အရပ်ရပ်ရှိ IDP စခန်းများ အတွင်း COVID ရောဂါ ကာကွယ်ရေး၊ မတည်ငြိမ် သေးသည့် မြောက်ပိုင်း ရခိုင်အရေး စသည့်အခြေအနေများကို လည်း ဒေါ်အောင်ဆန်းစုကြည် က ရေးသားဖော်ပြထားသည်။
ကြုံတုန်း ပြောပါရစေ။ မနေ့က video တွေ့ဆုံပွဲအပြီးမှာ မန္တလေး ကန်တော်နဒီ ဆေးရုံကြီး ပြုပြင်ရေးအတွက် အလှူရှင် ရှိနေပြီ ဆိုတာ သိရပါတယ်။ ပြည်သူ့ ကျန်းမာရေး …
COVID ရောဂါပေါ်လာသည့် အတွက် အခြားစိန်ခေါ်မှုများ မပျောက်သွားဘဲ COVID အလွန်အတွက်လည်းယခု ကတည်းကပင် ပြင်ဆင်ထားရသည် ဟု နိုင်ငံ၏ လက်ရှိ အခြေအနေများနှင့်ပတ်သက်၍ ဒေါ်အောင်ဆန်းစုကြည် က ပြည်သူလူထုအား အသိ ပေးထားသည်။
“ ကျွန်မတို့ ပြည်သူတွေကို အမြင်ကျယ်စေချင်တယ်၊ စိတ်ခိုင်မာစေချင်တယ်၊ ဝီရိယကောင်းစေချင်တယ်၊ သွေးစည်းစေချင်တယ်။” ဟု ဒေါ်အောင်ဆန်းစုကြည် က ပြည်သူလူထုသို့ ပန်ကြားထားသည်။
ဧပြီလ (၂၈) ရက်နေ့ က ဒေါ်အောင်ဆန်းစုကြည်နှင့် COVID -19 အတည်ပြုလူနာ (၃) ဦး video တွေ့ဆုံမှုဖြင့် အပြန်အလှန် ဆွေးနွေးခဲ့ရာ တွင် COVID -19 လူနာအား ကုသပေးရင်း ရောဂါ ကူးစက်ခံရသည့် ပြည်မြို့ ဆေးရုံ မှ မေ့ဆေးဆရာဝန်ကြီး ဒေါ်မြင့်မြင့်စိန် လည်း ပါဝင်ခဲ့သည်။
အဆိုပါ ဆွေးနွေးပွဲတွင် မေ့ဆေးဆရာဝန်ကြီး ဒေါ်မြင့်မြင့်စိန်မှ မြန်မာပြည်၏ ကျန်းမာရေးကဏ္ဍအခြေအနေများ နှင့် လိုအပ် ချက်များ ကို ဆွေးနွေးသွားခဲ့ပြီး ကျန် COVID -19 လူနာနှစ်ဦးမှလည်း ၎င်းတို့တွေ့ကြုံ ဖြတ်သန်း ခဲ့ရသည့် အခြေအနေများကို ဆွေးနွေးခဲ့သည်။
“ ကြုံတုန်း ပြောပါရစေ။ မနေ့က video တွေ့ဆုံပွဲအပြီးမှာ မန္တလေး ကန်တော်နဒီ ဆေးရုံကြီး ပြုပြင်ရေးအတွက် အလှူရှင် ရှိနေပြီ ဆိုတာ သိရပါတယ်။ ပြည်သူ့ ကျန်းမာရေး အတွက် အထောက်အကူပါ။ ကျေးဇူးတင်ပါတယ်။” ဟု ဒေါ်အောင်ဆန်းစုကြည်က ရေးသား ထားသည်.။
ယမန်နေ့က ဆွေးနွေးပွဲတွင် COVID -19 ရောဂါကူးစက်ခံခဲ့ရသည့် လူနာတစ်ဦးမှ ကန်တော်နဒီ ဆေးရုံကြီး တွင် ၎င်းတွေ့ ကြုံခဲ့ရသည့် အခြေအနေအခက်အခဲများအား ပြောကြားခဲ့ပြီးနောက် မန္တလေး ကန်တော်နဒီ ဆေးရုံကြီး လိုအပ်ချက်များ နှင့် ပတ်သက်၍ ပြုပြင်ရန် အလှူရှင် ရှိနေပြီ ဖြစ်ကြောင်း ဆောင်ရွက်ထားရှိမှု အခြေအနေများ နှင့် ပတ်သက်၍ ဒေါ်အောင်ဆန်းစုကြည် က အထက်ပါအတိုင်း ပြည်သူလူထု သို့ အသိပေးခြင်းဖြစ်သည်။
မြန်မာနိုင်ငံတွင် ဧပြီလ (၂၉) ရက်နေ့၊ည ရှစ်နာရီ အချိန်အထိ COVID -19 ပိုးတွေ့လူနာ (၁၅၀) ဦး၊ပိုးတွေ့သေဆုံး (၆)ဦး၊ ပိုးတွေ့ သက်သာ (၂၇) ဦး၊ဓာတ်ခွဲစစ်ဆေးသူစုစုပေါင်း (၇၇၁၈) ဦး၊ စောင့်ကြည့်လူနာ စုစုပေါင်း (၃၀၁၈) ဦး ရှိသည်။
ငြမ်းမီဒီယာ