စုံစမ်းစစ်ဆေးရေးခုံရုံး၏ စစ်ဆေးတွေ့ရှိချက်များအပေါ် စစ်တရားရုံးဖြင့် ဆက်လက်စစ်ဆေးစီရင် သွားမည်ဖြစ်

ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။
Share this post
  •  
  •  
  •  
  •  
  •  

တပ်မတော် နည်းဥပဒေများနှင့် အညီ ဖွဲ့စည်းခဲ့သည့် ဥက္ကဋ္ဌ ဗိုလ်ချုပ် မြတ်ကျော် ဦးဆောင်သော စုံစမ်း စစ်ဆေးရေးခုံရုံး (Court of Inquiry) အဖွဲ့သည် ရခိုင်ပြည်နယ် ဘူးသီးတောင်၊ မောင်တောနယ်မြေသို့ ၂၀၁၉ ခုနှစ်၊ ဇူလိုင်လ ၁၅ ရက်မှ သြဂုတ်လ ၅ ရက် အထိ ဒုတိယအကြိမ် သွားရောက် စစ်ဆေး ခဲ့ပြီး ဖြစ်ပါသည်….

စုံစမ်းစစ်ဆေးရေး ခုံရုံးက စစ်ဆေးခဲ့သည့် နှစ်ကြိမ်အတွင်း စစ်ဆေးတွေ့ရှိချက်များအရ ဂူတာပြင် ကျေးရွာ ဖြစ်စဉ်အချို့တွင် ညွှန်ကြားချက်အတိုင်း လိုက်နာဆောင်ရွက်ရန် အားနည်းခဲ့သဖြင့် စစ်စည်း ကမ်းအရ အရေးယူရန် အခြေအနေ ပေါ်ပေါက်ကြောင်း တွေ့ရှိရပါသည်။ သို့ပါ၍ စစ်တရားရုံး (Court- Martial) ဖြင့် ဆက်လက်စစ်ဆေး စီရင်နိုင်ရေး စစ်ဘက်တရား စီရင်ရေး လုပ်ထုံးလုပ်နည်းများနှင့်အညီ ဆက်လက် ဆောင်ရွက် သွားမည် ဖြစ်ပါသည်။ စုံစမ်းစစ်ဆေးရေး ခုံရုံးအနေဖြင့် ကျန်ရှိနေသေးသည့် စုံစမ်းစစ်ဆေးမှုများကို ဆက်လက်ပြုလုပ် သွားမည် ဖြစ်ကြောင်း စစ်ဥပဒေချုပ်ရုံးမှ သတင်းရရှိပါသည်။

တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့


Share this post
  •  
  •  
  •  
  •  
  •  
ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။