စေတနာ့ ကျန်းမာရေး ဝန်ထမ်း နှစ်ဦး ကွယ်လွန် ဆိုတဲ့ သတင်းအမှား ဖြန့်

ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။
Share this post
  •  
  •  
  •  
  •  
  •  

စေတနာ့ ကျန်းမာရေးဝန်ထမ်း နှစ်ဦး ကွယ်လွန် သွားပြီးဆိုတဲ့ သတင်းအမှားတွေကို ဖေ့စ်ဘွတ်စာမျက်နှာတွေ မှာ ဖြန့်ချိနေသူတွေ ရှိပါတယ်။

စဉ့်ကိုင်မှ ရန်ကုန်သို့ လာသော အဆုပ်နှင့်ရင်ခေါင်း အထူးကုဆရာဝန်ကြီး ဒေါက်တာအောင်သက်ဇော် နဲ့ မန္တလေး မှ ရန်ကုန် သို့လာသော ဆရာမ ရီဝေနှင်း ကွယ်လွန် သွားပြီဆိုတဲ့ သတင်းအမှားတွေ ကို Nyan Min Htun လို့ အမည်ရတဲ့ ဖေ့စ်ဘွတ်အကောင့်နဲ့ New Creation လို့ အမည်ရတဲ့ ဖေ့စ်ဘွတ် ပေ့ချ်တွေကနေ ဖြန့်ချိခဲ့တာ ဖြစ်ပါတယ်။ (Nyan Min Htun ဖေ့စ်ဘွတ်အကောင့်ကို သည်နေရာမှာ ကြည့်နိုင်ပါတယ်။)

Nyan Min Htun ရဲ့ သတင်းအမှား ဖြန့်ချိမှုကို ဖေ့စ်ဘွတ်က ဖယ်ရှားလိုက်ပါပြီ။

ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။

SS / Nyan Min Htun ရဲ့ သတင်းအမှား ဖြန့်ချိမှု

မန္တလေး မှ ရန်ကုန် သို့လာသော ဆရာမ ရီဝေနှင်း ကွယ်လွန် သွားပြီးဆိုတဲ့ သတင်းအမှား ကို ဖြန့်ချိထားတဲ့ New Creation Facebook Page ရဲ့ ဖော်ပြမှု web archive ကို သည်နေရာမှာ ကြည့်နိုင်ပါတယ်။

သည်လို ဖြန့်ချိထားတဲ့ သတင်းတွေဟာ သတင်းအမှားတွေသာ ဖြစ်တယ်လို့ ကျန်းမာရေးဝန်ကြီးဌာန တာဝန်ရှိသူတစ်ဦးက သူ့ရဲ့ ဖေ့စ်ဘွတ်စာမျက်နှာမှာ ဖော်ပြထားပါတယ်။

” ဒီတစ်ယောက် Fake News တွေ တင်နေပါတယ်။ မန္တလေးက ရင်ခေါင်းအထူးကု (physician or surgeon) အောင်သက်ဇော် လုံးဝ မရှိပါ ” လို့ကျန်းမာရေးဝန်ကြီးဌာန တာဝန်ရှိသူတစ်ဦးက သူ့ရဲ့ ဖေ့စ်ဘွတ်စာမျက်နှာမှာ ရေးသားထားတာပါ။( သည်နေရာမှာ ကြည့်နိုင်ပါတယ်)

SS / ကျန်းမာရေးဝန်ကြီးဌာန တာဝန်ရှိသူတစ်ဦး ရဲ့ အတည်ပြုချက်

သတင်းလုပ်ငန်းစဉ်များနဲ့ အညီဖော်ပြတဲ့ သတင်းစာမျက်နှာတွေမှာ သည် သတင်းကို ဖော်ပြထားတာ မရှိသလို ကျန်းမာရေးဝန်ကြီးဌာန တာဝန်ရှိသူတစ်ဦးရဲ့ အတည်ပြုချက်အရ သည်သတင်းဟာ သတင်းအမှား သာ ဖြစ်ပါတယ်။

SS/ Nyan Min Htun အကောင့်ပိုင်ရှင်က ပြန်လည်တောင်းပန်ထားမှု

သတင်းအမှား ဖြန့်ချိခဲ့မှုနဲ့ ပတ်သက်၍ Nyan Min Htun အကောင့်ပိုင်ရှင်က ပြန်လည်တောင်းပန်ထားတာကို  သည်နေရာမှာ  ကြည့်နိုင်ပါတယ်။( web archive ကို သည်နေရာမှာ  ကြည့်နိုင်ပါတယ်။)

ကိုဗစ် ကပ်ရောဂါ ကာလမှာ သတင်းအမှားတွေကြောင့် အများပြည်သူ အတွက် မလိုလားအပ်တဲ့ စိုးရိမ်မှုများဖြစ်ရသလို မမြင်နိုင်၊ မမှန်းဆနိုင်တဲ့ ဆုံးရှုံးနစ်နာမှုတွေလည်း ရှိနိုင်ပါတယ်။

ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။

သတင်းအမှားတွေ ကို မျှဝေခြင်း မပြုဖို့၊ Report လုပ်ကြဖို့ မေတ္တာရပ်ခံပါတယ်။ အားလုံးဘေးကင်းကျန်းမာကြပါစေ။

ငြမ်းမီဒီယာ


Share this post
  •  
  •  
  •  
  •  
  •  
ကြော်ငြာများထည့်သွင်းနိုင်ပါပြီ။

Tags: , , , ,